သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းနဲ႔ မႏၲေလးတိုင္းၿမိဳ႕နယ္အခ်ိဳ႕မွာ စကစတပ္စြဲလို႔ ေဒသခံေတြ ေဘးလြတ္ရာေရွာင္


စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕နယ္ေတာင္ပိုင္းက မီး႐ိႈ႕ခံရတဲ့ တင္သားေက်းရြာ (ေမ ၆၊ ၂၀၂၂)


[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္း တင္သားေက်း႐ြာအတြင္း စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္တပ္စြဲေနၾကတဲ့အတြက္ ေဒသကာကြယ္ေရးတပ္ေတြနဲ႔ တိုက္ပြဲျဖစ္မွာကို စိုးရိမ္ၿပီး ေဒသခံေတြ ေဘးလြတ္ရာ ေရွာင္ေျပးေနၾကရပါတယ္။ တခ်ိန္တည္းမွာပဲ အင္အား ၁၅၀ ေလာက္ပါတဲ့ စစ္ေကာင္စီတပ္ေတြ မတၱရာၿမိဳ႕နယ္ဘက္ကေန စဥ့္ကူးၿမိဳ႕နယ္ ၾကက္တူေ႐ြး႐ြာထဲဝင္ တပ္စြဲထားၿပီး ဝက္လက္နဲ႔ စဥ့္ကူးၿမိဳ႕နယ္အစပ္က ေက်း႐ြာတေလ်ာက္ ေမြေႏွာက္ၿပီး စစ္ေဆး ဖမ္းဆီးမႈေတြ လုပ္သလို ေနအိမ္တခ်ိဳ႕ကိုလည္း မီးရႈိ႕ဖ်က္ဆီးမႈေတြ ရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ သတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ဇြန္လ ၂၇ ရက္ ဒီေန႔ မနက္ ၈ နာရီေလာက္က ကေလးၿမိဳ႕နယ္ေတာင္ပိုင္း တင္သားေက်း႐ြာဘက္ အင္အား ၅၀ ပါတဲ့ စစ္ေကာင္စီတပ္ေတြ ႐ြာထဲဝင္လာ တပ္စြဲလို႔ ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ ေနရတယ္လို႔ တင္သား႐ြာက သံဃာေတာ္တပါးက VOA ကို အခုလို မိန႔္ပါတယ္။

“စစ္ေၾကာင္းက ဒီေန႔မွဝင္လာတယ္။ ဒီေန႔မနက္ခင္း ၈ နာရီဝန္းက်င္ေလာက္မွ ႐ြာကိုဝင္လာတယ္။ ႐ြာသူ႐ြာသားေတြကေတာ့ ဘုန္းႀကီးေက်ာင္းေတြမွာ ေရွာင္ၾကတယ္။ ေဘး႐ြာေတြကို နည္းနည္းေဝးရပ္ေတြကို ေရွာင္ၾကတာ။ ဒီဦးဇင္းတို႔႐ြာမွာ လြန္ခဲ့တဲ့ တလေလာက္က တိုက္ပြဲေတြျဖစ္ၿပီးေတာ့ ေဒသခံေတြ တျခားစီေျပးၾကတယ္ေလ။ အခုက တလေလာက္ပဲျခားအုံးမွာ။ အခုက တိုက္ပြဲမွမျဖစ္ဘူးဘဲနဲ႔ ဝင္လာတာ။”

ၿပီးခဲ့တဲ့ေမလဆန္းပိုင္းေလာက္က တင္သား႐ြာေတြဘက္ တိုက္ပြဲေတြျဖစ္လို႔ ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးခဲ့ၿပီး ေဒသအေျခအေနျပန္တည္ၿငိမ္လာလို႔ ေနရပ္ကို ျပန္လာၾကတာပါ။ အခု တလေလာက္အၾကာမွာ စစ္တပ္ေတြ ႐ြာထဲဝင္လာလို႔ အခု ထပ္ေျပးၾကရတာလို႔ သံဃာေတာ္က မိန႔္ၾကားပါတယ္။

စစ္ေကာင္စီတပ္ဖြဲ႕ေတြဟာ အင္အားအလုံးအရင္းနဲ႔ စစ္ေၾကာင္းထိုး တ႐ြာဝင္ တ႐ြာထြက္ နယ္ေျမရွင္းလင္းေရးလုပ္ၿပီး ႐ြာေတြကို မီးရႈိ႕ဖ်က္ဆီးေနတာလို႔ ႐ြာခံေတြက ေျပာဆိုၾကပါတယ္။ ၿပီးခဲ့တဲ့ ေမလထဲက ကေလးၿမိဳ႕နယ္ေတာင္ပိုင္းက ရွားဖို႐ြာ၊ အေရွ႕စီး႐ြာ၊ ေရရွင္႐ြာ စတဲ့ ေက်း႐ြာေတြမွာ ရာခ်ီနဲ႔တဲ့ ေနအိမ္ေတြ မီးရႈိ႕ ဖ်က္ဆီးခံရတယ္လို႔ မၾကာေသးခင္ကပဲ ႐ြာခံေတြက ဗြီအိုေအကို ေျပာထားပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ ထိုးစစ္ဆင္ နယ္ေျမရွင္းလင္းေရးလုပ္ရင္း ေဒသကာကြယ္ေရးတပ္ေတြနဲ႔ ထိေတြ႕မႈ တိုက္ပြဲေတြ မၾကာမၾကာျဖစ္ပြားေလ့ရွိပါတယ္။

ဒါေၾကာင့္ စစ္တပ္ေတြ အခုလို႐ြာထဲဝင္ တပ္စြဲၿပီး တိုက္ပြဲျဖစ္လာမွာကို ေဒသခံေတြ စိုးရိမ္ေနၾကတာလို႔ တင္သား႐ြာ သံဃာေတာ္က ဆက္မိန႔္ၾကားပါတယ္။

“႐ြာကိုအေျခခံၿပီးေတာ့မွ ႐ြာကိုခံတပ္လုပ္ၿပီးေတာ့မွ တိုက္ပြဲေတြျဖစ္မွာေတာ့ တ႐ြာလုံးကေတာ့ စိုးရိမ္တာေပ့ါ။ မဆိုင္တဲ့သူေတြေရာ ဆိုင္တဲ့သူေတြေရာ ထိမွာ စိုးရိမ္တာကို။ အဓိက နစ္နာလို႔ရွိရင္ ႐ြာနစ္နာမွာကို။ ကိုယ့္႐ြာမွာျဖစ္ရင္ အဲ့အျဖစ္ေတာ့ လူတိုင္းစိုးရိမ္ၾကတယ္ေလ။ အစစအရာရာတဘက္နဲ႔ တဘက္ ေျပေျပလည္လည္ေလးျဖစ္သြားရင္ေတာ့ ကိုယ့္႐ြာသာမကဘူး၊ တျခား႐ြာေတြေရာ ျပည္သူျပည္သားေတြ ေအးေအးခ်မ္းခ်မ္းနဲ႔ ေနရမွာေပါ့။ ဦးဇင္းက အဲ့ဒါပဲ ေျပာခ်င္တယ္။”

ဒါ့အျပင္ မတၱရာၿမိဳ႕နယ္ဘက္ကေနဝင္လာတဲ့ စစ္ေကာင္စီတပ္ အင္အား ၁၅၀ ဝန္းက်င္ေလာက္ဟာ စဥ့္ကူးၿမိဳ႕နယ္ ၾကက္တူေ႐ြး႐ြာမွာ တပ္စြဲထားၿပီး ဝက္လက္နဲ႔ စဥ့္ကူးၿမိဳ႕နယ္အစပ္က ေက်း႐ြာတေလွ်ာက္ ေမႊေႏွာက္ၿပီး စစ္ေဆး ဖမ္းဆီးမႈေတြ လုပ္သလို ေနအိမ္တခ်ိဳ႕ကိုလည္း မီးရႈိ႕ဖ်က္ဆီးေနတယ္လို႔ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႕ ျပန္ၾကားေရးတာဝန္ခံ ကိုနဂါးေလးက ေျပာပါတယ္။

“၂၅ ရက္ေန႔ ညေန ၄ နာရီ ၄၅ မိနစ္ခန႔္ကေလ စဥ့္ကူးၿမိဳ႕နယ္ ေကာက္႐ိုးပုံ႐ြာကို မီးရႈိ႕တယ္။ အဲ့ေကာင္ေတြ ေမာ္ေတာ္ ၃ စီးနဲ႔ေကာက္႐ိုးပုံ႐ြာကို မီးရႈိ႕ၿပီးအျပန္က်ေတာ့ ၈ နာရီ ၁၅ မိနစ္ေလာက္မွာ သဲအင္း႐ြာမွာ ရွိတဲ့ အိမ္ေတြကို မီးထပ္ရႈိ႕တယ္။ ၂၅ ရက္ေန႔ သဲအင္း႐ြာကို မီးရႈိ႕တုန္းက အဲ့ဒီ မီးရႈိ႕ခံရတဲ့ အိမ္ပိုင္ရွင္ကိုလည္း သူတို႔ေတြ ဖမ္းသြားတယ္လို႔ သတင္းရတယ္ဗ်။ သဲအင္းကိုမီးရႈိ႕ၿပီးေတာ့ သူတို႔ ခုေလာေလာဆယ္ သူတို႔ ၾကက္တူေ႐ြး႐ြာကို မနက္ ၉ နာရီေလာက္က မီးရႈိ႕တယ္ အခု မီးခိုးေတြကို ျမင္ေနရဆဲပဲ။”

စဥ့္ကူးၿမိဳ႕နယ္ထဲက ၾကက္တူေ႐ြး႐ြာမွာတပ္စြဲၾကတဲ့ စစ္ေကာင္စီတပ္ေတြက အနီးဝန္းက်င္႐ြာေတြကို ေမာ္ေတာ္ေတြနဲ႔ လွည့္ပတ္ၿပီး စစ္ေဆးေနသလို သံသယရွိသူေတြကိုလည္း ဖမ္းဆီးစစ္ေဆးေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အဲ့ဒီတဝိုက္က ေက်း႐ြာေတြကို လွည့္လည္စစ္ေဆးစဥ္ ေနအိမ္တခ်ိဳ႕ကို မီးရႈိ႕ခဲ့တာမ်ိဳးေတြ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္ကိုင္းတိုင္းအတြင္းမွာေတာ့ တိုင္းစစ္ဌာနခ်ဳပ္တည္ရွိရာ မုံ႐ြာၿမိဳ႕ ပတ္ပတ္လည္ျဖစ္တဲ့ ယင္းမာပင္၊ ပုလဲ၊ ေခ်ာင္းဦး၊ ျမင္းမူ၊ အရာေတာ္၊ ဝက္လက္၊ ေ႐ႊဘို စတဲ့ ေနရာေတြမွာ ေဒသခံကာကြယ္ေရးတပ္ေတြနဲ႔စစ္ေကာင္စီတပ္ေတြအၾကားတိုက္ပြဲျဖစ္ခဲ့တာ တႏွစ္ဝန္းက်င္ရွိေနပါၿပီ။ PDF ကာကြယ္ေရးတပ္ေတြဟာ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီး စစ္ေကာင္စီဘက္က နယ္ေျမရွင္းလင္းေရး စစ္ဆင္မႈေတြကို တိုးၿပီးလုပ္လာေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

စစ်ကိုင်းနဲ့ မန္တလေးတိုင်းမြို့နယ်အချို့မှာ စကစတပ်စွဲလို့ ဒေသခံတွေ ဘေးလွတ်ရာရှောင်

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း တင်သားကျေးရွာအတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲနေကြတဲ့အတွက် ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ဒေသခံတွေ ဘေးလွတ်ရာ ရှောင်ပြေးနေကြရပါတယ်။ တချိန်တည်းမှာပဲ အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်တွေ မတ္တရာမြို့နယ်ဘက်ကနေ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာထဲဝင် တပ်စွဲထားပြီး ဝက်လက်နဲ့ စဉ့်ကူးမြို့နယ်အစပ်က ကျေးရွာတလျောက် မွေနှောက်ပြီး စစ်ဆေး ဖမ်းဆီးမှုတွေ လုပ်သလို နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဇွန်လ ၂၇ ရက် ဒီနေ့ မနက် ၈ နာရီလောက်က ကလေးမြို့နယ်တောင်ပိုင်း တင်သားကျေးရွာဘက် အင်အား ၅၀ ပါတဲ့ စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာ တပ်စွဲလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ တင်သားရွာက သံဃာတော်တပါးက VOA ကို အခုလို မိန့်ပါတယ်။

“စစ်ကြောင်းက ဒီနေ့မှဝင်လာတယ်။ ဒီနေ့မနက်ခင်း ၈ နာရီဝန်းကျင်လောက်မှ ရွာကိုဝင်လာတယ်။ ရွာသူရွာသားတွေကတော့ ဘုန်းကြီးကျောင်းတွေမှာ ရှောင်ကြတယ်။ ဘေးရွာတွေကို နည်းနည်းဝေးရပ်တွေကို ရှောင်ကြတာ။ ဒီဦးဇင်းတို့ရွာမှာ လွန်ခဲ့တဲ့ တလလောက်က တိုက်ပွဲတွေဖြစ်ပြီးတော့ ဒေသခံတွေ တခြားစီပြေးကြတယ်လေ။ အခုက တလလောက်ပဲခြားအုံးမှာ။ အခုက တိုက်ပွဲမှမဖြစ်ဘူးဘဲနဲ့ ဝင်လာတာ။”

ပြီးခဲ့တဲ့မေလဆန်းပိုင်းလောက်က တင်သားရွာတွေဘက် တိုက်ပွဲတွေဖြစ်လို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ပြီး ဒေသအခြေအနေပြန်တည်ငြိမ်လာလို့ နေရပ်ကို ပြန်လာကြတာပါ။ အခု တလလောက်အကြာမှာ စစ်တပ်တွေ ရွာထဲဝင်လာလို့ အခု ထပ်ပြေးကြရတာလို့ သံဃာတော်က မိန့်ကြားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းရေးလုပ်ပြီး ရွာတွေကို မီးရှို့ဖျက်ဆီးနေတာလို့ ရွာခံတွေက ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့ မေလထဲက ကလေးမြို့နယ်တောင်ပိုင်းက ရှားဖိုရွာ၊ အရှေ့စီးရွာ၊ ရေရှင်ရွာ စတဲ့ ကျေးရွာတွေမှာ ရာချီနဲ့တဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးခံရတယ်လို့ မကြာသေးခင်ကပဲ ရွာခံတွေက ဗွီအိုအေကို ပြောထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထိုးစစ်ဆင် နယ်မြေရှင်းလင်းရေးလုပ်ရင်း ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှု တိုက်ပွဲတွေ မကြာမကြာဖြစ်ပွားလေ့ရှိပါတယ်။

ဒါကြောင့် စစ်တပ်တွေ အခုလိုရွာထဲဝင် တပ်စွဲပြီး တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြတာလို့ တင်သားရွာ သံဃာတော်က ဆက်မိန့်ကြားပါတယ်။

“ရွာကိုအခြေခံပြီးတော့မှ ရွာကိုခံတပ်လုပ်ပြီးတော့မှ တိုက်ပွဲတွေဖြစ်မှာတော့ တရွာလုံးကတော့ စိုးရိမ်တာပေ့ါ။ မဆိုင်တဲ့သူတွေရော ဆိုင်တဲ့သူတွေရော ထိမှာ စိုးရိမ်တာကို။ အဓိက နစ်နာလို့ရှိရင် ရွာနစ်နာမှာကို။ ကိုယ့်ရွာမှာဖြစ်ရင် အဲ့အဖြစ်တော့ လူတိုင်းစိုးရိမ်ကြတယ်လေ။ အစစအရာရာတဘက်နဲ့ တဘက် ပြေပြေလည်လည်လေးဖြစ်သွားရင်တော့ ကိုယ့်ရွာသာမကဘူး၊ တခြားရွာတွေရော ပြည်သူပြည်သားတွေ အေးအေးချမ်းချမ်းနဲ့ နေရမှာပေါ့။ ဦးဇင်းက အဲ့ဒါပဲ ပြောချင်တယ်။”

ဒါ့အပြင် မတ္တရာမြို့နယ်ဘက်ကနေဝင်လာတဲ့ စစ်ကောင်စီတပ် အင်အား ၁၅၀ ဝန်းကျင်လောက်ဟာ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာမှာ တပ်စွဲထားပြီး ဝက်လက်နဲ့ စဉ့်ကူးမြို့နယ်အစပ်က ကျေးရွာတလျှောက် မွှေနှောက်ပြီး စစ်ဆေး ဖမ်းဆီးမှုတွေ လုပ်သလို နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။

“၂၅ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်ကလေ စဉ့်ကူးမြို့နယ် ကောက်ရိုးပုံရွာကို မီးရှို့တယ်။ အဲ့ကောင်တွေ မော်တော် ၃ စီးနဲ့ကောက်ရိုးပုံရွာကို မီးရှို့ပြီးအပြန်ကျတော့ ၈ နာရီ ၁၅ မိနစ်လောက်မှာ သဲအင်းရွာမှာ ရှိတဲ့ အိမ်တွေကို မီးထပ်ရှို့တယ်။ ၂၅ ရက်နေ့ သဲအင်းရွာကို မီးရှို့တုန်းက အဲ့ဒီ မီးရှို့ခံရတဲ့ အိမ်ပိုင်ရှင်ကိုလည်း သူတို့တွေ ဖမ်းသွားတယ်လို့ သတင်းရတယ်ဗျ။ သဲအင်းကိုမီးရှို့ပြီးတော့ သူတို့ ခုလောလောဆယ် သူတို့ ကြက်တူရွေးရွာကို မနက် ၉ နာရီလောက်က မီးရှို့တယ် အခု မီးခိုးတွေကို မြင်နေရဆဲပဲ။”

စဉ့်ကူးမြို့နယ်ထဲက ကြက်တူရွေးရွာမှာတပ်စွဲကြတဲ့ စစ်ကောင်စီတပ်တွေက အနီးဝန်းကျင်ရွာတွေကို မော်တော်တွေနဲ့ လှည့်ပတ်ပြီး စစ်ဆေးနေသလို သံသယရှိသူတွေကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီတဝိုက်က ကျေးရွာတွေကို လှည့်လည်စစ်ဆေးစဉ် နေအိမ်တချို့ကို မီးရှို့ခဲ့တာမျိုးတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့ ပတ်ပတ်လည်ဖြစ်တဲ့ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြင်းမူ၊ အရာတော်၊ ဝက်လက်၊ ရွှေဘို စတဲ့ နေရာတွေမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲဖြစ်ခဲ့တာ တနှစ်ဝန်းကျင်ရှိနေပါပြီ။ PDF ကာကွယ်ရေးတပ်တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီး စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကို တိုးပြီးလုပ်လာနေတာဖြစ်ပါတယ်။

==============

XS
SM
MD
LG