သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စက္သုံးဆီအခက္အခဲေၾကာင့္ သယ္ယူပို႔ေဆာင္ေရး ထိခိုက္ 


၂၀၁၁ ခု၊ ေမလက ဓာတ္ဆီေစ်းမေမွ်ာ္လင့္ဘဲ ႐ုတ္တရက္တက္သြားခ်ိန္က ဆီေစ်းႏႈန္းေတြကို ဓာတ္ဆီဆုိင္မွာ ျမင္ရစဥ္။

[[Zawgyi/Unicode]]

ျမန္မာျပည္တြင္း ၿမိဳ႕အမ်ားစုက စက္သုံးဆီဆိုင္ေတြမွာ ဆီျပတ္လပ္ေနၿပီး ေဈးႏႈန္းကလည္း တရက္အတြင္းမွာ ဆီတလီတာကို ၃၀၀ နီးပါးေလာက္ တက္သြားပါတယ္။ ဒီအေျခအေနအတိုင္း ဆက္သြားမယ္ဆိုရင္ လာမယ့္ရက္ပိုင္းထဲမွာ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြ ရပ္တန႔္ သြားဖို႔ရွိတယ္လို႔ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ဒီသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ဒီေန႔ၿမိဳ႕ႀကီးအမ်ားစုက စက္သုံးဆီဆိုင္ေတြမွာ ဆီဝယ္ယူလို႔မရတဲ့အတြက္ ပို႔ေဆာင္ေရးလုပ္ငန္းေတြအတြက္ အခက္အခဲျဖစ္ရတယ္လို႔ ရန္ကုန္တကၠစီအသင္းရဲ႕တာဝန္ရွိသူတဦးက ဗြီအိုေအ ကိုေျပာပါတယ္။ လတ္တေလာမွာေတာ့ ဆီေဘာက္ဆာကားေတြမဝင္တဲ့အတြက္ ဆီျပတ္ လပ္ေနတာလို႔ ဆီဆိုင္ေတြဘက္က တုံ႔ျပန္ေၾကာင္း သူကေျပာပါတယ္။

"ဒီေန႔ရန္ကုန္မွာ ဆီဆိုင္တိုင္းမွာ 92 မရပါ၊ 95 မရပါ။ ေျမာက္ဥကၠလာအဝိုင္း YP မွာေတာင္ 92/95 ျပတ္ေနတယ္။ ဘယ္လိုေရွ႕ဆက္ရမွန္း က်ေနာ္တို႔လည္း မသိေတာ့ဘူး။ အခုက ကားကလည္း ဆြဲလို႔လည္းမေကာင္း၊ ေအာ္ဒါကလည္းမထြက္၊ ခရီးသည္ကလည္း ေဈးမရ၊ ဘယ္လိုလုပ္လို႔ လုပ္ရမွန္းကိုမသိဘူး။"

စက္သုံးဆီေဈးက ဗုဒၶဟူးေန႔က ႏႈန္းေတြထက္ ၃၀၀ နီးပါးေလာက္ တက္လာတာျဖစ္ၿပီး ဓာတ္ဆီ 92 တလီတာကို ရန္ကုန္မွာ ၂,၁၄၀ က်ပ္ ရွိပါတယ္။ မႏၲေလးမွာေတာ့ ဓာတ္ဆီ 92 တလီတာကို ၂,၁၈၅ က်ပ္ျဖစ္ပါတယ္။ တျခားေဝးလံတဲ့ ေဒသေတြမွာ ဒီေဈးႏႈန္းေတြထက္ ပိုၿပီးမ်ားပါတယ္။ စစ္ကိုင္းတိုင္းကေလးၿမိဳ႕မွာ 92 တလီတာကို ၂,၂၈၀ က်ပ္ရွိၿပီး တမူးနဲ႔ ခမ္းပါတ္ၿမိဳ႕နယ္ေတြမွာေတာ့ 92 တလီတာကို က်ပ္ ၂,၃၀၀ ရွိေနပါတယ္။

မႏၲေလးၿမိဳ႕က ဆီဆိုင္ေတြမွာ ဒီေန႔ေပါက္ေဈးကို ေရးထားေပမယ့္ ဆီဆိုင္အားလုံးနီးပါကေတာ့ ပိတ္ထားၾကတယ္လို႔ မႏၲေလးတကၠစီအသင္းရဲ႕ တာဝန္ရွိသူတဦးက ဗြီအိုေအကို ေျပာပါတယ္။

"အဲဒီျပႆနာက က်ေနာ္တို႔ တကၠစီကားသမားေတြ ေတာ္ေတာ္ဒုကၡေရာက္ေနတယ္။ ခရီးသည္ကရွိေနေပမယ့္ က်ေနာ္တို႔မွာဆီမရွိေတာ့ ႀကိဳဖို႔ျပဳဖို႔ျပႆနာေလးေတြ အဲလိုေတြ ဂယက္ ႐ိုက္ေနတယ္ ဒီဘက္မွာ။ ဆီျပတ္ရင္ အေရးယူမယ္ေျပာထားၿပီးေတာ့ တကယ့္ဆိုင္ႀကီးႀကီးေတြက အဲလိုေတြျဖစ္ေနတဲ့အေပၚမွာ တကယ္ ထိထိေရာက္ေရာက္ လုပ္ေပးႏိုင္မယ္ဆိုရင္ အက်ပ္အတည္းနည္းနည္း ေျပလည္ႏိုင္တာေပါ့။ အခုဒီအတိုင္းႀကီးကေတာ့ ၾကာလာရင္ ကားေတြအကုန္လုံးက ရပ္ထားရမလိုေတာင္ ျဖစ္လာႏိုင္တဲ့ အေနအထားေပါ့။"

၂၀၂၁ ခုႏွစ္ စက္သုံးဆီတင္သြင္းမႈက တန္ခ်ိန္ ၄.၁၂ သန္းရွိၿပီးရွိၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ ၂,၄၉၆.၆၅၂ သန္းရွိပါတယ္။ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျပည္ပကတင္သြင္းရတဲ့ စက္သုံးဆီကို မသြားမျဖစ္၊ မသုံးမျဖစ္တဲ့ ကိစၥရပ္မ်ားမွအပ ေခြၽတာသုံးစြဲေစခ်င္တယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က စစ္ေကာင္စီအာဏာယူတဲ့ တႏွစ္ျပည့္မိန႔္ခြန္းမွာ ေျပာထားတာပါ။ ျပည္ပက စက္သုံးဆီ တင္သြင္းတာကိုလည္း ေလွ်ာ့ခ်မယ္လို႔ ဩဂုတ္လ ၈ ရက္အစည္းအေဝးမွာ သူကေျပာခဲ့တာပါ။

ဗဟိုဘဏ္က ေဒၚလာေဈးကို ၁,၈၅၆က်ပ္ကေန ၂,၁၀၀က်ပ္ကို ဒီရက္ပိုင္း ေျပာင္းလဲသတ္မွတ္ၿပီးတဲ့ေနာက္မွာ အခုလိုစက္သုံးဆီေဈးလည္း လိုက္တက္လာတာျဖစ္ေပမဲ့ ဆိုင္ေတြမွာ ဆီျပတ္လပ္ေနတာကိုေတာ့ အမ်ားစုက ျပစ္တင္ေဝဖန္ေနၾကပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလကုန္ပိုင္းမွာလည္ အခုလို စက္ဆုံးဆီဆိုင္ေတြမွာ ဆီျပတ္လပ္ခဲ့ၿပီး တခ်ိဳ႕ဆိုင္ေတြမွာဆိုရင္ ဆီဝယ္ဖို႔အတြက္ နာရီေပါင္းမ်ားစြာ ေစာင့္ဆိုင္းခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]


စက်သုံးဆီအခက်အခဲကြောင့် သယ်ယူပို့ဆောင်ရေး ထိခိုက်

မြန်မာပြည်တွင်း မြို့အများစုက စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်နေပြီး ဈေးနှုန်းကလည်း တရက်အတွင်းမှာ ဆီတလီတာကို ၃၀၀ နီးပါးလောက် တက်သွားပါတယ်။ ဒီအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် လာမယ့်ရက်ပိုင်းထဲမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်တန့် သွားဖို့ရှိတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ဒီနေ့မြို့ကြီးအများစုက စက်သုံးဆီဆိုင်တွေမှာ ဆီဝယ်ယူလို့မရတဲ့အတွက် ပို့ဆောင်ရေးလုပ်ငန်းတွေအတွက် အခက်အခဲဖြစ်ရတယ်လို့ ရန်ကုန်တက္ကစီအသင်းရဲ့တာဝန်ရှိသူတဦးက ဗွီအိုအေ ကိုပြောပါတယ်။ လတ်တလောမှာတော့ ဆီဘောက်ဆာကားတွေမဝင်တဲ့အတွက် ဆီပြတ် လပ်နေတာလို့ ဆီဆိုင်တွေဘက်က တုံ့ပြန်ကြောင်း သူကပြောပါတယ်။

"ဒီနေ့ရန်ကုန်မှာ ဆီဆိုင်တိုင်းမှာ 92 မရပါ၊ 95 မရပါ။ မြောက်ဥက္ကလာအဝိုင်း YP မှာတောင် 92/95 ပြတ်နေတယ်။ ဘယ်လိုရှေ့ဆက်ရမှန်း ကျနော်တို့လည်း မသိတော့ဘူး။ အခုက ကားကလည်း ဆွဲလို့လည်းမကောင်း၊ အော်ဒါကလည်းမထွက်၊ ခရီးသည်ကလည်း ဈေးမရ၊ ဘယ်လိုလုပ်လို့ လုပ်ရမှန်းကိုမသိဘူး။"

စက်သုံးဆီဈေးက ဗုဒ္ဓဟူးနေ့က နှုန်းတွေထက် ၃၀၀ နီးပါးလောက် တက်လာတာဖြစ်ပြီး ဓာတ်ဆီ 92 တလီတာကို ရန်ကုန်မှာ ၂,၁၄၀ ကျပ် ရှိပါတယ်။ မန္တလေးမှာတော့ ဓာတ်ဆီ 92 တလီတာကို ၂,၁၈၅ ကျပ်ဖြစ်ပါတယ်။ တခြားဝေးလံတဲ့ ဒေသတွေမှာ ဒီဈေးနှုန်းတွေထက် ပိုပြီးများပါတယ်။ စစ်ကိုင်းတိုင်းကလေးမြို့မှာ 92 တလီတာကို ၂,၂၈၀ ကျပ်ရှိပြီး တမူးနဲ့ ခမ်းပါတ်မြို့နယ်တွေမှာတော့ 92 တလီတာကို ကျပ် ၂,၃၀၀ ရှိနေပါတယ်။

မန္တလေးမြို့က ဆီဆိုင်တွေမှာ ဒီနေ့ပေါက်ဈေးကို ရေးထားပေမယ့် ဆီဆိုင်အားလုံးနီးပါကတော့ ပိတ်ထားကြတယ်လို့ မန္တလေးတက္ကစီအသင်းရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

"အဲဒီပြဿနာက ကျနော်တို့ တက္ကစီကားသမားတွေ တော်တော်ဒုက္ခရောက်နေတယ်။ ခရီးသည်ကရှိနေပေမယ့် ကျနော်တို့မှာဆီမရှိတော့ ကြိုဖို့ပြုဖို့ပြဿနာလေးတွေ အဲလိုတွေ ဂယက် ရိုက်နေတယ် ဒီဘက်မှာ။ ဆီပြတ်ရင် အရေးယူမယ်ပြောထားပြီးတော့ တကယ့်ဆိုင်ကြီးကြီးတွေက အဲလိုတွေဖြစ်နေတဲ့အပေါ်မှာ တကယ် ထိထိရောက်ရောက် လုပ်ပေးနိုင်မယ်ဆိုရင် အကျပ်အတည်းနည်းနည်း ပြေလည်နိုင်တာပေါ့။ အခုဒီအတိုင်းကြီးကတော့ ကြာလာရင် ကားတွေအကုန်လုံးက ရပ်ထားရမလိုတောင် ဖြစ်လာနိုင်တဲ့ အနေအထားပေါ့။"

၂၀၂၁ ခုနှစ် စက်သုံးဆီတင်သွင်းမှုက တန်ချိန် ၄.၁၂ သန်းရှိပြီးရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂,၄၉၆.၆၅၂ သန်းရှိပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပကတင်သွင်းရတဲ့ စက်သုံးဆီကို မသွားမဖြစ်၊ မသုံးမဖြစ်တဲ့ ကိစ္စရပ်များမှအပ ချွေတာသုံးစွဲစေချင်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီအာဏာယူတဲ့ တနှစ်ပြည့်မိန့်ခွန်းမှာ ပြောထားတာပါ။ ပြည်ပက စက်သုံးဆီ တင်သွင်းတာကိုလည်း လျှော့ချမယ်လို့ ဩဂုတ်လ ၈ ရက်အစည်းအဝေးမှာ သူကပြောခဲ့တာပါ။

ဗဟိုဘဏ်က ဒေါ်လာဈေးကို ၁,၈၅၆ကျပ်ကနေ ၂,၁၀၀ကျပ်ကို ဒီရက်ပိုင်း ပြောင်းလဲသတ်မှတ်ပြီးတဲ့နောက်မှာ အခုလိုစက်သုံးဆီဈေးလည်း လိုက်တက်လာတာဖြစ်ပေမဲ့ ဆိုင်တွေမှာ ဆီပြတ်လပ်နေတာကိုတော့ အများစုက ပြစ်တင်ဝေဖန်နေကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာလည် အခုလို စက်ဆုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်ခဲ့ပြီး တချို့ဆိုင်တွေမှာဆိုရင် ဆီဝယ်ဖို့အတွက် နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပါတယ်။

XS
SM
MD
LG