သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻႀကီး မဟာေဘးအႏၲရာယ္ႀကဳံေနရ - ကုလ အတြင္းေရးမႉးခ်ဳပ္  


ကုလအတြင္းေရးမႉးခ်ဳပ္ Antonio Guterres

[[Zawgyi/Unicode]]

ကမာၻႀကီးဟာ မဟာ ေဘးအႏၲရာယ္ႀကီးနဲ႔ ႀကဳံေနရတယ္လို႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Antonio Guterres က သတိေပးလိုက္ပါတယ္။

သုံးႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ကုလသမဂၢအေထြေထြညီလာခံကို လူကိုယ္တိုင္ တက္ေရာက္ လာၾကမယ့္ ကမာၻ႔ေခါင္းေဆာင္ေတြဟာ ပဋိပကၡေတြ၊ ရာသီဥတုဆိုင္ရာ ကပ္ေဘးေတြ၊ တိုးမ်ားလာေနတဲ့ ဆင္းရဲမႈ နဲ႔ မညီမမွ်မႈေတြ၊ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့ကတည္းက ကမာၻ႔ အင္အားႀကီး ႏိုင္ငံေတြၾကား ပိုၿပီး အကြဲအဟ ႀကီးမားလာတာေတြကို ကိုင္တြယ္ ေျဖရွင္းၾကရလိမ့္မယ္လို႔ မစၥတာ Guterres က ေျပာပါတယ္။

ကမာၻၿဂိဳဟ္ဟာ အကြန႔္အၫြန႔္မပါ၊ တည့္ေျပာရရင္ မီးသင့္ေနၿပီး ကယ္တင္ရမယ့္ အေျခစိုက္ေနတယ္လို႔ အတြင္းေရးမႉးခ်ဳပ္က သူ႔မိန႔္ခြန္းေတြမွာ ေျပာခဲ့တာပါ။ ကိုဗစ္ 19 ကပ္ေဘးႀကီးနဲ႔ ရင္ဆိုင္ခဲ့ရၿပီး နလန္ထူဖို႔အတြက္ လုံေလာက္တဲ့ ဘ႑ာ ေငြေၾကးကို ဖြံ႕ၿဖိဳးဆဲတိုင္းျပည္ေတြအေနနဲ႔ လက္လွမ္းမမီၾကဘူးလို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က ဆိုခဲ့ပါတယ္။ ဒီ ကပ္ေဘးဟာ မ်ိဳးဆက္တဆက္အတြင္း မႀကဳံစဖူး အက်ပ္အတည္း ျဖစ္ၿပီး ပညာေရး၊ က်န္းမာေရး နဲ႔ အမ်ိဳးသမီးအခြင့္အေရးေတြ ဆုံးရႈံးဖို႔ အေျခအေန ျဖစ္လာေစခဲ့တယ္လို႔လည္း မစၥတာ ဂူးသရက္စ္ က ျမင္ပါတယ္။

အတြင္းေရးမႉးခ်ဳပ္ဟာ ဒီေန႔ အဂၤါေန႔မွာစတင္မယ့္ ကုလသမဂၢအေထြေထြညီလာခံ အဖြင့္မိန႔္ခြန္း ေျပာဖို႔ ရွိပါတယ္။

အတြင္းေရးမႉးခ်ဳပ္ရဲ႕ အဲဒီ ကမာၻ႔အေျချပမိန႔္ခြန္းဟာ “တည္ၾကည္ေလးနက္ ေျခေျချမစ္ျမစ္ ထိေရာက္ၿပီး အေျဖရွာေရးမွတ္တမ္း” ျဖစ္ပါတယ္လို႔ ကုလသမဂၢ ေျပာေရးဆိုခြင့္ရွိသူ Stephane Dujarric က ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

ကမ္ဘာကြီး မဟာဘေးအန္တရာယ်ကြုံနေရ - ကုလ အတွင်းရေးမှူးချုပ်

ကမ္ဘာကြီးဟာ မဟာ ဘေးအန္တရာယ်ကြီးနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က သတိပေးလိုက်ပါတယ်။

သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံကို လူကိုယ်တိုင် တက်ရောက် လာကြမယ့် ကမ္ဘာ့ခေါင်းဆောင်တွေဟာ ပဋိပက္ခတွေ၊ ရာသီဥတုဆိုင်ရာ ကပ်ဘေးတွေ၊ တိုးများလာနေတဲ့ ဆင်းရဲမှု နဲ့ မညီမမျှမှုတွေ၊ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ကတည်းက ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေကြား ပိုပြီး အကွဲအဟ ကြီးမားလာတာတွေကို ကိုင်တွယ် ဖြေရှင်းကြရလိမ့်မယ်လို့ မစ္စတာ Guterres က ပြောပါတယ်။

ကမ္ဘာဂြိုဟ်ဟာ အကွန့်အညွန့်မပါ၊ တည့်ပြောရရင် မီးသင့်နေပြီး ကယ်တင်ရမယ့် အခြေစိုက်နေတယ်လို့ အတွင်းရေးမှူးချုပ်က သူ့မိန့်ခွန်းတွေမှာ ပြောခဲ့တာပါ။ ကိုဗစ် 19 ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ခဲ့ရပြီး နလန်ထူဖို့အတွက် လုံလောက်တဲ့ ဘဏ္ဍာ ငွေကြေးကို ဖွံ့ဖြိုးဆဲတိုင်းပြည်တွေအနေနဲ့ လက်လှမ်းမမီကြဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဆိုခဲ့ပါတယ်။ ဒီ ကပ်ဘေးဟာ မျိုးဆက်တဆက်အတွင်း မကြုံစဖူး အကျပ်အတည်း ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး နဲ့ အမျိုးသမီးအခွင့်အရေးတွေ ဆုံးရှုံးဖို့ အခြေအနေ ဖြစ်လာစေခဲ့တယ်လို့လည်း မစ္စတာ ဂူးသရက်စ် က မြင်ပါတယ်။

အတွင်းရေးမှူးချုပ်ဟာ ဒီနေ့ အင်္ဂါနေ့မှာစတင်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံ အဖွင့်မိန့်ခွန်း ပြောဖို့ ရှိပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ အဲဒီ ကမ္ဘာ့အခြေပြမိန့်ခွန်းဟာ “တည်ကြည်လေးနက် ခြေခြေမြစ်မြစ် ထိရောက်ပြီး အဖြေရှာရေးမှတ်တမ်း” ဖြစ်ပါတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ဆိုပါတယ်။

XS
SM
MD
LG