သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုမှာ အဓမ္မအလုပ်ခိုင်းခံနေရသူတွေထဲ မလေးရှားတွေပါ 


ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံဘက် မြဝတီမြို့အနီး ရွှေကုက္ကိုမြို့သစ်။
ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံဘက် မြဝတီမြို့အနီး ရွှေကုက္ကိုမြို့သစ်။

[[Zawgyi/Unicode]]

ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံဘက် မြဝတီမြို့အနီး လက်နက်ကိုင်အဖွဲ့အစည်းတခုက ဖမ်းဆီးခေါ်ဆောင်ပြီး အလုပ်ခိုင်းစေခံထားရသူတွေထဲမှာ မလေးရှားနိုင်ငံသား ၅၃ ယောက်ပါတယ် လို့ မလေးရှားနိုင်ငံက နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ MHO က VOA မြန်မာပိုင်းကို ပြောပါတယ်။ ဒါကြောင့်လည်း ဒီလူတွေကို ကယ်တင်ရေး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကြားဝင်ဖို့ MHO အဖွဲ့က တောင်းဆိုနေပါတယ်။ ကိုသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ မြဝတီမြို့အနီး ရွှေကုက္ကို အိမ်ယာစီမံကိန်းအတွင်းမှာ KK Park ရာဇဝတ်ဂိုဏ်းက အိန္ဒိယနိုင်ငံသား ၃၀၀ လောက်ကို ဖမ်းဆီးပြီး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်တဲ့လုပ်ငန်းတွေ အဓမ္မခိုင်းစေနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာပဲ အဲဒီအထဲမှာ မလေးရှားနိုင်ငံသားတွေလည်း ပါဝင်တဲ့အကြောင်း မလေးရှားနိုင်ငံက အစိုးရလက်အောက်ခံမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဒီထဲမှာ မလေးရှားနိုင်ငံသားတွေလည်း ပါဝင်တယ်ဆိုပြီး ပြောဆိုတာပါ။

ဒီလို လူကုန်ကူးခံရသူတွေ ကယ်တင်နိုင်ရေးမှာ မြန်မာအာဏာပိုင်တွေ ထိထိရောက်ရောက်ဝင်ပြီး ကယ်တင်တာမျိုးမလုပ်နိုင်သလို ဒေသတွင်းနိုင်ငံတွေကလည်း ဝင်ရောက်ကယ်တင်တာမျိုး မလုပ်နိုင် တဲ့အတွက် ဒီကိစ္စမှာ ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးဖို့ မလေးရှားနိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့ MHO နဲ့ မလေးရှား လူမှုအဖွဲ့အစည်းအတွင်း ရာဇဝတ်မှုတွေ စောင့်ကြည့် တဲ့ MCCC အဖွဲ့တွေက ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို တောင်းဆိုပါတယ်။ MHO အဖွဲ့ အတွင်းရေးမှူးချုပ် Datuk Hishamuddin Hashim က VOA ကို အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံအတွင်းက လူကုန်ကူးဂိုဏ်း ဒီရာဇဝတ်ဂိုဏ်းဟာ တခြားဂိုဏ်းတွေနဲ့ မတူပါဘူး။ သူတို့က အာဏာပိုင်တွေနဲ့ ဆက်နွယ်ပတ်သက်နေပါတယ်။ အဲဒီအာဏာပိုင်တွေက ဒီ ရာဇဝတ်ဂိုဏ်းတွေကို အကာအကွယ်ပေးထားတဲ့အတွက် လူကုန်ကူးတဲ့ကိစ္စတွေကို သူတို့ဆက်ပြီး ကျုးလွန်နေနိုင်တာပါ” လို့ Mr. Datuk Hashim က ပြောသွားတာပါ။

နိုင်ငံတကာအဖွဲ့အစည်းတွေ ကြားဝင်ဆောင်ရွက်ဖို့ ပျက်ကွက်နေမယ်ဆိုရင် မြန်မာနိုင်ငံဟာ ဒေသတွင်း လူမှောင်ခိုကုန်ကူးတဲ့ဂိုဏ်းတွေ လွတ်လွတ်လပ်လပ် ကျင်လည်ကျက်စားနိုင်တဲ့နေရာ ဖြစ်သွားလိမ့်မယ်လို့ သတိပေးပါတယ်။ မလေးရှားနိုင်ငံသားတွေနဲ့ ပတ်သက်လို့လည်း သူက အခုလို ဆက်ပြောပါတယ်။

“အစိုးရလက်အောက်ခံမဟုတ်တဲ့ အဖွဲ့အစည်းတွေကတဆင့် ကျနော်တို့ တရားဝင်ရရှိထားတဲ့ စာရင်းတွေအရ မလေးရှားနိုင်ငံသား ၅၃ ယောက် ဖမ်းဆီးခံရပြီး အလုပ်လုပ်ခိုင်းခံနေရပါတယ်။ သူတို့ကို KK Park ရာဇာဝတ်ဂိုဏ်းက ဖမ်းဆီးထားတာပါလို့ မလေးရှားနိုင်ငံ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့ MHO အဖွဲ့ အတွင်းရေးမှူးချုပ် Datuk Hishamuddin Hashim က VOA ကိုပြောပါတယ်။ KK Park အဖွဲ့ဘယ်မှာရှိတယ်၊ ဘယ်နေရာမှာရှိတယ်၊ လိပ်စာနဲ့ နေရာ အတိအကျ ပြောနိုင်ပေမယ့် ဘယ်အစိုးရက မှ ဝင်ရောက်ဖမ်းဆီးနိုင်ခြင်း မရှိဘူး” လို့ သူက ပြောပါတယ်။

ဒီလို ရာဇဝတ်ဂိုဏ်းတွေ ဖမ်းဆီးခံရပြီး အလုပ်ခိုင်းခံနေရသူတွေထဲမှာ အိန္ဒိယနိုင်ငံသား ၃၀၀ လောက် ရှိတယ်ဆိုတာကို အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ မကြာသေးခင်ကပဲ အဲဒီထဲက ၂ ယောက်လွတ်မြောက်ရေး အိန္ဒိယ ရူပီးငွေ ငါးသိန်းပေးရွေးခဲ့ရတဲ့အကြောင်းနဲ့ အဲဒီအထဲက ၄၅ ယောက်ကို ဒီရက်ပိုင်းအတွင်း ပြန်လည် ကယ်တင်ထားတဲ့အကြောင်း ဒီနေ့ အိန္ဒိယနိုင်ငံထုတ် ANI သတင်းမှာ ဖေါ်ပြပါတယ်။ ဖမ်းပြီး ပြန်ပေးဆွဲအလုပ်ခိုင်းခံရသူတွေ လွတ်မြောက်ရေး မြန်မာနိုင်ငံအတွင်းက အိန္ဒိယသံရုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့အကြောင်းလည်း အိန္ဒိယတာဝန်ရှိသူတွေ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]

ရှှကေုက်ကိုမှာ အဓမ်မအလုပျခိုငျးခံနရေသူတှထေဲ မလေးရှားတှပေါ









XS
SM
MD
LG