သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္းမွာ အေျခခံကုန္ေတြ သယ္ေဆာင္ဖို႔ခက္ခဲ 


Sagaing စစ္ကိုင္း / စစ္ကိုင္းတုိင္း

[[Zawgyi/Unicode]]

တိုက္ပြဲေတြရွိေနတဲ့ စစ္ကိုင္းတိုင္းမွာ အေျခခံစားေသာက္ကုန္ ေဈးႏႈန္းျမင့္တက္ေနၿပီး စစ္တပ္ဘက္က လုံၿခဳံေရးအေၾကာင္းျပ လမ္းေတြပိတ္ထားတာေၾကာင့္ လမ္းခရီး သြားလာရတာ၊ ကုန္ပစၥည္းသယ္ယူရတာေတြ ပိုၿပီး ခက္ခဲလာတယ္လို႔ ေဒသခံေတြနဲ႔ စစ္ေဘးေရွာင္ေတြက ေျပာပါတယ္။ ေဆးဝါး စားေသာက္ကုန္ေတြ သယ္ယူရခက္ခဲတဲ့ၾကား တိုက္ပြဲျဖစ္ပြားတဲ့ေနရာတခ်ိဳ႕မွာ ကုန္ပစၥည္းေတြကို စစ္တပ္ဘက္က သိမ္းယူေတြလည္း ရွိေနတယ္လို႔ အသိမ္းခံရသူတခ်ိဳ႕က ေျပာပါတယ္။ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းအေျခအေန ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ျမန္မာစစ္တပ္နဲ႔ PDF ေဒသခံ လက္နက္ကိုင္အဖြဲ႔တြၾကား မၾကာခဏ တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ စစ္ကိုင္းတိုင္းထဲမွာ အေျခခံစားေသာက္ကုန္ေတြျဖစ္တဲ့ ဆန္၊ ဆီ၊ ဆား၊ ဓာတ္ဆီေဈးႏႈန္းေတြ ျမင့္တက္ေနတဲ့အခ်ိန္ လမ္းပန္းဆက္သြယ္ေရး ခက္ခဲတဲ့အတြက္ အျခားေဒသကေန သယ္ယူရတဲ့ကုန္ပစၥည္းေတြ အဓိက ေဈးတက္ေနတယ္လို႔ ကနီေဒသခံတဦးက ေျပာပါတယ္။

“သာမန္အခ်ိန္ထက္ အရင္တုန္းကထက္ ၂ ဆ ၃ ဆ တက္တာေတြရွိတယ္။ ၁၀ ဆ ေလာက္တက္တာေတြရွိတယ္။ အေျခခံစားေသာက္ကုန္ျဖစ္တဲ့ ဆန္ၾကမ္းဆိုရင္ ၁ တင္းကို ၆ ေသာင္းေလာက္ေပးရတယ္။ ဆီဆိုရင္ ၁ ပုံးကို ၄/၅ ေသာင္းေပးရတဲ့ဟာ အခု ၁ သိန္း ၆ ေသာင္း၊ ၁ သိန္း ၇ ေသာင္းေလာက္ ေပးရတာေပါ့ဗ်ာ။ အရင္ကဆိုရင္ ၁၅၀ တန္ ပတ္တီး ၁ လိပ္ကို (အခု) ၁,၆၀၀ ေပးၿပီးဝယ္ေနရတယ္။ အဓိက တျခားေဒသကေန ပို႔တဲ့ ပစၥည္းေတြေပါ့။ ဆန္ေတြ၊ ဆီေတြ၊ ဆားေတြ စသည္အားျဖင့္ ေဆးေတြ... ေဆးကေတာ့ ေတာ္ေတာ္ေဈးတက္တယ္။ ဒါေတြက တအား ေဈးအတက္ဆုံးေပါ့။”

အလုပ္အကိုင္ေတြ ရွားပါးတဲ့ၾကား ကုန္ေဈးႏႈန္းေတြ အဆမတန္ျမင့္တက္တဲ့ဒဏ္ ကို ေဒသခံေတြနဲ႔စစ္ေဘးေရွာင္ေတြ ရင္ဆိုင္ရၿပီး အခက္အခဲႀကဳံရခ်ိန္၊ ကုန္ပစၥည္း သယ္ယူရတဲ့ အခက္အခဲေတြလည္း အရင္ကထက္ ပိုတိုးလာပါတယ္။ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ေတြ မၾကာခဏ တိုက္ပြဲျဖစ္ပြားတဲ့ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းကေန ေပါက္ၿမိဳ႕ေပၚကို သြားလာတာေတြ၊ ကုန္ပစၥည္းသယ္ တာေတြကို စစ္တပ္က ကန႔္သတ္ထားတာကိုလည္း ေဒသခံတဦးက ေျပာျပပါတယ္။

