သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဧရာဝတီတံတားေပၚပစ္ခတ္မႈ  ေသဆံုးဒဏ္ရာရသူရွိ


စစ္ကိုင္းၿမိဳ႕ ဧရာဝတီတံတား ရတနာပံုစစ္ေဆးေရးဂိတ္မွာ ကားေပၚလိုက္ပါလာတဲ့ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတို႔ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြါးရာေနရာ (တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးရၾသဂုတ္ ၁၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းေဒသႀကီး စစ္ကိုင္းၿမိဳ႕ ဧရာဝတီတံတား ရတနာပံုစစ္ေဆးေရးဂိတ္မွာ ကားေပၚလိုက္ ပါလာတဲ့ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတို႔ အျပန္အလွန္ပစ္ခတ္ခဲ့လို႔ ခရီးသည္ တခ်ဳိ႕ေသဆံုးခဲ့ၿပီး ထိခုိက္ဒဏ္ရာရသူေတြလည္းရွိခဲ့ေၾကာင္း စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

ဒီေန႔ ဗုဒၶဟူးေန႔ မနက္ပိုင္းက စစ္ကိုင္းၿမိဳ႕ ဧရာဝတီတံတား ရတနာပံုစစ္ေဆးေရးဂိတ္မွာ အာကာသခရီးသည္တင္ယာဥ္လိုင္းကားေပၚပါလာတဲ့ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတို႔ အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားခဲ့တာပါ။ ပစ္ခတ္မႈအတြင္း PDF ၂ ဦးေသဆံုးၿပီး ခရီးသည္ အမ်ိဳးသားတဦးနဲ႔ အမ်ိဳးသမီးတဦး ေသဆံုးခဲ့တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။ PDF တဦးကိုလည္းဖမ္းဆီးမိတယ္လု႔ိ ဒီေန႔သတင္းစာရွင္းလင္းပြဲမွာ အခုလိုေျပာပါတယ္။

“ဒီကေန႔မနက္ ၈ နာရီခြဲေလာက္မွာ စစ္ကိုင္းၿမိဳ႕ တေကာင္းရပ္ကြက္ ဧရာဝတီရတနာပံု စစ္ေဆးေရးဂိတ္မွာ အမ်ားျပည္သူလံုၿခံဳေရးအတြက္ လံုၿခံဳေရးစစ္ေဆးမႈေတြျပဳလုပ္ခဲ့ပါတယ္။ အဲ့မွာ ရန္ကုန္-မံုရြာေျပးဆြဲေနတဲ့ ခရီးသည္တင္ ကားတစီးေပါ့ေနာ္။ ခရီးသည္တင္ကားေပၚကို တက္ေရာက္စစ္ေဆးခဲ့ပါတယ္။ အဲ့အခ်ိန္မွာပဲ ကားေပၚမွာပါလာတဲ့ PDF အမည္ခံအၾကမ္းဖက္ ၃ ဦးက လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြကို စတင္ပစ္ခတ္ခဲ့ပါတယ္။ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ ၂ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ပါတယ္။ ျဖစ္စဥ္မွာ PDF ႏွစ္ဦး အေသဖမ္းဆီးရမိခဲ့ပါတယ္။ တဦးကို အရွင္ဖမ္းဆီးရမိခဲ့ပါတယ္။ ခရီးသည္ အမ်ိဳးသားတဦး PDF ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ ေသဆံုးခဲ့ရပါတယ္။ ေနာက္အမ်ိဳးသမီးတဦးကေတာ့ ထိခိုက္ဒဏ္ရာ ျပင္းျပင္းထန္ထန္ေတာ့ မရဘူး။ ဒါေပမယ့္ လက္ယာဘက္ ေျခသလံုးကိုထိမွန္တယ္။ ထိမွန္ၿပီး စိုးရိမ္ထိတ္လန္႔ၿပီး ေရွာ့ျဖစ္ၿပီး ေသဆံုးသြားတဲ့ ျဖစ္စဥ္ျဖစ္ပါတယ္။ က်န္တဲ့ခရီးသည္ ၅ ဦးကေတာ့ မစိုးရိမ္ရ ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။”

ခုလိုပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ တံတားကို ပိတ္ၿပီး စစ္ေဆးမႈေတြလုပ္ခဲ့ပါတယ္။ စစ္ေကာင္စီက သတင္းထုတ္ျပန္ခ်က္ထဲမွာေတာ့ ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ေတြ သယ္ေဆာင္လာတဲ့ လက္နက္ခဲယမ္းေတြကိုပါ ေဖာ္ျပထားပါတယ္။ အဲ့ဒီလို ပစ္ခတ္မႈျဖစ္သြားတာေၾကာင့္ စစ္ကိုင္းၿမိဳ႕တြင္းမွာ လူအသြားအလာ နည္းပါးသြားတယ္လို႔ စစ္ကိုင္းၿမိဳ႕ခံတဦးက အခုလိုေျပာပါတယ္။

“စစ္တဲ့အခ်ိန္မွာ အေပၚစစ္တဲ့သူကို PDF က အရင္စပစ္လိုက္တယ္လို႔သိတယ္။ စစ္တဲ့ဘက္က တေယာက္ထိသြားရင္းနဲ႔ အျပန္အလွန္ပစ္ၾကရင္း ႏွစ္ဘက္ကို နာရီဝက္နီးပါးေလာက္ကိုၾကာတယ္။ အဲ့ေလာက္ကို ျဖစ္သြားတာ။ ေန႔ခင္းပိုင္းေလာက္မွာ လူအသြားအလာက်ဲသြားတယ္။ က်ဲတယ္ဆိုတာ မရွိသေလာက္ကိုျဖစ္သြားတယ္။ ဒါေပမယ့္ ေန႔လယ္ပိုင္းေလာက္မွာ ျပန္ၿပီးေတာ့ အသြား အလာရွိတယ္။ အခုေလာေလာဆယ္က ပံုမွန္နီးပါးေလာက္ သြားလာၾကတယ္။ ဒါေပမယ့္ ၿမိဳ႕ထဲကလူေတြက သိပ္ၿပီးေတာ့ အျပင္မထြက္ၾကေတာ့ဘူး။”

အဲ့ဒီ ဧရာဝတီတံတား ရတနာပံုစစ္ေဆးေရးဂိတ္ဟာ ကုိဗစ္ေရာဂါျဖစ္ပြားခ်ိန္မွာ မႏၱေလးဘက္ ကေန လာေရာက္ၿပီး စစ္ကိုင္းတိုင္းဘက္ကို ျဖတ္သန္းတဲ့ ခရီးသည္ေတြကို ကိုဗစ္ေရာဂါ ရွိမရွိ စစ္ေဆးတဲ့ ဂိတ္ျဖစ္ပါတယ္။ အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ စစ္ေကာင္စီဟာ ခံတပ္ေတြအခုိင္အမာျပဳလုပ္ၿပီး ခရီးသည္တင္ကားေတြကို စစ္ေဆးတဲ့ဂိတ္တခုလည္း ျဖစ္ပါတယ္။ စစ္ကိုင္းၿမိဳ႕ အနီးနားက ေက်းရြာေတြကို ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ဝင္ေတြ ရွိႏိုင္တယ္ယူဆၿပီး စစ္ေကာင္စီက မၾကာခဏ နယ္ေျမရွင္းလင္းေရးေတြလုပ္ေလ့လည္း ရွိပါတယ္။

ဧရာဝတီတံတားေပၚပစ္ခတ္မႈ ေသဆုံးဒဏ္ရာရသူရွိ
.mp3
please wait

No media source currently available

0:00 0:03:06 0:00
တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ဧရာဝတီတံတားပေါ်ပစ်ခတ်မှု သေဆုံးဒဏ်ရာရသူရှိ

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ဧရာဝတီတံတား ရတနာပုံစစ်ဆေးရေးဂိတ်မှာ ကားပေါ်လိုက် ပါလာတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အပြန်အလှန်ပစ်ခတ်ခဲ့လို့ ခရီးသည် တချို့သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ဒီနေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက စစ်ကိုင်းမြို့ ဧရာဝတီတံတား ရတနာပုံစစ်ဆေးရေးဂိတ်မှာ အာကာသခရီးသည်တင်ယာဉ်လိုင်းကားပေါ်ပါလာတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ ပစ်ခတ်မှုအတွင်း PDF ၂ ဦးသေဆုံးပြီး ခရီးသည် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ PDF တဦးကိုလည်းဖမ်းဆီးမိတယ်လု့ိ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။

“ဒီကနေ့မနက် ၈ နာရီခွဲလောက်မှာ စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ဧရာဝတီရတနာပုံ စစ်ဆေးရေးဂိတ်မှာ အများပြည်သူလုံခြုံရေးအတွက် လုံခြုံရေးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့မှာ ရန်ကုန်-မုံရွာပြေးဆွဲနေတဲ့ ခရီးသည်တင် ကားတစီးပေါ့နော်။ ခရီးသည်တင်ကားပေါ်ကို တက်ရောက်စစ်ဆေးခဲ့ပါတယ်။ အဲ့အချိန်မှာပဲ ကားပေါ်မှာပါလာတဲ့ PDF အမည်ခံအကြမ်းဖက် ၃ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စတင်ပစ်ခတ်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဖြစ်စဉ်မှာ PDF နှစ်ဦး အသေဖမ်းဆီးရမိခဲ့ပါတယ်။ တဦးကို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ ခရီးသည် အမျိုးသားတဦး PDF တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။ နောက်အမျိုးသမီးတဦးကတော့ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်တော့ မရဘူး။ ဒါပေမယ့် လက်ယာဘက် ခြေသလုံးကိုထိမှန်တယ်။ ထိမှန်ပြီး စိုးရိမ်ထိတ်လန့်ပြီး ရှော့ဖြစ်ပြီး သေဆုံးသွားတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ကျန်တဲ့ခရီးသည် ၅ ဦးကတော့ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။”

ခုလိုပစ်ခတ်မှုဖြစ်ပွားပြီးနောက် တံတားကို ပိတ်ပြီး စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ စစ်ကောင်စီက သတင်းထုတ်ပြန်ချက်ထဲမှာတော့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေကိုပါ ဖော်ပြထားပါတယ်။ အဲ့ဒီလို ပစ်ခတ်မှုဖြစ်သွားတာကြောင့် စစ်ကိုင်းမြို့တွင်းမှာ လူအသွားအလာ နည်းပါးသွားတယ်လို့ စစ်ကိုင်းမြို့ခံတဦးက အခုလိုပြောပါတယ်။

“စစ်တဲ့အချိန်မှာ အပေါ်စစ်တဲ့သူကို PDF က အရင်စပစ်လိုက်တယ်လို့သိတယ်။ စစ်တဲ့ဘက်က တယောက်ထိသွားရင်းနဲ့ အပြန်အလှန်ပစ်ကြရင်း နှစ်ဘက်ကို နာရီဝက်နီးပါးလောက်ကိုကြာတယ်။ အဲ့လောက်ကို ဖြစ်သွားတာ။ နေ့ခင်းပိုင်းလောက်မှာ လူအသွားအလာကျဲသွားတယ်။ ကျဲတယ်ဆိုတာ မရှိသလောက်ကိုဖြစ်သွားတယ်။ ဒါပေမယ့် နေ့လယ်ပိုင်းလောက်မှာ ပြန်ပြီးတော့ အသွား အလာရှိတယ်။ အခုလောလောဆယ်က ပုံမှန်နီးပါးလောက် သွားလာကြတယ်။ ဒါပေမယ့် မြို့ထဲကလူတွေက သိပ်ပြီးတော့ အပြင်မထွက်ကြတော့ဘူး။”

အဲ့ဒီ ဧရာဝတီတံတား ရတနာပုံစစ်ဆေးရေးဂိတ်ဟာ ကိုဗစ်ရောဂါဖြစ်ပွားချိန်မှာ မန္တလေးဘက် ကနေ လာရောက်ပြီး စစ်ကိုင်းတိုင်းဘက်ကို ဖြတ်သန်းတဲ့ ခရီးသည်တွေကို ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးတဲ့ ဂိတ်ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီဟာ ခံတပ်တွေအခိုင်အမာပြုလုပ်ပြီး ခရီးသည်တင်ကားတွေကို စစ်ဆေးတဲ့ဂိတ်တခုလည်း ဖြစ်ပါတယ်။ စစ်ကိုင်းမြို့ အနီးနားက ကျေးရွာတွေကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ရှိနိုင်တယ်ယူဆပြီး စစ်ကောင်စီက မကြာခဏ နယ်မြေရှင်းလင်းရေးတွေလုပ်လေ့လည်း ရှိပါတယ်။

XS
SM
MD
LG