[[Zawgyi/Unicode]]
ျမန္မာႏိုင္ငံမွာ တရားဝင္အေျခခ်မဟုတ္တဲ့ ေနရာေတြမွာ ေနထိုင္သူ ၅ ေသာင္းေက်ာ္ကို စစ္တပ္က အင္အားသုံးဖယ္ရွားတာ၊ အိုးအိမ္ေတြ ဖ်က္စီးပစ္တာဟာ အေျခခံအက်ဆုံးလူ႔အခြင့္အေရးကိုခ်ိဳးေဖာက္မႈျဖစ္တယ္လို႔ ကုလသမဂၢက ထုတ္ျပန္ပါတယ္။ ရန္ကုန္နဲ႔ၿမိဳ႕ႀကီးတခ်ိဳ႕က က်ဴးေက်ာ္ရပ္ကြက္ေတြကို စစ္အာဏာပိုင္ေတြက ဒီရက္ပိုင္းအတြင္း ဖ်က္ဆီးရွင္းလင္းေနတာပါ။ ဒီအေၾကာင္း ရန္ကုန္က ေပးပို႔တဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ရန္ကုန္နဲ႔မႏၲေလးေနရာတခ်ိဳ႕မွာ ေနထိုင္သူေတြကို က်ဴးေက်ာ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ျမန္မာစစ္တပ္က ေနအိမ္ေတြကို အင္အားသုံး ရွင္းလင္းၿဖိဳဖ်က္တာနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာအရာရွိေတြက ဒီဇင္ဘာလ ၂ ရက္ေန႔မွာ ေၾကညာခ်က္တေစာင္ထုတ္ျပန္ပါတယ္။ ဒါဟာ စစ္ေကာင္စီအေနနဲ႔ အေျခခံအက်ဆုံးလူ႔အခြင့္အေရးျပဌာန္းခ်က္ကို ခ်ိဳးေဖာက္မႈျဖစ္တယ္လို႔ ကုလ လူ႔အခြင့္အေရးအရာရွိေတြက ေဝဖန္ပါတယ္။
ကုလရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ရန္ကုႏ္ုတိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္က ပ်ဥ္းမပင္ေက်း႐ြာ အုပ္စုမွာရွိတဲ့ ေျမဧက ၅၀၀ ေက်ာ္ေပၚက က်ဴးေက်ာ္အေဆာက္အဦး ၄,၀၀၀ ေက်ာ္ကို ရက္ပိုင္းအတြင္း ဖယ္ရွားေပးဖို႔ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလတုန္းက ၿမိဳ႕နယ္စီမံ အုပ္ခ်ဳပ္ေရးအဖြဲ႕က အသိေပးထားတဲ့ကိစၥလည္းပါဝင္ပါတယ္။
ဒီေနရာမွာ အမ်ားစုက ဆယ္စုႏွစ္နဲ႔ခ်ီ အေျခခ်ေနထိုင္လာတာလို႔ ဆိုပါတယ္။ ဖယ္ရွားခံရမယ့္အထဲမွာ ရပ္ကြက္ ၅ ခုပါဝင္ၿပီး အေျခခ်ေနထိုင္သူေပါင္း ၁ ေသာင္းေက်ာ္ ရွိပါတယ္။ အဲဒီမွာ အေျခခံေနထိုင္ခဲ့သူတဦးကေတာ့ အနီးအနားမွာရွိတဲ့ ရပ္ကြက္ထဲမွာပဲ အမ်ားစုက ျပန္လည္ငွားရမ္း ေနထိုင္ၾကတယ္လို႔ ေျပာပါတယ္။
"အခု ေက်ာင္းသားေတြလည္း ပါတယ္။ အခိုင္အမာေဆာက္တဲ့ ေက်ာင္းေတြလည္း ပါတာေပါ့။ အဓိက ရပ္ကြက္ႏွစ္ခုက ဓမၼပါလနဲ႔ ဂုန္ညႇင္းနီ အဲဒါရပ္ကြက္အႀကီး ႏွစ္ခုေပါ့။ အဆင့္အဆင့္ ေျပာင္းရင္းေျပာင္းရင္းနဲ႔ ေျမကြက္ေတြ ေရာင္းစားရင္းနဲ႔ ရပ္ကြက္ေတြ ျဖစ္သြားတာ။ ႏွစ္ေပါင္း ၂၀ ေက်ာ္ၿပီေပါ့။"
ႏိုဝင္ဘာလ ၂၆ ရက္၊ ၿပီးခဲ့တဲ့ စေနေန႔ကစၿပီး အဲဒီရပ္ကြက္ေတြမွာရွိတဲ့ ေနအိမ္တခ်ိဳ႕ကို စတင္ရွင္းလင္းတာေတြ ရွိလာၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို အင္အားသုံးဖယ္ရွားတာနဲ႔ ပတ္သက္လို႔ ကုလရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ႏိုဝင္ဘာလ ၁၉ ရက္တုန္းက ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕နယ္က ၃ ရပ္ကြက္မွာရွိတဲ့ အိမ္ေျခ ၁၀၀ ေက်ာ္ကိုလည္း က်ဴးေက်ာ္ဆိုၿပီး အင္အားသုံးဖယ္ရွားတဲ့ ကိစၥလည္းပါဝင္ပါတယ္။ မႏၲေလးၿမိဳ႕မွာလည္း က်ဴးေက်ာ္ရပ္ကြက္တခ်ိဳ႕နဲ႔ မီးရထားသံလမ္းနဲ႔ မလြတ္တဲ့ေနအိမ္ေတြကို စစ္ေကာင္စီဘက္က ရွင္းလင္းၿဖိဳဖ်က္တာေတြ ရွိပါတယ္။
စားဝတ္ေနေရး ၾကပ္တည္းေနခ်ိန္မွာ အခုလို ေနအိမ္ေတြ ဖ်က္စီးခံရတဲ့အတြက္ ေနေရးထိုင္ေရး ျပႆနာပါ ထပ္ရွိလာတယ္လို႔ ၿမိဳ႕ခံတဦးက ေျပာပါတယ္။ က်ဴးေတြကိုရွင္းတယ္ဆိုၿပီး စစ္ေကာင္စီဘက္က အေၾကာင္းျပေပမယ့္ တကယ္တမ္းမွာ လူေတြရဲ႕ ဘဝတခုလုံးကို ရင္းထားရတဲ့ေနရာေတြ ျဖစ္လို႔ ဒါေတြက ျမန္မာႏိုင္ငံရဲ႕ အျမစ္တြယ္လာတဲ့ ေ႐ႊ႕ေျပာင္းေနထိုင္တဲ့ ျပႆနာကို ပိုၿပီးႀကီးထြားလာႏိုင္တယ္လို႔ ရန္ကုန္ၿမိဳခံက ေျပာပါတယ္။
"အမ်ားစုကေတာ့ ေ႐ႊ႕ေျပာင္းသြားတာ ေတြ႕ရတယ္။ ဒါေပမဲ့ သူတို႔ဘယ္ကို ေ႐ႊ႕ေျပာင္းသြားလဲေတာ့ က်ေနာ္တို႔ မသိႏိုင္ဘူး။ နီးစပ္ရာ ဘုန္းႀကီးေက်ာင္းလား၊ တျခားလြတ္လပ္တဲ့ ေနရာလား။ ေနာက္ တတ္ႏိုင္တဲ့လူ အနည္းစုေပါ့၊ သူတို႔ကလည္း ေ႐ႊ႕သြားၾကတာ ရွိတယ္ေပါ့။ ဒါေတြက မ်က္ျမင္ကေတာ့ က်ဴးေတြကိုရွင္းတယ္ေပါ့။ က်ဴးေတြကိုရွင္းတယ္ ထားလိုက္ဦးေတာ့ ဒီလူမႈအသိုက္အဝန္းေတြက ဘူဒိုဇာနဲ႔ ေကာ္ထုတ္ပစ္လို႔ မရဘူးေလ။ က်ဴးတယ္ဆိုတာ အိမ္တင္မဟုတ္ဘူး၊ လူမႈဘဝေတြပါ တြယ္ၿငိေနတာေလ။ ၿမိဳ႕ႀကီးျပႀကီးျဖစ္ျဖစ္၊ ေက်း႐ြာပဲျဖစ္ျဖစ္ အဲဒီေ႐ြ႕သြားတဲ့ ဒီေ႐ႊ႕ေျပာင္းျပႆနာက ရွိတတ္တယ္။ ဒီဟာက နဂိုကတည္းကရွိတဲ့ ျပႆနာေတာင္ ေျဖရွင္းလို႔မၿပီးႏိုင္တဲ့ အေနအထားေတြမွာ ေနာက္ထပ္ ထပ္ၿပီးေတာ့ အဲဒီဟာမ်ိဳးကို ထပ္ၿပီးတြန္းအားေပးသလို ျဖစ္သြားရင္ က်ေနာ္တို႔ၿမိဳ႕ႀကီး အပါအဝင္ ၿမိဳ႕ေတြမွာက မလုံၿခဳံမႈမ်ားစြာနဲ႔ ရွင္သန္ရမယ့္ ပုံစံမ်ိဳးေတြ ျဖစ္သြားမယ္။"
ပိုင္ဆိုင္မႈအေထာက္အထားမရွိဘဲ က်ဴးေက်ာ္ဝင္ေရာက္တာေၾကာင့္ ရွင္းလင္းတာလို႔ အာဏာပိုင္ေတြဘက္က ေျပာဆိုတာေတြရွိေပမဲ့ ကာယကံရွင္တခ်ိဳ႕ကလည္း ရွင္းလင္းခံရတဲ့ ေျမေနရာေတြဟာ သူတို႔ဝယ္ယူၿပီး တည္ေဆာက္ထားတဲ့ ေနအိမ္ေတြျဖစ္တယ္လို႔ တုန႔္ျပန္ေျပာဆိုေနၾကပါတယ္။
၂၀၂၁ ခုႏွစ္ စစ္တပ္ အာဏာသိမ္းၿပီးကတည္းက အိမ္ေျခ ၃၈,၀၀၀ ေက်ာ္ မီးေလာင္ပ်က္စီးခဲ့ၿပီး လူေပါင္း ၁.၁ သန္းေက်ာ္ အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရတယ္လို႔လည္း ကုလကေျပာပါတယ္။ ေနအိမ္ေတြကို မတရားဖ်က္စီးၿပီး အတင္းအဓမၼ ႏွင္ထုတ္တာ၊ လူေနအိမ္ေျခေတြကို မီးရႈိ႕တာေတြဟာ လူ႔အခြင့္အေရးကို ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္တာျဖစ္တယ္လို႔ ကုလကေျပာပါတယ္။ ဒါေတြကို စစ္အစိုးရအေနနဲ႔ ခ်က္ခ်င္းရပ္တန႔္ရမယ္လို႔လည္း ကုလအရာရွိေတြက ေတာင္းဆိုထားပါတယ္။
========================
[[Unicode]]
၅၀,၀၀၀ ကျော် နေအိမ်က အတင်းဖယ်ရှားမှု လူ့အခွင့်ရေးချိုးဖောက်ဟု ကုလပြော
မြန်မာနိုင်ငံမှာ တရားဝင်အခြေချမဟုတ်တဲ့ နေရာတွေမှာ နေထိုင်သူ ၅ သောင်းကျော်ကို စစ်တပ်က အင်အားသုံးဖယ်ရှားတာ၊ အိုးအိမ်တွေ ဖျက်စီးပစ်တာဟာ အခြေခံအကျဆုံးလူ့အခွင့်အရေးကိုချိုးဖောက်မှုဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ ရန်ကုန်နဲ့မြို့ကြီးတချို့က ကျူးကျော်ရပ်ကွက်တွေကို စစ်အာဏာပိုင်တွေက ဒီရက်ပိုင်းအတွင်း ဖျက်ဆီးရှင်းလင်းနေတာပါ။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်နဲ့မန္တလေးနေရာတချို့မှာ နေထိုင်သူတွေကို ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာစစ်တပ်က နေအိမ်တွေကို အင်အားသုံး ရှင်းလင်းဖြိုဖျက်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအရာရှိတွေက ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကြေညာချက်တစောင်ထုတ်ပြန်ပါတယ်။ ဒါဟာ စစ်ကောင်စီအနေနဲ့ အခြေခံအကျဆုံးလူ့အခွင့်အရေးပြဌာန်းချက်ကို ချိုးဖောက်မှုဖြစ်တယ်လို့ ကုလ လူ့အခွင့်အရေးအရာရှိတွေက ဝေဖန်ပါတယ်။
