သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီဝန္ႀကီးေတြနဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြအေပၚ ကေနဒါအစိုးရ ဒဏ္ခတ္အေရးယူ


ကေနဒါႏုိင္ငံမွ ျမန္မာႏိုင္ငံ စစ္ေကာင္စီထိပ္တန္းပုဂၢိုလ္ေတြနဲ႔ ကုမၸဏီသံုးခုကို ဒဏ္ခတ္အေရးယူမႈစာရင္း။ (Crd: Government of Canada/Dec 13, 2022)

[[Zawgyi/Unicode]]

ျမန္မာစစ္ေကာင္စီအေပၚ ကေနဒါႏိုင္ငံကထုတ္လိုက္တဲ့ ထပ္မံ ပိတ္ဆို႔အေရးယူလိုက္တဲ့စာရင္းမွာ စစ္ေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းအမည္က စာရင္းရဲ႕ထိပ္ဆုံးက ပါလာပါတယ္။

ကေနဒါရဲ႕ ပိတ္ဆို႔အေရးယူစာရင္းမွာ ကုမၸဏီ ၃ ခုနဲ႔ ဝန္ႀကီးအဖြဲ႕ဝင္ေတြ အပါအဝင္ လူပုဂၢိဳလ္ ၁၂ ဦး ပါဝင္ပါတယ္။ စီးပြါးေရးလုပ္ငန္း ၃ ခုကေတာ့ Dynasty International Company Limited ၊ International Gateways Group နဲ႔ Asia Sun Group တို႔ ျဖစ္ၾကပါတယ္။

လူပုဂၢိဳလ္ေတြကေတာ့ စစ္ေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း၊ ျပန္ၾကားေရး ဝန္ႀကီးဌာနဝန္ႀကီး ဗိုလ္ခ်ဳပ္ေမာင္ေမာင္အုန္း၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဝန္ႀကီးထြန္းထြန္းေနာင္၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန ဝန္ႀကီးဦးခင္ေမာင္ရီ၊
စြမ္းအင္ဝန္ႀကီးဌာန ဝန္ႀကီးဦးမ်ိဳးျမင့္ဦး၊ လွ်ပ္စစ္စြမ္းအား ဝန္ႀကီးဌာနဝန္ႀကီး ဦးေသာင္းဟန္၊ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးဝင္းရွိန္၊ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးကိုကိုလြင္၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုး၊ ျပည္ထဲေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ဇင္မင္းထက္တို႔ ပါဝင္ၾကပါတယ္။

အရပ္သားထဲက ဦးေအာင္မိုးျမင့္၊ ဦးလႈိင္မိုးျမင့္နဲ႔ ဦးမ်ိဳးသစၥာတို႔ကေတာ့ ျမန္မာစစ္တပ္ကို လက္နက္ကူညီေပးေနတဲ့ Dynasty International Company Limited ကုမၸဏီ ထူေထာင္သူေတြ နဲ႔ ဒါ႐ိုက္တာေတြ ျဖစ္ၾကပါတယ္။

စစ္တပ္ အာဏာသိမ္းမႈေနာက္ပိုင္း ျမန္မာႏိုင္ငံရဲ႕ အက်ပ္အတည္းေတြကို တုံ႔ျပန္တဲ့အေနနဲ႔ေရာ ႐ိုဟင္ဂ်ာအေရးနဲ႔အတြက္ပါ လာမယ့္ ၃ ႏွစ္အတြင္း ေဒၚလာ ၂၈၈.၃ သန္းက်ာ္ ကူညီေပးမယ့္ အစီအစဥ္အပါအဝင္ မဟာဗ်ဴဟာ ေနာက္ဆက္တြဲ ေၾကညာခ်က္တရပ္ကို ကေနဒါအစိုးရက အခုႏွစ္ ႏွစ္လယ္ပိုင္းက ထုတ္ျပန္ခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာျပည္သူေတြအေပၚ ေထာက္ခံမႈကိုျပသဖို႔ အေမရိကန္ႏိုင္ငံဟာ ယူေက၊ ကေနဒါႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကလည္း အခုႏွစ္ အေစာပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

စစ်ကောင်စီဝန်ကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပေါ် ကနေဒါအစိုးရ ဒဏ်ခတ်အရေးယူ

မြန်မာစစ်ကောင်စီအပေါ် ကနေဒါနိုင်ငံကထုတ်လိုက်တဲ့ ထပ်မံ ပိတ်ဆို့အရေးယူလိုက်တဲ့စာရင်းမှာ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအမည်က စာရင်းရဲ့ထိပ်ဆုံးက ပါလာပါတယ်။

ကနေဒါရဲ့ ပိတ်ဆို့အရေးယူစာရင်းမှာ ကုမ္ပဏီ ၃ ခုနဲ့ ဝန်ကြီးအဖွဲ့ဝင်တွေ အပါအဝင် လူပုဂ္ဂိုလ် ၁၂ ဦး ပါဝင်ပါတယ်။ စီးပွါးရေးလုပ်ငန်း ၃ ခုကတော့ Dynasty International Company Limited ၊ International Gateways Group နဲ့ Asia Sun Group တို့ ဖြစ်ကြပါတယ်။

လူပုဂ္ဂိုလ်တွေကတော့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝန်ကြီးထွန်းထွန်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီးဦးခင်မောင်ရီ၊
စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးမျိုးမြင့်ဦး၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းရှိန်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇင်မင်းထက်တို့ ပါဝင်ကြပါတယ်။

အရပ်သားထဲက ဦးအောင်မိုးမြင့်၊ ဦးလှိုင်မိုးမြင့်နဲ့ ဦးမျိုးသစ္စာတို့ကတော့ မြန်မာစစ်တပ်ကို လက်နက်ကူညီပေးနေတဲ့ Dynasty International Company Limited ကုမ္ပဏီ ထူထောင်သူတွေ နဲ့ ဒါရိုက်တာတွေ ဖြစ်ကြပါတယ်။

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို တုံ့ပြန်တဲ့အနေနဲ့ရော ရိုဟင်ဂျာအရေးနဲ့အတွက်ပါ လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ ၂၈၈.၃ သန်းကျာ် ကူညီပေးမယ့် အစီအစဉ်အပါအဝင် မဟာဗျူဟာ နောက်ဆက်တွဲ ကြေညာချက်တရပ်ကို ကနေဒါအစိုးရက အခုနှစ် နှစ်လယ်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေအပေါ် ထောက်ခံမှုကိုပြသဖို့ အမေရိကန်နိုင်ငံဟာ ယူကေ၊ ကနေဒါနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း အခုနှစ် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG