သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ ဗဟိုဘဏ္ကန္႔သတ္ခ်က္ေၾကာင့္ ဟြန္ဒီစနစ္ကို ပိုအသုံးမ်ားလာႏိုင္


ျမန္္မာေငြေၾကးေဖာင္းပြမႈ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြရဲ႕ ႏိုင္ငံျခားေငြနဲ႔ရတဲ့လစာေငြကို ျပည္တြင္းကိုလႊဲေျပာင္းမယ္ဆိုရင္ လိုင္စင္ရဘဏ္ေတြမွာ လႊဲေျပာင္းတာ၊ ေရာင္းခ်တာ၊ ကိုယ္ တိုင္သုံးစြဲတာေတြ ၂၁ ရက္အတြင္း လြတ္လြတ္လပ္လပ္ လုပ္ေဆာင္ႏိုင္တယ္လို႔ ဗဟိုဘဏ္က အမိန္႔ထုတ္ထားပါတယ္။ ဒါေပမယ့္ ခြင့္ျပဳထားတဲ့အခ်ိန္ တိုေတာင္းတာ၊ ဗဟိုဘဏ္က သတ္မွတ္တဲ့ ရည္ၫႊန္းေငြလဲႏႈန္းနဲ႔ ျပင္ပေပါက္ေစ်း ကြာဟတာေတြေၾကာင့္ တရားဝင္မဟုတ္တဲ့ ဟြန္ဒီေငြလဲစနစ္ကိုပဲ အသုံးမ်ားေနအုံးမယ္လို႔ ျပည္ပေရာက္ျမန္မာတခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ဒီသတင္းကို ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။

ႏိုင္ငံျခားေငြ ေရာင္းဝယ္ေဖါက္ကားတဲ့ လိုင္စင္ရဘဏ္ကတဆင့္ ျပည္တြင္းကို ေငြလႊဲေျပာင္းေပးပို႔ထားတဲ့လုပ္အားခကို ကိုယ္တိုင္သုံးစြဲတာ၊ တျခားသူကို ေရာင္းခ် တာ၊ ဘဏ္ကို ေရာင္းခ်တာေတြ ဗဟိုဘဏ္က ခြင့္ျပဳထားပါတယ္။ ဒါေပမယ့္ ၂၁ ရက္အတြင္းမွာ အၿပီးသတ္ ေရာင္းရမယ္လို႔ အမိန္႔ထုတ္တာပါ။ ျပည္ပမွာအလုပ္ လုပ္တဲ့ ျမန္မာသေဘၤာသားေတြကေတာ့ ဗဟိုဘဏ္ကသတ္မွတ္ထားတဲ့ ေဒၚလာတန္ဖိုးနဲ႔ ျပင္ပေပါက္ေစ်း ကြာဟေနတာေၾကာင့္ ၫႊန္ၾကားခ်က္ေတြအတိုင္း လိုက္ လုပ္ဖို႔ကမလြယ္ေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

"ေျပာရတာခက္ပါတယ္၊ သေဘၤာသားမွမဟုတ္ပါဘူး။ စီးပြားေရးလုပ္ေနသူေတြ အကုန္လုံး ဒုကၡေရာက္ေနသူပဲေလ။ ေငြေစ်းက အျပင္ေစ်းနဲ႔ ဟိုဟာေစ်းက (ဗဟိုဘဏ္) ကြာေနတာ။ အဲဒီအေပၚမူတည္ၿပီးေတာ့ အကုန္လုံးကေတာ့ ဘာပဲျဖစ္ျဖစ္ ေငြလဲၿပီဆိုေတာ့လည္း ပိုလိုခ်င္တာခ်ည္းပဲေပါ့ေလ။"

ကမာၻအႏွံ႔က သေဘၤာလိုင္းေတြမွာ လုပ္ကိုင္ေနတဲ့ ျမန္မာသေဘၤာသားက သုံးေသာင္းနဲ႔ ေလးေသာင္းၾကားမွာရွိမယ္လို႔ ျမန္မာႏိုင္ငံ ပင္လယ္ကူးသေဘၤာသား ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ကေျပာပါတယ္။ အမ်ားအျပားဟာ ျပည္တြင္း လိုင္စင္ရဘဏ္ေတြကအဆင့္ လစာေတြကို လႊဲေပးၾကပါတယ္။

တရားဝင္နည္းနဲ႔ လစာေငြေတြ လႊဲေျပာင္းမယ္ဆိုရင္ ဝင္ေငြခြန္နဲ႔ သုံးစြဲဖို႔ပစၥည္းဝယ္ယူတာမွာ အခြန္ဆိုင္ရာ အက်ိဳးခံစားေတြရမယ္လို႔ ဗဟိုဘဏ္က ၿပီးခဲ့တဲ့ သီတင္းတပတ္က သတင္း ထုတ္ျပန္ခဲ့ပါတယ္။ ျပည္ပေရာက္ျမန္မာေတြကေတာ့ အရင္ကတည္းက ဟြန္ဒီေငြလြဲေတြကိုပဲ အသုံးျပဳခဲ့တာေၾကာင့္ အခုဆိုရင္ အရင္ကထက္ ဒီေငြလႊဲစနစ္ကိုပဲ အသုံးမ်ားလာလိမ့္မယ္လို႔ ျမန္မာ-ထိုင္း နယ္စပ္က ေငြလဲလုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

"သူတို႔တရားဝင္ေပါက္ေစ်းနဲ႔ ျပင္ပေစ်းနဲ႔ နဂိုကလည္းကြာတယ္၊ အခုကတအားကြာသြားၿပီေလ။ တရားဝင္ေပါက္ေစ်းနဲ႔ အလုပ္မျဖစ္ေတာ့ဘူးေလ။ အစစ္အေဆး၊ အေမးအျမန္း နည္းနည္ရႈပ္ဖို႔ မ်ားတယ္ေလ၊ ဘဏ္ကိုသြားၿပီးေတာ့ စာရင္းသြင္းဘာသြင္း အခ်ိန္ၾကန႔္ၾကာတယ္ေလ။"

အခုဆိုရင္ ဗဟိုဘဏ္ကသတ္မွတ္ထားတဲ့ ရည္ၫႊန္းေငြလဲႏႈန္းဟာ အေမရိကန္ တေဒၚလာကို ၂,၁၀၀ မွာပဲ ရွိပါတယ္။ ဒီေန႔ ျပင္ပေပါက္ေစ်းမွာ တေဒၚလာကို ၃,၅၀၀ နဲ႔ ၄,၀၀၀ က်ပ္ အၾကား အေရာင္းအဝယ္လုပ္ေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေနပါတယ္။

ဗဟိုဘဏ္ရဲ႕ ၫႊန္ၾကားခ်က္ပါ လြတ္လပ္စြာ ေရာင္းဝယ္ခြင့္ရွိတယ္ဆိုတဲ့ကိစၥနဲ႔ ပတ္သက္လို႔ ရွင္းရွင္းလင္းလင္းသိႏိုင္ဖို႔ ဗဟိုဘဏ္ကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္ ျပန္လည္ေျဖၾကားျခင္းမရွိပါဘူး။ ႏိုင္ငံျခားကေန လြဲေျပာင္းလိုက္တဲ့ ေဒၚလာေငြေတြကို ေဒၚလာအတိုင္းထုတ္ယူၿပီး အျပင္မွာ သုံးစြဲခြင့္ရွိတာလား၊ ဒါမွမဟုတ္ တျခားအေကာင့္တခုကို တိုက္႐ိုက္ လႊဲေျပာင္းခြင့္ရွိတာလားဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

