သုံးရလွယ်ကူစေသည့် Link များ

ကိုရီးယားစစ်မဲ့ဇုံ ကန်ဒုသမ္မတ Harris သွားရောက်


တောင်နဲ့မြောက် ကိုရီးယားစစ်မဲ့ဇုံနေရာကို သွားရောက်ခဲ့တဲ့ အမေရိကန် ဒုသမ္မတ Kamala Harris (စက်တင်ဘာ ၂၉ ၊ ၂၀၂၂)
တောင်နဲ့မြောက် ကိုရီးယားစစ်မဲ့ဇုံနေရာကို သွားရောက်ခဲ့တဲ့ အမေရိကန် ဒုသမ္မတ Kamala Harris (စက်တင်ဘာ ၂၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံ ပိုင်းခြားထားတဲ့စစ်မဲ့ဇုံကို အမေရိကန်ဒုသမ္မတ Kamala Harris သွားခဲ့ပြီး မြောက်ကိုရီးယားရဲ့ရက်စက်တဲ့အာဏာရှင်စနစ်နဲ့ မတည်မငြိမ်ဖြစ်စေတဲ့ လက်နက်အစီအစဉ်ကို ဝေဖန်ရှုတ်ချလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက တာတိုပစ် Missile ဒုံး ၂ ခုကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး တရက်မပြည့်ချိန်မှာ ဒုသမ္မတ Harris က စစ်မဲ့ဇုံကိုသွားရောက်ပြီး ခုလိုပြောကြားခဲ့တာပါ။ ဒီစမ်းသပ်မှုတွေဟာ ရန်စနေတယ်ဆိုတာ ရှင်းနေတယ်လို့ သူကပြောကြားခဲ့တာပါ။

ဒီနှစ်ထဲ မြောက်ကိုရီးယားဘက်က ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု စံချိန်တင်သွားချိန်မှာ ကိုရီးယား ၂ နိုင်ငံနယ်စပ်က Panmunjom ရွာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားမှာ ရက်စက်တဲ့အာဏာရှင်စနစ်၊ ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးကိုခြိမ်းခြောက်နေတဲ့ တရားမဝင် လက်နက်အစီအစဉ်တွေကို မြောက်ကိုရီးယားကလုပ်နေတယ်လို့ သူက ပြောပါတယ်။

ဒီနေ့ ကြာသပတေးနေ့ အစောပိုင်းတုန်းကတော့ Seoul မြို့တော်မှာ တောင်ကိုရီးယား သမ္မတ Yoon နဲ့ အမေရိကန်ဒုသမ္မတ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံ နှစ် ၇၀ ကြာ မဟာမိတ်ဖြစ်မှုဟာ ကိုရီးယားကျွန်းဆွယ် နျူကလီယားကင်းစင်ရေးနဲ့ ဒေသတွင်းလုံခြုံရေး ဘုံရည်မှန်းချက်အတွက်အရေးပါတယ်လို့ သမ္မတ Yoon Suk Yeo နဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

အခုလို တောင်ကိုရီးယားနိုင်ငံကို ရောက်လာတာကလည်း မဟာမိတ်ဖြစ်မှုနဲ့ အတူတကွပူးပေါင်းဆောင်ရွက်မှုတွေကို အားဖြည့်ဖို့ဖြစ်တယ်လို့ ဒုသမ္မတ Harris က ဆက်ပြောခဲ့ပါတယ်။

၁၉၅၀ ပြည့်နှစ်ပိုင်းတွေမှာဖြစ်ခဲ့တဲ့ တောင်နဲ့မြောက်ကိုရီးယားစစ်ပွဲကို ငြိမ်းချမ်းရေးသဘောတူချက်နဲ့မဟုတ်ဘဲ အပစ်ရပ်စာချုပ်နဲ့သာ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ကိုရီးယားစစ်ပွဲပြီးတဲ့နောက် အမေရိကန်က တပ်သား ၃ သောင်းခန့် တောင်ကိုရီးယားမှာ လက်လက် တပ်စွဲချထားပါတယ။်
ဒီနှစ်ထဲ မြောက်ကိုရီယားဘက်က ဒုံးကျည်စမ်းသပ်မှုအတော်များများလုပ်ဆောင်ပြီး နျူကလီယားစမ်းသပ်မှု လုပ်လာနိုင်ခြေရှိတယ်လို့ စိုးရိမ်မကင်းရှိနေချိန်မှာပဲ ဒုသမ္မတ Harris ဟာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ဈာပနတက်ရင်း တောင်ကိုရီးယားကို ဝင်လာတာပါ။

တောင်နဲ့မြောက် ကိုရီးယားနယ်စပ်ရှိ စစ်မဲ့ဇုံကို သွားရောက်ချိန်မှာလည်း ဒုသမ္မတ Harris အနေနဲ့ချထားတဲ့ အမေရိကန်စစ်သည်တွေကို နှုတ်ဆက်ခဲ့ပြီး စစ်အရာရှိတွေ ရှင်းပြတာတွေကိုလည်း နားထောင်ခဲ့သလို မြောက်ကိုရီးယားဘက်ကို မှန်ပြောင်းနဲ့လည်း လှမ်းကြည့်ခဲ့ပါသေးတယ်။

အရင်ကလည်း အမေရိကန်ခေါင်းဆောင်တွေဟာ ကိုရီးယားစစ်မဲ့ဇုံဒေသကိုသွားရောက်ပြီး တောင်ကိုရီးယားလုံခြုံရေးအတွက် အမေရိကန်ဘက်က ခိုင်ခိုင်မာမာရပ်တည်တယ်ဆိုတာကို အခုလိုပဲ ပြသလေ့ရှိပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]

ကိုရီးယား စဈမဲ့ဇုံ ကနျဒုသမ်မတ Harris သှားရောကျ










XS
SM
MD
LG