သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုရီးယားကၽြန္းဆြယ္မွာ ေတာင္နဲ႔ေျမာက္ စစ္ေလယာဥ္ေတြ အင္အားျပ


Norht Korea Missile Menace

[[Zawgyi/Unicode]]

ေတာင္နဲ႔ေျမာက္ကိုရီးယားနယ္စပ္နား ေျမာက္ကိုရီးယား စစ္ေလယာဥ္ေတြ ပ်ံသန္းခဲ့တာေၾကာင့္ ေတာင္ကိုရီးယားဘက္ကလည္း စစ္ေလယာဥ္ ၃၀ ခ်က္ခ်င္း ပ်ံသန္းခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာပါတယ္။

ေျမာက္ကိုရီးယားတိုက္ေလယာဥ္ ၈ စင္းနဲ႔ ဗံုႀကဲေလယာဥ္ ၄ စင္း ဒီေန႔ၾကာသပေတးေန႔မွာ အုပ္စုဖဲြ႕ပ်ံသန္းခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာပါတယ္။ ေဝဟင္ကေန ေျမျပင္ပစ္ခတ္တဲ့ စစ္ေရးေလ့က်င့္လုပ္တယ္လို႔ ယံုၾကည္တယ္လို႔လည္း ေျပာပါတယ္။ အဲဒါေၾကာင့္ ေတာင္ကိုရီးယားဘက္က စစ္ေလယာဥ္ အစင္း ၃၀ ပ်ံသန္းၿပီး တံု႔ျပန္ခဲ့တယ္လို႔ ဆိုပါတယ္။

အခုလို ေျမာက္ကိုရီးယားစစ္ေလယာဥ္ေတြ မပ်ံျပခင္ ဒီမနက္အေစာပိုင္းကလည္း ပဲ့ထိန္းတပ္ဒံုးက်ည္ ၂ စီး ပစ္လႊတ္ခဲ့ေသးတယ္လို႔ ေတာင္ကိုရီးယားပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႔ကလည္းထုတ္ျပန္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက Nuclear ထိပ္ဖူးတပ္ႏိုင္တဲ့ Missile ဒံုးကို ဂ်ပန္ႏိုင္ငံေက်ာ္ေအာင္ ေျမာက္ကိုရီးယားဘက္က ပစ္လႊတ္ ခဲ့ၿပီးေနာက္ ကိုရီးယားကၽြန္းဆြယ္နားကို အေမရိကန္ေလတပ္သေဘၤာတစင္း သြားေရာက္ခဲ့ပါတယ္။ အဲဒီေနာက္ ဒီေန႔မွာေတာ့ ေျမာက္ကိုရီးယားက တာတိုပဲ့ထိန္းတပ္ ဒံုးက်ည္ ၂ စင္းကို အေရွ႕ဘက္ေရျပင္ထဲကို ပစ္လႊတ္ခဲ့တာျဖစ္ပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un အေနနဲ႔ သူ႔ႏိုင္ငံရဲ႕ Nuclear စြမ္းရည္ကို တိုးတက္ေအာင္လုပ္ဖို႔ သႏၷိဌာန္ခ်ၿပီး စမ္းသပ္မႈေတြ ဆက္လုပ္ေနပုံရတယ္ လို႔ ေလ့လာသူေတြ သံုးသပ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ကိုရီးယားကျွန်းဆွယ်မှာ တောင်နဲ့မြောက် စစ်လေယာဉ်တွေ အင်အားပြ

တောင်နဲ့မြောက်ကိုရီးယားနယ်စပ်နား မြောက်ကိုရီးယား စစ်လေယာဉ်တွေ ပျံသန်းခဲ့တာကြောင့် တောင်ကိုရီးယားဘက်ကလည်း စစ်လေယာဉ် ၃၀ ချက်ချင်း ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

မြောက်ကိုရီးယားတိုက်လေယာဉ် ၈ စင်းနဲ့ ဗုံကြဲလေယာဉ် ၄ စင်း ဒီနေ့ကြာသပတေးနေ့မှာ အုပ်စုဖွဲ့ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဝေဟင်ကနေ မြေပြင်ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်လုပ်တယ်လို့ ယုံကြည်တယ်လို့လည်း ပြောပါတယ်။ အဲဒါကြောင့် တောင်ကိုရီးယားဘက်က စစ်လေယာဉ် အစင်း ၃၀ ပျံသန်းပြီး တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို မြောက်ကိုရီးယားစစ်လေယာဉ်တွေ မပျံပြခင် ဒီမနက်အစောပိုင်းကလည်း ပဲ့ထိန်းတပ်ဒုံးကျည် ၂ စီး ပစ်လွှတ်ခဲ့သေးတယ်လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ကလည်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက Nuclear ထိပ်ဖူးတပ်နိုင်တဲ့ Missile ဒုံးကို ဂျပန်နိုင်ငံကျော်အောင် မြောက်ကိုရီးယားဘက်က ပစ်လွှတ် ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်နားကို အမေရိကန်လေတပ်သင်္ဘောတစင်း သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် ဒီနေ့မှာတော့ မြောက်ကိုရီးယားက တာတိုပဲ့ထိန်းတပ် ဒုံးကျည် ၂ စင်းကို အရှေ့ဘက်ရေပြင်ထဲကို ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အနေနဲ့ သူ့နိုင်ငံရဲ့ Nuclear စွမ်းရည်ကို တိုးတက်အောင်လုပ်ဖို့ သန္နိဌာန်ချပြီး စမ်းသပ်မှုတွေ ဆက်လုပ်နေပုံရတယ် လို့ လေ့လာသူတွေ သုံးသပ်နေကြပါတယ်။

XS
SM
MD
LG