“အုန္းေတာတံတားေပါ့။ အဲ့တံတားကို ျဖတ္ၿပီးမွ တဘက္ကို သြားလို႔ရမွာ တံတားကလည္း အဲ့တံတား တခုတည္းရွိတာ။ အဲ့တံတားထိပ္က ႐ြာမွာ တပ္ထိုင္ထားၿပီးေတာ့ ဒီဘက္က လာတဲ့သူေတြကိုလည္းဖမ္းတယ္။ အဲ့ဘက္(ေပါက္ၿမိဳ႕ေပၚ) ကေန ေဈးလာေရာင္းတာ ဒီဘက္ကို လာမယ့္သူေတြကို မသြားရဘူးလို႔ ၿခိမ္းေျခာက္တယ္။ ေဆးဝါးေတြကို လုံးဝ... ေဆးဝါးမွ မဟုတ္ပါဘူး၊ ဘယ္ကုန္ပစၥည္းမွ အလာကိုမခံေတာ့ဘူး၊ က်ေနာ္တို႔ဆီကို။”

အခုလိုတားဆီးပိတ္ပင္တာေတြရွိၿပီး လမ္းခရီးခက္ခဲလာတဲ့အတြက္ အရင္က က်ပ္ ရာဂဏန္းေလာက္သာရွိတဲ့ ေဆးမ်ိဳးက အခုဆိုရင္ က်ပ္ ၃ ေထာင္ ေပးရတဲ့အထိ ျဖစ္လာပါတယ္။ ေဆးဝါးေဈးႀကီးတဲ့အတြက္ က်န္းမာေရး ကုသရ အခက္အခဲရွိတဲ့အေၾကာင္း ေပါက္ေဒသခံ တဦးက ေျပာပါတယ္။

“လက္လုပ္လက္စားသမားေတြက်ေတာ့ စားဖို႔ေသာက္ဖို႔ကို အဆင္မေျပေတာ့ က်န္းမာေရးပိုင္းကို အခ်ိန္မွီကုစားဖို႔ အဆင္မေျပ အဲ့လိုေတြျဖစ္တာေပါ့။ အခ်ိန္ ကာလကလည္းၾကာလာတယ္။ လုံးပါးပါးေနၾကတာ ကုန္ေဈးႏႈန္းေတြကလည္း ျမင့္တက္၊ ဝင္ေငြကမရွိ အဲ့လိုေတြျဖစ္ေနတာ။”

စစ္ေကာင္စီနဲ႔ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲေတြျဖစ္ပြားတဲ့ေနရာေတြကို ကုန္ပစၥည္းေတြ သယ္ေဆာင္မယ္ဆိုရင္ စစ္တပ္ စစ္ေဆးေရးဂိတ္ေတြေေဆးဝါး၊ လွ်ပ္စစ္ပစၥည္း၊ လက္ဖက္ စတဲ့ စားေသာက္ကုန္ေတြကို သိမ္းဆည္းေလ့ရွိတယ္ လို႔လည္း ေဒသခံတခ်ိဳ႕က ေျပာပါတယ္။ ဒီေဒသေတြမွာ PDF တပ္ဖြဲ႕ေတြ ေျခကုပ္ယူၿပီး အၾကမ္းဖက္မႈေတြ က်ဴးလြန္ေနတယ္လို႔ စစ္ေကာင္စီဘက္က စြပ္စြဲထားပါတယ္။ ေဒသခံေတြသယ္လာတဲ့ စားေသာက္ကုန္နဲ႔ အသုံးအေဆာင္ေတြ PDF အဖြဲ႕ေတြလက္ထဲ ေရာက္ႏိုင္တယ္လို႔ ယူဆၿပီး စစ္တပ္က သိမ္းဆည္းေနပုံရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

စစ်ကိုင်းတိုင်းမှာ အခြေခံကုန်တွေ သယ်ဆောင်ဖို့ခက်ခဲ

တိုက်ပွဲတွေရှိနေတဲ့ စစ်ကိုင်းတိုင်းမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းမြင့်တက်နေပြီး စစ်တပ်ဘက်က လုံခြုံရေးအကြောင်းပြ လမ်းတွေပိတ်ထားတာကြောင့် လမ်းခရီး သွားလာရတာ၊ ကုန်ပစ္စည်းသယ်ယူရတာတွေ ပိုပြီး ခက်ခဲလာတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ ဆေးဝါး စားသောက်ကုန်တွေ သယ်ယူရခက်ခဲတဲ့ကြား တိုက်ပွဲဖြစ်ပွားတဲ့နေရာတချို့မှာ ကုန်ပစ္စည်းတွေကို စစ်တပ်ဘက်က သိမ်းယူတွေလည်း ရှိနေတယ်လို့ အသိမ်းခံရသူတချို့က ပြောပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်နဲ့ PDF ဒေသခံ လက်နက်ကိုင်အဖွဲ့တွကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းထဲမှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်နေတဲ့အချိန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် အခြားဒေသကနေ သယ်ယူရတဲ့ကုန်ပစ္စည်းတွေ အဓိက ဈေးတက်နေတယ်လို့ ကနီဒေသခံတဦးက ပြောပါတယ်။

“သာမန်အချိန်ထက် အရင်တုန်းကထက် ၂ ဆ ၃ ဆ တက်တာတွေရှိတယ်။ ၁၀ ဆ လောက်တက်တာတွေရှိတယ်။ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ကြမ်းဆိုရင် ၁ တင်းကို ၆ သောင်းလောက်ပေးရတယ်။ ဆီဆိုရင် ၁ ပုံးကို ၄/၅ သောင်းပေးရတဲ့ဟာ အခု ၁ သိန်း ၆ သောင်း၊ ၁ သိန်း ၇ သောင်းလောက် ပေးရတာပေါ့ဗျာ။ အရင်ကဆိုရင် ၁၅၀ တန် ပတ်တီး ၁ လိပ်ကို (အခု) ၁,၆၀၀ ပေးပြီးဝယ်နေရတယ်။ အဓိက တခြားဒေသကနေ ပို့တဲ့ ပစ္စည်းတွေပေါ့။ ဆန်တွေ၊ ဆီတွေ၊ ဆားတွေ စသည်အားဖြင့် ဆေးတွေ... ဆေးကတော့ တော်တော်ဈေးတက်တယ်။ ဒါတွေက တအား ဈေးအတက်ဆုံးပေါ့။”

အလုပ်အကိုင်တွေ ရှားပါးတဲ့ကြား ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်တဲ့ဒဏ် ကို ဒေသခံတွေနဲ့စစ်ဘေးရှောင်တွေ ရင်ဆိုင်ရပြီး အခက်အခဲကြုံရချိန်၊ ကုန်ပစ္စည်း သယ်ယူရတဲ့ အခက်အခဲတွေလည်း အရင်ကထက် ပိုတိုးလာပါတယ်။ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားတဲ့ မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းကနေ ပေါက်မြို့ပေါ်ကို သွားလာတာတွေ၊ ကုန်ပစ္စည်းသယ် တာတွေကို စစ်တပ်က ကန့်သတ်ထားတာကိုလည်း ဒေသခံတဦးက ပြောပြပါတယ်။

“အုန်းတောတံတားပေါ့။ အဲ့တံတားကို ဖြတ်ပြီးမှ တဘက်ကို သွားလို့ရမှာ တံတားကလည်း အဲ့တံတား တခုတည်းရှိတာ။ အဲ့တံတားထိပ်က ရွာမှာ တပ်ထိုင်ထားပြီးတော့ ဒီဘက်က လာတဲ့သူတွေကိုလည်းဖမ်းတယ်။ အဲ့ဘက်(ပေါက်မြို့ပေါ်) ကနေ ဈေးလာရောင်းတာ ဒီဘက်ကို လာမယ့်သူတွေကို မသွားရဘူးလို့ ခြိမ်းခြောက်တယ်။ ဆေးဝါးတွေကို လုံးဝ... ဆေးဝါးမှ မဟုတ်ပါဘူး၊ ဘယ်ကုန်ပစ္စည်းမှ အလာကိုမခံတော့ဘူး၊ ကျနော်တို့ဆီကို။”

အခုလိုတားဆီးပိတ်ပင်တာတွေရှိပြီး လမ်းခရီးခက်ခဲလာတဲ့အတွက် အရင်က ကျပ် ရာဂဏန်းလောက်သာရှိတဲ့ ဆေးမျိုးက အခုဆိုရင် ကျပ် ၃ ထောင် ပေးရတဲ့အထိ ဖြစ်လာပါတယ်။ ဆေးဝါးဈေးကြီးတဲ့အတွက် ကျန်းမာရေး ကုသရ အခက်အခဲရှိတဲ့အကြောင်း ပေါက်ဒေသခံ တဦးက ပြောပါတယ်။

“လက်လုပ်လက်စားသမားတွေကျတော့ စားဖို့သောက်ဖို့ကို အဆင်မပြေတော့ ကျန်းမာရေးပိုင်းကို အချိန်မှီကုစားဖို့ အဆင်မပြေ အဲ့လိုတွေဖြစ်တာပေါ့။ အချိန် ကာလကလည်းကြာလာတယ်။ လုံးပါးပါးနေကြတာ ကုန်ဈေးနှုန်းတွေကလည်း မြင့်တက်၊ ဝင်ငွေကမရှိ အဲ့လိုတွေဖြစ်နေတာ။”

စစ်ကောင်စီနဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားတဲ့နေရာတွေကို ကုန်ပစ္စည်းတွေ သယ်ဆောင်မယ်ဆိုရင် စစ်တပ် စစ်ဆေးရေးဂိတ်တွေေဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ လက်ဖက် စတဲ့ စားသောက်ကုန်တွေကို သိမ်းဆည်းလေ့ရှိတယ် လို့လည်း ဒေသခံတချို့က ပြောပါတယ်။ ဒီဒေသတွေမှာ PDF တပ်ဖွဲ့တွေ ခြေကုပ်ယူပြီး အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။ ဒေသခံတွေသယ်လာတဲ့ စားသောက်ကုန်နဲ့ အသုံးအဆောင်တွေ PDF အဖွဲ့တွေလက်ထဲ ရောက်နိုင်တယ်လို့ ယူဆပြီး စစ်တပ်က သိမ်းဆည်းနေပုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG