သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခင္ဦးမွာ စစ္ေကာင္စီ နယ္ေျမရွင္းလင္းၿပီးတဲ့ေနာက္ ႐ုပ္အေလာင္း ၈ ေလာင္းေတြ႔ရွိ


စစ္ကိုင္းတုိင္းေဒသႀကီး၊ ခင္ဦးၿမိဳ႕နယ္ (MIMU)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း၊ ခင္ဦးၿမိဳ႕နယ္ အလယ္သွ်ိဳေက်း႐ြာမွာ စစ္ေကာင္စီတပ္ေတြ ထြက္သြားၿပီးတဲ့ေနာက္ အေလာင္း ၈ ေလာင္း ေတြ႕ရွိရတယ္လို႔ မ်က္ျမင္ေတြ႕ရွိသူေတြက ေျပာပါတယ္။ ဒီပဲယင္းၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာလည္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းေရးလုပ္ေနတာ ၁ လနီးပါးရွိေနၿပီး ေနအိမ္ ၃,၀၀၀ ခန႔္ မီးေလာင္ကြၽမ္းခဲ့သလို အရပ္သားတခ်ိဳ႕ ဖမ္းဆီးသတ္ျဖတ္ခံရတယ္လို႔ အကူအညီေပးေနသူေတြက ေျပာပါတယ္။ ခင္ဦးၿမိဳ႕နယ္နဲ႔ ဒီပဲယင္းၿမိဳ႕နယ္ဘက္က အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုခ႐ိုင္ ခင္ဦးၿမိဳ႕နယ္ အလယ္သွ်ိဳေက်း႐ြာကို ဒီဇင္ဘာ ၂၈ ရက္ မနက္အ႐ုဏ္တက္ခ်ိန္မွာေရာက္လာၿပီး နယ္ေျမရွင္းလင္းေရးလုပ္ခဲ့တာပါ။ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီ ၂ ရက္ စစ္ေကာင္စီတပ္ေတြ ေက်း႐ြာထဲကထြက္ခြာခ်ိန္မွာ ေသဆုံးေနတဲ့ ႐ုပ္အေလာင္းေတြကို ေတြ႕ရတယ္လို႔ မ်က္ျမင္ေတြ႕ရွိသူ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ဝင္တဦးက ေျပာပါတယ္။

“အေလာင္းေတြက မေန႔က ပစ္သတ္ထားတဲ့ဟာေတြက ေတာ္ေတာ့္ကို ႐ုပ္ပ်က္ဆင္းပ်က္နဲ႔ ပုပ္ပြေနၿပီ။ ၈ ေလာင္းေပါ့။ အဲ့ဒါကေတာ့ ပစ္သတ္ထားတဲ့ဟာေပါ့။ ႐ြာအျပင္ထုတ္ၿပီး ပစ္သတ္ထားတဲ့ဟာေတြပဲ သက္ေသရေတာ့တာေပါ့။ လူလတ္ပိုင္းေတြပဲ။ အမ်ားစုက လူလတ္ပိုင္းေတြပဲ။ ေျမျမွဳပ္ထားတဲ့ တေလာင္းက အဖိုးႀကီး။ အသက္ ၇၀ နဲ႔ ၈၀ ၾကားမွာရွိတယ္။”

ေသဆုံးသူေတြဟာ အလယ္သွ်ိဳေက်း႐ြာက ေဒသခံေတြျဖစ္ၿပီး အမ်ိဳးသား ၆ ေယာက္နဲ႔ အမ်ိဳးသမီး ၂ ေယာက္တို႔ျဖစ္တယ္လို႔ ဆိုပါတယ္။ ႐ုပ္အေလာင္း ၄ ေလာင္းကို အလယ္ သွ်ိဳ႐ြာရဲ႕ေတာင္ဘက္ ေရကန္ေဟာင္းႀကီးထဲမွာ ေတြ႕ရွိခဲ့တာျဖစ္ၿပီး၊ ႐ြာရဲ႕ အေရွ႕ေတာင္ေထာင့္ ႐ြာအျပင္ဘက္မွာ ႏွစ္ေလာင္းနဲ႔ ႐ြာရဲ႕ ေနာက္ထပ္ ေနရာအခ်ိဳ႕ မွာ ႏွစ္ေလာင္းေတြ႔ခဲ့တာလို႔ ေျပာပါတယ္။ စစ္ေကာင္စီက ေက်း႐ြာထဲဝင္ေရာက္ခ်ိန္မွာ ထြက္မေျပးႏိုင္ဘဲ ပိတ္မိေနခဲ့တဲ့ ႐ြာသားေတြျဖစ္တယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႔က ေျပာပါတယ္။ ဒီ ႐ုပ္အေလာင္းေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရသူကို ဆက္သြယ္ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။

စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ထဲက ေက်း႐ြာေတြကိုလည္း စစ္ေကာင္စီက ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာ ၂ ရက္က စၿပီး နယ္ေျမရွင္းလင္းေရးလုပ္ေနတာ အခုဆို ၁ လရွိသြားပါၿပီ။ ဒီ ၁ လအတြင္း ဒီပဲယင္းၿမိဳ႕နယ္ထဲက ေက်း႐ြာ ၃၀ နီးပါးက ေနအိမ္ ၃,၀၀၀ ခန႔္ မီးေလာင္ ကြၽမ္းခဲ့တယ္လို႔ စစ္ေျပးဒုကၡသည္ေတြကို အကူအညီေပးေနသူတဦးက ေျပာပါတယ္။

“မီးရႈိ႕သြားတာ အားလုံးေပါင္းဆို အိမ္ေျခ ၃ ေထာင္ေလာက္ရွိသြားၿပီ။ ေက်း႐ြာ ၃၀ ေလာက္ရွိၿပီ။ အားလုံးေပါင္း က်ေနာ္တို႔သိတာက အေရွ႕ျခမ္းက ၁၀ ႐ြာ။ ဟိုဘက္ျခမ္း (အေနာက္) က ၁၉ ႐ြာနဲ႔ဆို ၂၉ ႐ြာ၊ ၃၀ ေလာက္ရွိၿပီ။ အဖမ္းခံရတာ ၁၀ ေယာက္ေက်ာ္ ၁၅ ေယာက္ေလာက္ရွိတယ္။ အသတ္ခံရတာက က်ေနာ္တို႔ သိသေလာက္ဆို ၇ ဦးေလာက္ရွိသြားၿပီ။ မီးရႈိ႕ၿပီးေတာ့ သတ္ထားခဲ့တာ။ တခ်ိဳ႕က်ေတာ့လည္း ဖမ္းေခၚသြားရင္း သတ္ပစ္ၿပီးမီးရႈိ႕ထားခဲ့တာ။ အဲ့ဒါမ်ိဳး က်ေနာ္တို႔ သိရတယ္။”

ေဒသခံေျပာတဲ့ အရပ္သားေသဆုံးမႈနဲ႔ ဖမ္းဆီးခံရမႈေတြနဲ႔ ပတ္သက္လို႔ VOA က သီးျခားအတည္ျပဳလို႔မရေသးပါဘူး။ ေဒသတြင္းရွိတဲ့ စစ္ေျပးဒုကၡသည္ တေသာင္းနီးပါးဟာ ေတာေတာင္ေတြနဲ႔ ဘုန္းႀကီးေက်ာင္းေတြမွာ ေနထိုင္ေနရၿပီး စားနပ္ရိကၡာ အခက္အခဲ ႀကဳံေနရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

အခုလို ေနအိမ္ေတြမီးရႈိ႕ခံရတဲ့အထဲမွာ စစ္ေကာင္စီက ေလေၾကာင္းက ပစ္ခတ္လို႔ ကေလးငယ္ေတြ အပါအဝင္ ၁၃ ဦးေသဆုံးခဲ့တဲ့ လက္ယက္ကုန္းေက်း႐ြာလည္း ပါဝင္ခဲ့ပါတယ္။ လက္ရွိအခ်ိန္ထိ ဒီပဲယင္းၿမိဳ႕နယ္ထဲကေက်း႐ြာေတြကို စစ္ေကာင္စီတပ္ေတြက နယ္ေျမရွင္းလင္းေရးေတြလုပ္ေနၿပီး ေဒသတြင္း ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ စစ္ေရးတင္းမာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

====================

[[Unicode]]

ခင်ဦးမှာ စစ်ကောင်စီ နယ်မြေရှင်းလင်းပြီးတဲ့နောက် ရုပ်အလောင်း ၈ လောင်းတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အလယ်သျှိုကျေးရွာမှာ စစ်ကောင်စီတပ်တွေ ထွက်သွားပြီးတဲ့နောက် အလောင်း ၈ လောင်း တွေ့ရှိရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေမှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေတာ ၁ လနီးပါးရှိနေပြီး နေအိမ် ၃,၀၀၀ ခန့် မီးလောင်ကျွမ်းခဲ့သလို အရပ်သားတချို့ ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ခင်ဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ဘက်က အခြေအနေ သတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် အလယ်သျှိုကျေးရွာကို ဒီဇင်ဘာ ၂၈ ရက် မနက်အရုဏ်တက်ချိန်မှာရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့တာပါ။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂ ရက် စစ်ကောင်စီတပ်တွေ ကျေးရွာထဲကထွက်ခွာချိန်မှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“အလောင်းတွေက မနေ့က ပစ်သတ်ထားတဲ့ဟာတွေက တော်တော့်ကို ရုပ်ပျက်ဆင်းပျက်နဲ့ ပုပ်ပွနေပြီ။ ၈ လောင်းပေါ့။ အဲ့ဒါကတော့ ပစ်သတ်ထားတဲ့ဟာပေါ့။ ရွာအပြင်ထုတ်ပြီး ပစ်သတ်ထားတဲ့ဟာတွေပဲ သက်သေရတော့တာပေါ့။ လူလတ်ပိုင်းတွေပဲ။ အများစုက လူလတ်ပိုင်းတွေပဲ။ မြေမြှုပ်ထားတဲ့ တလောင်းက အဖိုးကြီး။ အသက် ၇၀ နဲ့ ၈၀ ကြားမှာရှိတယ်။”

သေဆုံးသူတွေဟာ အလယ်သျှိုကျေးရွာက ဒေသခံတွေဖြစ်ပြီး အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့ဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်အလောင်း ၄ လောင်းကို အလယ် သျှိုရွာရဲ့တောင်ဘက် ရေကန်ဟောင်းကြီးထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး၊ ရွာရဲ့ အရှေ့တောင်ထောင့် ရွာအပြင်ဘက်မှာ နှစ်လောင်းနဲ့ ရွာရဲ့ နောက်ထပ် နေရာအချို့ မှာ နှစ်လောင်းတွေ့ခဲ့တာလို့ ပြောပါတယ်။ စစ်ကောင်စီက ကျေးရွာထဲဝင်ရောက်ချိန်မှာ ထွက်မပြေးနိုင်ဘဲ ပိတ်မိနေခဲ့တဲ့ ရွာသားတွေဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ဒီ ရုပ်အလောင်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကိုလည်း စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂ ရက်က စပြီး နယ်မြေရှင်းလင်းရေးလုပ်နေတာ အခုဆို ၁ လရှိသွားပါပြီ။ ဒီ ၁ လအတွင်း ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာ ၃၀ နီးပါးက နေအိမ် ၃,၀၀၀ ခန့် မီးလောင် ကျွမ်းခဲ့တယ်လို့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေသူတဦးက ပြောပါတယ်။

“မီးရှို့သွားတာ အားလုံးပေါင်းဆို အိမ်ခြေ ၃ ထောင်လောက်ရှိသွားပြီ။ ကျေးရွာ ၃၀ လောက်ရှိပြီ။ အားလုံးပေါင်း ကျနော်တို့သိတာက အရှေ့ခြမ်းက ၁၀ ရွာ။ ဟိုဘက်ခြမ်း (အနောက်) က ၁၉ ရွာနဲ့ဆို ၂၉ ရွာ၊ ၃၀ လောက်ရှိပြီ။ အဖမ်းခံရတာ ၁၀ ယောက်ကျော် ၁၅ ယောက်လောက်ရှိတယ်။ အသတ်ခံရတာက ကျနော်တို့ သိသလောက်ဆို ၇ ဦးလောက်ရှိသွားပြီ။ မီးရှို့ပြီးတော့ သတ်ထားခဲ့တာ။ တချို့ကျတော့လည်း ဖမ်းခေါ်သွားရင်း သတ်ပစ်ပြီးမီးရှို့ထားခဲ့တာ။ အဲ့ဒါမျိုး ကျနော်တို့ သိရတယ်။”

ဒေသခံပြောတဲ့ အရပ်သားသေဆုံးမှုနဲ့ ဖမ်းဆီးခံရမှုတွေနဲ့ ပတ်သက်လို့ VOA က သီးခြားအတည်ပြုလို့မရသေးပါဘူး။ ဒေသတွင်းရှိတဲ့ စစ်ပြေးဒုက္ခသည် တသောင်းနီးပါးဟာ တောတောင်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေရပြီး စားနပ်ရိက္ခာ အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလို နေအိမ်တွေမီးရှို့ခံရတဲ့အထဲမှာ စစ်ကောင်စီက လေကြောင်းက ပစ်ခတ်လို့ ကလေးငယ်တွေ အပါအဝင် ၁၃ ဦးသေဆုံးခဲ့တဲ့ လက်ယက်ကုန်းကျေးရွာလည်း ပါဝင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဒီပဲယင်းမြို့နယ်ထဲကကျေးရွာတွေကို စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးတွေလုပ်နေပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေပါတယ်။

XS
SM
MD
LG