သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဝက္လက္စစ္ေဘးဒုကၡသည္အမ်ားစု တုပ္ေကြးျဖစ္ေနၿပီး ေဆးဝါးမလုံေလာက္


စစ္ကိုင္းတုိင္းအတြင္း ေက်းရြာ ၃၀ ေက်ာ္က ေဒသခံရြာသားေတြ စစ္ေဘးေရွာင္ေနရတဲ့ ဝက္လက္ၿမိဳ႕နယ္။ (Crd: MIMU)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ဝက္လက္ၿမိဳ႕နယ္ထဲမွာ စစ္ေဘးေရွာင္ ဒုကၡသည္အမ်ားအျပား တုပ္ေကြးေရာဂါျဖစ္ပြားေနၿပီး ေဆးဝါးမလုံေလာက္ဘူးလို႔ ဒုကၡသည္ ကယ္ဆယ္ေရးအဖြဲ႔ေတြနဲ႔ ေဒသခံေတြက ေျပာပါတယ္။ ေဆးဝါးမေလာက္ငတဲ့အတခ်ိန္တည္းမွာ ျမန္မာစစ္တပ္က ေက်း႐ြာေတြကို မီးရႈိ႕ရာမွာ စပါးက်ီေတြကိုပါ မီးရႈိ႕ခဲ့တာေၾကာင့္ ရိကၡာလိုအပ္ခ်က္လည္း ပိုးတိုးလာေနတယ္လို႔ ေျပာၾကပါတယ္။ ဝက္လက္ၿမိဳ႕နယ္က စစ္ေဘးေရွာင္ေတြရဲ႕ အေျခအေန သတင္းေပးပို႔ခ်က္ကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း ဝက္လက္ၿမိဳ႕နယ္ အေရွ႕ျခမ္းကို ျမန္မာစစ္တပ္ဘက္က ေအာက္တိုဘာလ ၈ ရက္ေန႔က တိုက္ေလယဥ္အပါအဝင္ ေလယာဥ္ ၆ စီးနဲ႔ တိုက္ခိုက္ခဲ့တာေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးခဲ့ၾကရပါတယ္။ ေအာက္တိုဘာ ၁၇ ရက္ေန႔မွာလည္း ဝက္လက္ၿမိဳ႕နယ္အေနာက္ျခမ္းမွာ ေဒသခံ PDF တပ္ဖြဲ႕ေတြနဲ႔ ျမန္မာစစ္တပ္ၾကား တိုက္ပြဲ ျဖစ္ပြားခဲ့ပါတယ္။ ျမန္မာစစ္တပ္ဘက္က ေလယာဥ္နဲ႔ လာေရာက္ပစ္ခတ္တာေၾကာင့္ အမ်ိဳးသမီးတဦး ေသဆုံးၿပီး ေက်း႐ြာ အေတာ္မ်ားမ်ားက ႐ြာသူ႐ြာသားေတြ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

ေဆာင္းရာသီဝင္လာၿပီျဖစ္တာေၾကာင့္ ရာသီဥတုေအးလာခ်ိန္ ေတာထဲမွာ စစ္ေဘးေရွာင္ေနၾကရသူေတြအတြက္ အခက္အခဲေတြရွိေနၾကသလို ရာသီတုပ္ေကြးလည္း အျဖစ္မ်ားၾကတယ္လို႔ ေဒသခံ PDF အဖြဲ႔ဝင္တဦးက ေျပာပါတယ္။ ျမန္မာစစ္တပ္ဘက္က လမ္းေတြကို သြားလာလို႔မရေအာင္ တားဆီးပိတ္ဆို႔ထားတာေတြ ရိကၡာနဲ႔ ေဆးဝါးယူသူေတြကို ေစာင့္ၾကည့္ၿပီး ဖမ္းဆီးတာမ်ိဳးေတြ ရွိေနတာေၾကာင့္ လက္ရွိမွာ ေဆးဝါးလိုအပ္ခ်က္ေတြ ရွိေနရတယ္လို႔ သူက ေျပာပါတယ္။

“ေဆးဝါးကေတာ့ သိပ္မရွိဘူး။ ေလာေလာဆယ္ကို ကြမ္း႐ြက္ျပဳတ္ရည္နဲ႔ ထန္းလ်က္နဲ႔ေပါ့။ ေဆးဝါးအေျခအေန လုံေလာက္လားဆိုေတာ့ ၿမိဳ႕ေတြဘက္ကို သြားဝယ္ဖို႔က အဆင္မေျပဘူးဗ်။ သူတို႔ေတြက အကုန္- ေဈးေတြဘာေတြပိတ္စစ္၊ အကုန္ဖမ္းေနၾကေတာ့ခါ ႐ြာေတြမွာ ရွာဝယ္ရတာေတြကလည္း ေတာ္ေတာ္ ခက္ ပါတယ္။ ပါရာစီတေမာလည္း မေပါပါဘူး။ ႐ြာတိုင္းလိုလို ခပ္ရွားရွား။ အရင္ကတည္းက သူတို႔က ၿမိဳ႕ေတြေပၚမွာဆိုလို႔ရွိရင္ ေဆးဝါးဝယ္တဲ့သူဆို မ်က္စိေဒါက္ေထာက္ ၾကည့္ေနေတာ့ ခုကက် ပိုဆိုးသြားတာေပါ့။ နဂိုကတည္းကမွ သူတို႔က ပိတ္ပင္ၿပီးေတာ့ လုပ္ေနၾကေတာ့ ခုဆို ပိုဆိုးၿပီး ပိုပိုၿပီး ေဆးဝါးရွားပါးလာတယ္။”

ဝက္လက္ၿမိဳ႕ အေရွ႕ျခမ္းက စစ္ေရွာင္ေတြဟာလည္း တုပ္ေကြးျဖစ္ေနၾကသလို
ေဆးဝါးရွားပါးတာေၾကာင့္ လက္ရွိမွာ ေဆးၿမီးတိုေတြနဲ႔သာ ကုသေနၾကရတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“အခက္အခဲကေတာ့ အမ်ားႀကီးပါ။ ေတာေတြထဲမွာ အကုန္လုံးက ေပါင္းၿပီး ေနၾကရတာမ်ားတယ္ေလ။ အခုကာလမွာကေတာ့ ႏွာေစးတာေတြ ေခ်ာင္းဆိုးတာေတြ ဖ်ားတာေတြ အဲ့လိုေတြကေတာ့ ရွိတယ္ဗ်။ ေဆးကုသမႈကေတာ့ ရွိေတာ့ရွိတယ္ ရွိေသာ္ျငားလည္း အခုက်ေတာ့ စစ္ေၾကာင္းေတြက ပတ္ထိုးေနတဲ့ခါက်ေတာ့ ဒီရက္ပိုင္းေတြမွာ ေဆးကုသမႈကလည္း ေကာင္းေကာင္းမရွိပါဘူး။ ေဆးၿမီးတိုေလးေတြနဲ႔ ဖ်ားတယ္ဆိုရင္လည္း ဗမာေဆးေလးေသာက္ ကြမ္း႐ြက္ျပဳတ္ရည္ေလးေသာက္ အဲ့လိုေလးနဲ႔ ၿပီးသြားတာေတြလည္း မ်ားပါတယ္။”

စစ္တပ္ရဲ႕နယ္ေျမရွင္းလင္းတဲ့ ထိုးစစ္အတြင္းမွာ မီးရႈိ႕ဖ်က္ဆီးခံရတဲ့ ႐ြာေတြမွာ ေနအိမ္ေတြအျပင္ စပါးက်ီေတြကိုပါ ဖ်က္ဆီးခံရတာေၾကာင့္ လက္ရွိမွာ ရိကၡာလိုအပ္ခ်က္ေတြလည္း ရွိေနၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“ေလာေလာဆယ္ မီးရႈိ႕ခံရတဲ့ ႐ြာေတြမွာ စပါးက်ီေတြကအစ ရႈိ႕ခံရတဲ့ ႐ြာေတြရွိတယ္။ ပိေတာက္ခ်ဳံေက်း႐ြာဆိုရင္ တိုက္ႏွစ္လုံးနဲ႔ စပါးက်ီတိုက္နဲ႔ အဲ့လိုမ်ိဳးရႈိ႕ခံရတာမ်ိဳးရွိေတာ့ ျပန္လည္ထူေထာင္ဖို႔ သူတို႔မွာလည္း အခက္အခဲေတြရွိတယ္။ ဒီဘက္မွာလည္း စစ္ေဘးေရွာင္ေတြအတြက္ ရိကၡာဘာညာ လိုအပ္ပါတယ္။”

စစ္ကိုင္းအတြင္းမွာ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္အေရအတြက္ေတြကလည္း ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ကာကြယ္ေရးတပ္ PDF တပ္ေတြဟာ ေက်း႐ြာေတြကို ေျခကုပ္ယူၿပီး အၾကမ္းဖက္လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာစစ္တပ္က စြပ္စြဲထားပါတယ္။ ဒီအေၾကာင္းျပခ်က္နဲ႔ နယ္ေျမရွင္းလင္းေရးထိုးစစ္နဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြကို ဆက္တိုက္တိုးၿပီး လုပ္လာေနတာေၾကာင့္လည္း စစ္ေဘးေရွာင္ေတြ ပိုၿပီးတိုးလာေနရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ဝက်လက်စစ်ဘေးဒုက္ခသည်အများစု တုပ်ကွေးဖြစ်နေပြီး ဆေးဝါးမလုံလောက်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲမှာ စစ်ဘေးရှောင် ဒုက္ခသည်အများအပြား တုပ်ကွေးရောဂါဖြစ်ပွားနေပြီး ဆေးဝါးမလုံလောက်ဘူးလို့ ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ဆေးဝါးမလောက်ငတဲ့အတချိန်တည်းမှာ မြန်မာစစ်တပ်က ကျေးရွာတွေကို မီးရှို့ရာမှာ စပါးကျီတွေကိုပါ မီးရှို့ခဲ့တာကြောင့် ရိက္ခာလိုအပ်ချက်လည်း ပိုးတိုးလာနေတယ်လို့ ပြောကြပါတယ်။ ဝက်လက်မြို့နယ်က စစ်ဘေးရှောင်တွေရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်းကို မြန်မာစစ်တပ်ဘက်က အောက်တိုဘာလ ၈ ရက်နေ့က တိုက်လေယဉ်အပါအဝင် လေယာဉ် ၆ စီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့မှာလည်း ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ဒေသခံ PDF တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ မြန်မာစစ်တပ်ဘက်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာကြောင့် အမျိုးသမီးတဦး သေဆုံးပြီး ကျေးရွာ အတော်များများက ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းရာသီဝင်လာပြီဖြစ်တာကြောင့် ရာသီဥတုအေးလာချိန် တောထဲမှာ စစ်ဘေးရှောင်နေကြရသူတွေအတွက် အခက်အခဲတွေရှိနေကြသလို ရာသီတုပ်ကွေးလည်း အဖြစ်များကြတယ်လို့ ဒေသခံ PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။ မြန်မာစစ်တပ်ဘက်က လမ်းတွေကို သွားလာလို့မရအောင် တားဆီးပိတ်ဆို့ထားတာတွေ ရိက္ခာနဲ့ ဆေးဝါးယူသူတွေကို စောင့်ကြည့်ပြီး ဖမ်းဆီးတာမျိုးတွေ ရှိနေတာကြောင့် လက်ရှိမှာ ဆေးဝါးလိုအပ်ချက်တွေ ရှိနေရတယ်လို့ သူက ပြောပါတယ်။

“ဆေးဝါးကတော့ သိပ်မရှိဘူး။ လောလောဆယ်ကို ကွမ်းရွက်ပြုတ်ရည်နဲ့ ထန်းလျက်နဲ့ပေါ့။ ဆေးဝါးအခြေအနေ လုံလောက်လားဆိုတော့ မြို့တွေဘက်ကို သွားဝယ်ဖို့က အဆင်မပြေဘူးဗျ။ သူတို့တွေက အကုန်- ဈေးတွေဘာတွေပိတ်စစ်၊ အကုန်ဖမ်းနေကြတော့ခါ ရွာတွေမှာ ရှာဝယ်ရတာတွေကလည်း တော်တော် ခက် ပါတယ်။ ပါရာစီတမောလည်း မပေါပါဘူး။ ရွာတိုင်းလိုလို ခပ်ရှားရှား။ အရင်ကတည်းက သူတို့က မြို့တွေပေါ်မှာဆိုလို့ရှိရင် ဆေးဝါးဝယ်တဲ့သူဆို မျက်စိဒေါက်ထောက် ကြည့်နေတော့ ခုကကျ ပိုဆိုးသွားတာပေါ့။ နဂိုကတည်းကမှ သူတို့က ပိတ်ပင်ပြီးတော့ လုပ်နေကြတော့ ခုဆို ပိုဆိုးပြီး ပိုပိုပြီး ဆေးဝါးရှားပါးလာတယ်။”

ဝက်လက်မြို့ အရှေ့ခြမ်းက စစ်ရှောင်တွေဟာလည်း တုပ်ကွေးဖြစ်နေကြသလို
ဆေးဝါးရှားပါးတာကြောင့် လက်ရှိမှာ ဆေးမြီးတိုတွေနဲ့သာ ကုသနေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အခက်အခဲကတော့ အများကြီးပါ။ တောတွေထဲမှာ အကုန်လုံးက ပေါင်းပြီး နေကြရတာများတယ်လေ။ အခုကာလမှာကတော့ နှာစေးတာတွေ ချောင်းဆိုးတာတွေ ဖျားတာတွေ အဲ့လိုတွေကတော့ ရှိတယ်ဗျ။ ဆေးကုသမှုကတော့ ရှိတော့ရှိတယ် ရှိသော်ငြားလည်း အခုကျတော့ စစ်ကြောင်းတွေက ပတ်ထိုးနေတဲ့ခါကျတော့ ဒီရက်ပိုင်းတွေမှာ ဆေးကုသမှုကလည်း ကောင်းကောင်းမရှိပါဘူး။ ဆေးမြီးတိုလေးတွေနဲ့ ဖျားတယ်ဆိုရင်လည်း ဗမာဆေးလေးသောက် ကွမ်းရွက်ပြုတ်ရည်လေးသောက် အဲ့လိုလေးနဲ့ ပြီးသွားတာတွေလည်း များပါတယ်။”

စစ်တပ်ရဲ့နယ်မြေရှင်းလင်းတဲ့ ထိုးစစ်အတွင်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ ရွာတွေမှာ နေအိမ်တွေအပြင် စပါးကျီတွေကိုပါ ဖျက်ဆီးခံရတာကြောင့် လက်ရှိမှာ ရိက္ခာလိုအပ်ချက်တွေလည်း ရှိနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လောလောဆယ် မီးရှို့ခံရတဲ့ ရွာတွေမှာ စပါးကျီတွေကအစ ရှို့ခံရတဲ့ ရွာတွေရှိတယ်။ ပိတောက်ချုံကျေးရွာဆိုရင် တိုက်နှစ်လုံးနဲ့ စပါးကျီတိုက်နဲ့ အဲ့လိုမျိုးရှို့ခံရတာမျိုးရှိတော့ ပြန်လည်ထူထောင်ဖို့ သူတို့မှာလည်း အခက်အခဲတွေရှိတယ်။ ဒီဘက်မှာလည်း စစ်ဘေးရှောင်တွေအတွက် ရိက္ခာဘာညာ လိုအပ်ပါတယ်။”

စစ်ကိုင်းအတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်တွေကလည်း ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်တွေဟာ ကျေးရွာတွေကို ခြေကုပ်ယူပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။ ဒီအကြောင်းပြချက်နဲ့ နယ်မြေရှင်းလင်းရေးထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်တိုးပြီး လုပ်လာနေတာကြောင့်လည်း စစ်ဘေးရှောင်တွေ ပိုပြီးတိုးလာနေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG