သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလ စစ္ေဆးေရးအဖြဲ႕ ယူကရိန္း န်ဴကလီယား ဓာတ္အားေပးစက္႐ုံေရာက္


ကုလႏုိင္ငံတကာအႏုျမဴေအဂ်င္စီ IAEA က ယူကရိန္းႏုိင္ငံ ရုရွားထိန္းခ်ဳပ္ထားတဲ့ Zaporizhzhia ဓာတ္အားေပးစက္ရံုအေျခအေနစစ္ေဆးဖို႔ ေရာက္လာစဥ္။ (ၾသဂုတ္ ၃၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

ယူကရိန္းက Zaporizhzhia န်ဴကလီယားဓာတ္အားေပးစက္႐ုံ ေဘးကင္းလုံၿခဳံေရးနဲ႔ပတ္သက္ၿပီး အကဲျဖတ္စစ္ေဆးဖို႔ ကုလသမဂၢ စစ္ေဆးေရးအဖြဲ႕တဖြဲ႕ ႐ုရွားထိန္းခ်ဳပ္ထားတဲ့ စက္႐ုံရွိရာကို ဒီကေန႔ သြားေရာက္ပါတယ္။

ဒီစစ္ေဆးေရးအဖြဲ႕က ရက္အေတာ္ၾကာ စစ္ေဆးမွာျဖစ္ၿပီး ဒါက ရႈပ္ေထြးတဲ့ လုပ္ငန္းစဥ္ျဖစ္တယ္လို႔ ႏိုင္ငံတကာအႏုျမဴ စြမ္းအင္ ဂ်င္စီ (IAEA) ၫႊန္ၾကားေရးမႉးခ်ဳပ္ Rafael Grossi က Kyiv ၿမိဳ႕မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။ ဒီ ခရီးစဥ္မွာ စက္႐ုံရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ အပ်က္အစီး အတိုင္းအဆ၊ စိတ္ခ်လုံၿခဳံေရးစနစ္ေတြ အလုပ္လုပ္ႏိုင္ မလုပ္ႏိုင္၊ ဝန္ထမ္းေတြရဲ႕အေျခအေနနဲ႔ အေရးေပၚ လုံၿခဳံစိတ္ခ်ေရး ေဆာင္႐ြက္ခ်က္ေတြကို လုပ္ႏိုင္မလုပ္ႏိုင္ ၾကည့္ရႈမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

IAEA အဖြဲ႔က ယူကရိန္းသမၼတ Volodymyr Zelenskyy နဲ႔လည္း အဂၤါေန႔က ေတြ႔ ဆုံခဲ့ပါတယ္။ ႐ုရွားကသိမ္းပိုက္ထားတဲ့ Zaporizhzhia န်ဴကလီယား ဓာတ္အားေပးစက္႐ုံကို ယူကရိန္းဝန္ထမ္းေတြနဲ႔ ဆက္ၿပီးလည္ပတ္ေနတာပါ။ စက္႐ုံေနရာကို စစ္မဲ့ဇုံအျဖစ္သတ္မွတ္ၿပီး ယူကရိန္းရဲ႕ ထိန္းခ်ဳပ္မႈေအာက္ ျပန္ေပးဖို႔ သမၼတ Zelenskyy က ေတာင္းဆိုထားပါတယ္။

ႏ်ဴကလီယားစက္႐ုံတည္ရွိတဲ့ ေနရာတဝိုက္လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတဲ့အတြက္ ႏ်ဴကလီယားအႏၲရာယ္နဲ႔ ႀကဳံရမွာကို ႏိုင္ငံတကာက စိုးရိမ္ေနၾကတာပါ။ အခုလို စက္႐ုံေနရာတဝိုက္ပစ္ခတ္မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ ႐ုရွားနဲ႔ယူကရိန္းတို႔ တဘက္နဲ႔တဘက္ အျပန္အလွန္ အျပစ္တင္စြပ္စြဲေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ကုလ စစ်ဆေးရေးအဖွဲ့ ယူကရိန်း နျူကလီယား ဓာတ်အားပေးစက်ရုံရောက်

ယူကရိန်း က Zaporizhzhia နျူကလီယားဓာတ်အားပေးစက်ရုံ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး အကဲဖြတ်စစ်ဆေးဖို့ ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့တဖွဲ့ ရုရှားထိန်းချုပ်ထားတဲ့ စက်ရုံရှိရာကို ဒီကနေ့ သွားရောက်ပါတယ်။

ဒီစစ်ဆေးရေးအဖွဲ့က ရက်အတော်ကြာ စစ်ဆေးမှာဖြစ်ပြီး ဒါက ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်လို့ နိုင်ငံတကာအနုမြူ စွမ်းအင် ဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ် Rafael Grossi က Kyiv မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒီ ခရီးစဉ်မှာ စက်ရုံရဲ့ ရုပ်ပိုင်းဆိုင်ရာ အပျက်အစီး အတိုင်းအဆ၊ စိတ်ချလုံခြုံရေးစနစ်တွေ အလုပ်လုပ်နိုင် မလုပ်နိုင်၊ ဝန်ထမ်းတွေရဲ့အခြေအနေနဲ့ အရေးပေါ် လုံခြုံစိတ်ချရေး ဆောင်ရွက်ချက်တွေကို လုပ်နိုင်မလုပ်နိုင် ကြည့်ရှုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

IAEA အဖွဲ့က ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့လည်း အင်္ဂါနေ့က တွေ့ ဆုံခဲ့ပါတယ်။ ရုရှားကသိမ်းပိုက်ထားတဲ့ Zaporizhzhia နျူကလီယား ဓာတ်အားပေးစက်ရုံကို ယူကရိန်းဝန်ထမ်းတွေနဲ့ ဆက်ပြီးလည်ပတ်နေတာပါ။ စက်ရုံနေရာကို စစ်မဲ့ဇုံအဖြစ်သတ်မှတ်ပြီး ယူကရိန်းရဲ့ ထိန်းချုပ်မှုအောက် ပြန်ပေးဖို့ သမ္မတ Zelenskyy က တောင်းဆိုထားပါတယ်။

နျူကလီယားစက်ရုံတည်ရှိတဲ့ နေရာတဝိုက်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် နျူကလီယားအန္တရာယ်နဲ့ ကြုံရမှာကို နိုင်ငံတကာက စိုးရိမ်နေကြတာပါ။ အခုလို စက်ရုံနေရာတဝိုက်ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ရုရှားနဲ့ယူကရိန်းတို့ တဘက်နဲ့တဘက် အပြန်အလှန် အပြစ်တင်စွပ်စွဲနေကြပါတယ်။

XS
SM
MD
LG