ထိုင္းဘတ္ေငြဆိုရင္လည္း ရည္ၫႊန္းေငြလဲႏႈန္းဟာ တဘတ္ကို ၅၇ က်ပ္သာရွိေပမယ့္ အျပင္မွာ တဘတ္ကို ၁၀၅ က်ပ္ေလာက္အထိ ေစ်းေပါက္ေနတယ္လို႔ လုပ္ငန္းရွင္တေယာက္က ေျပာပါတယ္။ ဒါေၾကာင့္လည္း ျပည္ပက ရတဲ့ လုပ္ခလစာကို ဗဟိုဘဏ္ရဲ႕ ရည္ၫႊန္းေငြလဲႏႈန္းနဲ႔ အလဲခံရမယ့္ ကိစၥကိုေတာ့ လူအေတာ္မ်ားမ်ား ေရွာင္ၾကလိမ့္မယ္ဆိုၿပီး ျပည္တြင္းလုပ္ငန္းရွင္တခ်ဳိ႕က သုံးသပ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

မြန်မာ ဗဟိုဘဏ်ကန့်သတ်ချက်ကြောင့် ဟွန်ဒီစနစ်ကို ပိုအသုံးများလာနိုင်

ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံခြားငွေနဲ့ရတဲ့လစာငွေကို ပြည်တွင်းကိုလွှဲပြောင်းမယ်ဆိုရင် လိုင်စင်ရဘဏ်တွေမှာ လွှဲပြောင်းတာ၊ ရောင်းချတာ၊ ကိုယ် တိုင်သုံးစွဲတာတွေ ၂၁ ရက်အတွင်း လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တယ်လို့ ဗဟိုဘဏ်က အမိန့်ထုတ်ထားပါတယ်။ ဒါပေမယ့် ခွင့်ပြုထားတဲ့အချိန် တိုတောင်းတာ၊ ဗဟိုဘဏ်က သတ်မှတ်တဲ့ ရည်ညွှန်းငွေလဲနှုန်းနဲ့ ပြင်ပပေါက်ဈေး ကွာဟတာတွေကြောင့် တရားဝင်မဟုတ်တဲ့ ဟွန်ဒီငွေလဲစနစ်ကိုပဲ အသုံးများနေအုံးမယ်လို့ ပြည်ပရောက်မြန်မာတချို့က ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ဒီသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နိုင်ငံခြားငွေ ရောင်းဝယ်ဖေါက်ကားတဲ့ လိုင်စင်ရဘဏ်ကတဆင့် ပြည်တွင်းကို ငွေလွှဲပြောင်းပေးပို့ထားတဲ့လုပ်အားခကို ကိုယ်တိုင်သုံးစွဲတာ၊ တခြားသူကို ရောင်းချ တာ၊ ဘဏ်ကို ရောင်းချတာတွေ ဗဟိုဘဏ်က ခွင့်ပြုထားပါတယ်။ ဒါပေမယ့် ၂၁ ရက်အတွင်းမှာ အပြီးသတ် ရောင်းရမယ်လို့ အမိန့်ထုတ်တာပါ။ ပြည်ပမှာအလုပ် လုပ်တဲ့ မြန်မာသင်္ဘောသားတွေကတော့ ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ ဒေါ်လာတန်ဖိုးနဲ့ ပြင်ပပေါက်ဈေး ကွာဟနေတာကြောင့် ညွှန်ကြားချက်တွေအတိုင်း လိုက် လုပ်ဖို့ကမလွယ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

"ပြောရတာခက်ပါတယ်၊ သင်္ဘောသားမှမဟုတ်ပါဘူး။ စီးပွားရေးလုပ်နေသူတွေ အကုန်လုံး ဒုက္ခရောက်နေသူပဲလေ။ ငွေဈေးက အပြင်ဈေးနဲ့ ဟိုဟာဈေးက (ဗဟိုဘဏ်) ကွာနေတာ။ အဲဒီအပေါ်မူတည်ပြီးတော့ အကုန်လုံးကတော့ ဘာပဲဖြစ်ဖြစ် ငွေလဲပြီဆိုတော့လည်း ပိုလိုချင်တာချည်းပဲပေါ့လေ။"

ကမ္ဘာအနှံ့က သင်္ဘောလိုင်းတွေမှာ လုပ်ကိုင်နေတဲ့ မြန်မာသင်္ဘောသားက သုံးသောင်းနဲ့ လေးသောင်းကြားမှာရှိမယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ကပြောပါတယ်။ အများအပြားဟာ ပြည်တွင်း လိုင်စင်ရဘဏ်တွေကအဆင့် လစာတွေကို လွှဲပေးကြပါတယ်။

တရားဝင်နည်းနဲ့ လစာငွေတွေ လွှဲပြောင်းမယ်ဆိုရင် ဝင်ငွေခွန်နဲ့ သုံးစွဲဖို့ပစ္စည်းဝယ်ယူတာမှာ အခွန်ဆိုင်ရာ အကျိုးခံစားတွေရမယ်လို့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ သီတင်းတပတ်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ပြည်ပရောက်မြန်မာတွေကတော့ အရင်ကတည်းက ဟွန်ဒီငွေလွဲတွေကိုပဲ အသုံးပြုခဲ့တာကြောင့် အခုဆိုရင် အရင်ကထက် ဒီငွေလွှဲစနစ်ကိုပဲ အသုံးများလာလိမ့်မယ်လို့ မြန်မာ-ထိုင်း နယ်စပ်က ငွေလဲလုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"သူတို့တရားဝင်ပေါက်ဈေးနဲ့ ပြင်ပဈေးနဲ့ နဂိုကလည်းကွာတယ်၊ အခုကတအားကွာသွားပြီလေ။ တရားဝင်ပေါက်ဈေးနဲ့ အလုပ်မဖြစ်တော့ဘူးလေ။ အစစ်အဆေး၊ အမေးအမြန်း နည်းနည်ရှုပ်ဖို့ များတယ်လေ၊ ဘဏ်ကိုသွားပြီးတော့ စာရင်းသွင်းဘာသွင်း အချိန်ကြန့်ကြာတယ်လေ။"

အခုဆိုရင် ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ ရည်ညွှန်းငွေလဲနှုန်းဟာ အမေရိကန် တဒေါ်လာကို ၂,၁၀၀ မှာပဲ ရှိပါတယ်။ ဒီနေ့ ပြင်ပပေါက်ဈေးမှာ တဒေါ်လာကို ၃,၅၀၀ နဲ့ ၄,၀၀၀ ကျပ် အကြား အရောင်းအဝယ်လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ပါ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းသိနိုင်ဖို့ ဗဟိုဘဏ်ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ နိုင်ငံခြားကနေ လွဲပြောင်းလိုက်တဲ့ ဒေါ်လာငွေတွေကို ဒေါ်လာအတိုင်းထုတ်ယူပြီး အပြင်မှာ သုံးစွဲခွင့်ရှိတာလား၊ ဒါမှမဟုတ် တခြားအကောင့်တခုကို တိုက်ရိုက် လွှဲပြောင်းခွင့်ရှိတာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ထိုင်းဘတ်ငွေဆိုရင်လည်း ရည်ညွှန်းငွေလဲနှုန်းဟာ တဘတ်ကို ၅၇ ကျပ်သာရှိပေမယ့် အပြင်မှာ တဘတ်ကို ၁၀၅ ကျပ်လောက်အထိ ဈေးပေါက်နေတယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ ဒါကြောင့်လည်း ပြည်ပက ရတဲ့ လုပ်ခလစာကို ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းနဲ့ အလဲခံရမယ့် ကိစ္စကိုတော့ လူအတော်များများ ရှောင်ကြလိမ့်မယ်ဆိုပြီး ပြည်တွင်းလုပ်ငန်းရှင်တချို့က သုံးသပ်ကြပါတယ်။

XS
SM
MD
LG