သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခင္ဦးၿမိဳ႕နယ္ နယ္ေျမရွင္းမႈအတြင္း အရပ္သား ၈ ဦးထက္မနည္းေသဆံုး 


ခင္ဦးၿမိဳ႕နယ္အတြင္းက မီး႐ိႈ႕ခံေနရတဲ့ ေက်းရြာမ်ား။ (ဓာတ္ပံု-CJ/ႏုိဝင္ဘာ ၂၅၊ ၂၀၂၂)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းေဒသႀကီး ခင္ဦးၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေနတာ တပတ္ေက်ာ္ရွိေနၿပီး ခုခ်ိန္ထိ အိမ္ေပါင္း ၅၀၀ ေက်ာ္ မီးေလာင္ပ်က္စီးခဲ့ပါတယ္။ နယ္ေျမရွင္းလင္းပစ္ခတ္မႈေတြ၊ မီးေလာင္မႈေတြအတြင္း အရပ္သား ၈ ဦးထက္မနည္း ေသဆုံုးခဲ့ပါတယ္။ ဒီနယ္ေျမရွင္းလင္းမႈေတြေၾကာင့္ ေဒသခံေသာင္းနဲ႔ခ်ီ ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရၿပီး အကူအညီေတြ အေရးေပၚ လိုအပ္ေနၾကပါတယ္။ ခင္ဦးၿမိဳ႕နယ္ထဲက ေက်းရြာေတြရဲ႕ အေျခအေနအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ခင္ဦးၿမိဳ႕နယ္ကို ျမန္မာစစ္တပ္က ႏိုဝင္ဘာ ၁၇ ရက္ကစလို႔ နယ္ေျမရွင္းလင္းေနတာ ဒီကေန႔ဆိုရင္ ၉ ရက္ေျမာက္ ရွိေနပါၿပီ။ ေက်းရြာေပါင္း ၉ ရြာကို နယ္ေျမရွင္းလင္း မီး႐ႈိ႕ေနတာ အခုခ်ိန္အထိ ေနအိမ္ေပါင္း ၅၀၀ ေက်ာ္ မီးေလာင္ကၽြမ္းခဲ့တယ္လို႔ စာရင္းေကာက္ခံထားတဲ့ ေဒသခံကာကြယ္ေရးအဖဲြ႕ေတြက ေျပာပါတယ္။ ဒီနယ္ေျမရွင္းလင္းမႈေတြအတြင္း ေလေၾကာင္းကေန ပစ္ခတ္မႈေတြရွိခဲ့သလို လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈအတြင္း ထိမွန္ေသဆံုးသူ အရပ္သား ၈ ေယာက္ထက္မနည္းရွိခဲ့ၿပီး အသက္မျပည့္ေသးတဲ့ ကေလးငယ္ ၂ ဦးလည္း ပါဝင္ပါတယ္။ ခင္ဦးၿမိဳ႕နယ္ထဲ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးအေျခအေနနဲ႔ပတ္သက္လို႔ ခင္ဦးေဒသခံကာကြယ္ေရးတပ္ဖြဲ႔ ျပန္ၾကားေရး တာဝန္ရွိသူတဦးက အခုလိုေျပာျပပါတယ္။

“ခင္ဦးၿမိဳ႕နယ္အတြင္းမွာ စစ္ေၾကာင္း ၃ ေၾကာင္းရွိတယ္ေပါ့။ စစ္ေၾကာင္း ၃ ေၾကာင္းမွာ မီးရိႈ႕ခဲ့တဲ့ ေက်းရြာကဆိုရင္ မေန႔ကအထိ ရိႈ႕တဲ့ရြာ မံုလွအပါအဝင္ဆိုရင္ ၉ ရြာေပါ့။ မံုလွ မပါေသးဘဲနဲ႔ အားလံုးေပါင္း အေရွ႕က ၈ ရြာကို တြက္ လိုက္ရင္ အားလံုးေပါင္း ၅၄၃ လံုးရွိေနၿပီဗ်။ ေဒသခံက အားလံုး ၈ ဦး၊ ကာကြယ္ေရးအဖြဲ႔က ၁၀ ဦး အားလံုးေပါင္း ၁၈ ဦး အသက္ဆံုးရံႈးသြားၿပီေပါ့။”

မံုလွေက်းရြာဟာ ကက္သလစ္ဂိုဏ္းခ်ဳပ္ ကာဒီနယ္ ခ်ားလ္စ္ေမာင္ဘို ေမြးဖြားရာဇာတိျဖစ္ၿပီး လက္ရွိေက်းရြာအနီး စစ္ေကာင္စီတပ္ေတြရွိေနတဲ့အတြက္ ေနအိမ္မီးေလာင္တဲ့စာရင္း အတိအက်ကို ေကာက္ယူလို႔မရႏိုင္ေသးတာလည္း ျဖစ္ပါတယ္။ မံုလွေက်းရြာအေပၚ ႏိုဝင္ဘာ ၂၃ ရက္က ေျမျပင္မွာ နယ္ေျမရွင္းမႈအျပင္ ေလေၾကာင္း တိုက္ခိုက္မႈေတြပါလုပ္ခဲ့တာေၾကာင့္ အဲ့ေန႔တရက္တည္းမွာတင္ ၇ အရြယ္ ကေလးငယ္ ၁ ဦး၊ အဖြားအို ၁ ဦး အပါအဝင္ ကာကြယ္ေရးအဖြဲ႔ဝင္ ၆ ဦး ေသဆံုးခဲ့ပါတယ္။

ခင္ဦးၿမိဳ႕နယ္ထဲကပဲ ေပါင္းလည္ကုန္းေက်းရြာမွာဆိုရင္လည္း အဖိုးအိုတဦး လက္နက္ႀကီး ထိမွန္ေသဆံုးခဲ့သလို မေျပးႏိုင္လို႔ ေနအိမ္ထဲက်န္ေနတဲ့ အသက္ ၈၀ ေက်ာ္အဖြားအိုတဦး မီးေလာင္ေသဆံုးခဲ့ရပါတယ္။ ဒါ့အျပင္ ေရႊတာေက်းရြာမွာလည္း စစ္တပ္ဘက္ကပစ္လိုက္တဲ့ လက္နက္ႀကီးက်ည္က်လို႔ အရပ္သား၂ ဦး ေသဆံုးခဲ့ပါတယ္။ ကန္သာယာေက်းရြာမွာေတာ့ ၅ တန္း ေက်ာင္းသား ၁ ဦး၊ က်ဥ္စုေက်းရြာမွာ မီးၿငိမ္းသတ္ဖို႔ သြားေရာက္တဲ့ အရပ္သား ၁ ဦးတို႔လည္း ပစ္ခတ္ခံရလို႔ ေသဆံုးခဲ့ပါတယ္။

အခုလို စစ္တပ္က နယ္ေျမရွင္းလင္းလင္းေရးလုပ္ေနတဲ့အတြက္ ေက်းရြာ ၂၀ ေက်ာ္က စစ္ေဘးဒုကၡသည္ ၁ ေသာင္းေက်ာ္ဟာ ေဘးလြတ္ရာ ေနရာေတြမွာ တိမ္းေရွာင္ေနၾကရပါတယ္။ ေနအိမ္ ၁၀၀ ေက်ာ္အမ်ားဆံုး မီးေလာင္ဆံုးရံႈးခဲ့တဲ့ ေပါင္းလည္ကုန္းေက်းရြာသားတဦးက သူတို႔ရြာရဲ႕ အေျခအေနကို အခုလိုေျပာျပပါတယ္။

“ျပည္သူေတြက တေယာက္မွမရွိေတာ့ဘူးဗ်။ ရြာထဲမွာ သူတို႔ စစ္သားေတြနဲ႔ပ်ဴေတြနဲ႔ပဲ ရြာထဲမွာ ဝင္ေနၾကတာ။ က်ေနာ္တို႔ျပည္သူေတြကေတာ့ ရြာထဲမွာ တေယာက္မွ မရွိဘူးဗ်။ သူတုိ႔ပဲရိႈ႕တာေပါ့ဗ်။ သူတို႔ထြက္သြားၿပီးေတာ့ အခုခ်ိန္ထိေအာင္ က်ေနာ္တို႔ စာသင္ေက်ာင္းထဲမွာလည္းေနတယ္။ ဘုန္းႀကီးေက်ာင္း ၂ ေက်ာင္းမွာလည္း ေနေနၾကတယ္ခင္ဗ်။ က်ေနာ္တို႔က အခုေလာေလာဆယ္က အကူညီေပးမယ့္အလွဴရွင္ပဲ ေမွ်ာ္မွန္းေနရေတာ့တာေပါ့ဗ်ာ။ ဘာမွမက်န္ေတာ့တာ မီးနဲ႔တင္ရိႈ႕သြားတာဆိုေတာ့ေလ။”

စစ္ကိုင္းတိုင္း ခင္ဦးၿမိဳ႕နယ္ထဲမွာ အခု ၂၀၂၂ ခုႏွစ္ မတ္လ ၊ ဧၿပီလ နဲ႔ ဇူလိုင္လတို႔မွာ ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရးလုပ္ခဲ့ၿပီး အဲ့ဒီေတာအတြင္းမွာ ေက်းရြာ ၄၇ ရြာက ေနအိမ္ ၁,၈၀၀ နီးပါး မီးရိႈ႕ခံခဲ့ရတယ္လို႔ ေဒသခံေတြ ေကာက္ယူထားတဲ့ စာရင္းေတြအရ သိရပါတယ္။

လက္ရွိမွာ ခင္ဦးၿမိဳ႕နယ္ထဲကို ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရးေတြ ဆက္တိုက္ဆိုသလို ျပဳလုပ္ေနသလို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔လည္း တိုက္ပြဲေတြျဖစ္ပြားေနပါတယ္။ ေနအိမ္ေတြ ရာနဲ႔ခ်ီမီးေလာင္ၿပီး အရပ္သားေတြ ေသဆံုးခဲ့ရတာေတြရွိေပမယ့္ ဒီအေျခအေနေတြကိုေတာ့ စစ္ေကာင္စီက သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ခင်ဦးမြို့နယ် နယ်မြေရှင်းမှုအတွင်း အရပ်သား ၈ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတာ တပတ်ကျော်ရှိနေပြီး ခုချိန်ထိ အိမ်ပေါင်း ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။ နယ်မြေရှင်းလင်းပစ်ခတ်မှုတွေ၊ မီးလောင်မှုတွေအတွင်း အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီနယ်မြေရှင်းလင်းမှုတွေကြောင့် ဒေသခံသောင်းနဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး အကူအညီတွေ အရေးပေါ် လိုအပ်နေကြပါတယ်။ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေရဲ့ အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ကို မြန်မာစစ်တပ်က နိုဝင်ဘာ ၁၇ ရက်ကစလို့ နယ်မြေရှင်းလင်းနေတာ ဒီကနေ့ဆိုရင် ၉ ရက်မြောက် ရှိနေပါပြီ။ ကျေးရွာပေါင်း ၉ ရွာကို နယ်မြေရှင်းလင်း မီးရှို့နေတာ အခုချိန်အထိ နေအိမ်ပေါင်း ၅၀၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ စာရင်းကောက်ခံထားတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီနယ်မြေရှင်းလင်းမှုတွေအတွင်း လေကြောင်းကနေ ပစ်ခတ်မှုတွေရှိခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်မှုအတွင်း ထိမှန်သေဆုံးသူ အရပ်သား ၈ ယောက်ထက်မနည်းရှိခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ဦးလည်း ပါဝင်ပါတယ်။ ခင်ဦးမြို့နယ်ထဲ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအခြေအနေနဲ့ပတ်သက်လို့ ခင်ဦးဒေသခံကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက အခုလိုပြောပြပါတယ်။

“ခင်ဦးမြို့နယ်အတွင်းမှာ စစ်ကြောင်း ၃ ကြောင်းရှိတယ်ပေါ့။ စစ်ကြောင်း ၃ ကြောင်းမှာ မီးရှို့ခဲ့တဲ့ ကျေးရွာကဆိုရင် မနေ့ကအထိ ရှို့တဲ့ရွာ မုံလှအပါအဝင်ဆိုရင် ၉ ရွာပေါ့။ မုံလှ မပါသေးဘဲနဲ့ အားလုံးပေါင်း အရှေ့က ၈ ရွာကို တွက် လိုက်ရင် အားလုံးပေါင်း ၅၄၃ လုံးရှိနေပြီဗျ။ ဒေသခံက အားလုံး ၈ ဦး၊ ကာကွယ်ရေးအဖွဲ့က ၁၀ ဦး အားလုံးပေါင်း ၁၈ ဦး အသက်ဆုံးရှုံးသွားပြီပေါ့။”

မုံလှကျေးရွာဟာ ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်မောင်ဘို မွေးဖွားရာဇာတိဖြစ်ပြီး လက်ရှိကျေးရွာအနီး စစ်ကောင်စီတပ်တွေရှိနေတဲ့အတွက် နေအိမ်မီးလောင်တဲ့စာရင်း အတိအကျကို ကောက်ယူလို့မရနိုင်သေးတာလည်း ဖြစ်ပါတယ်။ မုံလှကျေးရွာအပေါ် နိုဝင်ဘာ ၂၃ ရက်က မြေပြင်မှာ နယ်မြေရှင်းမှုအပြင် လေကြောင်း တိုက်ခိုက်မှုတွေပါလုပ်ခဲ့တာကြောင့် အဲ့နေ့တရက်တည်းမှာတင် ၇ အရွယ် ကလေးငယ် ၁ ဦး၊ အဖွားအို ၁ ဦး အပါအဝင် ကာကွယ်ရေးအဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။

ခင်ဦးမြို့နယ်ထဲကပဲ ပေါင်းလည်ကုန်းကျေးရွာမှာဆိုရင်လည်း အဖိုးအိုတဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့သလို မပြေးနိုင်လို့ နေအိမ်ထဲကျန်နေတဲ့ အသက် ၈၀ ကျော်အဖွားအိုတဦး မီးလောင်သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ရွှေတာကျေးရွာမှာလည်း စစ်တပ်ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျလို့ အရပ်သား၂ ဦး သေဆုံးခဲ့ပါတယ်။ ကန်သာယာကျေးရွာမှာတော့ ၅ တန်း ကျောင်းသား ၁ ဦး၊ ကျဉ်စုကျေးရွာမှာ မီးငြိမ်းသတ်ဖို့ သွားရောက်တဲ့ အရပ်သား ၁ ဦးတို့လည်း ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

အခုလို စစ်တပ်က နယ်မြေရှင်းလင်းလင်းရေးလုပ်နေတဲ့အတွက် ကျေးရွာ ၂၀ ကျော်က စစ်ဘေးဒုက္ခသည် ၁ သောင်းကျော်ဟာ ဘေးလွတ်ရာ နေရာတွေမှာ တိမ်းရှောင်နေကြရပါတယ်။ နေအိမ် ၁၀၀ ကျော်အများဆုံး မီးလောင်ဆုံးရှုံးခဲ့တဲ့ ပေါင်းလည်ကုန်းကျေးရွာသားတဦးက သူတို့ရွာရဲ့ အခြေအနေကို အခုလိုပြောပြပါတယ်။

“ပြည်သူတွေက တယောက်မှမရှိတော့ဘူးဗျ။ ရွာထဲမှာ သူတို့ စစ်သားတွေနဲ့ပျူတွေနဲ့ပဲ ရွာထဲမှာ ဝင်နေကြတာ။ ကျနော်တို့ပြည်သူတွေကတော့ ရွာထဲမှာ တယောက်မှ မရှိဘူးဗျ။ သူတို့ပဲရှို့တာပေါ့ဗျ။ သူတို့ထွက်သွားပြီးတော့ အခုချိန်ထိအောင် ကျနော်တို့ စာသင်ကျောင်းထဲမှာလည်းနေတယ်။ ဘုန်းကြီးကျောင်း ၂ ကျောင်းမှာလည်း နေနေကြတယ်ခင်ဗျ။ ကျနော်တို့က အခုလောလောဆယ်က အကူညီပေးမယ့်အလှူရှင်ပဲ မျှော်မှန်းနေရတော့တာပေါ့ဗျာ။ ဘာမှမကျန်တော့တာ မီးနဲ့တင်ရှို့သွားတာဆိုတော့လေ။”

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ အခု ၂၀၂၂ ခုနှစ် မတ်လ ၊ ဧပြီလ နဲ့ ဇူလိုင်လတို့မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပြီး အဲ့ဒီတောအတွင်းမှာ ကျေးရွာ ၄၇ ရွာက နေအိမ် ၁,၈၀၀ နီးပါး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

လက်ရှိမှာ ခင်ဦးမြို့နယ်ထဲကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေသလို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ နေအိမ်တွေ ရာနဲ့ချီမီးလောင်ပြီး အရပ်သားတွေ သေဆုံးခဲ့ရတာတွေရှိပေမယ့် ဒီအခြေအနေတွေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG