သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျွန်းလှမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်


လေကြောင်းကနေ တိုက်ခိုက်ခံရတယ်ဆိုတဲ့ ကျွန်းလှမြို့နယ် တယ်ပင်ဆိပ်ကျေးရွာဝန်းကျင်ပြမြေပုံ။
လေကြောင်းကနေ တိုက်ခိုက်ခံရတယ်ဆိုတဲ့ ကျွန်းလှမြို့နယ် တယ်ပင်ဆိပ်ကျေးရွာဝန်းကျင်ပြမြေပုံ။

[Zawgyi/Unicode]

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျွန်းလှမြို့နယ် သဖန်းဆိပ်အနောက်ဘက်မှာရှိတဲ့ တယ်ပင်ဆိပ် ဆည်ရွာကို စစ်ကောင်စီတပ်တွေ လေကြောင်းကနေ ကြာသာပတေးနေ့ ညနေက ပစ်ခတ်တိုက်ခိုက် ခဲ့ပါတယ်။ တိုက်ပွဲတွေဟာ စစ်ကောင်စီနဲ့ ဒေသခံ လက်နက်ကိုင်တပ်တွေအပြင် စစ်ကောင်စီကို ထောက်ခံတဲ့ ပျူစောထီးအဖွဲတွေနဲ့ ဒေသခံအဖွဲ့တွေကြားမှာလည်း ဖြစ်ပွားနေတာပါ။ ကျွန်းလှမြို့နယ်နဲ့ ကောလင်းမြို့နယ်အစပ် တိုက်ပွဲအခြေအနေ သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းလှမြိ့ တယ်ပင်ဆိပ်ကျေးရွာက ရွာသား ၂ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

“လောလောဆယ် ၂ ယောက်က သေချာတယ်လို့ ပြောတယ်။ တယ်ပင်ဆိပ် ရွာခံတွေပါပဲ။ တယောက်က ယောက်ကျားလေး၊ နာမည်က ကိုနိုင်ဝင်းလို့ပြောတယ်။ မိန်းကလေးနာမည်ကတော့ မသိရသေးဘူး။ ပြေးရင်းနဲ့ စက်လှေပေါ်မှာ ရဟတ်ယာဉ်နဲ့ အပစ်ခံရတာပေါ့။ စက်လှေအပေါ်
တက်တဲ့အချိန်ပေါ့။

လတ်တလောမှာ သေဆုံး ၂ ယောက်ကိုပဲ ဒေသခံတွေက အတည်ပြုပါတယ်။ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို တပ်က တယ်ပင်ဆိပ်ရွာထဲ ဝင်တပ်စွဲထားတဲ့အတွက် နောက်ထပ် သေဆုံးဒဏ်ရာရတဲ့စာရင်းကို အသေးစိတ် အတည်မပြုနိုင်သေးပါဘူး။

တယ်ပင်ဆိပ်ရွာဟာ ကျွန်းလှမြို့နယ်နဲ့ ကောလင်းမြို့နယ်အစပ်မှာ တည်ရှိတာဖြစ်ပြီး ကောလင်းမြို့နယ် မှာ နယ်မြေရှင်းလင်းနေတဲ့ စစ်ကောင်စီတပ်က ရွာထဲကို ရုတ်တရက်ဝင်လာခဲ့တာပါ။ ဒီလို နယ်မြေ ရှင်းလင်းတဲ့စစ်ဆင်ရေးကြောင့် အနီးအနား ကျေးရွာ ၂၀ လောက်မှာ ဒေသခံတွေ နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြပါတယ်။

သြဂုတ် ၂၅ ရက်ညပိုင်းကတော့ ကျွန်းလှမြို့ သူဌေးကုန်းရပ်ကွက်မှာ နေထိုင်တဲ့ သားအဖ ၂ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့ သောကြာနေ့မနက် သစ်ရာမြိုင်ဈေး တောင်ဘက်နဲ့ ကျွန်းလှ ဘူတာ အနီးမှာ သေဆုံးတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ မျက်မြင် ဒေသခံတဦးက ပြောပါတယ်။ မနေ့က ညနေပိုင်းမှာ ကျွန်းလှမြို့က ဒေသခံ ရွာသား ၅ ဦးထက် မနည်း စစ်ကောင်စီတပ်တွေ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။

တိုက်ပွဲတွေဟာ စစ်ကောင်စီကို ထောက်ခံတဲ့ ပျူစောထီးအဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ကြားမှာလည်း ဖြစ်ပွားနေတာပါ။ ။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“ကူလဲမှာက စစ်ကောင်စီက တယောက်စနှစ်ယောက်စနဲ့ ပျူစောထီးတွေက စခန်းချထားတာရှိတယ်။ ဟိုဘက် (စစ်ကောင်စီ)ကလည်း ကင်းလှည့်ချိန်မှာဖြစ်တာ။ ည ၁၀ နာရီခွဲလောက်မှာဖြစ်တာ။ ကျဆုံးမှုကတော့ (စစ်ကောင်စီ) တယောက်ကျပြီး တယောက်ဒဏ်ရာရသွားတယ်ခင်ဗျ။”

မုံရွာ-ယာကြီးလမ်းအတိုင်း ကလေးဝမြို့နယ်နဲ့ မင်းကင်းမြို့ဘက်ကို စစ်ကောင်စီဘက်က နယ်မြေရှင်း လင်းရေးနေတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေထပ်ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ အနီးအနား ကျေးရွာတွေကတော့ ရွာသားတွေကတော့ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

==================

[Unicode]













XS
SM
MD
LG