သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္တပ္ထိုးစစ္ေၾကာင့္ စစ္ကိုင္းတိုင္းတြင္း ေဒသခံေတြ ေနရပ္မျပန္ရဲေသး


[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ထဲက႐ြာေတြမွာ ျမန္မာစစ္တပ္ရဲ႕ စစ္ရဟတ္ယာဥ္ေတြ ပ်ံဝဲေနတဲ့အတြက္ ေဒသခံ စစ္ေဘးေရွာင္ေတြစိုးရိမ္ထိတ္လန႔္ၿပီး ေနရပ္မျပန္ရဲၾကတဲ့အေၾကာင္း စစ္ေဘးေရွာင္ဒုကၡသည္ေတြနဲ႔ အကူအညီေပးေရးအဖြဲ႕ေတြက ေျပာပါတယ္။ ကန႔္ကလူၿမိဳ႕နယ္ေတာင္ျခမ္းမွာလည္း ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းေတြေၾကာင့္ ေက်း႐ြာ ၂၀ နီးပါးက ေဒသခံ ေသာင္းနဲ႔ခ်ီ ထြက္ေျပးေနၾကရၿပီး အခုခ်ိန္ထိ ေက်း႐ြာေတြကို ျပန္မဝင္ႏိုင္ၾကေသးဘူးလို႔ ေဒသခံ႐ြာသားေတြက ေျပာပါတယ္။ စစ္ေဘးေရွာင္ေနၾကရတာ ၁၀ ရက္ ေလာက္ရွိလာၾကၿပီျဖစ္တာေၾကာင့္ ရိကၡာနဲ႔ ေဆးဝါးေတြ လိုအပ္ေနၾကတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ ယင္းမာပင္ၿမိဳ႕နဲ႔ ကန႔္ဘလူၿမိဳ႕နယ္က စစ္ေဘးေရွာင္ေတြရဲ႕ အေျခအေန သတင္းေပးပို႔ခ်က္ကို ဝင္းခန႔္ေမာင္က တင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၉ ရက္ေန႔တုန္းက ယင္းမာပင္ၿမိဳ႕နယ္ ရင္ေပါင္တိုင္႐ြာနဲ႔ ပ်ားအို႐ြာတဝိုက္ ျမန္မာစစ္တပ္ဘက္က စစ္ရဟတ္ယာဥ္ ၆ စင္းနဲ႔ တိုက္ခိုက္ခဲတဲ့ အေၾကာင္း ေဒသခံေတြက VOA ကို ေျပာထားပါတယ္။ ေက်း႐ြာပတ္ပတ္လည္မွာ စစ္တပ္ေတြ တပ္ျဖန႔္ ခ်ထားတဲ့အေၾကာင္းလည္း ေျပာပါတယ္။

ဒီအေျခအေနေတြေၾကာင့္ ေက်း႐ြာအေတာ္မ်ားမ်ားက ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ ျပင္ဆင္ခ်ိန္မရဘဲ ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ စစ္ေျပးဒုကၡသည္ေတြ အေျခအေန ရင္ေပါင္တိုင္႐ြာခံ ကိုဘိုဝင္းက ခုလို ေျပာပါတယ္။

“ဒီေဒသခံအားလုံးကေတာ့ ျပန္လည္ေရာက္ရွိေတာ့ဘူး မရွိေသးဘူး။ ဘာလို႔လဲ ဆိုေတာ့ ဒီေန႔လာမယ္၊ မနက္လာမယ္ အဲ့လို ၿပီးခဲ့တဲ့အပတ္က ရဟတ္ယာဥ္ အဲ့လိုမ်ိဳး ေလေၾကာင္းမယ့္လာတဲ့ပုံစံမ်ိဳးေတာ့ အားလုံးတခ်ိဳ႕လည္း အိုးအိမ္ဘာညာ စြန႔္ခြာၿပီးေတာ့ တိမ္းေရွာင္ေနၾကတာ။ အဲ့လိုအေျခအေန၊ အားလုံးေတာ့ ျပန္လည္း မေရာက္ရွိေသးပါဘူး။ ၃ ခ်ိဳး ၁ ခ်ိဳးေတာ့ ရွိပါတယ္။ ၃ ခ်ိဳး ၁ ခ်ိဳးေက်ာ္ေပါ့ တဝက္ကေတာ့ ျပန္မေရာက္ေသးဘူး။”

ၿပီးတဲ့ၾသဂုတ္ ၁၁ ရက္တုန္းက ယင္းမာပင္ၿမိဳ႕နယ္ ရင္ေပါင္တိုင္ေက်း႐ြာကို ေဒသခံ PDF အဖြဲ႕ေတြ ေရာက္ရွိေနတယ္ဆိုတဲ့ သတင္းေၾကာင့္ ျမန္မာစစ္တပ္ဘက္က ေလေၾကာင္းက ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး PDF တပ္ဖြဲ႕ေတြ အပါအဝင္ အရပ္သားတခ်ိဳ႕ပါ ထိခိုက္ ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြက VOA ကို ေျပာဆိုထားပါတယ္။ ထိခိုက္ေသဆုံးခဲ့တဲ့ အေရအတြက္နဲ႔ပတ္သက္လို႔ သီးျခားအတည္ျပဳခ်က္ မရသလို စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။

အလားတူ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၉ ရက္ေန႔ကလည္း ေက်း႐ြာေတြကို စစ္ရဟတ္ယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္ခဲ့ၿပီး စစ္တပ္က ေက်း႐ြာေတြမွာ တပ္စြဲထားခဲ့ပါတယ္။ စစ္တပ္ ျပန္လည္ထြက္ခြာၿပီးေနာက္ ေ႐ႊလွန္ေက်း႐ြာမွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြအပါအဝင္ အရပ္သားတခ်ိဳ႕ ေသဆုံးခဲ့ၿပီး ဒါေၾကာင့္ စစ္ရဟတ္ယာဥ္အသံၾကားတာနဲ႔ ေဒသခံေတြ တုန္လႈပ္ေျခာက္ျခားေနၾကတယ္လို႔ ကိုဘိုဝင္းက ေျပာပါတယ္။

“ (ေဒသခံ)အားလုံးက ကိုယ့္အိမ္ကိုယ့္႐ြာ အိမ္ျပန္ကပ္ေနရမွာကို ေတာ္ေတာ္ေၾကာက္လန႔္တဲ့အပိုင္းေတြအထိ ေတာ္ေတာ္ေလးကို စိုးရိမ္ေနၾကတာ။ ရဟတ္ယာဥ္လို႔ အသံၾကားတာနဲ႔ ႐ြာမလာရင္ေတာင္မွ ေျပးေနတဲ့လူေတြရွိတယ္။ အားလုံးစိုးရိမ္ထိတ္လန႔္ေနတာမ်ားပါတယ္။ ရဟတ္ယာဥ္အသံၾကားရင္ ႐ြာကလူေတြ အေတာ္ေလးေၾကာက္လန႔္ေနၾကတာ။”

ကန႔္ဘလူၿမိဳ႕နယ္မွာေတာ့ ေအာက္တိုဘာလ ၂၂ ရက္ေန႔ကတည္းက ဝင္ေရာက္ လာတဲ့ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္ေၾကာင့္ ေဒသခံ ေသာင္းနဲ႔ခ်ီ ထြက္ေျပးေနရတဲ့အေၾကာင္း ကန႔္ဘလူေဒသခံေတြက ေျပာပါတယ္။ ဒီေဒသခံေတြဟာ အခုအခ်ိန္ထိ ေက်း႐ြာေတြကို ျပန္မဝင္ႏိုင္ၾကေသးသလို စစ္ေဘးေရွာင္ေနၾကရတာ ၁၀ ရက္ေလာက္ရွိလာၾကၿပီျဖစ္တာေၾကာင့္ ရိကၡာနဲ႔ ေဆးဝါးေတြ လိုအပ္ေနၾကတယ္လို႔ ေဒသခံ ႐ြာသားတဦးက ေျပာပါတယ္။

“လူဦးေရလည္း မ်ားတယ္။ အဲ့အခ်ိန္မွာ က်န္းမာေရး ေဖာက္လာၾကေတာ့ ေဆးက မတတ္ႏိုင္ေတာ့ဘူးဗ်။ အဲ့ေတာ့ က်ေနာ္တို႔က ၿမိဳ႕ေတြကိုလည္း သြားၿပီးေတာ့ ကုသလို႔မရဘူးဗ်။ ၿမိဳ႕ဘက္ေတြသြားရင္ အကုန္ဖမ္းဆီးၿပီးေတာ့၊ ႐ိုက္ႏွက္ၿပီးေတာ့ အကုန္ဖမ္းဆီးထားလိုက္ေတာ့တာပဲ။ အဲ့ဒီအတြက္ေၾကာင့္ က်ေနာ္တို႔ ၿမိဳ႕ေတြဘာေတြလည္း သြားလို႔မရေတာ့ ေတာမွာပဲ ကြၽန္ေတာ္တို႔ ဒီတိုင္းပဲျဖစ္သလိုေလးနဲ႔ ဒီေတာထဲမွာ ရွာေဆးေလးနဲ႔ပဲ ဒီလိုပဲ ဂ႐ုစိုက္ေနရတာပဲ။”

ေက်း႐ြာေနအိမ္ေတြ မီးရႈိ႕ဖ်က္ဆီးခံရခ်ိန္ အဝတ္အစားေတြ၊ ေစာင္ေတြ ပါသြားတဲ့အတြက္ ေဆာင္းတြင္းမွာ အေအးဒဏ္ကာကြယ္ဖို႔ လုံလုံေလာက္ေလာက္မရွိဘဲ ရာသီအကူးအ‌ေျပာင္းမွာ ဖ်ားနာတာေတြ မ်ားလာတယ္လို႔လည္း ေဒသခံတဦးက ေျပာပါတယ္။

“ ေအးေနၿပီဗ်၊ အေႏြးထည္ေတြလည္း ထူထူ ဝတ္ေနရၿပီဗ်။ ညဆိုရင္လည္း အေတာ္ခ်မ္းပါတယ္။ ေလကတိုက္၊ မိုးကက် အဲ့လိုမ်ိဳးေတြဆိုေတာ့ က်ေနာ္တို႔ က်န္းမာေရးအတြက္ကလည္း အေတာ္နဲ႔ သက္သာမႈမရွိၾကေသးဘူးဗ်။ (အေႏြးထည္) ပါလာတဲ့သူေတြကေတာ့ ေနေကာင္းတဲ့သူေတြကေတာ့ မွ်တၿပီး ေပးၾကပါတယ္ဗ်။ ေလာေလာဆယ္ ဒုကၡေရာက္တာက သက္ႀကီး႐ြယ္အိုေတြ၊ မသြားႏိုင္မလာႏိုင္တဲ့သူေတြ၊ ကေလးသူငယ္ေတြ ရာသီဥတု အေျပာင္းအလဲေၾကာင့္ ဖ်ားနာေနတာေတြပါ။”

နယ္ေျမရွင္းလင္းေရး ထိုးစစ္ အရွိန္ျမင့္လာတာနဲ႔အမွ် စစ္ကိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္အေရအတြက္ေတြကလည္း ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ေတြဟာ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာစစ္တပ္က စြပ္စြဲထားပါတယ္။ စစ္ေကာင္စီဘက္ကထိုးစစ္အတြင္း အရပ္သားေတြရဲ႕ေနအိမ္ေတြကို မီးရႈိ႕ဖ်က္ဆီးတာမလုပ္ဘူးလို႔ ေျပာဆိုထားပါတယ္။ ေက်း႐ြာေတြမွာ ေနအိမ္ေတြ မီးေလာင္တဲ့သတင္းေတြ မၾကာခဏၾကားေနရသလို ရာသီဥတု အကူးအေျပာင္းမွာ အေအးဒဏ္ေၾကာင့္ စစ္ေဘးေရွာင္ေတြ ေနထိုင္ေရးအခက္အခဲေတြ ေတြ႕ေနရၿပီး က်န္းမာေရးထိခိုက္ေနတဲ့အေၾကာင္းလည္း ေဒသခံေတြနဲ႔ အကူအညီေပးေရးအဖြဲ႕ေတြက ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

စစ်တပ်ထိုးစစ်ကြောင့် စစ်ကိုင်းတိုင်းတွင်း ဒေသခံတွေ နေရပ်မပြန်ရဲသေး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲကရွာတွေမှာ မြန်မာစစ်တပ်ရဲ့ စစ်ရဟတ်ယာဉ်တွေ ပျံဝဲနေတဲ့အတွက် ဒေသခံ စစ်ဘေးရှောင်တွေစိုးရိမ်ထိတ်လန့်ပြီး နေရပ်မပြန်ရဲကြတဲ့အကြောင်း စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ ကန့်ကလူမြို့နယ်တောင်ခြမ်းမှာလည်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြောင့် ကျေးရွာ ၂၀ နီးပါးက ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေကြရပြီး အခုချိန်ထိ ကျေးရွာတွေကို ပြန်မဝင်နိုင်ကြသေးဘူးလို့ ဒေသခံရွာသားတွေက ပြောပါတယ်။ စစ်ဘေးရှောင်နေကြရတာ ၁၀ ရက် လောက်ရှိလာကြပြီဖြစ်တာကြောင့် ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ယင်းမာပင်မြို့နဲ့ ကန့်ဘလူမြို့နယ်က စစ်ဘေးရှောင်တွေရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို ဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့တုန်းက ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာနဲ့ ပျားအိုရွာတဝိုက် မြန်မာစစ်တပ်ဘက်က စစ်ရဟတ်ယာဉ် ၆ စင်းနဲ့ တိုက်ခိုက်ခဲတဲ့ အကြောင်း ဒေသခံတွေက VOA ကို ပြောထားပါတယ်။ ကျေးရွာပတ်ပတ်လည်မှာ စစ်တပ်တွေ တပ်ဖြန့် ချထားတဲ့အကြောင်းလည်း ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် ကျေးရွာအတော်များများက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ပြင်ဆင်ချိန်မရဘဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ပြေးဒုက္ခသည်တွေ အခြေအနေ ရင်ပေါင်တိုင်ရွာခံ ကိုဘိုဝင်းက ခုလို ပြောပါတယ်။

“ဒီဒေသခံအားလုံးကတော့ ပြန်လည်ရောက်ရှိတော့ဘူး မရှိသေးဘူး။ ဘာလို့လဲ ဆိုတော့ ဒီနေ့လာမယ်၊ မနက်လာမယ် အဲ့လို ပြီးခဲ့တဲ့အပတ်က ရဟတ်ယာဉ် အဲ့လိုမျိုး လေကြောင်းမယ့်လာတဲ့ပုံစံမျိုးတော့ အားလုံးတချို့လည်း အိုးအိမ်ဘာညာ စွန့်ခွာပြီးတော့ တိမ်းရှောင်နေကြတာ။ အဲ့လိုအခြေအနေ၊ အားလုံးတော့ ပြန်လည်း မရောက်ရှိသေးပါဘူး။ ၃ ချိုး ၁ ချိုးတော့ ရှိပါတယ်။ ၃ ချိုး ၁ ချိုးကျော်ပေါ့ တဝက်ကတော့ ပြန်မရောက်သေးဘူး။”

ပြီးတဲ့သြဂုတ် ၁၁ ရက်တုန်းက ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာကို ဒေသခံ PDF အဖွဲ့တွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းကြောင့် မြန်မာစစ်တပ်ဘက်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး PDF တပ်ဖွဲ့တွေ အပါအဝင် အရပ်သားတချို့ပါ ထိခိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက VOA ကို ပြောဆိုထားပါတယ်။ ထိခိုက်သေဆုံးခဲ့တဲ့ အရေအတွက်နဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက် မရသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ကျေးရွာတွေကို စစ်ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်က ကျေးရွာတွေမှာ တပ်စွဲထားခဲ့ပါတယ်။ စစ်တပ် ပြန်လည်ထွက်ခွာပြီးနောက် ရွှေလှန်ကျေးရွာမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေအပါအဝင် အရပ်သားတချို့ သေဆုံးခဲ့ပြီး ဒါကြောင့် စစ်ရဟတ်ယာဉ်အသံကြားတာနဲ့ ဒေသခံတွေ တုန်လှုပ်ခြောက်ခြားနေကြတယ်လို့ ကိုဘိုဝင်းက ပြောပါတယ်။

“ (ဒေသခံ)အားလုံးက ကိုယ့်အိမ်ကိုယ့်ရွာ အိမ်ပြန်ကပ်နေရမှာကို တော်တော်ကြောက်လန့်တဲ့အပိုင်းတွေအထိ တော်တော်လေးကို စိုးရိမ်နေကြတာ။ ရဟတ်ယာဉ်လို့ အသံကြားတာနဲ့ ရွာမလာရင်တောင်မှ ပြေးနေတဲ့လူတွေရှိတယ်။ အားလုံးစိုးရိမ်ထိတ်လန့်နေတာများပါတယ်။ ရဟတ်ယာဉ်အသံကြားရင် ရွာကလူတွေ အတော်လေးကြောက်လန့်နေကြတာ။”

ကန့်ဘလူမြို့နယ်မှာတော့ အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက ဝင်ရောက် လာတဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်ကြောင့် ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရတဲ့အကြောင်း ကန့်ဘလူဒေသခံတွေက ပြောပါတယ်။ ဒီဒေသခံတွေဟာ အခုအချိန်ထိ ကျေးရွာတွေကို ပြန်မဝင်နိုင်ကြသေးသလို စစ်ဘေးရှောင်နေကြရတာ ၁၀ ရက်လောက်ရှိလာကြပြီဖြစ်တာကြောင့် ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေကြတယ်လို့ ဒေသခံ ရွာသားတဦးက ပြောပါတယ်။

“လူဦးရေလည်း များတယ်။ အဲ့အချိန်မှာ ကျန်းမာရေး ဖောက်လာကြတော့ ဆေးက မတတ်နိုင်တော့ဘူးဗျ။ အဲ့တော့ ကျနော်တို့က မြို့တွေကိုလည်း သွားပြီးတော့ ကုသလို့မရဘူးဗျ။ မြို့ဘက်တွေသွားရင် အကုန်ဖမ်းဆီးပြီးတော့၊ ရိုက်နှက်ပြီးတော့ အကုန်ဖမ်းဆီးထားလိုက်တော့တာပဲ။ အဲ့ဒီအတွက်ကြောင့် ကျနော်တို့ မြို့တွေဘာတွေလည်း သွားလို့မရတော့ တောမှာပဲ ကျွန်တော်တို့ ဒီတိုင်းပဲဖြစ်သလိုလေးနဲ့ ဒီတောထဲမှာ ရှာဆေးလေးနဲ့ပဲ ဒီလိုပဲ ဂရုစိုက်နေရတာပဲ။”

ကျေးရွာနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရချိန် အဝတ်အစားတွေ၊ စောင်တွေ ပါသွားတဲ့အတွက် ဆောင်းတွင်းမှာ အအေးဒဏ်ကာကွယ်ဖို့ လုံလုံလောက်လောက်မရှိဘဲ ရာသီအကူးအ‌ပြောင်းမှာ ဖျားနာတာတွေ များလာတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

“အေးနေပြီဗျ၊ အနွေးထည်တွေလည်း ထူထူ ဝတ်နေရပြီဗျ။ ညဆိုရင်လည်း အတော်ချမ်းပါတယ်။ လေကတိုက်၊ မိုးကကျ အဲ့လိုမျိုးတွေဆိုတော့ ကျနော်တို့ ကျန်းမာရေးအတွက်ကလည်း အတော်နဲ့ သက်သာမှုမရှိကြသေးဘူးဗျ။ (အနွေးထည်) ပါလာတဲ့သူတွေကတော့ နေကောင်းတဲ့သူတွေကတော့ မျှတပြီး ပေးကြပါတယ်ဗျ။ လောလောဆယ် ဒုက္ခရောက်တာက သက်ကြီးရွယ်အိုတွေ၊ မသွားနိုင်မလာနိုင်တဲ့သူတွေ၊ ကလေးသူငယ်တွေ ရာသီဥတု အပြောင်းအလဲကြောင့် ဖျားနာနေတာတွေပါ။”

နယ်မြေရှင်းလင်းရေး ထိုးစစ် အရှိန်မြင့်လာတာနဲ့အမျှ စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်တွေကလည်း ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။ စစ်ကောင်စီဘက်ကထိုးစစ်အတွင်း အရပ်သားတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမလုပ်ဘူးလို့ ပြောဆိုထားပါတယ်။ ကျေးရွာတွေမှာ နေအိမ်တွေ မီးလောင်တဲ့သတင်းတွေ မကြာခဏကြားနေရသလို ရာသီဥတု အကူးအပြောင်းမှာ အအေးဒဏ်ကြောင့် စစ်ဘေးရှောင်တွေ နေထိုင်ရေးအခက်အခဲတွေ တွေ့နေရပြီး ကျန်းမာရေးထိခိုက်နေတဲ့အကြောင်းလည်း ဒေသခံတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေက ပြောကြပါတယ်။

XS
SM
MD
LG