သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ပြဲရပ္မယ္ဆို Putin နဲ႔ေတ႔ြဖို႔အသင့္လို႔ သမၼတ Biden ေျပာ


ျပင္သစ္သမၼတကို အိမ္ျဖဴေတာ္မွာေတြ႔ဆံုဧည့္ခံရင္း ယူကရိန္းအေရး ႐ုရွားသမၼတနဲ႔ေဆြးေႏြးႏုိင္ေၾကာင္းေျပာခဲ့တဲ့ အေမရိကန္သမၼတ ဂ်ဳိးဘုိင္ဒန္။ 

[[Zawgyi/Unicode]]

ယူကရိန္းအေရးအတြက္ သမၼတ Putin နဲ႔ေဆြးေႏြးႏိုင္ပါတယ္လို႔ အေမရိကန္သမၼတ Joe Biden ကေျပာခဲ့ၿပီးေနာက္ သမၼတ Putin ကလည္း ေဆြးေႏြးဖို႔ လမ္းဖြင့္ထားတယ္လို႔ တံု႔ျပန္လိုက္ပါတယ္။

ဝါရွင္တန္ၿမိဳ႕ေတာ္မွာေရာက္ေနတဲ့ ျပင္သစ္သမၼတနဲ႔ ၾကာသပေတးေန႔က ေတြ႔ဆံုအၿပီးျပဳလုပ္တဲ့ ပူးတြဲသတင္းစာရွင္းပြဲမွာ သမၼတ Biden က ယူကရိန္းစစ္ပြဲအဆံုးသတ္ဖို႔ စိတ္ဝင္စားမႈျပရင္ေတာ့ NATO အဖဲြ႔နဲ႔တိုင္ပင္ၿပီး ႐ုရွားသမၼတ Putin နဲ႔ သူေဆြးေႏြးဖို႔ ျပင္ဆင္ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့ အခုလက္ရွိအေျခအေနမွာေတာ့ ပူတင္ကိုဆက္သြယ္ဖို႔ အစီအစဥ္မရွိဘူးလို႔ အေမရိကန္သမၼတက ေျပာၾကားခဲ့တာပါ။

ယူကရိန္းကေန ႐ုရွားတပ္ေတြ႐ုပ္သိမ္းမွ စစ္ပြဲရပ္မွာျဖစ္တယ္လို႔လည္း သမၼတ Biden ကေျပာၾကားပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ႐ုရွားအစိုးရေျပာခြင့္ရ Dmitry Peskov က တံု႔ျပန္တာမွာ သမၼတ Putin အေနနဲ႔ ညွိႏႈိင္းဖို႔ ဆက္လက္လမ္းဖြင့္ထားေပမဲ့ ႐ုရွားတပ္ေတြကိုေတာ့ ယူကရိန္းကေန႐ုပ္မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

၉ လေက်ာ္ၾကာလာၿပီျဖစ္တဲ့ ယူကရိန္းစစ္ပြဲအတြင္း က်ဆံုးခဲ့တဲ့ ယူကရိန္းစစ္သား ၁ ေသာင္းကေန ၁၃,၀၀၀ ေက်ာ္ရွိတယ္လို႔ ယူကရိန္းသမၼတရဲ႕ ထိပ္တန္းအၾကံေပးက ေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့ သူေျပာၾကားခဲ့တဲ့ အေရအတြက္နဲ႔ပတ္သက္လို႔ ယူကရိန္းစစ္တပ္ကေတာ့ အတည္ျပဳျခင္း မရွိပါဘူး။

ဗုဒၶဟူးေန႔တုန္းကပဲ ဥေရာပေကာ္မရွင္ဥကၠ႒ Ursula von der Leyen က ယူကရိန္းဘက္က က်ဆံုးသူနဲ႔ ဒဏ္ရာရာရသူေပါင္း တစ္သိန္းေက်ာ္တယ္လို႔ေျပာခဲ့ၿပီး ၿပီးခဲ့တဲ့လတံုးကလည္း အေမရိကန္ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီး Mark Milley ကလည္း အလားတူပမာဏေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

========================

[[Unicode]]

စစ်ပွဲရပ်မယ်ဆို Putin နဲ့တေ့ွဖို့အသင့်လို့ သမ္မတ Biden ပြော

ယူကရိန်းအရေးအတွက် သမ္မတ Putin နဲ့ဆွေးနွေးနိုင်ပါတယ်လို့ အမေရိကန်သမ္မတ Joe Biden ကပြောခဲ့ပြီးနောက် သမ္မတ Putin ကလည်း ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ တုံ့ပြန်လိုက်ပါတယ်။

ဝါရှင်တန်မြို့တော်မှာရောက်နေတဲ့ ပြင်သစ်သမ္မတနဲ့ ကြာသပတေးနေ့က တွေ့ဆုံအပြီးပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းပွဲမှာ သမ္မတ Biden က ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ စိတ်ဝင်စားမှုပြရင်တော့ NATO အဖွဲ့နဲ့တိုင်ပင်ပြီး ရုရှားသမ္မတ Putin နဲ့ သူဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အခုလက်ရှိအခြေအနေမှာတော့ ပူတင်ကိုဆက်သွယ်ဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန်သမ္မတက ပြောကြားခဲ့တာပါ။

ယူကရိန်းကနေ ရုရှားတပ်တွေရုပ်သိမ်းမှ စစ်ပွဲရပ်မှာဖြစ်တယ်လို့လည်း သမ္မတ Biden ကပြောကြားပါတယ်။ ဒါနဲ့ပတ်သက်လို့ ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က တုံ့ပြန်တာမှာ သမ္မတ Putin အနေနဲ့ ညှိနှိုင်းဖို့ ဆက်လက်လမ်းဖွင့်ထားပေမဲ့ ရုရှားတပ်တွေကိုတော့ ယူကရိန်းကနေရုပ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

၉ လကျော်ကြာလာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ယူကရိန်းစစ်သား ၁ သောင်းကနေ ၁၃,၀၀၀ ကျော်ရှိတယ်လို့ ယူကရိန်းသမ္မတရဲ့ ထိပ်တန်းအကြံပေးက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူပြောကြားခဲ့တဲ့ အရေအတွက်နဲ့ပတ်သက်လို့ ယူကရိန်းစစ်တပ်ကတော့ အတည်ပြုခြင်း မရှိပါဘူး။

ဗုဒ္ဓဟူးနေ့တုန်းကပဲ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ယူကရိန်းဘက်က ကျဆုံးသူနဲ့ ဒဏ်ရာရာရသူပေါင်း တစ်သိန်းကျော်တယ်လို့ပြောခဲ့ပြီး ပြီးခဲ့တဲ့လတုံးကလည်း အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး Mark Milley ကလည်း အလားတူပမာဏပြောခဲ့ပါတယ်။

XS
SM
MD
LG