သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ပင်လယ်အတွင်း တရုတ်ရေတပ် စစ်ရေးလေ့ကျင့်


တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရေတပ်မှာသုံးတဲ့ ၀၅၅ အမျိုးအစား လမ်းညွှန်ဒုံးကျည်ဖျက်သင်္ဘော Nanchang
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရေတပ်မှာသုံးတဲ့ ၀၅၅ အမျိုးအစား လမ်းညွှန်ဒုံးကျည်ဖျက်သင်္ဘော Nanchang

[[Zawgyi/Unicode]]

ရေနယ်နိမိတ်မှာ တရုတ်ရေတပ်ရဲ့ခြေလှမ်းဖြန့်နိုင်မှုကို ပြသတဲ့အနေနဲ့ တရုတ်နိုင်ငံက အကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံး ဖျက်သင်္ဘောတစီး ဂျပန်ပင်လယ်ထဲမှာ စစ်ရေးလေ့ကျင့်မှုတွေလုပ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ကမှ ရေချထားတဲ့ Type 055 အမျိုးအစား ဖျက်သင်္ဘော Lhasa နဲ့ စစ်ရေးလေ့ကျင့်နေတယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ Global Times သတင်းစာမှာ ဖော်ပြပါတယ်။

Type 055 အမျိုးအစား ဖျက်သင်္ဘောတွေဟာ ရေဒါစနစ်မှာ မပေါ်နိုင်တဲ့ နည်းပညာတွေသုံးထားသလို Missile ဒုံးအမျိုးအစား စုံကိုလည်း တပ်ဆင်ထားပါတယ်။ အဲဒီ 055 အမျိုးအစား ဖျက်သင်္ဘောနဲ့အတူ 052D အမျိုးအစား ဖျက်သင်္ဘော Chengdue နဲ့ ၉၀၃ အမျိုးအစား ဆီသင်္ဘောတို့လည်း စစ်ရေးလေ့ကျင့်မှုမှာပါတယ်လို့ သတင်းစာမှာရေးပါတယ်။

ဂျပန်နိုင်ငံ Nagasaki မြို့က Fukue ကျွန်းအနောက်ဘက် မိုင် ၁၂၀ လောက်ကနေ ဂျပန်ပင်လယ် ဘက် ဦးတည်သွားနေတဲ့ သင်္ဘော ၃ စီးကို တနင်္ဂနွေနေ့က တွေ့ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ တရုတ်ရေတပ်က သင်္ဘောတွေကို အရှိန်အဟုန်ဆောက်လုပ်နေပြီး ကမ္ဘာမှာ ရေတပ်သင်္ဘောအများဆုံး ပိုင်ဆိုင်ပါတယ်။ တရုတ်ရေတပ်သင်္ဘောတွေမှာ အဆင့်မြင့်နည်းပညာနဲ့ စစ်လက်နက်ပစ္စည်းတွေကိုလည်း တပ်ဆင်ထားပါတယ်။

ဂျပန်ပင်လယ်အတွင်း တရုတ်ရေတပ် စစ်ရေးလေ့ကျင့်
please wait

No media source currently available

0:00 0:00:38 0:00
တိုက်ရိုက် လင့်ခ်

===========

[[Unicode]]





=========

XS
SM
MD
LG