သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဟားခါးမွာ လွ်ပ္စစ္မီး ရက္ရွည္ျပတ္ 


ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕ (Crd: MIMU)

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕မွာ လွ်ပ္စစ္မီးမရတာ ၁၂ ရက္ၾကာၿပီမို႔ ေဒသခံေတြ အခက္ေတြ႔ေနၾကပါတယ္။ လွ်ပ္စစ္မီးေနရာမွာ အစားထိုးအသုံးျပဳရတဲ့ ဓါတ္အားသြင္းတဲ့ပစၥည္း အသုံးအေဆာင္ေတြနဲ႔ မီးေသြး ေစ်းႏႈန္းေတြလည္းတက္ေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ ဟားခါးၿမိဳ႕ လွ်ပ္စစ္မီးမရတဲ့အေျခအေန ရန္ကုန္ကလာတဲ့သတင္းေပးပို႔ခ်က္ကို အလိမၼာက တင္ျပေပးထားပါတယ္။

ဟားခါးၿမိဳ႕မွာ ေအာက္တိုဘာလ ၂၁ ရက္ေန႔ကစၿပီး ႏိုဝင္ဘာလ ၁ ရက္ ဒီကေန႔အထိ လွ်ပ္စစ္မီး ျပတ္ေနတာပါ။ ၿမိဳ႕တြင္း လွ်ပ္စစ္မီးေပးေဝေနတဲ့တာဝါတိုင္ ေလျပင္းဒဏ္ေၾကာင့္ ပ်က္စီးသြားလို႔ အခုလို ရက္ရွည္မီးပ်က္ေနတာလို႔ ေဒသခံေတြက ေျပာပါတယ္။ လွ်ပ္စစ္ ဓာတ္အားကို အဓိကထား အသုံးျပဳေနရတဲ့ နိစၥဓူဝကိစၥေတြမွာ အေတာ္ေလး အခက္ေတြ႔ လာရတယ္လို႔ ဟားခါးၿမိဳ႕ခံတဦးက ေျပာပါတယ္။

"ေလာေလာဆယ္ကေတာ့ အကုန္လုံးကေတာ့ Power bank ေတြဝယ္ၾက။ မီးစက္လည္း အေဟာင္းတတ္ႏိုင္တဲ့သူက အေဟာင္းဝယ္၊ အသစ္တတ္ႏိုင္တဲ့သူက အသစ္ဝယ္ၾကေပါ့။ ဘဏ္တို႔ ဘာတို႔ကလည္း ဧရာဝတီဘဏ္ဆိုရင္ သူ႔ေရွ႕မွာ မီးစက္ႏႈိးေတာ့ ေဘာက္ခုံပုံစံမ်ိဳး ခ်ေပးထားတာေပါ့ေနာ္။ အဲဒီမွာ အားသြားသြင္းၾကတာေပါ့။ စားေသာက္ဆိုင္တို႔ ဘာတို႔ ကေတာ့ မီးေသြးေတြနဲ႔ ခ်က္ၾကရတာေပါ့ေနာ္။ အဲလိုမ်ိဳးပဲ လုပ္ေနၾကရတာပဲ။ မီးေသြးေတြ ကလည္း ေစ်းႀကီးေတာ့ေလ တအိတ္ကို အခုက ၂ ေသာင္းေလာက္ျဖစ္ေတာ့ ေတာ္႐ုံတန္႐ုံလည္း ဘယ္သူမွဝယ္ မသုံးႏိုင္ၾကဘူးေလ။"

အရင္က လွ်ပ္စစ္မီးနဲ႔ ခ်က္ျပဳတ္ေနတာကေန အခု အစားထိုး အသုံးျပဳေနရတဲ့ မီးေသြးကလည္း အခု ေစ်း ၂ ဆ ေလာက္ တက္သြားတယ္လို႔ ေျပာပါတယ္။

"အရင္တုန္းကေတာ့ တအိတ္ကို ၇ ေထာင္၊ ၈ ေထာင္ ပတ္လည္ေပါ့ေနာ္။ အဲဒီေလာက္ပဲ ရွိတာဗ်။ ခ်င္းမီးေသြးဆို ၁ ေသာင္းေပါ့ေနာ္။ အခုက ခ်င္းမီးေသြးတအိတ္ကို ၂ ေသာင္း၊ ၂ ေသာင္းခြဲ အဲလိုမ်ိဳး ျဖစ္ေတာ့ေလ အခက္အခဲ ျဖစ္တာေပါ့ေနာ္။"

ဟားခါးၿမိဳ႕မွာ လွ်ပ္စစ္မီး ဘယ္ေတာ့ျပန္ရမယ္ဆိုတာကိုေတာ့ ေဒသခံေတြအေနနဲ႔ အတိအက် မသိၾကပါဘူး။ လွ်ပ္စစ္တာဝါတိုင္ ျပင္ဖို႔လိုအပ္တဲ့ပစၥည္းေတြ မွာထားၿပီးၿပီလို႔ အၾကမ္းဖ်ဥ္းေလာက္သာ တခ်ိဳ႕ကသိရတာပါ။ ဒီကေန႔အထိ လွ်ပ္စစ္မီးမလာေသးလို႔ ေန႔စဥ္နဲ႔အမွ် အခက္ေတြ႕ေနတဲ့ အေျခအေနကို ေဒသခံေနာက္တဦးက အခုလိုေျပာပါတယ္။

"မီး မလာပါဘူးရွင္။ အိမ္မွာ မီးပ်က္ေတာ့ ဆိုလာျပားနဲ႔ ဖုန္းအားသြင္းရတယ္။ ကားဂိတ္မွာ သြင္းရတယ္။"

လွ်ပ္စစ္အစားထိုး အသုံးျပဳဖို႔ လိုအပ္တဲ့ပစၥည္းေတြ ေစ်းႏႈန္းတက္လာတာ၊ ေန႔စဥ္နဲ႔အမွ် ခ်က္ျပဳတ္ဖို႔နဲ႔ ဓာတ္အားသြင္းဖို႔ လိုအပ္တာေတြက ရက္ရွည္ၾကာလာတာေၾကာင့္ ေဒသခံေတြ အခက္ေတြ႕ေနၾကတာပါ။ ရက္ရွည္မီးျပတ္ေနတာနဲ႔ ပတ္သက္လို႔ လွွ်ပ္စစ္ဌာနဘက္က တရားဝင္ အေၾကာင္းျပခ်က္ေပး ေျပာဆိုတာေတာ့ မရွိသလို ဘယ္ေတာ့ေလာက္ မီးျပန္ လာႏိုင္မယ္ဆိုတာလည္း ေျပာဆိုျခင္း မရွိဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

ဟားခါးမွာ လွ်ပ္စစ္မီး ရက္ရွည္ျပတ္.mp3
please wait

No media source currently available

0:00 0:02:26 0:00
တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ဟားခါးမှာ လျှပ်စစ်မီး ရက်ရှည်ပြတ်

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ လျှပ်စစ်မီးမရတာ ၁၂ ရက်ကြာပြီမို့ ဒေသခံတွေ အခက်တွေ့နေကြပါတယ်။ လျှပ်စစ်မီးနေရာမှာ အစားထိုးအသုံးပြုရတဲ့ ဓါတ်အားသွင်းတဲ့ပစ္စည်း အသုံးအဆောင်တွေနဲ့ မီးသွေး ဈေးနှုန်းတွေလည်းတက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဟားခါးမြို့ လျှပ်စစ်မီးမရတဲ့အခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးထားပါတယ်။

ဟားခါးမြို့မှာ အောက်တိုဘာလ ၂၁ ရက်နေ့ကစပြီး နိုဝင်ဘာလ ၁ ရက် ဒီကနေ့အထိ လျှပ်စစ်မီး ပြတ်နေတာပါ။ မြို့တွင်း လျှပ်စစ်မီးပေးဝေနေတဲ့တာဝါတိုင် လေပြင်းဒဏ်ကြောင့် ပျက်စီးသွားလို့ အခုလို ရက်ရှည်မီးပျက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ လျှပ်စစ် ဓာတ်အားကို အဓိကထား အသုံးပြုနေရတဲ့ နိစ္စဓူဝကိစ္စတွေမှာ အတော်လေး အခက်တွေ့ လာရတယ်လို့ ဟားခါးမြို့ခံတဦးက ပြောပါတယ်။

"လောလောဆယ်ကတော့ အကုန်လုံးကတော့ Power bank တွေဝယ်ကြ။ မီးစက်လည်း အဟောင်းတတ်နိုင်တဲ့သူက အဟောင်းဝယ်၊ အသစ်တတ်နိုင်တဲ့သူက အသစ်ဝယ်ကြပေါ့။ ဘဏ်တို့ ဘာတို့ကလည်း ဧရာဝတီဘဏ်ဆိုရင် သူ့ရှေ့မှာ မီးစက်နှိုးတော့ ဘောက်ခုံပုံစံမျိုး ချပေးထားတာပေါ့နော်။ အဲဒီမှာ အားသွားသွင်းကြတာပေါ့။ စားသောက်ဆိုင်တို့ ဘာတို့ ကတော့ မီးသွေးတွေနဲ့ ချက်ကြရတာပေါ့နော်။ အဲလိုမျိုးပဲ လုပ်နေကြရတာပဲ။ မီးသွေးတွေ ကလည်း ဈေးကြီးတော့လေ တအိတ်ကို အခုက ၂ သောင်းလောက်ဖြစ်တော့ တော်ရုံတန်ရုံလည်း ဘယ်သူမှဝယ် မသုံးနိုင်ကြဘူးလေ။"

အရင်က လျှပ်စစ်မီးနဲ့ ချက်ပြုတ်နေတာကနေ အခု အစားထိုး အသုံးပြုနေရတဲ့ မီးသွေးကလည်း အခု ဈေး ၂ ဆ လောက် တက်သွားတယ်လို့ ပြောပါတယ်။

"အရင်တုန်းကတော့ တအိတ်ကို ၇ ထောင်၊ ၈ ထောင် ပတ်လည်ပေါ့နော်။ အဲဒီလောက်ပဲ ရှိတာဗျ။ ချင်းမီးသွေးဆို ၁ သောင်းပေါ့နော်။ အခုက ချင်းမီးသွေးတအိတ်ကို ၂ သောင်း၊ ၂ သောင်းခွဲ အဲလိုမျိုး ဖြစ်တော့လေ အခက်အခဲ ဖြစ်တာပေါ့နော်။"

ဟားခါးမြို့မှာ လျှပ်စစ်မီး ဘယ်တော့ပြန်ရမယ်ဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ အတိအကျ မသိကြပါဘူး။ လျှပ်စစ်တာဝါတိုင် ပြင်ဖို့လိုအပ်တဲ့ပစ္စည်းတွေ မှာထားပြီးပြီလို့ အကြမ်းဖျဉ်းလောက်သာ တချို့ကသိရတာပါ။ ဒီကနေ့အထိ လျှပ်စစ်မီးမလာသေးလို့ နေ့စဉ်နဲ့အမျှ အခက်တွေ့နေတဲ့ အခြေအနေကို ဒေသခံနောက်တဦးက အခုလိုပြောပါတယ်။

"မီး မလာပါဘူးရှင်။ အိမ်မှာ မီးပျက်တော့ ဆိုလာပြားနဲ့ ဖုန်းအားသွင်းရတယ်။ ကားဂိတ်မှာ သွင်းရတယ်။"

လျှပ်စစ်အစားထိုး အသုံးပြုဖို့ လိုအပ်တဲ့ပစ္စည်းတွေ ဈေးနှုန်းတက်လာတာ၊ နေ့စဉ်နဲ့အမျှ ချက်ပြုတ်ဖို့နဲ့ ဓာတ်အားသွင်းဖို့ လိုအပ်တာတွေက ရက်ရှည်ကြာလာတာကြောင့် ဒေသခံတွေ အခက်တွေ့နေကြတာပါ။ ရက်ရှည်မီးပြတ်နေတာနဲ့ ပတ်သက်လို့ လျှပ်စစ်ဌာနဘက်က တရားဝင် အကြောင်းပြချက်ပေး ပြောဆိုတာတော့ မရှိသလို ဘယ်တော့လောက် မီးပြန် လာနိုင်မယ်ဆိုတာလည်း ပြောဆိုခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG