သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စက္သံုးဆီေစ်း တရိပ္ရိပ္တက္လို႔ ပို႔ေဆာင္ေရးလုပ္သားေတြ ခက္ခဲ  


MYANMAR-ECONOMY-OIL-GAS

[[Zawgyi/Unicode]]

ျပည္တြင္းစက္သုံးဆီေစ်းႏႈန္းဟာ တရက္ကို က်ပ္ ၅၀ ႏႈန္းနဲ႔ သုံးရက္ဆက္တိုက္ ဆက္ တက္လာပါတယ္။ မၾကာခင္ကာလမွာ ႐ုရွားကေန ျမန္မာကို ေလာင္စာဆီေတြ တင္သြင္းဖို႔ရွိတယ္လို႔ စစ္ေကာင္စီဘက္က ေျပာေနေပမယ့္ လက္ရွိမွာေတာ့ ေလာင္စာဆီေစ်းေၾကာင့္ ကုန္စည္နဲ႔ သယ္ယူပို႔ေဆာင္ေရးသမားေတြ လုပ္ငန္းလည္ပတ္ဖို႔ ခက္ခဲလာေနပါတယ္။ ရန္ကုန္က ေပးပို႔တဲ့ဒီသတင္းကို ကိုသားၫႊန္႔ဦး က တင္ျပေပးထားပါတယ္။

ေန႔တိုင္း တရိပ္ရိပ္ျပန္တက္လာေနတဲ့ ေလာင္စာဆီေစ်းေတြေၾကာင့္ ကုန္သည္ေတြ၊ ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္ေတြအတြက္ လုပ္ငန္းပုံမွန္လည္ပတ္ဖို႔ အခက္အခဲ ျဖစ္လာပါတယ္။ ကုန္တင္ခေတြတက္လာတဲ့အတြက္ အဆင္ေျပတဲ့ ကုန္စည္ပို႔ေဆာင္ေရးနဲ႔ ညႇိႏႈိင္းၿပီး ကုန္တင္ေနရတယ္လို႔ ရွမ္းျပည္နယ္ ေတာင္ပိုင္း သစ္သီးဝလံလုပ္ငန္းရွင္အသင္းရဲ႕ တာဝန္ရွိသူတဦးက ဗြီအိုေအကို ေျပာပါတယ္။

" က်ေနာ္တို႔က အမွန္အတိုင္းေျပာရရင္ မကိုက္လည္း ကိုက္ေအာင္ညႇိၿပီးမွ ၾကည့္ၿပီး ေကာက္သြားတာ မ်ားတယ္။ ကားဆရာေတြနဲ႔ ညႇိရတာေပါ့။ ကားဆရာေတြ သြားႏိုင္လား၊ မသြားႏိုင္ဘူးလား။ သူတို႔အေပၚမူတည္ၿပီးမွ သူတို႔ကအဆင္ေျပတယ္ ဒီေလာက္၊ ဒီေလာက္ပဲ က်န္မယ္၊ သူတို႔လည္း တြက္ခ်က္ၾကည့္တယ္၊ လက္ရွိဆီေစ်းနဲ႔ လမ္းမွာဂိတ္ေၾကးေတြနဲ႔ တြက္ခ်က္ၿပီးမွ အဲလိုသြားတာမ်ားတယ္။ မရဘူးဆို က်ေနာ္တို႔ မသြားဘူးေပါ့။"

တရားဝင္ဖြင့္ခြင့္ရထားတဲ့ ဆီပန႔္လိုင္စင္ရ စက္သုံးဆီဆိုင္ေတြမွာ သက္ဆိုင္ရာက သတ္မွတ္ထားတဲ့ ေစ်းႏႈန္းအတိုင္းပဲ ေရာင္းခ်ရပါတယ္။ တရားဝင္ သတ္မွတ္ထားတဲ့ ဆီတလီတာေစ်းႏႈန္းက တရက္ကို က်ပ္ ၅၀ ေလာက္ တက္ေနတာျဖစ္ၿပီး ျပင္ပမွာေတာ့ တရက္ကို တလီတာ က်ပ္ ၁၀၀ ႏႈန္းေလာက္ တက္ေနတာျဖစ္ပါတယ္။ တရားဝင္သတ္မွတ္ထားတဲ့ ေစ်းႏႈန္းနဲ႔ဆိုရင္ အရႈံးေပၚေနတဲ့အတြက္ ဆီဆိုင္ႀကီး အမ်ားစုက ပိတ္ထားၾကတယ္လို႔ စက္သုံးဆီ လုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

" လက္ရွိက်ေနာ္တို႔ ဆီလုပ္ငန္းလုပ္တဲ့ တေလွ်ာက္ကေတာ့ ဒီႏွစ္ေစ်း အမ်ားဆုံးပဲ၊ ဆီတလုံးဖိုးက သုံးလုံးဖိုး ပိုရင္းရတယ္။ အရင္းအႏွီးေတြ တအားမ်ားတယ္။ ကိုယ္ေရာင္းခ်င္တဲ့ေစ်းနဲ႔ ေရာင္းမယ္ဆိုရင္ ဘယ္ပန႔္ဆိုင္မွမပိတ္ဘူး ဖြင့္ႏိုင္တာေပါ့။ တႏိုင္ငံလုံး ဘယ္ၿမိဳ႕နယ္မဆို ဒီေစ်းနဲ႔ပဲ ေရာင္းရတာကိုး။ ဝယ္ရတဲ့ေစ်းေတြႀကီးၿပီး ျပန္ေရာင္းတဲ့ေစ်းက နည္းေနတဲ့အခါက်ေတာ့ မေရာင္းႏိုင္ၾကဘူးေလ။ အရႈံးခံၿပီး မေရာင္းၾကဘူး၊ ပိတ္တာေပါ့။”

စစ္ေကာင္စီဘက္ကေတာ့ စက္သုံးဆီျပတ္လပ္မႈ မရွိေအာင္ လုပ္ေဆာင္ေနတယ္ လို႔ ေျပာပါတယ္။ ေလာင္စာဆီ သေဘၤာေတြလည္း လက္ရွိေရာက္ေနၿပီး မၾကာခင္လည္း ေနာက္ထပ္ေရာက္လာမယ့္ ေလာင္စာဆီ သေဘၤာေတြလည္ ရွိတဲ့အတြက္ ဆီျပတ္လပ္မႈရွိမွာ မစိုးရိမ္ရဘူးလို႔ ေျပာပါတယ္။ လက္ရွိ ျပည္တြင္းမွာ ျဖစ္ေပၚေနတဲ့ စက္သုံးဆီေစ်းေတြဟာ အိမ္နီးခ်င္း အေရွ႕ေတာင္အာရွ ႏိုင္ငံေတြထက္ ေစ်းႏႈန္းပိုနိမ့္ေနတာကို ေတြ႔ရလိမ့္မယ္လို႔ စစ္ေကာင္စီရဲ႕ သတင္းထုတ္ျပန္ေရး အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ၿပီးခဲ့တဲ့သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာပါ။

"စက္သုံးဆီနဲ႔ပတ္သက္ရင္ ကမာၻမွာလည္း စက္သုံးဆီေစ်းက ႀကီးျမင့္ေနေတာ့ က်ေနာ္တို႔က ထိန္းခ်ဳပ္လို႔မရဘူး၊ သို႔ေသာ္ က်ေနာ္တို႔အစိုးရအေနနဲ႔ လုပ္ေပးေနတာကေတာ့ စက္သုံးဆီနဲ႔ ပတ္သက္ၿပီးေတာ့ အခြန္ေလွ်ာ့ေပါ့ ေပးေနတာမ်ိဳးေတြ၊ စက္သုံးဆီနဲ႔ပတ္သက္ၿပီးေတာ့က် တင္သြင္းႏိုင္ေအာင္ ႏိုင္ငံျခားေငြ ေရာင္းခ်ေပးေနတာမ်ိဳးေတြ ဒါေတြနဲ႔ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာလိုပါတယ္။"

ဒီေန႔ ဩဂုတ္လ၂၅ရက္ ရန္ကုန္မွာ 92 ေအာက္တိန္းဓာတ္ဆီတလီတာကို ၂, ၄၉၀ က်ပ္ရွိၿပီး ပရီမီယံဒီဇယ္ကေတာ့ တလီတာကို က်ပ္ ၃၁၃၅ က်ပ္ ရွိပါတယ္။ ဒါက မေန႔ကထက္ က်ပ္၅၀ ထပ္တက္လာတာပါ။ ျပင္ပႀကိဳက္ေရာင္း၊ ႀကိဳက္ဝယ္ ဆီဆိုင္ေတြမွာ တလီတာကို က်ပ္ ၁၀၀ ႏႈန္းစီ ထပ္တက္ေနၿပီး အလွမ္းေဝးတဲ့ စစ္ကိုင္း၊ ခ်င္း၊ ကခ်င္နဲ႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ စက္သုံးဆီေစ်းေတြက အဆမတန္ တက္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

စက်သုံးဆီဈေး တရိပ်ရိပ်တက်လို့ ပို့ဆောင်ရေးလုပ်သားတွေ ခက်ခဲ

ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ တရက်ကို ကျပ် ၅၀ နှုန်းနဲ့ သုံးရက်ဆက်တိုက် ဆက် တက်လာပါတယ်။ မကြာခင်ကာလမှာ ရုရှားကနေ မြန်မာကို လောင်စာဆီတွေ တင်သွင်းဖို့ရှိတယ်လို့ စစ်ကောင်စီဘက်က ပြောနေပေမယ့် လက်ရှိမှာတော့ လောင်စာဆီဈေးကြောင့် ကုန်စည်နဲ့ သယ်ယူပို့ဆောင်ရေးသမားတွေ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲလာနေပါတယ်။ ရန်ကုန်က ပေးပို့တဲ့ဒီသတင်းကို ကိုသားညွှန့်ဦး က တင်ပြပေးထားပါတယ်။

နေ့တိုင်း တရိပ်ရိပ်ပြန်တက်လာနေတဲ့ လောင်စာဆီဈေးတွေကြောင့် ကုန်သည်တွေ၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းပုံမှန်လည်ပတ်ဖို့ အခက်အခဲ ဖြစ်လာပါတယ်။ ကုန်တင်ခတွေတက်လာတဲ့အတွက် အဆင်ပြေတဲ့ ကုန်စည်ပို့ဆောင်ရေးနဲ့ ညှိနှိုင်းပြီး ကုန်တင်နေရတယ်လို့ ရှမ်းပြည်နယ် တောင်ပိုင်း သစ်သီးဝလံလုပ်ငန်းရှင်အသင်းရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့က အမှန်အတိုင်းပြောရရင် မကိုက်လည်း ကိုက်အောင်ညှိပြီးမှ ကြည့်ပြီး ကောက်သွားတာ များတယ်။ ကားဆရာတွေနဲ့ ညှိရတာပေါ့။ ကားဆရာတွေ သွားနိုင်လား၊ မသွားနိုင်ဘူးလား။ သူတို့အပေါ်မူတည်ပြီးမှ သူတို့ကအဆင်ပြေတယ် ဒီလောက်၊ ဒီလောက်ပဲ ကျန်မယ်၊ သူတို့လည်း တွက်ချက်ကြည့်တယ်၊ လက်ရှိဆီဈေးနဲ့ လမ်းမှာဂိတ်ကြေးတွေနဲ့ တွက်ချက်ပြီးမှ အဲလိုသွားတာများတယ်။ မရဘူးဆို ကျနော်တို့ မသွားဘူးပေါ့။"

တရားဝင်ဖွင့်ခွင့်ရထားတဲ့ ဆီပန့်လိုင်စင်ရ စက်သုံးဆီဆိုင်တွေမှာ သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းပဲ ရောင်းချရပါတယ်။ တရားဝင် သတ်မှတ်ထားတဲ့ ဆီတလီတာဈေးနှုန်းက တရက်ကို ကျပ် ၅၀ လောက် တက်နေတာဖြစ်ပြီး ပြင်ပမှာတော့ တရက်ကို တလီတာ ကျပ် ၁၀၀ နှုန်းလောက် တက်နေတာဖြစ်ပါတယ်။ တရားဝင်သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ဆိုရင် အရှုံးပေါ်နေတဲ့အတွက် ဆီဆိုင်ကြီး အများစုက ပိတ်ထားကြတယ်လို့ စက်သုံးဆီ လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" လက်ရှိကျနော်တို့ ဆီလုပ်ငန်းလုပ်တဲ့ တလျှောက်ကတော့ ဒီနှစ်ဈေး အများဆုံးပဲ၊ ဆီတလုံးဖိုးက သုံးလုံးဖိုး ပိုရင်းရတယ်။ အရင်းအနှီးတွေ တအားများတယ်။ ကိုယ်ရောင်းချင်တဲ့ဈေးနဲ့ ရောင်းမယ်ဆိုရင် ဘယ်ပန့်ဆိုင်မှမပိတ်ဘူး ဖွင့်နိုင်တာပေါ့။ တနိုင်ငံလုံး ဘယ်မြို့နယ်မဆို ဒီဈေးနဲ့ပဲ ရောင်းရတာကိုး။ ဝယ်ရတဲ့ဈေးတွေကြီးပြီး ပြန်ရောင်းတဲ့ဈေးက နည်းနေတဲ့အခါကျတော့ မရောင်းနိုင်ကြဘူးလေ။ အရှုံးခံပြီး မရောင်းကြဘူး၊ ပိတ်တာပေါ့။”

စစ်ကောင်စီဘက်ကတော့ စက်သုံးဆီပြတ်လပ်မှု မရှိအောင် လုပ်ဆောင်နေတယ် လို့ ပြောပါတယ်။ လောင်စာဆီ သင်္ဘောတွေလည်း လက်ရှိရောက်နေပြီး မကြာခင်လည်း နောက်ထပ်ရောက်လာမယ့် လောင်စာဆီ သင်္ဘောတွေလည် ရှိတဲ့အတွက် ဆီပြတ်လပ်မှုရှိမှာ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။ လက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီဈေးတွေဟာ အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံတွေထက် ဈေးနှုန်းပိုနိမ့်နေတာကို တွေ့ရလိမ့်မယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

"စက်သုံးဆီနဲ့ပတ်သက်ရင် ကမ္ဘာမှာလည်း စက်သုံးဆီဈေးက ကြီးမြင့်နေတော့ ကျနော်တို့က ထိန်းချုပ်လို့မရဘူး၊ သို့သော် ကျနော်တို့အစိုးရအနေနဲ့ လုပ်ပေးနေတာကတော့ စက်သုံးဆီနဲ့ ပတ်သက်ပြီးတော့ အခွန်လျှော့ပေါ့ ပေးနေတာမျိုးတွေ၊ စက်သုံးဆီနဲ့ပတ်သက်ပြီးတော့ကျ တင်သွင်းနိုင်အောင် နိုင်ငံခြားငွေ ရောင်းချပေးနေတာမျိုးတွေ ဒါတွေနဲ့ ဆောင်ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်။"

ဒီနေ့ ဩဂုတ်လ၂၅ရက် ရန်ကုန်မှာ 92 အောက်တိန်းဓာတ်ဆီတလီတာကို ၂, ၄၉၀ ကျပ်ရှိပြီး ပရီမီယံဒီဇယ်ကတော့ တလီတာကို ကျပ် ၃၁၃၅ ကျပ် ရှိပါတယ်။ ဒါက မနေ့ကထက် ကျပ်၅၀ ထပ်တက်လာတာပါ။ ပြင်ပကြိုက်ရောင်း၊ ကြိုက်ဝယ် ဆီဆိုင်တွေမှာ တလီတာကို ကျပ် ၁၀၀ နှုန်းစီ ထပ်တက်နေပြီး အလှမ်းဝေးတဲ့ စစ်ကိုင်း၊ ချင်း၊ ကချင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စက်သုံးဆီဈေးတွေက အဆမတန် တက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG