သံုးရလြယ္ကူေစသည့္ Link မ်ား

 ေငြလႊဲႏႈန္းမတည္ၿငိမ္မႈေၾကာင့္ အခ်ိန္တိုအတြင္း ကုန္ေဈးႏႈန္းအတက္အက်မ်ား


Myanmar currency

[[Zawgyi/Unicode]]

ျမန္မာျပည္တြင္းမွာ အခုရက္ပိုင္း ျမန္မာက်ပ္ေငြနဲ႔ ႏိုင္ငံျခားေငြလဲႏႈန္းေတြ အတက္ အက် အေျပာင္းအလဲျမန္ေနၿပီး လူသုံးကုန္ပစၥည္းေဈးေတြလည္း အခ်ိန္တိုအတြင္း အတက္အက် ေျပာင္းလဲေနတဲ့အေၾကာင္း စီးပြားေရးလုပ္ငန္းရွင္တခ်ိဳ႕က ဗြီအိုေအ ကို ေျပာပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြကနဲ႔စာရင္ က်ပ္ေငြတန္ဖိုး ျပန္တက္ လာေပမယ့္ ေငြလဲႏႈန္းမတည္ၿငိမ္ေသးတဲ့အတြက္ ျပည္ပကမွာၿပီး တဆင့္ျပန္ၿပီးေရာင္းခ်တဲ့ ကုန္ေဈးႏႈန္းေတြအေပၚ သတ္မွတ္ရာမွာ အခက္အခဲေတြ ရွိေနတယ္လို႔ ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ စီးပြားေရးသတင္းကို ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။

အခ်ိန္တိုအတြင္း ျမန္မာက်ပ္ေငြနဲ႔ ႏိုင္ငံျခားေငြလဲႏႈန္း အေျပာင္းအလဲ ျမန္ေနတဲ့အတြက္ အထူးသျဖင့္ နယ္စပ္ကေန တႏိုင္တပိုင္ပစၥည္းသြင္းၿပီး ျပည္တြင္းမွာ ျပန္လည္ေရာင္းခ်ေနတဲ့ လုပ္ငန္းေတြအတြက္ အဆင္မေျပျဖစ္ရတဲ့အေၾကာင္း လုပ္ငန္းရွင္တခ်ိဳ႕က ေျပာတာပါ။ အိမ္ေဆာက္ပစၥည္း ေရာင္းဝယ္ေနတဲ့ လုပ္ငန္းရွင္တဦးကေတာ့ အရင္လို ထိုင္းႏိုင္ငံကေန ပစၥည္းေတြ အမ်ားအျပားသြင္းၿပီး ေလွာင္ထားတာမ်ိဳး မလုပ္ႏိုင္ေတာ့ဘဲ ေငြေပါက္ေဈးအတိုင္း အနည္းငယ္ေလာက္သာ ဝယ္ေရာင္းလုပ္ေနရတယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။

" နည္းနည္းေတာ့ ကသိကေအာက္ေတာ့ျဖစ္တာေပါ့။ ဒါေပမယ့္ ဒီလိုပဲအဆင္ေျပေအာင္လုပ္ၿပီး သြားရတာပဲ။ ဒီအေျခအေနမွာ ရပ္လို႔ကလည္း မရဘူးေလ။ ဆက္သြား..။ ပစၥည္းေတြက ကုန္ၿပီဆိုမွစုဝယ္လို႔က အခုကအဆင္မေျပေတာ့ဘူးေလ။ အဲဒီေတာ့ ဒီေန႔တခုေဖာက္၊ ေဖာက္ၿပီးကုန္သြားၿပီဆို ခ်က္ခ်င္းျပန္ဝယ္ေပါ့။ ပိုပင္ပန္းတာေပါ့ အရင္ကထက္ေတာ့။ အရင္ကေလာက္ အဆင္မေျပဘူး။ ဒါေပမယ့္လည္း ဒီလိုပဲ အဆင္ေျပေအာင္ ႀကံဖန္ၿပီးလုပ္ရတာေပါ့။ အဓိကေတာ့ ေဒၚလာပါပဲ။ ေဒၚလာက်ရင္ လိုက္က်မွာေပါ့။"

ၿပီးခဲ့တဲ့ရက္ပိုင္းက ျပင္ပေပါက္ေဈး၊ တရားမဝင္ ႀကိဳက္ေရာင္း ႀကိဳက္ဝယ္ေဈးကြက္မွာ တေဒၚလာကို ၂,၅၀၀ က်ပ္အထိေရာက္ခဲ့ၿပီး ဒီေန႔ေအာက္တိုဘာလ ၃ ရက္ေန႔ ျပင္ပေပါက္ေဈးလည္း ၂,၉၀၀ က်ပ္ကို ျပန္ေရာက္လာပါတယ္။ ေရာင္းေဈး ဝယ္ေဈးေတြက က်ပ္ ၅၀၀ ဝန္းက်င္အထိ ေဈးကြာသြားခဲ့ပါတယ္။ ေဈးမၿငိမ္ တဲ့အတြက္ တခ်ိဳ႕က အေရာင္းအဝယ္ေတြ ခဏရပ္ထားေၾကာင္း စီးပြားလုပ္ငန္းရွင္ေတြကေျပာပါတယ္။ ဗဟိုဘဏ္ကေတာ့ ရည္ၫႊန္းေငြလဲႏႈန္း တေဒၚလာကို ၂,၁၀၀ က်ပ္ သတ္မွတ္ထားဆဲျဖစ္ပါတယ္။

အိမ္နီးခ်င္းထိုင္းႏိုင္ငံနဲ႔ ဘတ္ေငြလဲႏႈန္းမွာလည္း စက္တင္ဘာလလည္က ျမန္မာေငြ တသိန္းကို ထိုင္းဘတ္ေငြ ၉၀၀ နဲ႔ ညီမွ်ခဲ့ေပမယ့္ အခုရက္ပိုင္း ျမန္မာေငြ တသိန္းကို ဘတ္ ၁,၅၀၀ နဲ႔ညီတဲ့ ေငြလဲႏႈန္းအထိ ျပန္ေရာက္သြားပါတယ္။ အခု အျပင္ ေပါက္ေဈး ျမန္မာေငြတသိန္းကို ဘတ္ေငြ ၁,၄၀၀ ေလာက္ ျပန္ေရာက္သြားတယ္လို႔ မဲေဆာက္ၿမိဳ႕က ေငြလဲလုပ္ငန္းလုပ္ကိုင္သူ တဦးက VOA ကို ေျပာပါတယ္။

" ဘိုင္ေသေျပာလို႔မရဘူး။ ၿငိမ္ခ်င္လည္း ၿငိမ္ေနတာပဲ၊ မၿငိမ္ဘဲနဲ႔လည္း မိနစ္ပိုင္းအတြင္း၊ နာရီပိုင္းအတြင္းလည္း အေျပာင္းအလဲက တက္လိုက္၊ က်လိုက္ အဲလိုျဖစ္ေနတယ္။ အက်ဘက္ကို သြားရင္လည္းသြားတယ္။ အတက္ဘက္ကို သြားရင္ လည္းသြားတယ္၊ က်ေနာ္တို႔က မွန္းလို႔လည္းမရဘူး။ အခုေလာေလာဆယ္ ေပါက္ေဈးကေတာ့ တသိန္းကို ၁,၄၀၀ လည္းတင္ၾကတယ္။ ၁,၄၂၀လည္း တင္ၾကတယ္ ေဈးကေတာ့ မၿငိမ္ဘူး။"

တနဂၤေႏြေန႔မနက္ပိုင္းက အနည္းငယ္ ေဈးက်ခဲ့တဲ့ အေခါက္ေ႐ႊ ျပင္ပေဈးကေတာ့ ညေန ပိုင္းမွာ၂၄ သိန္းအထိ ျပန္တက္လာတယ္လို႔ ဝယ္ေရာင္းလုပ္ကိုင္ေနသူေတြက ေျပာပါတယ္။ ဒီေန႔ တနလၤာေန႔မွာေတာ့ ေ႐ႊတက်ပ္သားကို က်ပ္၂၆ သိန္းအထိ ေဈးျပန္ေခၚေနၾကတာပါ။ ေဒၚလာေဈးေၾကာင့္ ေ႐ႊေဈးျပန္တက္လာတယ္ ဆိုေပမဲ့ အေရာင္းအဝယ္က ေဈးကြက္ထဲမွာ ေအးေနတယ္လို႔ ေ႐ႊလုပ္ငန္းရွင္ အသင္း ဥကၠ႒က ဗြီအိုေအကို ေျပာပါတယ္။

ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းကေတာ့ ေ႐ႊတက်ပ္သား ရည္ၫႊန္းတန္ဖိုးကို ဆယ့္ကိုးသိန္း ငါးေသာင္းေက်ာ္နဲ႔ ေဈးပိတ္ခဲ့ပါတယ္။

ဩဂုတ္လနဲ႔ စက္တင္ဘာလထဲမွာ ေ႐ႊေဈးနဲ႔ ႏိုင္ငံျခားေငြ လဲလွယ္ႏႈန္းေတြ တက္ ခဲ့ၿပီး က်ပ္ေငြတန္ဖိုးက်ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း က်ပ္ေငြတန္ဖိုး ျပန္တက္ လာခဲ့ပါတယ္။ ဒါေပမယ့္လည္း မတည္ၿငိမ္ေသးတဲ့အတြက္ ကုန္ပစၥည္းေတြ အေျပာင္းအလဲေတြ ရွိေနတာပါ။ ေငြလဲႏႈန္း အေျပာင္းအလဲေပၚလိုက္ၿပီး ျပည္တြင္းမွာ တဆင့္ျပန္ၿပီးေရာင္းခ်တဲ့ ကုန္ေဈးႏႈန္းေတြအေပၚ ေန႔စဥ္နီးပါး ေျပာင္းလဲ သတ္မွတ္ေနရတဲ့အေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ငွေလွှဲနှုန်းမတည်ငြိမ်မှုကြောင့် အချိန်တိုအတွင်း ကုန်ဈေးနှုန်းအတက်အကျများ

မြန်မာပြည်တွင်းမှာ အခုရက်ပိုင်း မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေလဲနှုန်းတွေ အတက် အကျ အပြောင်းအလဲမြန်နေပြီး လူသုံးကုန်ပစ္စည်းဈေးတွေလည်း အချိန်တိုအတွင်း အတက်အကျ ပြောင်းလဲနေတဲ့အကြောင်း စီးပွားရေးလုပ်ငန်းရှင်တချို့က ဗွီအိုအေ ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေကနဲ့စာရင် ကျပ်ငွေတန်ဖိုး ပြန်တက် လာပေမယ့် ငွေလဲနှုန်းမတည်ငြိမ်သေးတဲ့အတွက် ပြည်ပကမှာပြီး တဆင့်ပြန်ပြီးရောင်းချတဲ့ ကုန်ဈေးနှုန်းတွေအပေါ် သတ်မှတ်ရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ စီးပွားရေးသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အချိန်တိုအတွင်း မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေလဲနှုန်း အပြောင်းအလဲ မြန်နေတဲ့အတွက် အထူးသဖြင့် နယ်စပ်ကနေ တနိုင်တပိုင်ပစ္စည်းသွင်းပြီး ပြည်တွင်းမှာ ပြန်လည်ရောင်းချနေတဲ့ လုပ်ငန်းတွေအတွက် အဆင်မပြေဖြစ်ရတဲ့အကြောင်း လုပ်ငန်းရှင်တချို့က ပြောတာပါ။ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်နေတဲ့ လုပ်ငန်းရှင်တဦးကတော့ အရင်လို ထိုင်းနိုင်ငံကနေ ပစ္စည်းတွေ အများအပြားသွင်းပြီး လှောင်ထားတာမျိုး မလုပ်နိုင်တော့ဘဲ ငွေပေါက်ဈေးအတိုင်း အနည်းငယ်လောက်သာ ဝယ်ရောင်းလုပ်နေရတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

" နည်းနည်းတော့ ကသိကအောက်တော့ဖြစ်တာပေါ့။ ဒါပေမယ့် ဒီလိုပဲအဆင်ပြေအောင်လုပ်ပြီး သွားရတာပဲ။ ဒီအခြေအနေမှာ ရပ်လို့ကလည်း မရဘူးလေ။ ဆက်သွား..။ ပစ္စည်းတွေက ကုန်ပြီဆိုမှစုဝယ်လို့က အခုကအဆင်မပြေတော့ဘူးလေ။ အဲဒီတော့ ဒီနေ့တခုဖောက်၊ ဖောက်ပြီးကုန်သွားပြီဆို ချက်ချင်းပြန်ဝယ်ပေါ့။ ပိုပင်ပန်းတာပေါ့ အရင်ကထက်တော့။ အရင်ကလောက် အဆင်မပြေဘူး။ ဒါပေမယ့်လည်း ဒီလိုပဲ အဆင်ပြေအောင် ကြံဖန်ပြီးလုပ်ရတာပေါ့။ အဓိကတော့ ဒေါ်လာပါပဲ။ ဒေါ်လာကျရင် လိုက်ကျမှာပေါ့။"

ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်ပပေါက်ဈေး၊ တရားမဝင် ကြိုက်ရောင်း ကြိုက်ဝယ်ဈေးကွက်မှာ တဒေါ်လာကို ၂,၅၀၀ ကျပ်အထိရောက်ခဲ့ပြီး ဒီနေ့အောက်တိုဘာလ ၃ ရက်နေ့ ပြင်ပပေါက်ဈေးလည်း ၂,၉၀၀ ကျပ်ကို ပြန်ရောက်လာပါတယ်။ ရောင်းဈေး ဝယ်ဈေးတွေက ကျပ် ၅၀၀ ဝန်းကျင်အထိ ဈေးကွာသွားခဲ့ပါတယ်။ ဈေးမငြိမ် တဲ့အတွက် တချို့က အရောင်းအဝယ်တွေ ခဏရပ်ထားကြောင်း စီးပွားလုပ်ငန်းရှင်တွေကပြောပါတယ်။ ဗဟိုဘဏ်ကတော့ ရည်ညွှန်းငွေလဲနှုန်း တဒေါ်လာကို ၂,၁၀၀ ကျပ် သတ်မှတ်ထားဆဲဖြစ်ပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ဘတ်ငွေလဲနှုန်းမှာလည်း စက်တင်ဘာလလည်က မြန်မာငွေ တသိန်းကို ထိုင်းဘတ်ငွေ ၉၀၀ နဲ့ ညီမျှခဲ့ပေမယ့် အခုရက်ပိုင်း မြန်မာငွေ တသိန်းကို ဘတ် ၁,၅၀၀ နဲ့ညီတဲ့ ငွေလဲနှုန်းအထိ ပြန်ရောက်သွားပါတယ်။ အခု အပြင် ပေါက်ဈေး မြန်မာငွေတသိန်းကို ဘတ်ငွေ ၁,၄၀၀ လောက် ပြန်ရောက်သွားတယ်လို့ မဲဆောက်မြို့က ငွေလဲလုပ်ငန်းလုပ်ကိုင်သူ တဦးက VOA ကို ပြောပါတယ်။

" ဘိုင်သေပြောလို့မရဘူး။ ငြိမ်ချင်လည်း ငြိမ်နေတာပဲ၊ မငြိမ်ဘဲနဲ့လည်း မိနစ်ပိုင်းအတွင်း၊ နာရီပိုင်းအတွင်းလည်း အပြောင်းအလဲက တက်လိုက်၊ ကျလိုက် အဲလိုဖြစ်နေတယ်။ အကျဘက်ကို သွားရင်လည်းသွားတယ်။ အတက်ဘက်ကို သွားရင် လည်းသွားတယ်၊ ကျနော်တို့က မှန်းလို့လည်းမရဘူး။ အခုလောလောဆယ် ပေါက်ဈေးကတော့ တသိန်းကို ၁,၄၀၀ လည်းတင်ကြတယ်။ ၁,၄၂၀လည်း တင်ကြတယ် ဈေးကတော့ မငြိမ်ဘူး။"

တနင်္ဂနွေနေ့မနက်ပိုင်းက အနည်းငယ် ဈေးကျခဲ့တဲ့ အခေါက်ရွှေ ပြင်ပဈေးကတော့ ညနေ ပိုင်းမှာ၂၄ သိန်းအထိ ပြန်တက်လာတယ်လို့ ဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။ ဒီနေ့ တနင်္လာနေ့မှာတော့ ရွှေတကျပ်သားကို ကျပ်၂၆ သိန်းအထိ ဈေးပြန်ခေါ်နေကြတာပါ။ ဒေါ်လာဈေးကြောင့် ရွှေဈေးပြန်တက်လာတယ် ဆိုပေမဲ့ အရောင်းအဝယ်က ဈေးကွက်ထဲမှာ အေးနေတယ်လို့ ရွှေလုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။

ရွှေလုပ်ငန်းရှင်များအသင်းကတော့ ရွှေတကျပ်သား ရည်ညွှန်းတန်ဖိုးကို ဆယ့်ကိုးသိန်း ငါးသောင်းကျော်နဲ့ ဈေးပိတ်ခဲ့ပါတယ်။

ဩဂုတ်လနဲ့ စက်တင်ဘာလထဲမှာ ရွှေဈေးနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေ တက် ခဲ့ပြီး ကျပ်ငွေတန်ဖိုးကျခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျပ်ငွေတန်ဖိုး ပြန်တက် လာခဲ့ပါတယ်။ ဒါပေမယ့်လည်း မတည်ငြိမ်သေးတဲ့အတွက် ကုန်ပစ္စည်းတွေ အပြောင်းအလဲတွေ ရှိနေတာပါ။ ငွေလဲနှုန်း အပြောင်းအလဲပေါ်လိုက်ပြီး ပြည်တွင်းမှာ တဆင့်ပြန်ပြီးရောင်းချတဲ့ ကုန်ဈေးနှုန်းတွေအပေါ် နေ့စဉ်နီးပါး ပြောင်းလဲ သတ်မှတ်နေရတဲ့အကြောင်း ပြောပါတယ်။

XS
SM
MD
LG