သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းလူငယ္ေတြကို လက္နက္ကိုင္တပ္ဖြဲ႕မ်ဳိးစုံ လူသစ္စုေဆာင္းေန 


SSA-RCSS (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စန္ခရိုင္ မုိးနဲၿမိဳ႕နယ္ က်ိဳင္းေတာင္းၿမိဳ႕မွာ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS က လူသစ္ေကာက္ယူစုေဆာင္းတာေတြ တင္းတင္းက်ပ္က်ပ္ေဆာင္ရြက္ေနတာေၾကာင့္ ေဒသခံလူငယ္ေတြ တိမ္းေရွာင္ေနၾကရတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။ တခ်ိန္တည္းမွာ ရွမ္းျပည္တုိးတက္ေရး ပါတီ SSPP နဲ႔ တျခား တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြကလည္း အတင္းအက်ပ္ လူသစ္စုေဆာင္းေနတာေၾကာင့္ လူငယ္ေတြရဲ႕အနာဂတ္ကို ေရွ႕ရႈၿပီး ငဲ့ၫွာဖို႔ ရွမ္းတိုင္းရင္းသားပါတီတခုျဖစ္တဲ့ က်ားေခါင္းပါတီေခၚ SNLD ပါတီက တိုက္တြန္းေနပါတ္ယ။ ရန္ကုန္က ေပးပို႔တဲ့ သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS နဲ႔ ရွမ္းျပည္တုိးတက္ေရး ပါတီ SSPP အျပင္ တအန္း (ပေလာင္)၊ ပအို၀္း၊ ကိုးကန္႔ စတဲ့ လက္နက္ကိုင္အဖဲြ႔ေတြ ကလည္း လူသစ္စုေဆာင္းေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီက အာဏာသိမ္းခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံ ေဒသအေတာ္မ်ားမ်ားမွာ စစ္ေကာင္စီနဲ႔ PDF ေတြ၊ တိုင္းရင္းသားလက္နက္ကိုင္ေတြအၾကား တိုက္ပဲြေတြ ျဖစ္ပြားေနခ်ိန္မွာ ရွမ္းျပည္နယ္အတြင္း တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြအၾကား ပဋိပကၡေတြလည္း ပိုမိုျပင္းထန္ေနပါတ္ယ။ ဒီအခ်ိန္မွာပဲ လူငယ္ေတြကို လက္နက္ကိုင္ အဖြဲ႔အစည္းအသီးသီးက လူသစ္စုေဆာင္းတာေတြ ရွိလာတာပါ။

ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စန္ခရိုင္ မုိးနဲၿမိဳ႕နယ္ က်ိဳင္းေတာင္းၿမိဳ႔မွာ RCSS က လူသစ္ေကာက္ယူ စုေဆာင္းေနတဲ့အေျခအေနကို ေဒသခံတေယာက္က VOA ကို အခုလို ေျပာပါတယ္။

“က်ိဳင္းေတာင္ၿမိဳ႕က ရပ္ကြက္ ၇ ရပ္ကြက္မွာ လူသစ္စုေဆာင္းၾကတယ္ ခင္ဗ်။ စာဆင့္ေခၚတယ္ခင္ဗ်။ အဲလုိေခၚေတာ့ မလုိက္ခ်င္တဲ့ ကေလးေတြက်ေတာ့ ထြက္ေျပးၾကတာေပါ့။ ထြက္ေျပးေတာ့ က်န္ရိွတဲ့မိဘကို သူတုိ႔က ဆဲြေခၚသြားတယ္ခင္ဗ်။ ထြက္ေျပးတဲ့သားနဲ႔ အလဲအလွယ္ လုပ္ခိုင္းထားေပါ့။ ဒီ ေယာက္်ားေလး ရိွတဲ့ အိမ္တုိင္းေပါ့။ အဖဲြ႔အစည္းက က်ေနာ္တုိ႔ ဒီ RCSS/SSA ပါခင္ဗ်။ သူတုိ႔ ေခၚတာကေတာ့ အၾကိမ္ၾကိမ္ပဲခင္ဗ်။ တၾကိမ္ကို ၄- ၅- ၆ ေယာက္ေလာက္ပါတယ္။ ခုခ်ိန္ဆုိ တၿမိဳ႕လံုးဆို ၃၀ ေက်ာ္ေတာ့ပါသြားၿပီခင္ဗ်။”

စစ္မႈမထမ္းလိုတဲ့ ရွမ္းတိုင္းရင္းသား လူငယ္အမ်ားစုဟာ ထုိင္းႏိုင္ငံဘက္ကို ထြက္ေျပးေနတဲ့ အေၾကာင္းေျပာပါတယ္။

RCSS/SSA ေတာင္ပိုင္းဟာ ၿပီးခဲ့တဲ့လပိုင္းေတြက ရွမ္းျပည္နယ္ေတာင္ပိုင္းဘက္မွာ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA ေျမာက္ပိုင္းနဲ႔ တုိက္ပဲြျဖစ္ခဲ့သလို ရွမ္းျပည္နယ္ေျမာက္ပိုင္းဘက္မွာလည္း ပေလာင္ျပည္ လြတ္ေျမာက္ေရး ပါတီ PSLF/ TNLA နဲ႔ တုိက္ပဲြေတြ ျဖစ္ပြားေနခဲ့တာပါ။

ရွမ္းျပည္ေတာင္ပိုင္းက နယ္ေျမအေျခအေနကို ေစာင့္ၾကည့္ေလ့လာေနသူတဦးက SSPP နဲ႔ မဟာမိတ္တပ္ေတြက ပင္လံု၊ လဲခ်ား၊ မုိင္းကိုင္ ေဒသဘက္ေတြမွာ လူသစ္စုေဆာင္းေနသလို ပအို၀္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္းမွာလည္း PNO ေခၚ ပအို၀္းအမ်ိဳးသားအဖဲြ႔ခ်ဳပ္က လူသစ္စုေဆာင္းတာ၊ စစ္သင္တန္းေပးတာေတြ ရိွေနေၾကာင္း ေျပာပါတယ္။

“အခုက ႏွစ္ဘက္စလံုး ေကာက္ေနၾကတာ။ ႏွစ္ဘက္စလံုးဆုိတာ RCSS က လည္း ေကာက္တယ္။ SSPP ေျမာက္ပိုင္း မဟာမိတ္ေတြကလည္း ေကာက္တယ္။ SSPP ေတြ ေကာက္တာက ပင္လံုနားကပ္လာၿပီ။ လဲခ်ား၊ မုိင္းကုိင္၊ ပင္လံုနားေတာင္မွ ေရာက္လာၿပီ။ PNO ကေတာ့ သူတုိ႔ အုပ္ခ်ဳပ္တဲ့ ေဒသမွာ တအိမ္၊ တေယာက္ပဲ။ တအိမ္ ၃ ေသာင္းရယ္။ ၄၅ ေအာက္။ ၁၈ ႏွစ္အထက္ေပါ့။ အဲဒါေတြကလည္း တလသင္တန္း။ ၁၅ ရက္သင္တန္း၊ သင္တန္းအမ်ိဳးမ်ိဳးေတြေတာ့ ေပးေနတာပဲ။ PNO ေတြက။ ပအို၀္းေဒသေတြမွာလည္း မရိွေတာ့ဘူး လူငယ္ေတြ။ အကုန္လံုး ျပည္ပေရာက္ကုန္ၿပီ။ ယိုးဒယားဘက္ ေရာက္ကုန္ၿပီ။”

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာလည္း TNLA ေခၚ တအန္း(ပေလာင္) တပ္ဖဲြ႔က လူသစ္စုေဆာင္းေနတဲ့အေၾကာင္း ေက်ာက္မဲနယ္ခံတဦးက ေျပာပါတယ္။

“စာရင္းက်န္ေတြေတာ့ လာေကာက္တာေတာ့ ရိွတယ္ဗ်။ ဘယ္လုိေကာက္လဲ ဆုိေတာ့ ေယာက္က်ားေလး ၃ ေယာက္။ ၂ ေယာက္ရိွရင္ေတာ့ တေယာက္သြားရမယ္ေပါ့ေနာ။ မလိုက္လို႔ေတာ့ မရဘူး။ သူတို႔က ရြာထိ လာေခၚတာကိုးဗ်။ က်ေနာ္တုိ႔က်ေတာ့ ၃၀ ေလာက္ ထြက္ရတယ္ဗ်။”

ၾသဂုတ္လဆန္းပိုင္းကေတာ့ ေက်ာက္မဲၿမိဳ႕နယ္ ပန္စံေက်းရြာအုပ္စု အုမ္းငန္းရြာမွာ လူသစ္ေကာက္ယူတာကို မလိုက္ပါတဲ့အတြက္ TNLA က ဝင္ေရာက္ဖမ္းဆီးေခၚေဆာင္တာမ်ိဳးေတြ ရိွတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ေျမာက္ပိုင္း ကြတ္ခုိင္ၿမိဳ႕နယ္အတြင္းမွာလည္း MNDAA ေခၚ ကိုးကန္႔တပ္ဖဲြ႔က လူသစ္စုေဆာင္းတာေတြ ရိွတဲ့အေၾကာင္း ေဒသခံ သတင္းမီဒီယာေတြမွာ ေဖာ္ျပပါတယ္။

ဒါေၾကာင့္လည္း ေဒသခံျပည္သူေတြကို ငဲ့ညွာဖို႔ ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ SNLD ေခၚ က်ားေခါင္းပါတီရဲ့ အေထြေထြ အတြင္းေရးမႉး စိုင္းလိတ္ ကေတာ့ အခုလို တိုက္တြန္းထားတာပါ။

“ဘယ္လုိ စစ္ေရးရည္မွန္းခ်က္ အတိအက်ရိွတယ္ေတာ့ မသိဘူး။ လူသူစုေဆာင္းတာကေတာ့ အားလံုးလုိလုိ လုပ္ေနတယ္။ အခုခ်ိန္က မိုးတြင္းကာလျဖစ္ေနတယ္။ သဘာဝ ေဘးအႏၱရာယ္ကလည္းပဲ အနည္းနဲ႔အမ်ား ဆုိသလို အားလံုးလုိလုိ ၾကံဳၾကိဳက္ေနရတာ။ Covid ကလည္း ျပန္ၿပီး အစပ်ိဳးလာတာ ရိွတာေပါ့ဗ်ာ။ တိုင္းျပည္စီးပြားေရးက ကေမာက္ကမေတြျဖစ္၊ လူထုက ဝမ္းစာအတြက္ေတာင္ ခက္တဲ့အခ်ိန္မွာ ဒီလူသစ္စုေဆာင္းတဲ့ကိစၥကို တတ္ႏိုင္လုိ႔ ရိွရင္ ေခတၱခဏ ရပ္တာပဲ ျဖစ္ျဖစ္။ အခ်ိန္အကန္႔အသတ္နဲ႔ လုပ္တာပဲျဖစ္ျဖစ္ လုပ္သင့္တယ္လုိ႔ေတာ့ ျမင္ပါတယ္။”

လက္ရိွအေျခအေနမွာ တိုင္းရင္းသားအခ်င္းခ်င္းအၾကား ပဋိပကၡျဖစ္ေနတာမ်ိဳးထက္ တည္ၿငိမ္ေအးခ်မ္းတဲ့ ျပည္ေထာင္စုေပၚေပါက္ေရးကို ေရွ႔ရႈသင့္သလို လူငယ္ ေတြရဲ့ အနာဂတ္အတြက္ ပညာေရးလုပ္ငန္းေတြမွာ အေလးထားေစလုိေၾကာင္းလည္း စိုင္းလိတ္က ဆက္လက္ေျပာပါတယ္။

လူသစ္စုေဆာင္းတာေတြနဲ႔ ပတ္သက္လို႔ RSCC ေျပာေရးဆိုခြင့္ရွိသူေတြကို VOA က ဆက္သြယ္ခဲ့ေပမယ့္ အေၾကာင္းျပန္ၾကားခ်က္ မရေသးပါဘူး။

ေလာေလာဆယ္မွာ ရွမ္းျပည္နယ္ေတာင္ပိုင္းမွာ RCSS နဲ႔ SSPP ရွမ္းတပ္ဖဲြ႔ ႏွစ္ဖဲြ႔အၾကားမွာ တုိက္ပဲြေတြ ၿငိမ္သက္ေနေပမယ့္ စစ္ေရးတင္းမာမႈေတြရိွေနၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာေတာ့ စစ္ေကာင္စီတပ္နဲ႔ TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန္႔နဲ႔ KIA ကခ်င္ လက္နက္ကိုင္ေတြအၾကားမွာ တိုက္ပဲြေတြ ျဖစ္ပြားေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ရှမ်းလူငယ်တွေကို လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံ လူသစ်စုဆောင်းနေ

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင် မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က လူသစ်ကောက်ယူစုဆောင်းတာတွေ တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေတာကြောင့် ဒေသခံလူငယ်တွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP နဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း အတင်းအကျပ် လူသစ်စုဆောင်းနေတာကြောင့် လူငယ်တွေရဲ့အနာဂတ်ကို ရှေ့ရှုပြီး ငဲ့ညှာဖို့ ရှမ်းတိုင်းရင်းသားပါတီတခုဖြစ်တဲ့ ကျားခေါင်းပါတီခေါ် SNLD ပါတီက တိုက်တွန်းနေပါတ်ယ။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP အပြင် တအန်း (ပလောင်)၊ ပအိုဝ်း၊ ကိုးကန့် စတဲ့ လက်နက်ကိုင်အဖွဲ့တွေ ကလည်း လူသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံ ဒေသအတော်များများမှာ စစ်ကောင်စီနဲ့ PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ပဋိပက္ခတွေလည်း ပိုမိုပြင်းထန်နေပါတ်ယ။ ဒီအချိန်မှာပဲ လူငယ်တွေကို လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက လူသစ်စုဆောင်းတာတွေ ရှိလာတာပါ။

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင် မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့မှာ RCSS က လူသစ်ကောက်ယူ စုဆောင်းနေတဲ့အခြေအနေကို ဒေသခံတယောက်က VOA ကို အခုလို ပြောပါတယ်။

“ကျိုင်းတောင်မြို့က ရပ်ကွက် ၇ ရပ်ကွက်မှာ လူသစ်စုဆောင်းကြတယ် ခင်ဗျ။ စာဆင့်ခေါ်တယ်ခင်ဗျ။ အဲလိုခေါ်တော့ မလိုက်ချင်တဲ့ ကလေးတွေကျတော့ ထွက်ပြေးကြတာပေါ့။ ထွက်ပြေးတော့ ကျန်ရှိတဲ့မိဘကို သူတို့က ဆွဲခေါ်သွားတယ်ခင်ဗျ။ ထွက်ပြေးတဲ့သားနဲ့ အလဲအလှယ် လုပ်ခိုင်းထားပေါ့။ ဒီ ယောက်ျားလေး ရှိတဲ့ အိမ်တိုင်းပေါ့။ အဖွဲ့အစည်းက ကျနော်တို့ ဒီ RCSS/SSA ပါခင်ဗျ။ သူတို့ ခေါ်တာကတော့ အကြိမ်ကြိမ်ပဲခင်ဗျ။ တကြိမ်ကို ၄- ၅- ၆ ယောက်လောက်ပါတယ်။ ခုချိန်ဆို တမြို့လုံးဆို ၃၀ ကျော်တော့ပါသွားပြီခင်ဗျ။”

စစ်မှုမထမ်းလိုတဲ့ ရှမ်းတိုင်းရင်းသား လူငယ်အများစုဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေတဲ့ အကြောင်းပြောပါတယ်။

RCSS/SSA တောင်ပိုင်းဟာ ပြီးခဲ့တဲ့လပိုင်းတွေက ရှမ်းပြည်နယ်တောင်ပိုင်းဘက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ တိုက်ပွဲဖြစ်ခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာလည်း ပလောင်ပြည် လွတ်မြောက်ရေး ပါတီ PSLF/ TNLA နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။

ရှမ်းပြည်တောင်ပိုင်းက နယ်မြေအခြေအနေကို စောင့်ကြည့်လေ့လာနေသူတဦးက SSPP နဲ့ မဟာမိတ်တပ်တွေက ပင်လုံ၊ လဲချား၊ မိုင်းကိုင် ဒေသဘက်တွေမှာ လူသစ်စုဆောင်းနေသလို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာလည်း PNO ခေါ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က လူသစ်စုဆောင်းတာ၊ စစ်သင်တန်းပေးတာတွေ ရှိနေကြောင်း ပြောပါတယ်။

“အခုက နှစ်ဘက်စလုံး ကောက်နေကြတာ။ နှစ်ဘက်စလုံးဆိုတာ RCSS က လည်း ကောက်တယ်။ SSPP မြောက်ပိုင်း မဟာမိတ်တွေကလည်း ကောက်တယ်။ SSPP တွေ ကောက်တာက ပင်လုံနားကပ်လာပြီ။ လဲချား၊ မိုင်းကိုင်၊ ပင်လုံနားတောင်မှ ရောက်လာပြီ။ PNO ကတော့ သူတို့ အုပ်ချုပ်တဲ့ ဒေသမှာ တအိမ်၊ တယောက်ပဲ။ တအိမ် ၃ သောင်းရယ်။ ၄၅ အောက်။ ၁၈ နှစ်အထက်ပေါ့။ အဲဒါတွေကလည်း တလသင်တန်း။ ၁၅ ရက်သင်တန်း၊ သင်တန်းအမျိုးမျိုးတွေတော့ ပေးနေတာပဲ။ PNO တွေက။ ပအိုဝ်းဒေသတွေမှာလည်း မရှိတော့ဘူး လူငယ်တွေ။ အကုန်လုံး ပြည်ပရောက်ကုန်ပြီ။ ယိုးဒယားဘက် ရောက်ကုန်ပြီ။”

ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့က လူသစ်စုဆောင်းနေတဲ့အကြောင်း ကျောက်မဲနယ်ခံတဦးက ပြောပါတယ်။

“စာရင်းကျန်တွေတော့ လာကောက်တာတော့ ရှိတယ်ဗျ။ ဘယ်လိုကောက်လဲ ဆိုတော့ ယောက်ကျားလေး ၃ ယောက်။ ၂ ယောက်ရှိရင်တော့ တယောက်သွားရမယ်ပေါ့နော။ မလိုက်လို့တော့ မရဘူး။ သူတို့က ရွာထိ လာခေါ်တာကိုးဗျ။ ကျနော်တို့ကျတော့ ၃၀ လောက် ထွက်ရတယ်ဗျ။”

သြဂုတ်လဆန်းပိုင်းကတော့ ကျောက်မဲမြို့နယ် ပန်စံကျေးရွာအုပ်စု အုမ်းငန်းရွာမှာ လူသစ်ကောက်ယူတာကို မလိုက်ပါတဲ့အတွက် TNLA က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာလည်း MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့က လူသစ်စုဆောင်းတာတွေ ရှိတဲ့အကြောင်း ဒေသခံ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဒါကြောင့်လည်း ဒေသခံပြည်သူတွေကို ငဲ့ညှာဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်းပါတီရဲ့ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ် ကတော့ အခုလို တိုက်တွန်းထားတာပါ။

“ဘယ်လို စစ်ရေးရည်မှန်းချက် အတိအကျရှိတယ်တော့ မသိဘူး။ လူသူစုဆောင်းတာကတော့ အားလုံးလိုလို လုပ်နေတယ်။ အခုချိန်က မိုးတွင်းကာလဖြစ်နေတယ်။ သဘာဝ ဘေးအန္တရာယ်ကလည်းပဲ အနည်းနဲ့အများ ဆိုသလို အားလုံးလိုလို ကြုံကြိုက်နေရတာ။ Covid ကလည်း ပြန်ပြီး အစပျိုးလာတာ ရှိတာပေါ့ဗျာ။ တိုင်းပြည်စီးပွားရေးက ကမောက်ကမတွေဖြစ်၊ လူထုက ဝမ်းစာအတွက်တောင် ခက်တဲ့အချိန်မှာ ဒီလူသစ်စုဆောင်းတဲ့ကိစ္စကို တတ်နိုင်လို့ ရှိရင် ခေတ္တခဏ ရပ်တာပဲ ဖြစ်ဖြစ်။ အချိန်အကန့်အသတ်နဲ့ လုပ်တာပဲဖြစ်ဖြစ် လုပ်သင့်တယ်လို့တော့ မြင်ပါတယ်။”

လက်ရှိအခြေအနေမှာ တိုင်းရင်းသားအချင်းချင်းအကြား ပဋိပက္ခဖြစ်နေတာမျိုးထက် တည်ငြိမ်အေးချမ်းတဲ့ ပြည်ထောင်စုပေါ်ပေါက်ရေးကို ရှေ့ရှုသင့်သလို လူငယ် တွေရဲ့ အနာဂတ်အတွက် ပညာရေးလုပ်ငန်းတွေမှာ အလေးထားစေလိုကြောင်းလည်း စိုင်းလိတ်က ဆက်လက်ပြောပါတယ်။

လူသစ်စုဆောင်းတာတွေနဲ့ ပတ်သက်လို့ RSCC ပြောရေးဆိုခွင့်ရှိသူတွေကို VOA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားချက် မရသေးပါဘူး။

လောလောဆယ်မှာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ RCSS နဲ့ SSPP ရှမ်းတပ်ဖွဲ့ နှစ်ဖွဲ့အကြားမှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် စစ်ရေးတင်းမာမှုတွေရှိနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ KIA ကချင် လက်နက်ကိုင်တွေအကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

XS
SM
MD
LG