သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေ႐ႊကုကၠိဳမွာ အဓမၼအလုပ္ခိုင္းခံေနရသူေတြထဲ မေလးရွားေတြပါ 


ထိုင္းျမန္မာနယ္စပ္ ျမန္မာႏိုင္ငံဘက္ ျမဝတီၿမိဳ႕အနီး ေရႊကုကၠိဳၿမိဳ႕သစ္။

[[Zawgyi/Unicode]]

ထိုင္းျမန္မာနယ္စပ္ ျမန္မာႏိုင္ငံဘက္ ျမဝတီၿမိဳ႕အနီး လက္နက္ကိုင္အဖြဲ႕အစည္းတခုက ဖမ္းဆီးေခၚေဆာင္ၿပီး အလုပ္ခိုင္းေစခံထားရသူေတြထဲမွာ မေလးရွားႏိုင္ငံသား ၅၃ ေယာက္ပါတယ္ လို႔ မေလးရွားႏိုင္ငံက ႏိုင္ငံတကာလူသားခ်င္းစာနာမႈဆိုင္ရာအဖြဲ႕ MHO က VOA ျမန္မာပိုင္းကို ေျပာပါတယ္။ ဒါေၾကာင့္လည္း ဒီလူေတြကို ကယ္တင္ေရး ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြ ၾကားဝင္ဖို႔ MHO အဖြဲ႕က ေတာင္းဆိုေနပါတယ္။ ကိုသိန္းထိုက္ဦး သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံ ျမဝတီၿမိဳ႕အနီး ေ႐ႊကုကၠိဳ အိမ္ယာစီမံကိန္းအတြင္းမွာ KK Park ရာဇဝတ္ဂိုဏ္းက အိႏၵိယႏိုင္ငံသား ၃၀၀ ေလာက္ကို ဖမ္းဆီးၿပီး ဆိုက္ဘာရာဇဝတ္မႈ က်ဴးလြန္တဲ့လုပ္ငန္းေတြ အဓမၼခိုင္းေစေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေနခ်ိန္မွာပဲ အဲဒီအထဲမွာ မေလးရွားႏိုင္ငံသားေတြလည္း ပါဝင္တဲ့အေၾကာင္း မေလးရွားႏိုင္ငံက အစိုးရလက္ေအာက္ခံမဟုတ္တဲ့ အဖြဲ႕အစည္းေတြက ဒီထဲမွာ မေလးရွားႏိုင္ငံသားေတြလည္း ပါဝင္တယ္ဆိုၿပီး ေျပာဆိုတာပါ။

ဒီလို လူကုန္ကူးခံရသူေတြ ကယ္တင္ႏိုင္ေရးမွာ ျမန္မာအာဏာပိုင္ေတြ ထိထိေရာက္ေရာက္ဝင္ၿပီး ကယ္တင္တာမ်ိဳးမလုပ္ႏိုင္သလို ေဒသတြင္းႏိုင္ငံေတြကလည္း ဝင္ေရာက္ကယ္တင္တာမ်ိဳး မလုပ္ႏိုင္ တဲ့အတြက္ ဒီကိစၥမွာ ကုလသမဂၢက ၾကားဝင္ေဆာင္႐ြက္ေပးဖို႔ မေလးရွားႏိုင္ငံတကာ လူသားခ်င္းစာနာမႈအကူအညီေပးေရးအဖြဲ႕ MHO နဲ႔ မေလးရွား လူမႈအဖြဲ႕အစည္းအတြင္း ရာဇဝတ္မႈေတြ ေစာင့္ၾကည့္ တဲ့ MCCC အဖြဲ႕ေတြက ကုလသမဂၢ အဖြဲ႕အစည္းေတြကို ေတာင္းဆိုပါတယ္။ MHO အဖြဲ႕ အတြင္းေရးမႉးခ်ဳပ္ Datuk Hishamuddin Hashim က VOA ကို အခုလို ေျပာပါတယ္။

“ျမန္မာႏိုင္ငံအတြင္းက လူကုန္ကူးဂိုဏ္း ဒီရာဇဝတ္ဂိုဏ္းဟာ တျခားဂိုဏ္းေတြနဲ႔ မတူပါဘူး။ သူတို႔က အာဏာပိုင္ေတြနဲ႔ ဆက္ႏြယ္ပတ္သက္ေနပါတယ္။ အဲဒီအာဏာပိုင္ေတြက ဒီ ရာဇဝတ္ဂိုဏ္းေတြကို အကာအကြယ္ေပးထားတဲ့အတြက္ လူကုန္ကူးတဲ့ကိစၥေတြကို သူတို႔ဆက္ၿပီး က်ဳးလြန္ေနႏိုင္တာပါ” လို႔ Mr. Datuk Hashim က ေျပာသြားတာပါ။

ႏိုင္ငံတကာအဖြဲ႕အစည္းေတြ ၾကားဝင္ေဆာင္႐ြက္ဖို႔ ပ်က္ကြက္ေနမယ္ဆိုရင္ ျမန္မာႏိုင္ငံဟာ ေဒသတြင္း လူေမွာင္ခိုကုန္ကူးတဲ့ဂိုဏ္းေတြ လြတ္လြတ္လပ္လပ္ က်င္လည္က်က္စားႏိုင္တဲ့ေနရာ ျဖစ္သြားလိမ့္မယ္လို႔ သတိေပးပါတယ္။ မေလးရွားႏိုင္ငံသားေတြနဲ႔ ပတ္သက္လို႔လည္း သူက အခုလို ဆက္ေျပာပါတယ္။

“အစိုးရလက္ေအာက္ခံမဟုတ္တဲ့ အဖြဲ႕အစည္းေတြကတဆင့္ က်ေနာ္တို႔ တရားဝင္ရရွိထားတဲ့ စာရင္းေတြအရ မေလးရွားႏိုင္ငံသား ၅၃ ေယာက္ ဖမ္းဆီးခံရၿပီး အလုပ္လုပ္ခိုင္းခံေနရပါတယ္။ သူတို႔ကို KK Park ရာဇာဝတ္ဂိုဏ္းက ဖမ္းဆီးထားတာပါလို႔ မေလးရွားႏိုင္ငံ ႏိုင္ငံတကာ လူသားခ်င္းစာနာမႈဆိုင္ရာ အဖြဲ႕ MHO အဖြဲ႕ အတြင္းေရးမႉးခ်ဳပ္ Datuk Hishamuddin Hashim က VOA ကိုေျပာပါတယ္။ KK Park အဖြဲ႕ဘယ္မွာရွိတယ္၊ ဘယ္ေနရာမွာရွိတယ္၊ လိပ္စာနဲ႔ ေနရာ အတိအက် ေျပာႏိုင္ေပမယ့္ ဘယ္အစိုးရက မွ ဝင္ေရာက္ဖမ္းဆီးႏိုင္ျခင္း မရွိဘူး” လို႔ သူက ေျပာပါတယ္။

ဒီလို ရာဇဝတ္ဂိုဏ္းေတြ ဖမ္းဆီးခံရၿပီး အလုပ္ခိုင္းခံေနရသူေတြထဲမွာ အိႏၵိယႏိုင္ငံသား ၃၀၀ ေလာက္ ရွိတယ္ဆိုတာကို အိႏၵိယအစိုးရ တာဝန္ရွိသူေတြက ေျပာဆိုထားပါတယ္။ မၾကာေသးခင္ကပဲ အဲဒီထဲက ၂ ေယာက္လြတ္ေျမာက္ေရး အိႏၵိယ ႐ူပီးေငြ ငါးသိန္းေပးေ႐ြးခဲ့ရတဲ့အေၾကာင္းနဲ႔ အဲဒီအထဲက ၄၅ ေယာက္ကို ဒီရက္ပိုင္းအတြင္း ျပန္လည္ ကယ္တင္ထားတဲ့အေၾကာင္း ဒီေန႔ အိႏၵိယႏိုင္ငံထုတ္ ANI သတင္းမွာ ေဖၚျပပါတယ္။ ဖမ္းၿပီး ျပန္ေပးဆြဲအလုပ္ခိုင္းခံရသူေတြ လြတ္ေျမာက္ေရး ျမန္မာႏိုင္ငံအတြင္းက အိႏၵိယသံ႐ုံးနဲ႔ ဆက္သြယ္ေဆာင္႐ြက္ေနတဲ့အေၾကာင္းလည္း အိႏၵိယတာဝန္ရွိသူေတြ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ရွှေကုက္ကိုမှာ အဓမ္မအလုပ်ခိုင်းခံနေရသူတွေထဲ မလေးရှားတွေပါ


ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံဘက် မြဝတီမြို့အနီး လက်နက်ကိုင်အဖွဲ့အစည်းတခုက ဖမ်းဆီးခေါ်ဆောင်ပြီး အလုပ်ခိုင်းစေခံထားရသူတွေထဲမှာ မလေးရှားနိုင်ငံသား ၅၃ ယောက်ပါတယ် လို့ မလေးရှားနိုင်ငံက နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ MHO က VOA မြန်မာပိုင်းကို ပြောပါတယ်။ ဒါကြောင့်လည်း ဒီလူတွေကို ကယ်တင်ရေး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကြားဝင်ဖို့ MHO အဖွဲ့က တောင်းဆိုနေပါတယ်။ ကိုသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ မြဝတီမြို့အနီး ရွှေကုက္ကို အိမ်ယာစီမံကိန်းအတွင်းမှာ KK Park ရာဇဝတ်ဂိုဏ်းက အိန္ဒိယနိုင်ငံသား ၃၀၀ လောက်ကို ဖမ်းဆီးပြီး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်တဲ့လုပ်ငန်းတွေ အဓမ္မခိုင်းစေနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာပဲ အဲဒီအထဲမှာ မလေးရှားနိုင်ငံသားတွေလည်း ပါဝင်တဲ့အကြောင်း မလေးရှားနိုင်ငံက အစိုးရလက်အောက်ခံမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဒီထဲမှာ မလေးရှားနိုင်ငံသားတွေလည်း ပါဝင်တယ်ဆိုပြီး ပြောဆိုတာပါ။

ဒီလို လူကုန်ကူးခံရသူတွေ ကယ်တင်နိုင်ရေးမှာ မြန်မာအာဏာပိုင်တွေ ထိထိရောက်ရောက်ဝင်ပြီး ကယ်တင်တာမျိုးမလုပ်နိုင်သလို ဒေသတွင်းနိုင်ငံတွေကလည်း ဝင်ရောက်ကယ်တင်တာမျိုး မလုပ်နိုင် တဲ့အတွက် ဒီကိစ္စမှာ ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးဖို့ မလေးရှားနိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့ MHO နဲ့ မလေးရှား လူမှုအဖွဲ့အစည်းအတွင်း ရာဇဝတ်မှုတွေ စောင့်ကြည့် တဲ့ MCCC အဖွဲ့တွေက ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို တောင်းဆိုပါတယ်။ MHO အဖွဲ့ အတွင်းရေးမှူးချုပ် Datuk Hishamuddin Hashim က VOA ကို အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံအတွင်းက လူကုန်ကူးဂိုဏ်း ဒီရာဇဝတ်ဂိုဏ်းဟာ တခြားဂိုဏ်းတွေနဲ့ မတူပါဘူး။ သူတို့က အာဏာပိုင်တွေနဲ့ ဆက်နွယ်ပတ်သက်နေပါတယ်။ အဲဒီအာဏာပိုင်တွေက ဒီ ရာဇဝတ်ဂိုဏ်းတွေကို အကာအကွယ်ပေးထားတဲ့အတွက် လူကုန်ကူးတဲ့ကိစ္စတွေကို သူတို့ဆက်ပြီး ကျုးလွန်နေနိုင်တာပါ” လို့ Mr. Datuk Hashim က ပြောသွားတာပါ။

နိုင်ငံတကာအဖွဲ့အစည်းတွေ ကြားဝင်ဆောင်ရွက်ဖို့ ပျက်ကွက်နေမယ်ဆိုရင် မြန်မာနိုင်ငံဟာ ဒေသတွင်း လူမှောင်ခိုကုန်ကူးတဲ့ဂိုဏ်းတွေ လွတ်လွတ်လပ်လပ် ကျင်လည်ကျက်စားနိုင်တဲ့နေရာ ဖြစ်သွားလိမ့်မယ်လို့ သတိပေးပါတယ်။ မလေးရှားနိုင်ငံသားတွေနဲ့ ပတ်သက်လို့လည်း သူက အခုလို ဆက်ပြောပါတယ်။

“အစိုးရလက်အောက်ခံမဟုတ်တဲ့ အဖွဲ့အစည်းတွေကတဆင့် ကျနော်တို့ တရားဝင်ရရှိထားတဲ့ စာရင်းတွေအရ မလေးရှားနိုင်ငံသား ၅၃ ယောက် ဖမ်းဆီးခံရပြီး အလုပ်လုပ်ခိုင်းခံနေရပါတယ်။ သူတို့ကို KK Park ရာဇာဝတ်ဂိုဏ်းက ဖမ်းဆီးထားတာပါလို့ မလေးရှားနိုင်ငံ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့ MHO အဖွဲ့ အတွင်းရေးမှူးချုပ် Datuk Hishamuddin Hashim က VOA ကိုပြောပါတယ်။ KK Park အဖွဲ့ဘယ်မှာရှိတယ်၊ ဘယ်နေရာမှာရှိတယ်၊ လိပ်စာနဲ့ နေရာ အတိအကျ ပြောနိုင်ပေမယ့် ဘယ်အစိုးရက မှ ဝင်ရောက်ဖမ်းဆီးနိုင်ခြင်း မရှိဘူး” လို့ သူက ပြောပါတယ်။

ဒီလို ရာဇဝတ်ဂိုဏ်းတွေ ဖမ်းဆီးခံရပြီး အလုပ်ခိုင်းခံနေရသူတွေထဲမှာ အိန္ဒိယနိုင်ငံသား ၃၀၀ လောက် ရှိတယ်ဆိုတာကို အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ မကြာသေးခင်ကပဲ အဲဒီထဲက ၂ ယောက်လွတ်မြောက်ရေး အိန္ဒိယ ရူပီးငွေ ငါးသိန်းပေးရွေးခဲ့ရတဲ့အကြောင်းနဲ့ အဲဒီအထဲက ၄၅ ယောက်ကို ဒီရက်ပိုင်းအတွင်း ပြန်လည် ကယ်တင်ထားတဲ့အကြောင်း ဒီနေ့ အိန္ဒိယနိုင်ငံထုတ် ANI သတင်းမှာ ဖေါ်ပြပါတယ်။ ဖမ်းပြီး ပြန်ပေးဆွဲအလုပ်ခိုင်းခံရသူတွေ လွတ်မြောက်ရေး မြန်မာနိုင်ငံအတွင်းက အိန္ဒိယသံရုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့အကြောင်းလည်း အိန္ဒိယတာဝန်ရှိသူတွေ ပြောဆိုထားပါတယ်။

XS
SM
MD
LG