ကုလရဲ့ ထုတ်ပြန်ချက်ထဲမှာ ရန်ကုန်ုတိုင်း၊ မင်္ဂလာဒုံမြို့နယ်က ပျဉ်းမပင်ကျေးရွာ အုပ်စုမှာရှိတဲ့ မြေဧက ၅၀၀ ကျော်ပေါ်က ကျူးကျော်အဆောက်အဦး ၄,၀၀၀ ကျော်ကို ရက်ပိုင်းအတွင်း ဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားတဲ့ကိစ္စလည်းပါဝင်ပါတယ်။
ဒီနေရာမှာ အများစုက ဆယ်စုနှစ်နဲ့ချီ အခြေချနေထိုင်လာတာလို့ ဆိုပါတယ်။ ဖယ်ရှားခံရမယ့်အထဲမှာ ရပ်ကွက် ၅ ခုပါဝင်ပြီး အခြေချနေထိုင်သူပေါင်း ၁ သောင်းကျော် ရှိပါတယ်။ အဲဒီမှာ အခြေခံနေထိုင်ခဲ့သူတဦးကတော့ အနီးအနားမှာရှိတဲ့ ရပ်ကွက်ထဲမှာပဲ အများစုက ပြန်လည်ငှားရမ်း နေထိုင်ကြတယ်လို့ ပြောပါတယ်။
"အခု ကျောင်းသားတွေလည်း ပါတယ်။ အခိုင်အမာဆောက်တဲ့ ကျောင်းတွေလည်း ပါတာပေါ့။ အဓိက ရပ်ကွက်နှစ်ခုက ဓမ္မပါလနဲ့ ဂုန်ညှင်းနီ အဲဒါရပ်ကွက်အကြီး နှစ်ခုပေါ့။ အဆင့်အဆင့် ပြောင်းရင်းပြောင်းရင်းနဲ့ မြေကွက်တွေ ရောင်းစားရင်းနဲ့ ရပ်ကွက်တွေ ဖြစ်သွားတာ။ နှစ်ပေါင်း ၂၀ ကျော်ပြီပေါ့။"
နိုဝင်ဘာလ ၂၆ ရက်၊ ပြီးခဲ့တဲ့ စနေနေ့ကစပြီး အဲဒီရပ်ကွက်တွေမှာရှိတဲ့ နေအိမ်တချို့ကို စတင်ရှင်းလင်းတာတွေ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေကို အင်အားသုံးဖယ်ရှားတာနဲ့ ပတ်သက်လို့ ကုလရဲ့ ထုတ်ပြန်ချက်ထဲမှာ နိုဝင်ဘာလ ၁၉ ရက်တုန်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်က ၃ ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ ၁၀၀ ကျော်ကိုလည်း ကျူးကျော်ဆိုပြီး အင်အားသုံးဖယ်ရှားတဲ့ ကိစ္စလည်းပါဝင်ပါတယ်။ မန္တလေးမြို့မှာလည်း ကျူးကျော်ရပ်ကွက်တချို့နဲ့ မီးရထားသံလမ်းနဲ့ မလွတ်တဲ့နေအိမ်တွေကို စစ်ကောင်စီဘက်က ရှင်းလင်းဖြိုဖျက်တာတွေ ရှိပါတယ်။
စားဝတ်နေရေး ကြပ်တည်းနေချိန်မှာ အခုလို နေအိမ်တွေ ဖျက်စီးခံရတဲ့အတွက် နေရေးထိုင်ရေး ပြဿနာပါ ထပ်ရှိလာတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ ကျူးတွေကိုရှင်းတယ်ဆိုပြီး စစ်ကောင်စီဘက်က အကြောင်းပြပေမယ့် တကယ်တမ်းမှာ လူတွေရဲ့ ဘဝတခုလုံးကို ရင်းထားရတဲ့နေရာတွေ ဖြစ်လို့ ဒါတွေက မြန်မာနိုင်ငံရဲ့ အမြစ်တွယ်လာတဲ့ ရွှေ့ပြောင်းနေထိုင်တဲ့ ပြဿနာကို ပိုပြီးကြီးထွားလာနိုင်တယ်လို့ ရန်ကုန်မြိုခံက ပြောပါတယ်။
"အများစုကတော့ ရွှေ့ပြောင်းသွားတာ တွေ့ရတယ်။ ဒါပေမဲ့ သူတို့ဘယ်ကို ရွှေ့ပြောင်းသွားလဲတော့ ကျနော်တို့ မသိနိုင်ဘူး။ နီးစပ်ရာ ဘုန်းကြီးကျောင်းလား၊ တခြားလွတ်လပ်တဲ့ နေရာလား။ နောက် တတ်နိုင်တဲ့လူ အနည်းစုပေါ့၊ သူတို့ကလည်း ရွှေ့သွားကြတာ ရှိတယ်ပေါ့။ ဒါတွေက မျက်မြင်ကတော့ ကျူးတွေကိုရှင်းတယ်ပေါ့။ ကျူးတွေကိုရှင်းတယ် ထားလိုက်ဦးတော့ ဒီလူမှုအသိုက်အဝန်းတွေက ဘူဒိုဇာနဲ့ ကော်ထုတ်ပစ်လို့ မရဘူးလေ။ ကျူးတယ်ဆိုတာ အိမ်တင်မဟုတ်ဘူး၊ လူမှုဘဝတွေပါ တွယ်ငြိနေတာလေ။ မြို့ကြီးပြကြီးဖြစ်ဖြစ်၊ ကျေးရွာပဲဖြစ်ဖြစ် အဲဒီရွေ့သွားတဲ့ ဒီရွှေ့ပြောင်းပြဿနာက ရှိတတ်တယ်။ ဒီဟာက နဂိုကတည်းကရှိတဲ့ ပြဿနာတောင် ဖြေရှင်းလို့မပြီးနိုင်တဲ့ အနေအထားတွေမှာ နောက်ထပ် ထပ်ပြီးတော့ အဲဒီဟာမျိုးကို ထပ်ပြီးတွန်းအားပေးသလို ဖြစ်သွားရင် ကျနော်တို့မြို့ကြီး အပါအဝင် မြို့တွေမှာက မလုံခြုံမှုများစွာနဲ့ ရှင်သန်ရမယ့် ပုံစံမျိုးတွေ ဖြစ်သွားမယ်။"
ပိုင်ဆိုင်မှုအထောက်အထားမရှိဘဲ ကျူးကျော်ဝင်ရောက်တာကြောင့် ရှင်းလင်းတာလို့ အာဏာပိုင်တွေဘက်က ပြောဆိုတာတွေရှိပေမဲ့ ကာယကံရှင်တချို့ကလည်း ရှင်းလင်းခံရတဲ့ မြေနေရာတွေဟာ သူတို့ဝယ်ယူပြီး တည်ဆောက်ထားတဲ့ နေအိမ်တွေဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုနေကြပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးကတည်းက အိမ်ခြေ ၃၈,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး လူပေါင်း ၁.၁ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့လည်း ကုလကပြောပါတယ်။ နေအိမ်တွေကို မတရားဖျက်စီးပြီး အတင်းအဓမ္မ နှင်ထုတ်တာ၊ လူနေအိမ်ခြေတွေကို မီးရှို့တာတွေဟာ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာဖြစ်တယ်လို့ ကုလကပြောပါတယ်။ ဒါတွေကို စစ်အစိုးရအနေနဲ့ ချက်ချင်းရပ်တန့်ရမယ်လို့လည်း ကုလအရာရှိတွေက တောင်းဆိုထားပါတယ်။