သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Saki တပ္စခန္းက ႐ုရွားစစ္ေလယာဥ္ေတြ ပ်က္စီးသြားေၾကာင္း ယူကရိန္းေၾကညာ


၂၀၁၄ ခု ကတည္းက ႐ုရွားကသိမ္းယူထားတဲ့ ခ႐ိုင္းမီးယားကၽြန္းဆြယ္ေပၚက ႐ုရွားေလတပ္အေျခစိုက္စခန္းကေလယာဥ္ေတြ ေပါက္ကြဲပ်က္စီးမႈျမင္ကြင္းကို ၿဂိဳဟ္တုက ရိိုက္ယူထားပံု။ (ၾသဂုတ္ ၁၀၊ ၂၀၂၂)

[[Zawgyi/Unicode]]

႐ုရွားသိမ္းပိုက္ထားတဲ့ ခ႐ိုင္းမီးယားကြၽန္းဆြယ္ေပၚက Saki ေလတပ္အေျခစိုက္စခန္းမွာ ဆင့္ကဲ ေပါက္ကြဲမႈႀကီးေတြ ျဖစ္ေပၚခဲ့ၿပီးတဲ့ေနာက္ ႐ုရွားစစ္ေလယာဥ္ ၉ စီး ပ်က္စီးသြားတယ္လို႔ ယူကရိန္းက ဗုဒၶဟူးေန႔က ေျပာပါတယ္။

႐ုရွားဘက္ကေတာ့ အဂၤါေန႔က ျဖစ္ပြားခဲ့တဲ့ ေပါက္ကြဲမႈေတြေၾကာင့္ ေလယာဥ္ ဆုံးရႈံးမႈရွိတယ္ဆိုတာနဲ႔ ေလတပ္စခန္းတိုက္ခိုက္ခံရတယ္ဆိုတာကို ျငင္းဆိုပါတယ္။ ဒါေပမယ့္ ၿဂိဳဟ္တုကေန ႐ိုက္ကူးထားတဲ့ ဓါတ္ပုံေတြကေတာ့ ေလယာဥ္ ၇ စီးေပါက္ကြဲ ပ်က္စီးေနတာနဲ႔ တျခားေလယာဥ္ေတြ ထိခိုက္ပ်က္စီးဟန္ ရွိေနတာကို ေဖာ္ျပေနတာပါ။

ဒီ Saki ေလတပ္စခန္းက ႐ုရွားေလယာဥ္ေတြဟာ ယူကရိန္း ေတာင္ပိုင္းမွာ ေလေၾကာင္းတိုက္ ခိုက္မႈေတြကို အဓိက လုပ္ေဆာင္ေနတာပါ။ ယူကရိန္း တာဝန္ရွိသူေတြကေတာ့ ဒီ တိုက္ခိုက္ မႈေတြမွာ တာဝန္ရွိေၾကာင္း လူသိရွင္ၾကား ထုတ္ေဖာ္ေျပာဆိုတာမရွိေပမယ့္ စည္းကမ္းမဲ့ ေဆးလိပ္ေသာက္တဲ့သူ တေယာက္ေၾကာင့္ Saki ေလတယ္အေျခစိုက္စခန္းမွာ ေပါက္ကြဲမႈ ျဖစ္ေပၚ ခဲ့တယ္ဆိုၿပီး ႐ုရွားဘက္က ေျပာဆိုတာကိုေတာ့ ေလွာင္ေျပာင္ပ်က္ရယ္ျပဳခဲ့ၾကပါတယ္။

ဒီ တိုက္ခိုက္မႈမွာ ယူကရိန္းက ေရယာဥ္ဖ်က္ဒုံးက်ည္ေတြ သုံးစြဲခဲ့တယ္လို႔ေတာ့ ေလ့လာသူေတြက သုံးသပ္ပါတယ္။ အဂၤါေန႔က ဆင့္ကဲ ေပါက္ကြဲမႈေတြေၾကာင့္ လူတဦး ေသဆုံးခဲ့သလို ၁၄ ဦး ဒဏ္ရာရခဲ့ပါတယ္။ တကယ္လို႔ ဒီ တိုက္ခိုက္မႈကို ယူကရိန္းကလုပ္ခဲ့တာဆိုရင္ေတာ့ ခ႐ိုင္းမီးယားကို ႐ုရွားတို႔ ၂၀၁၄ ခုႏွစ္ သိမ္းပိုက္ၿပီးေနာက္ပိုင္းမွာ ကြၽန္းဆြယ္ေပၚက ႐ုရွားတပ္ဖြဲ႕ေတြကို ယူကရိန္းတို႔ ပထမဆုံးအႀကိမ္ အႀကီးအက်ယ္ တိုက္ခိုက္မႈလို႔ဆိုႏိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

Saki တပ်စခန်းက ရုရှားစစ်လေယာဉ်တွေ ပျက်စီးသွားကြောင်း ယူကရိန်းကြေညာ

ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ပေါ်က Saki လေတပ်အခြေစိုက်စခန်းမှာ ဆင့်ကဲ ပေါက်ကွဲမှုကြီးတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ရုရှားစစ်လေယာဉ် ၉ စီး ပျက်စီးသွားတယ်လို့ ယူကရိန်းက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ရုရှားဘက်ကတော့ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေကြောင့် လေယာဉ် ဆုံးရှုံးမှုရှိတယ်ဆိုတာနဲ့ လေတပ်စခန်းတိုက်ခိုက်ခံရတယ်ဆိုတာကို ငြင်းဆိုပါတယ်။ ဒါပေမယ့် ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကတော့ လေယာဉ် ၇ စီးပေါက်ကွဲ ပျက်စီးနေတာနဲ့ တခြားလေယာဉ်တွေ ထိခိုက်ပျက်စီးဟန် ရှိနေတာကို ဖော်ပြနေတာပါ။

ဒီ Saki လေတပ်စခန်းက ရုရှားလေယာဉ်တွေဟာ ယူကရိန်း တောင်ပိုင်းမှာ လေကြောင်းတိုက် ခိုက်မှုတွေကို အဓိက လုပ်ဆောင်နေတာပါ။ ယူကရိန်း တာဝန်ရှိသူတွေကတော့ ဒီ တိုက်ခိုက် မှုတွေမှာ တာဝန်ရှိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် စည်းကမ်းမဲ့ ဆေးလိပ်သောက်တဲ့သူ တယောက်ကြောင့် Saki လေတယ်အခြေစိုက်စခန်းမှာ ပေါက်ကွဲမှု ဖြစ်ပေါ် ခဲ့တယ်ဆိုပြီး ရုရှားဘက်က ပြောဆိုတာကိုတော့ လှောင်ပြောင်ပျက်ရယ်ပြုခဲ့ကြပါတယ်။

ဒီ တိုက်ခိုက်မှုမှာ ယူကရိန်းက ရေယာဉ်ဖျက်ဒုံးကျည်တွေ သုံးစွဲခဲ့တယ်လို့တော့ လေ့လာသူတွေက သုံးသပ်ပါတယ်။ အင်္ဂါနေ့က ဆင့်ကဲ ပေါက်ကွဲမှုတွေကြောင့် လူတဦး သေဆုံးခဲ့သလို ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ တကယ်လို့ ဒီ တိုက်ခိုက်မှုကို ယူကရိန်းကလုပ်ခဲ့တာဆိုရင်တော့ ခရိုင်းမီးယားကို ရုရှားတို့ ၂၀၁၄ ခုနှစ် သိမ်းပိုက်ပြီးနောက်ပိုင်းမှာ ကျွန်းဆွယ်ပေါ်က ရုရှားတပ်ဖွဲ့တွေကို ယူကရိန်းတို့ ပထမဆုံးအကြိမ် အကြီးအကျယ် တိုက်ခိုက်မှုလို့ဆိုနိုင်ပါတယ်။

XS
SM
MD
LG