သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း၊ ဗန္းေမာက္ၿမိဳ႕မွာ တိုက္ပြဲျဖစ္၊ အရပ္သားတဦးေသဆုံး


စစ္ကိုင္းတိုင္း၊ ဗန္းေမာက္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြ တိုက္ပြဲျဖစ္ရာ ေက်းရြာမ်ား။ (Crd: MIMU)


[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းအထက္ပိုင္း ဗန္းေမာက္ၿမိဳ႕နယ္မွာ ဒီကေန႔မနက္ပိုင္းက စစ္ေကာင္စီတပ္နဲ႔ ေဒသခံ PDF တပ္ၾကား တိုက္ပြဲျဖစ္ပြားၿပီး ရာနဲ႔ခ်ီတဲ့ေဒသခံေတြ ထြက္ေျပးေနရသလို အရပ္သားတဦး ေသဆုံးခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ဒီတိုက္ ပြဲမွာ ရွမ္းနီအမ်ိဳးသားတပ္မေတာ္ SNA က စစ္ေကာင္စီနဲ႔အတူ ပူးတြဲတိုက္ခိုက္ေနေၾကာင္း PDF က ထုတ္ျပန္တာေတြရွိေပမယ့္ SNA က ျငင္းဆိုထားပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကိုေတာ့ ကိုၿငိမ္းခ်မ္းကတင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ရက္ေတြက စစ္ကိုင္းတိုင္း အင္းေတာ္ၿမိဳ႕နယ္အတြင္းမွာ KIA၊ PDF ပူးေပါင္းတပ္ေတြနဲ႔ တိုက္ပြဲျဖစ္ခဲ့တဲ့ စစ္ေကာင္စီစစ္ေၾကာင္းဟာ ဗန္းေမာက္ၿမိဳ႕နယ္ဘက္ကို ဆက္လက္ ဝင္ေရာက္လာတဲ့ေနာက္ ေဒသခံ PDF ေတြနဲ႔ ဆက္လက္ တိုက္ပြဲျဖစ္ပြားေနတာပါ။

ဒီကေန႔ မနက္ပိုင္းမွာေတာ့ ဗန္းေမာက္နဲ႔ အင္းေတာ္ၿမိဳ႕နယ္အစပ္မွာ စစ္ေကာင္စီနဲ႔ SNA ပူးေပါင္းတပ္ေတြနဲ႔ ေဒသခံ PDF ေတြၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ႐ြာသားတဦးေသဆုံးခဲ့ရသလို ေက်း႐ြာ ၄ ႐ြာေလာက္ ထြက္ေျပးေနရေၾကာင္း ဗန္းေမာက္ေဒသခံတဦးက အခုလို VOA ကို ေျပာပါတယ္။

“သူတို႔ေတြက ဒီ ရွမ္းနီနဲ႔ စစ္ေကာင္စီေပါင္းၿပီးမွ စစ္ေၾကာင္း ထိုးေနတာေပါ့ေနာ။ ေဒသခံကာကြယ္ေရး တပ္ေတြနဲ႔ ထိေတြ႕မႈေတြ ျဖစ္ေနတာေပါ့။ ဗန္းေမာက္ၿမိဳ႕နယ္ထဲမွာ ျဖစ္ေနတာအခုက။ အင္းေတာ္နဲ႔ ဗန္းေမာက္အစပ္ေပ့ါ။ ဒီေန႔လည္း လက္နက္ႀကီးနဲ႔ ထုတာ သူတို႔က ေသာင္ႀကီး႐ြာသားတေယာက္ေတာ့ ေသသြားတယ္။ လက္နက္ႀကီးထုတဲ့အသံနဲ႔ဆိုေတာ့ ေျပးတာ ေျပးရင္းနဲ႔ ေသနတ္မွန္ၿပီး ေသသြားတာ။ စီးေမာ္႐ြာေရာ၊ ေသာင္ႀကီး႐ြာေရာ တ႐ြာလုံး ေျပးရတာ။ ဟိုဘက္ ေတာင္ပိုင္းဘက္ကိုေပါ့ေနာ။ စုံးေတာ္၊ ပန္းတင္၊ ေညာင္ပင္သာဘက္ကို ထြက္ေျပးသြားရတာ။ တေထာင္နီးနီးေတာ့ ရွိမွာပဲ။ ေက်ာက္အိုင္၊ ေပပင္လည္း ေျပးတာပဲ။ ေက်ာက္အိုင္၊ ေပပင္႐ြာကေတြေရာ၊ စီးေမာ္၊ ေသာင္ႀကီး႐ြာကေတြေရာ အကုန္ေျပးရတာပဲ။ ”

စစ္ေကာင္စီတပ္က ေ႐ႊတြင္းမွာ အလုပ္လုပ္ကိုင္သူ ၂၀ ေလာက္ကိုလည္း စစ္ေၾကာင္းနဲ႔အတူ ေခၚေဆာင္သြားေၾကာင္းလည္း ေျပာပါတယ္။

“ၿပီးေတာ့ ေ႐ႊတြင္းကလူေတြကိုလည္း ဖမ္းတယ္။ ဖမ္းၿပီးရင္ လူသားဒိုင္းကာလုပ္ တယ္။ အေယာက္ ၂၀ ေလာက္ ေခၚသြားတယ္တဲ့။ ဖမ္းဆိုတာ သူတို႔ စစ္ေၾကာင္း တေလွ်ာက္ ေခၚသြားတာပဲ။ ေတာထဲဝင္ေတာ့ ေခၚသြားတာပဲ။ အခုေတာ့ ဘယ္ေရာက္သြားမွန္း မသိဘူး။”

ဗန္းေမာက္ PDF ေတြရဲ႕ Banmauk Revolation- BR လူမႈကြန္ရက္စာမ်က္ႏွာမွာေတာ့ စစ္ေကာင္စီတပ္က ေက်ာက္အိုင္႐ြာကို မီးရႈိ႕ၿပီး ႐ြာသား ၃၀ ေလာက္ကို ေက်ာက္အိုင္ဘုန္းႀကီးေက်ာင္းမွာ ဖမ္းဆီးထားေၾကာင္း၊ လက္နက္ႀကီးပစ္ခတ္တာေၾကာင့္ ရာနဲ႔ခ်ီတဲ့ ႐ြာသားေတြ တိမ္းေရွာင္ေနရေၾကာင္း၊ ဗန္းေမာက္ၿမိဳ႕ နယ္ေတာင္ပိုင္းကို စစ္ေကာင္စီနဲ႔ SNA တပ္ေတြ ပူးတြဲ စစ္ေၾကာင္း ထိုးေနေၾကာင္း ေဖာ္ျပပါတယ္။

ဒီလ ၂၃ ရက္နဲ႔ ၂၄ ရက္ေတြမွာေတာ့ အင္းေတာ္ၿမိဳ႕နယ္ မံထုံနဲ႔ မင္းကုန္း႐ြာဘက္ေတြမွာ စစ္ေကာင္စီတပ္နဲ႔ KIA ၊ PDF ပူးေပါင္းတပ္ေတြအၾကား တိုက္ပြဲျပင္းထန္ခဲ့ပါတယ္။

ဒီတိုက္ပြဲေၾကာင့္ မင္းကုန္း႐ြာက ျပည္သူေတြဟာ ေမာ္လူးနဲ႔ အင္းေတာ္ဘက္ေတြကို တိမ္းေရွာင္ခဲ့ၾကရေၾကာင္း အင္းေတာ္ ေဒသခံတစ္ဦးက ေျပာပါတယ္။

“အဓိကကေတာ့ မင္းကုန္း႐ြာက ေရွာင္တာေပါ့ေနာ္။ မင္းကုန္း႐ြာကေနၿပီးေတာ့ ေမာ္လူးတို႔၊ အင္းေတာ္တို႔ အဲဒီဘက္ေတြ နီးစပ္ရာ ေဆြမ်ိဳးေတြ ရွိတဲ့ဆီ အဲလိုမ်ိဳး ေရွာင္ေနၾကတာေလ။ လူဦးေရက သူက အိမ္ေျခ ၁၆၀။ ၁၇၀ ေလာက္ရွိေတာ့ တေထာင္ေတာ့ ေက်ာ္မယ္ထင္တယ္။ ျပန္ေရာက္တဲ့သူေတြလည္း ေရာက္ခဲ့ၾကၿပီေပါ့။ အမ်ားစုကေတာ့ မေရာက္ေသးဘူး။ ”

ဒီလ ၂၄ ရက္ေန႔ကေတာ့ PDF ေတြက လမ္းခရီးမွာ တိုက္ပြဲျဖစ္ေနတာေၾကာင့္ အင္းေတာ္- ဗန္းေမာက္လမ္းကို ၂၄ နာရီ ပိတ္ခဲ့ပါတယ္။

ဒီလ ၂၆ ရက္ေန႔က ပင္လည္ဘူးၿမိဳ႕နယ္ ပလူသာ႐ြာဘက္မွာလည္း စစ္ေကာင္စီနဲ႔ SNA ပူးေပါင္းတပ္ေတြနဲ႔ ပင္လည္ဘူး PDF အၾကား တိုက္ပြဲျဖစ္ပြားေၾကာင္း သတင္းျဖန႔္ခ်ိတာေတြ ပါတယ္။

