သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္ေတာင္ပိုင္းခ႐ိုင္ ခရမ္းၿမိဳ႕နယ္တြင္း ဆိုင္ကယ္စီးခြင့္ပိတ္



[[Zawgyi/Unicode]]

ရန္ကုန္ေတာင္ပိုင္းခ႐ိုင္၊ ခရမ္းၿမိဳ႕နယ္မွာ ေအာက္တိုဘာလ ၁၇ ရက္ေန႔ကစၿပီး ၿမိဳ႕နယ္တြင္း ဆိုင္ကယ္စီးခြင့္ အာဏာပိုင္ေတြက ပိတ္ပင္လိုက္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ခရီးသည္တင္ ဆိုင္ကယ္ေဘးတြဲ အသြားအလာကေတာ့ ၿမိဳ႕တြင္းမွာ ဆက္ရွိေနတယ္လို႔ ေျပာပါတယ္။ ဒီခရမ္းၿမိဳ႕နယ္အတြင္း ဆိုင္ကယ္စီးနင္းခြင့္အေျခအေန ရန္ကုန္ကသတင္းေပးပို႔ခ်က္ကို မဆုမြန္က တင္ျပေပးထားပါတယ္။

ရန္ကုန္ေတာင္ပိုင္းခ႐ိုင္၊ ခရမ္းၿမိဳ႕နယ္မွာ ေအာက္တိုဘာလ ၁၇ ရက္၊ တနလၤာေန႔ကစၿပီး ၿမိဳ႕နယ္တြင္း ဆိုင္ကယ္စီးနင္းခြင့္ကို အာဏာပိုင္ေတြဘက္က ပိတ္ပင္ေၾကာင္း အေၾကာင္းၾကားထားတယ္လို႔ ေဒသခံတခ်ိဳ႕ က ေျပာပါတယ္။ ဆိုင္ကယ္စီးနင္းတာနဲ႔ ပတ္သက္လို႔ ကန္႔သတ္ခ်က္ေတြ အရင္က ထုတ္ျပန္ခဲ့ဖူးေပမယ့္ ခရမ္းမွာ မစီးနင္းရဘူးလို႔ အခု ပိတ္ပင္လိုက္တာပါ။ အေၾကာင္းျပခ်က္အတိအက် မသိၾကေပမယ့္ ဆိုင္ကယ္အသြားအလာကေတာ့ ဒီေန႔ သိပ္မေတြ႔ရဘူးလို႔ ခရမ္းၿမိဳ႕နယ္ ေဒသခံတဦးက ေျပာပါတယ္။

"ၿမိဳ႕တြင္း အသြားအလာကေတာ့ ဆိုင္ကယ္ေတြ ရွင္းေတာ့ ရွင္းေနတယ္ဗ်။ တုတ္တုတ္နဲ႔ ေဘးတြဲေလးေတြေတာ့ အနည္းငယ္ေတာ့ သြားတယ္။ အခုမွ စသိတဲ့သူကလည္း ရွိေသးမွာေပါ့ေလ။"

ၿမိဳ႕တြင္းမွာ တေနရာကေန တေနရာသြားလာဖို႔ ေဒသခံအမ်ားစုက ဆိုင္ကယ္ကိုသာ အဓိကထား သုံးေနၾကတာပါ။ ဆိုင္ကယ္သြားလာခြင့္ ပိတ္ပင္ထားတဲ့အတြက္ တခ်ိဳ႕ေနရာေတြမွာ စစ္တပ္မျမင္ႏိုင္ေအာင္ ေရွာင္တိမ္းၿပီး ရပ္ကြက္လမ္းေတြထဲကေန သြားလာတာမ်ိဳးလည္း ရွိတယ္လို႔ ေဒသခံတခ်ဳိ႕က ေျပာပါတယ္။ ခရီးသည္တင္ ဆိုင္ကယ္ေဘးတြဲေတြကေတာ့ ၿမိဳ႕နယ္တြင္းမွာ ပုံမွန္အတိုင္းပဲ သြားလာေနၾကတယ္လို႔ ေဒသခံေနာက္တဦးက ေျပာပါတယ္။

"လူ အသြားအလာကေတာ့ ပုံမွန္ပါပဲ။ ဆိုင္ကယ္သြားတာေတာ့ ေလာေလာဆယ္ အလြတ္ႀကီးပဲသြားတဲ့ ဆိုင္ကယ္ေတာ့ သိပ္မေတြ႕ဘူး။ ေဘးတြဲေလးေတြနဲ႔ပဲ ေတြ႕တယ္။"

ခရမ္းၿမိဳ႕နယ္မွာ ေဒသခံ အာဏာပိုင္ေတြက ဆိုင္ကယ္စီးနင္းခြင့္ ပိတ္ပင္တယ္ဆိုတာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာ ထုတ္ျပန္ထားတာမ်ိဳး မရွိေသးပါဘူး။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လုံၿခဳံေရးအေၾကာင္းျပခ်က္နဲ႔ ဆိုင္ကယ္စီးနင္းခြင့္ ကန္႔သသတ္တာ၊ အမ်ဳိးသား ႏွစ္ဦး အတူစီးရင္ ေခၚယူ စစ္ေဆးတာ၊ ပိတ္ပင္တာ ရန္ကုန္တိုင္းထဲက ၿမိဳ႕နယ္ေတြလို တျခားၿမိဳ႕နယ္ေတြမွာ ရွိခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕တြင္း စည္ပင္သာယာ နယ္နမိတ္မွာ အရင္ကတည္းက စီးခြင့္မရွိေပမယ့္ တျခားၿမိဳ႕နယ္ေတြမွာ ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြက ကိုယ့္အစီအစဥ္နဲ႔ကိုယ္ စီးနင္းခြင့္ ပိတ္ပင္တာ၊ ကန္႔သတ္တာေတြ တိုးလုပ္ခဲ့တဲ့အေၾကာင္း ေဒသခံေတြ ေျပာၾကပါတယ္။

ခရမ္းၿမိဳ႕နယ္မွာ အခုလေစာေစာပိုင္း စစ္တပ္ တပ္စြဲထားတယ္လို႔ ယူဆတဲ့ ေနရာတခ်ိဳ႕ ပစ္ခတ္တိုက္ခိုက္ ခံခဲ့ရၿပီး ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းကလည္း ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးမႉး႐ုံး ေဖါက္ခြဲတိုက္ခိုက္ခံခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီလို တိုက္ခိုက္ခံရၿပီး လုံျခဳံေရးတင္းၾကပ္လာသလို အခု ဆိုင္ကယ္စီးခြင့္ကိုပါ ပိတ္ပင္တားျမစ္ထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------

[[Unicode]]

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင်း ဆိုင်ကယ်စီးခွင့်ပိတ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်မှာ အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး မြို့နယ်တွင်း ဆိုင်ကယ်စီးခွင့် အာဏာပိုင်တွေက ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခရီးသည်တင် ဆိုင်ကယ်ဘေးတွဲ အသွားအလာကတော့ မြို့တွင်းမှာ ဆက်ရှိနေတယ်လို့ ပြောပါတယ်။ ဒီခရမ်းမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်အခြေအနေ ရန်ကုန်ကသတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်မှာ အောက်တိုဘာလ ၁၇ ရက်၊ တနင်္လာနေ့ကစပြီး မြို့နယ်တွင်း ဆိုင်ကယ်စီးနင်းခွင့်ကို အာဏာပိုင်တွေဘက်က ပိတ်ပင်ကြောင်း အကြောင်းကြားထားတယ်လို့ ဒေသခံတချို့ က ပြောပါတယ်။ ဆိုင်ကယ်စီးနင်းတာနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေ အရင်က ထုတ်ပြန်ခဲ့ဖူးပေမယ့် ခရမ်းမှာ မစီးနင်းရဘူးလို့ အခု ပိတ်ပင်လိုက်တာပါ။ အကြောင်းပြချက်အတိအကျ မသိကြပေမယ့် ဆိုင်ကယ်အသွားအလာကတော့ ဒီနေ့ သိပ်မတွေ့ရဘူးလို့ ခရမ်းမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

"မြို့တွင်း အသွားအလာကတော့ ဆိုင်ကယ်တွေ ရှင်းတော့ ရှင်းနေတယ်ဗျ။ တုတ်တုတ်နဲ့ ဘေးတွဲလေးတွေတော့ အနည်းငယ်တော့ သွားတယ်။ အခုမှ စသိတဲ့သူကလည်း ရှိသေးမှာပေါ့လေ။"

မြို့တွင်းမှာ တနေရာကနေ တနေရာသွားလာဖို့ ဒေသခံအများစုက ဆိုင်ကယ်ကိုသာ အဓိကထား သုံးနေကြတာပါ။ ဆိုင်ကယ်သွားလာခွင့် ပိတ်ပင်ထားတဲ့အတွက် တချို့နေရာတွေမှာ စစ်တပ်မမြင်နိုင်အောင် ရှောင်တိမ်းပြီး ရပ်ကွက်လမ်းတွေထဲကနေ သွားလာတာမျိုးလည်း ရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ခရီးသည်တင် ဆိုင်ကယ်ဘေးတွဲတွေကတော့ မြို့နယ်တွင်းမှာ ပုံမှန်အတိုင်းပဲ သွားလာနေကြတယ်လို့ ဒေသခံနောက်တဦးက ပြောပါတယ်။

"လူ အသွားအလာကတော့ ပုံမှန်ပါပဲ။ ဆိုင်ကယ်သွားတာတော့ လောလောဆယ် အလွတ်ကြီးပဲသွားတဲ့ ဆိုင်ကယ်တော့ သိပ်မတွေ့ဘူး။ ဘေးတွဲလေးတွေနဲ့ပဲ တွေ့တယ်။"

ခရမ်းမြို့နယ်မှာ ဒေသခံ အာဏာပိုင်တွေက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်တယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအကြောင်းပြချက်နဲ့ ဆိုင်ကယ်စီးနင်းခွင့် ကန့်သသတ်တာ၊ အမျိုးသား နှစ်ဦး အတူစီးရင် ခေါ်ယူ စစ်ဆေးတာ၊ ပိတ်ပင်တာ ရန်ကုန်တိုင်းထဲက မြို့နယ်တွေလို တခြားမြို့နယ်တွေမှာ ရှိခဲ့ပါတယ်။ ရန်ကုန်မြို့တွင်း စည်ပင်သာယာ နယ်နမိတ်မှာ အရင်ကတည်းက စီးခွင့်မရှိပေမယ့် တခြားမြို့နယ်တွေမှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် စီးနင်းခွင့် ပိတ်ပင်တာ၊ ကန့်သတ်တာတွေ တိုးလုပ်ခဲ့တဲ့အကြောင်း ဒေသခံတွေ ပြောကြပါတယ်။

ခရမ်းမြို့နယ်မှာ အခုလစောစောပိုင်း စစ်တပ် တပ်စွဲထားတယ်လို့ ယူဆတဲ့ နေရာတချို့ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရပြီး ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဖေါက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို တိုက်ခိုက်ခံရပြီး လုံခြုံရေးတင်းကြပ်လာသလို အခု ဆိုင်ကယ်စီးခွင့်ကိုပါ ပိတ်ပင်တားမြစ်ထားတာဖြစ်ပါတယ်။

XS
SM
MD
LG