သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီက်င္းပမယ့္ ေ႐ြးေကာက္ပြဲ စစ္ကိုင္းက ၿမိဳ႕နယ္တခ်ိဳ႕ ကန႔္ကြက္ဆႏၵျပ 


စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕မွာ စစ္ေကာင္စီက က်င္းပမဲ့ ေရြးေကာက္ပြဲကို ဆန္႔က်င္ကန္႔ကြက္ေနၾကစဥ္။ (ႏိုဝင္ဘာ ၂၉ ၊ ၂၀၂၂/crd- ကေလးၿမိဳ႕ ပင္မသပိတ္ အင္အားစု)

[[Zawgyi/Unicode]]

လာမယ့္ႏွစ္ ၂၀၂၃ ခုႏွစ္မွာ က်င္းပဖို႔မွန္းထားတဲ့ စစ္ေကာင္စီ ေ႐ြးေကာက္ပြဲကို ဆန႔္က်င္ၿပီး စစ္ကိုင္းတိုင္းအတြင္း ၿမိဳ႕နယ္တခ်ိဳ႕မွာ ဆႏၵျပပြဲေတြ ရွိေနပါတယ္။ စစ္ေကာင္စီလုပ္တဲ့ ႏိုင္ငံေရးေတြမွာ ပူးေပါင္းပတ္သက္မႈမလုပ္ၾကဖို႔ရည္႐ြယ္တာလို႔ ဆႏၵျပပြဲ ဦးေဆာင္သူေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ေပးပို႔တဲ့ သတင္း မဆုမြန္က တင္ျပေပးထားပါတယ္။

စစ္အာဏာသိမ္း ၂ ႏွစ္ျပည့္ၿပီး ေနာက္ပိုင္း စစ္ေကာင္စီကျပဳလုပ္မယ့္ ေ႐ြးေကာက္ပြဲကို ျပည္သူေတြအေနနဲ႔ ပူးေပါင္း ပါဝင္မႈမလုပ္ဖို႔နဲ႔ အသိအမွတ္မျပဳၾကဖို႔ ရည္႐ြယ္တိုက္တြန္းတဲ့ လုပ္ေဆာင္ခ်က္ ျဖစ္တယ္လို႔ ဆားလင္းႀကီး ယင္းမာပင္႐ြာေပါင္းစုံ သပိတ္အဖြဲ႕ဦးေဆာင္သူ ကိုလြမ္းသူက VOA ကို ခုလိုေျပာျပပါတယ္။

“သူက ေ႐ြးေကာက္ပြဲက်င္းပၿပီး ေ႐ြးေကာက္ခံသမၼတလုပ္ဖို႔ ႀကိဳးစားအားထုတ္ေနတယ္ေပါ့ေနာ္။ ဒါကိုလည္း က်ေနာ္တို႔ လူထုတရပ္လုံးက ဒီလိုမ်ိဳး စကစ ကလုပ္မယ့္ မည္သို႔ေသာလုပ္ငန္းစဥ္၊ မည္သို႔ေသာမူဝါဒမွာမွ က်ေနာ္တို႔ ပတ္သက္စရာ ပူးေပါင္းစရာ အေၾကာင္းမရွိဘူး။ အဲ့ဒါကိုမွ အဓိက အေရးအႀကီးဆုံးေပါ့ေနာ္၊ စစ္ေကာင္စီကို ႏိုင္ငံေရးအရ ထြက္ေပါက္မေပးဖို႔က အေရးႀကီးဆုံးက ဒီေ႐ြးေကာက္ပြဲကို ရရာနည္းလမ္းနဲ႔ က်ေနာ္တို႔ကမပတ္သက္ၾကဖို႔ လူထုေတြဟာ အသိအမွတ္မျပဳၾကဖို႔ လုံးဝ မပူးေပါင္းၾကဖို႔ ဆိုတဲ့ ဒီအဓိပၸာယ္မ်ိဳးနဲ႔ ‘တရားမဝင္ အတုအေယာင္ ေ႐ြးေကာက္ပြဲ လူထုအားနဲ႔ တိုက္ဖ်က္ၾက” - ေပါ့ေနာ္’ ဒါမ်ိဳး ခ်ီတက္တာျဖစ္တယ္။”

စစ္ေကာင္စီက ျပဳလုပ္မယ့္ ေ႐ြးေကာက္ပြဲ ဆန႔္က်င္ဆႏၵျပတာကို ကေလးၿမိဳ႕မွာလည္း ႏိုဝင္လာ ၂၈ ရက္ မေန႔က စၿပီး ျပဳလုပ္ခဲ့ၾကပါတယ္။ ဒီေ႐ြးေကာက္ပြဲကိုဆန႔္က်င္ေၾကာင္း ဆႏၵျပတာေတြကို ဒီထက္ပိုၿပီး အင္အားေကာင္းေကာင္းနဲ႔ အရွိန္ျမႇင့္ၿပီး ျပဳလုပ္သြားဖို႔ ရွိတယ္လို႔ ကေလးၿမိဳ႕ သပိတ္ေခါင္းေဆာင္ ကိုဗိုက္ပူက ေျပာပါတယ္။

“စစ္အာဏာရွင္ေတြရဲ႕ သူတို႔ရဲ႕ ထြက္ေပါက္ေပါ့ ထြက္လမ္းက ဒီေ႐ြးေကာက္ပြဲ တခုပဲရွိတယ္။ အဲ့ဒီ ေ႐ြးေကာက္ပြဲလုပ္ရတာလည္း အတုအေယာင္ ေ႐ြးေကာက္ပြဲပဲ ျဖစ္တာေပါ့ေနာ္။ အားလုံးသိတဲ့အတိုင္းပဲေပါ့၊ အဲ့ဒါကို ကေလးေဒသခံျပည္သူေတြ အေနနဲ႔ အဲ့ဒီ ေ႐ြးေကာက္ပြဲကို မေထာက္ခံဘူး။ ေနာက္တခုက က်ေနာ္တို႔ ျပည္သူတရပ္လုံး ေထာက္ခံတဲ့ ဖယ္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စုလမ္းကိုပဲ ေလွ်ာက္မယ္လို႔ဆိုတဲ့ ခံယူခ်က္နဲ႔ က်ေနာ္တို႔ ဒီ ဆႏၵျပပြဲကို လုပ္ခဲ့ၾကတာပါ။ မေန႔က စတယ္ဗ်၊ ေနာက္ပိုင္းလည္း က်ေနာ္တို႔ ကေလးေဒသတဝန္းလုံးမွာရွိတဲ့ ကေလးျပည္သူေတြအေနနဲ႔ လူထုအင္အား အမ်ားအျပားနဲ႔ကို ဆက္လက္ ေဖာ္ေဆာင္သြားဖို႔၊ အဲ့ဒီေ႐ြးေကာက္ပြဲကို မေထာက္ခံေၾကာင္း အဲ့ဒီေ႐ြးေကာက္ပြဲကို မႀကိဳဆိုေၾကာင္းျပသဖို႔ အရွိန္အဟုန္နဲ႔ ဆက္လက္ ေဖာ္ေဆာင္သြားဖို႔ ရွိတယ္ဗ်။”

ေျမျပင္မွာ ဆႏၵျပလႈပ္ရွားမႈေတြ မလုပ္ႏိုင္ၾကေတာ့တဲ့ စစ္ေကာင္စီက ထိန္းခ်ဳပ္ထားတဲ့ ေနရာေတြမွာ ေနထိုင္ၾကသူေတြအတြက္လည္း စစ္ေကာင္စီရဲ႕ ေ႐ြးေကာက္ပြဲမွာ မပါဝင္ဖို႔ မပူးေပါင္းဖို႔အတြက္ ထိေရာက္တဲ့ ႏႈိးေဆာ္တိုက္တြန္းမႈေတြ လုပ္ႏိုင္ဖို႔လည္း ႀကိဳးစားေနၾကတယ္လို႔ ဆားလင္းႀကီး-ယင္းမာပင္ ေက်း႐ြာေပါင္းစုံသပိတ္အဖြဲ႕က ကိုလြမ္းသူက ခုလိုေျပာပါတယ္။

“ဒီေျမျပင္ သပိတ္လႈပ္ရွားမႈတခုတည္းဆိုရင္ေတာ့ က်ေနာ္ ထင္တယ္၊ သပိတ္လႈပ္ရွားမႈေတြ မလုပ္ႏိုင္တဲ့ ေဒသ၊ အေၾကာင္းေၾကာင္းေၾကာင့္ ေတာ္လွန္ေရးအားနည္းေနတဲ့ ေဒသ၊ ၿပီးေတာ့ စစ္အုပ္စုႀကီးစိုးထားတဲ့ ေနရာမ်ိဳးေတြမွာရွိတဲ့ ျပည္သူေတြကေတာ့ သူတို႔အတြက္ ဘာလုပ္ေပးရမလဲဆိုေတာ့ သတင္းမီဒီယာတို႔ ဘာတို႔ကေန ေပးရမွာေပါ့ေလ။ ဆိုေတာ့ ေလာေလာဆယ္ လႈပ္ရွားမႈ၊ ဒီ strike တခုတည္းရဲ႕လႈပ္ရွားမႈ သက္သက္ဆိုရင္ေတာ့ ေသခ်ာတယ္- (စကစ) အားေကာင္းတဲ့ ေဒသကေတာ့ မပူးေပါင္းဘူးေပါ့ေလ။ သို႔ေသာ္လည္း အေၾကာင္းေၾကာင္းေၾကာင့္ လႈပ္ရွားလို႔မရတဲ့ ေဒသက လူေတြကေတာ့ သတိျပဳမိတဲ့သူလည္း ရွိမယ္၊ မျပဳမိတဲ့သူလည္း ရွိမယ္။ ဒီလႈပ္ရွားမႈတခုက အားလုံးကိုေတာ့ လႊမ္းၿခဳံႏိုင္တဲ့ အက်ိဳးသက္ေရာက္မႈေတာ့ မရႏိုင္ဘူးေပါ့ေလ။ အဲ့ဒီမွာ က်ေနာ္တို႔က နည္းနာအစုံေပါ့- ေျမျပင္ေရာ၊ မီဒီယာေတြကေရာ၊ Platform ေပါင္းစုံကေန သြားမယ္ဆိုရင္ေတာ့ သတိျပဳမိလာႏိုင္တယ္လို႔ ျမင္တယ္ေပါ့။”

စစ္ေကာင္စီက ျပဳလုပ္မယ့္ ေ႐ြးေကာက္ပြဲကို ဆန႔္က်င္ၾကဖို႔ ႏႈိးေဆာ္တိုက္တြန္းတဲ့ ဆႏၵျပပြဲေတြကို စစ္ကိုင္းတိုင္းအတြင္းက ကေလး၊ မုံ႐ြာ၊ ယင္းမာပင္၊ ဆားလင္းႀကီး၊ ကနီ၊ ေခ်ာင္းဦး စတဲ့ ေဒသေတြမွာ ဒီႏိုဝင္ဘာလက စတင္ လုပ္ေဆာင္ေနၾကတာပါ။ ျမန္မာစစ္ေကာင္စီကေတာ့ ေ႐ြးေကာက္ပြဲေတြကို ေနာက္ႏွစ္ ဩဂုတ္လေလာက္ လုပ္ႏိုင္ေအာင္ရည္မွန္းထားၿပီး ေ႐ြးေကာက္ပြဲမတိုင္ခင္ တည္ၿငိမ္ေအးခ်မ္းေအာင္ ေဆာင္႐ြက္မယ္လို႔ ေျပာထားပါတယ္။ ျမန္မာလူ႔အခြင့္အေရးဆိုင္ရာ ကုလအထူးကိုယ္စားလွယ္ကေတာ့ စစ္ေကာင္စီလုပ္မယ့္ ေ႐ြးေကာက္ပြဲဟာ အတုအေယာင္သာျဖစ္လိမ့္မယ္လို႔ ေဝဖန္ခဲ့သလို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ စစ္ေကာင္စီလုပ္မယ့္ ေ႐ြးေကာက္ပြဲဟာ တရားဝင္မႈမရွိဘူးလို႔ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ စစ်ကိုင်းက မြို့နယ်တချို့ ကန့်ကွက်ဆန္ဒပြ

လာမယ့်နှစ် ၂၀၂၃ ခုနှစ်မှာ ကျင်းပဖို့မှန်းထားတဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တချို့မှာ ဆန္ဒပြပွဲတွေ ရှိနေပါတယ်။ စစ်ကောင်စီလုပ်တဲ့ နိုင်ငံရေးတွေမှာ ပူးပေါင်းပတ်သက်မှုမလုပ်ကြဖို့ရည်ရွယ်တာလို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ပေးပို့တဲ့ သတင်း မဆုမွန်က တင်ပြပေးထားပါတယ်။

စစ်အာဏာသိမ်း ၂ နှစ်ပြည့်ပြီး နောက်ပိုင်း စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ ပူးပေါင်း ပါဝင်မှုမလုပ်ဖို့နဲ့ အသိအမှတ်မပြုကြဖို့ ရည်ရွယ်တိုက်တွန်းတဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့ ဆားလင်းကြီး ယင်းမာပင်ရွာပေါင်းစုံ သပိတ်အဖွဲ့ဦးဆောင်သူ ကိုလွမ်းသူက VOA ကို ခုလိုပြောပြပါတယ်။

“သူက ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ခံသမ္မတလုပ်ဖို့ ကြိုးစားအားထုတ်နေတယ်ပေါ့နော်။ ဒါကိုလည်း ကျနော်တို့ လူထုတရပ်လုံးက ဒီလိုမျိုး စကစ ကလုပ်မယ့် မည်သို့သောလုပ်ငန်းစဉ်၊ မည်သို့သောမူဝါဒမှာမှ ကျနော်တို့ ပတ်သက်စရာ ပူးပေါင်းစရာ အကြောင်းမရှိဘူး။ အဲ့ဒါကိုမှ အဓိက အရေးအကြီးဆုံးပေါ့နော်၊ စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မပေးဖို့က အရေးကြီးဆုံးက ဒီရွေးကောက်ပွဲကို ရရာနည်းလမ်းနဲ့ ကျနော်တို့ကမပတ်သက်ကြဖို့ လူထုတွေဟာ အသိအမှတ်မပြုကြဖို့ လုံးဝ မပူးပေါင်းကြဖို့ ဆိုတဲ့ ဒီအဓိပ္ပာယ်မျိုးနဲ့ ‘တရားမဝင် အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” - ပေါ့နော်’ ဒါမျိုး ချီတက်တာဖြစ်တယ်။”

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြတာကို ကလေးမြို့မှာလည်း နိုဝင်လာ ၂၈ ရက် မနေ့က စပြီး ပြုလုပ်ခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဆန္ဒပြတာတွေကို ဒီထက်ပိုပြီး အင်အားကောင်းကောင်းနဲ့ အရှိန်မြှင့်ပြီး ပြုလုပ်သွားဖို့ ရှိတယ်လို့ ကလေးမြို့ သပိတ်ခေါင်းဆောင် ကိုဗိုက်ပူက ပြောပါတယ်။

“စစ်အာဏာရှင်တွေရဲ့ သူတို့ရဲ့ ထွက်ပေါက်ပေါ့ ထွက်လမ်းက ဒီရွေးကောက်ပွဲ တခုပဲရှိတယ်။ အဲ့ဒီ ရွေးကောက်ပွဲလုပ်ရတာလည်း အတုအယောင် ရွေးကောက်ပွဲပဲ ဖြစ်တာပေါ့နော်။ အားလုံးသိတဲ့အတိုင်းပဲပေါ့၊ အဲ့ဒါကို ကလေးဒေသခံပြည်သူတွေ အနေနဲ့ အဲ့ဒီ ရွေးကောက်ပွဲကို မထောက်ခံဘူး။ နောက်တခုက ကျနော်တို့ ပြည်သူတရပ်လုံး ထောက်ခံတဲ့ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုလမ်းကိုပဲ လျှောက်မယ်လို့ဆိုတဲ့ ခံယူချက်နဲ့ ကျနော်တို့ ဒီ ဆန္ဒပြပွဲကို လုပ်ခဲ့ကြတာပါ။ မနေ့က စတယ်ဗျ၊ နောက်ပိုင်းလည်း ကျနော်တို့ ကလေးဒေသတဝန်းလုံးမှာရှိတဲ့ ကလေးပြည်သူတွေအနေနဲ့ လူထုအင်အား အများအပြားနဲ့ကို ဆက်လက် ဖော်ဆောင်သွားဖို့၊ အဲ့ဒီရွေးကောက်ပွဲကို မထောက်ခံကြောင်း အဲ့ဒီရွေးကောက်ပွဲကို မကြိုဆိုကြောင်းပြသဖို့ အရှိန်အဟုန်နဲ့ ဆက်လက် ဖော်ဆောင်သွားဖို့ ရှိတယ်ဗျ။”

မြေပြင်မှာ ဆန္ဒပြလှုပ်ရှားမှုတွေ မလုပ်နိုင်ကြတော့တဲ့ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နေရာတွေမှာ နေထိုင်ကြသူတွေအတွက်လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မပါဝင်ဖို့ မပူးပေါင်းဖို့အတွက် ထိရောက်တဲ့ နှိုးဆော်တိုက်တွန်းမှုတွေ လုပ်နိုင်ဖို့လည်း ကြိုးစားနေကြတယ်လို့ ဆားလင်းကြီး-ယင်းမာပင် ကျေးရွာပေါင်းစုံသပိတ်အဖွဲ့က ကိုလွမ်းသူက ခုလိုပြောပါတယ်။

“ဒီမြေပြင် သပိတ်လှုပ်ရှားမှုတခုတည်းဆိုရင်တော့ ကျနော် ထင်တယ်၊ သပိတ်လှုပ်ရှားမှုတွေ မလုပ်နိုင်တဲ့ ဒေသ၊ အကြောင်းကြောင်းကြောင့် တော်လှန်ရေးအားနည်းနေတဲ့ ဒေသ၊ ပြီးတော့ စစ်အုပ်စုကြီးစိုးထားတဲ့ နေရာမျိုးတွေမှာရှိတဲ့ ပြည်သူတွေကတော့ သူတို့အတွက် ဘာလုပ်ပေးရမလဲဆိုတော့ သတင်းမီဒီယာတို့ ဘာတို့ကနေ ပေးရမှာပေါ့လေ။ ဆိုတော့ လောလောဆယ် လှုပ်ရှားမှု၊ ဒီ strike တခုတည်းရဲ့လှုပ်ရှားမှု သက်သက်ဆိုရင်တော့ သေချာတယ်- (စကစ) အားကောင်းတဲ့ ဒေသကတော့ မပူးပေါင်းဘူးပေါ့လေ။ သို့သော်လည်း အကြောင်းကြောင်းကြောင့် လှုပ်ရှားလို့မရတဲ့ ဒေသက လူတွေကတော့ သတိပြုမိတဲ့သူလည်း ရှိမယ်၊ မပြုမိတဲ့သူလည်း ရှိမယ်။ ဒီလှုပ်ရှားမှုတခုက အားလုံးကိုတော့ လွှမ်းခြုံနိုင်တဲ့ အကျိုးသက်ရောက်မှုတော့ မရနိုင်ဘူးပေါ့လေ။ အဲ့ဒီမှာ ကျနော်တို့က နည်းနာအစုံပေါ့- မြေပြင်ရော၊ မီဒီယာတွေကရော၊ Platform ပေါင်းစုံကနေ သွားမယ်ဆိုရင်တော့ သတိပြုမိလာနိုင်တယ်လို့ မြင်တယ်ပေါ့။”

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ နှိုးဆော်တိုက်တွန်းတဲ့ ဆန္ဒပြပွဲတွေကို စစ်ကိုင်းတိုင်းအတွင်းက ကလေး၊ မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ ချောင်းဦး စတဲ့ ဒေသတွေမှာ ဒီနိုဝင်ဘာလက စတင် လုပ်ဆောင်နေကြတာပါ။ မြန်မာစစ်ကောင်စီကတော့ ရွေးကောက်ပွဲတွေကို နောက်နှစ် ဩဂုတ်လလောက် လုပ်နိုင်အောင်ရည်မှန်းထားပြီး ရွေးကောက်ပွဲမတိုင်ခင် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။ မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ကတော့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်လိမ့်မယ်လို့ ဝေဖန်ခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိဘူးလို့ပြောဆိုထားပါတယ်။

XS
SM
MD
LG