စစ္ေကာင္စီနဲ႔ SNA တို႔ ပူးတြဲ တိုက္ခိုက္ေနတယ္ဆိုတာကို ေမးျမန္းႏိုင္ဖို႔ႀကိဳးစားခဲ့ေပမဲ့ SNA တာဝန္ရွိသူေတြကို႔ ဆက္သြယ္လို႔ မရေသးပါဘူး။

The Voice of Shan-Ni လူမႈကြန္ရက္စာမ်က္ႏွာမွာေတာ့ စစ္ေကာင္စီတပ္ဘက္ ကေန သူတို႔ ပါဝင္တိုက္ခိုက္ေနတယ္ဆိုတာ ဝါဒျဖန႔္ခ်ီမႈ သက္သက္သာျဖစ္တယ္လို႔ SNA ဘက္ တုံ႔ျပန္ထားပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ ဗန္းေမာက္၊ အင္းေတာ္နဲ႔ ပင္လည္ဘူးေဒသအတြင္း တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္ၿပီး သတင္းထုတ္ျပန္ထားတာမရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

====================
[[Unicode]]

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ တိုက်ပွဲဖြစ်၊ အရပ်သားတဦးသေဆုံး

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တပ်ကြား တိုက်ပွဲဖြစ်ပွားပြီး ရာနဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးနေရသလို အရပ်သားတဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီတိုက် ပွဲမှာ ရှမ်းနီအမျိုးသားတပ်မတော် SNA က စစ်ကောင်စီနဲ့အတူ ပူးတွဲတိုက်ခိုက်နေကြောင်း PDF က ထုတ်ပြန်တာတွေရှိပေမယ့် SNA က ငြင်းဆိုထားပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကိုတော့ ကိုငြိမ်းချမ်းကတင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ရက်တွေက စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်းမှာ KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဗန်းမောက်မြို့နယ်ဘက်ကို ဆက်လက် ဝင်ရောက်လာတဲ့နောက် ဒေသခံ PDF တွေနဲ့ ဆက်လက် တိုက်ပွဲဖြစ်ပွားနေတာပါ။

ဒီကနေ့ မနက်ပိုင်းမှာတော့ ဗန်းမောက်နဲ့ အင်းတော်မြို့နယ်အစပ်မှာ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေနဲ့ ဒေသခံ PDF တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာသားတဦးသေဆုံးခဲ့ရသလို ကျေးရွာ ၄ ရွာလောက် ထွက်ပြေးနေရကြောင်း ဗန်းမောက်ဒေသခံတဦးက အခုလို VOA ကို ပြောပါတယ်။

“သူတို့တွေက ဒီ ရှမ်းနီနဲ့ စစ်ကောင်စီပေါင်းပြီးမှ စစ်ကြောင်း ထိုးနေတာပေါ့နော။ ဒေသခံကာကွယ်ရေး တပ်တွေနဲ့ ထိတွေ့မှုတွေ ဖြစ်နေတာပေါ့။ ဗန်းမောက်မြို့နယ်ထဲမှာ ဖြစ်နေတာအခုက။ အင်းတော်နဲ့ ဗန်းမောက်အစပ်ပေ့ါ။ ဒီနေ့လည်း လက်နက်ကြီးနဲ့ ထုတာ သူတို့က သောင်ကြီးရွာသားတယောက်တော့ သေသွားတယ်။ လက်နက်ကြီးထုတဲ့အသံနဲ့ဆိုတော့ ပြေးတာ ပြေးရင်းနဲ့ သေနတ်မှန်ပြီး သေသွားတာ။ စီးမော်ရွာရော၊ သောင်ကြီးရွာရော တရွာလုံး ပြေးရတာ။ ဟိုဘက် တောင်ပိုင်းဘက်ကိုပေါ့နော။ စုံးတော်၊ ပန်းတင်၊ ညောင်ပင်သာဘက်ကို ထွက်ပြေးသွားရတာ။ တထောင်နီးနီးတော့ ရှိမှာပဲ။ ကျောက်အိုင်၊ ပေပင်လည်း ပြေးတာပဲ။ ကျောက်အိုင်၊ ပေပင်ရွာကတွေရော၊ စီးမော်၊ သောင်ကြီးရွာကတွေရော အကုန်ပြေးရတာပဲ။ ”

စစ်ကောင်စီတပ်က ရွှေတွင်းမှာ အလုပ်လုပ်ကိုင်သူ ၂၀ လောက်ကိုလည်း စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားကြောင်းလည်း ပြောပါတယ်။

“ပြီးတော့ ရွှေတွင်းကလူတွေကိုလည်း ဖမ်းတယ်။ ဖမ်းပြီးရင် လူသားဒိုင်းကာလုပ် တယ်။ အယောက် ၂၀ လောက် ခေါ်သွားတယ်တဲ့။ ဖမ်းဆိုတာ သူတို့ စစ်ကြောင်း တလျှောက် ခေါ်သွားတာပဲ။ တောထဲဝင်တော့ ခေါ်သွားတာပဲ။ အခုတော့ ဘယ်ရောက်သွားမှန်း မသိဘူး။”

ဗန်းမောက် PDF တွေရဲ့ Banmauk Revolation- BR လူမှုကွန်ရက်စာမျက်နှာမှာတော့ စစ်ကောင်စီတပ်က ကျောက်အိုင်ရွာကို မီးရှို့ပြီး ရွာသား ၃၀ လောက်ကို ကျောက်အိုင်ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားကြောင်း၊ လက်နက်ကြီးပစ်ခတ်တာကြောင့် ရာနဲ့ချီတဲ့ ရွာသားတွေ တိမ်းရှောင်နေရကြောင်း၊ ဗန်းမောက်မြို့ နယ်တောင်ပိုင်းကို စစ်ကောင်စီနဲ့ SNA တပ်တွေ ပူးတွဲ စစ်ကြောင်း ထိုးနေကြောင်း ဖော်ပြပါတယ်။

ဒီလ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာတော့ အင်းတော်မြို့နယ် မံထုံနဲ့ မင်းကုန်းရွာဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ဒီတိုက်ပွဲကြောင့် မင်းကုန်းရွာက ပြည်သူတွေဟာ မော်လူးနဲ့ အင်းတော်ဘက်တွေကို တိမ်းရှောင်ခဲ့ကြရကြောင်း အင်းတော် ဒေသခံတစ်ဦးက ပြောပါတယ်။

“အဓိကကတော့ မင်းကုန်းရွာက ရှောင်တာပေါ့နော်။ မင်းကုန်းရွာကနေပြီးတော့ မော်လူးတို့၊ အင်းတော်တို့ အဲဒီဘက်တွေ နီးစပ်ရာ ဆွေမျိုးတွေ ရှိတဲ့ဆီ အဲလိုမျိုး ရှောင်နေကြတာလေ။ လူဦးရေက သူက အိမ်ခြေ ၁၆၀။ ၁၇၀ လောက်ရှိတော့ တထောင်တော့ ကျော်မယ်ထင်တယ်။ ပြန်ရောက်တဲ့သူတွေလည်း ရောက်ခဲ့ကြပြီပေါ့။ အများစုကတော့ မရောက်သေးဘူး။ ”

ဒီလ ၂၄ ရက်နေ့ကတော့ PDF တွေက လမ်းခရီးမှာ တိုက်ပွဲဖြစ်နေတာကြောင့် အင်းတော်- ဗန်းမောက်လမ်းကို ၂၄ နာရီ ပိတ်ခဲ့ပါတယ်။

ဒီလ ၂၆ ရက်နေ့က ပင်လည်ဘူးမြို့နယ် ပလူသာရွာဘက်မှာလည်း စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေနဲ့ ပင်လည်ဘူး PDF အကြား တိုက်ပွဲဖြစ်ပွားကြောင်း သတင်းဖြန့်ချိတာတွေ ပါတယ်။

စစ်ကောင်စီနဲ့ SNA တို့ ပူးတွဲ တိုက်ခိုက်နေတယ်ဆိုတာကို မေးမြန်းနိုင်ဖို့ကြိုးစားခဲ့ပေမဲ့ SNA တာဝန်ရှိသူတွေကို့ ဆက်သွယ်လို့ မရသေးပါဘူး။

The Voice of Shan-Ni လူမှုကွန်ရက်စာမျက်နှာမှာတော့ စစ်ကောင်စီတပ်ဘက် ကနေ သူတို့ ပါဝင်တိုက်ခိုက်နေတယ်ဆိုတာ ဝါဒဖြန့်ချီမှု သက်သက်သာဖြစ်တယ်လို့ SNA ဘက် တုံ့ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဗန်းမောက်၊ အင်းတော်နဲ့ ပင်လည်ဘူးဒေသအတွင်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာမရှိပါဘူး။

====================

XS
SM
MD
LG