သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းတောင်အနီးက ကျေးရွာတွေ စစ်ကောင်စီ ဝင်ရောက် တိုက်ခိုက်


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနားက မိုးကြိုးပြင်ရွာ (မြောက်) နဲ့ပတ်ဝန်းကျင်တဝိုက်ကရွာတွေ မီးရှို့ခံရပုံ။ (ဓာတ်ပုံ-CJ)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနားက မိုးကြိုးပြင်ရွာ (မြောက်) နဲ့ပတ်ဝန်းကျင်တဝိုက်ကရွာတွေ မီးရှို့ခံရပုံ။ (ဓာတ်ပုံ-CJ)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးက မိုးကြိုးပြင်(မြောက်) ကျေးရွာနဲ့ ဆည်တည်းကျေးရွာအဟောင်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ရွာတွေကိုမီးရှို့တာ၊ ကျေးရွာသားတချိုကိုသတ်ဖြတ်တာတွေ အပြင် လူ၂၀ ထက်မနည်းကို ဖမ်းဆီးထားတာကြောင့် အနီးတဝိုက်က ကျေးရွာသားတွေ ထွက်ပြေးနေရပါတယ်။ ဒီအကြောင်းကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အနီး က မိုးကြိုးပြင်(မြောက်)ကျေးရွာကိုတော့စစ်ကောင်စီတပ်တွေက ဇွန်လ ၂၁ ရက်နေ့ကဝင်ရောက်လာပြီးကျေးရွာကိုမီးရှို့တာအပြင် ကျေးရွာသားတွေကိုနှိပ်စက်ညှင်းပမ်းသတ်ဖြတ်ခဲ့ကြောင်း ဇွန်လ ၂၂ ရက်နေ့မှာတော့ သတ်ဖြတ်ခံထားရတဲ့ ကျေးရွာသား၂ ဦးရဲ့အလောင်းတွေကိုတွေ့ရတယ်လို့ လက်ပံတောင်းဒေသခံဦးဇင်းတပါးကအခုလိုပြောပြပါတယ်။

“မိုးကြိုးပြင်မြောက်ရွာက ဒေသခံကျေးရွာသား၂ယောက်ပေါ့။ တယောက်တော့ လည်ပင်းလှီးခံရပြီးနောက်ကကျောပြင်ကို ဒါးနဲ့လှီးပြီးသတ်ခံရတယ်။ နောက်တယောက်တော့ခြေပြတ်လက်ပြတ်လုပ်ထားပြီး သတ်သွားတာရှိတယ်။ စစ်သားတွေပေါ့။ ရွာတွေကိုဝင်တဲ့အခါဒီလိုပဲသတ်သွားလေ့ရှိတယ်။ အခုလည်းဒီလိုပါပဲ။ ရွာသားတွေဘက်က ပြသနာရှာတာတို့ ပြန်ပြီးတုန့်ပြန်တာမရှိပဲ အခုလိုလုပ်သွားတာပေါ့။ မနေ့ကတော့ဝင်ပြီးတနေ့လုံး မီးရှို့တာတွေလုပ်ပြီးတော့ ဒီနေ့မနက်မှာတော့ ဆည်တည်းရွာဘက်ကိုဝင်လာတာပါ။
အခုလက်ရှိကတော့ လက်ပံတောင်းတောင်ဘက်မှာရှိတယ်။ ဆည်တည်းကျေးရွာဟောင်းကကျေးရွာသားတွေကိုလည်း တန်ဆာခံအဖြစ် ဖမ်းထားတာရှိတယ်။”

ဒီမနက်ပိုင်းမှာတော့ မြန်မာ ဝမ်ပေါင်ကြေးနီစီမံကိန်းကသိမ်းယူထားတဲ့ဆည် တည်းကျေးရွာအဟောင်းကိုစစ်ကောင်စီတပ်သာေးတွ ဝင်ရောက်လာပြီး ဆည်တည်းဘုန်းကြီးကျောင်းမှာ တပ်စွဲနေရာယူထားတာပါ။ ဒီနောက် ဒေသခံ အမျိုးသမီးအမျိုးသား ကလေး သက်ကြီးရွယ်အိုမချန် လူ၂၀ ထက်မနည်းကို တန်ဆာခံပြီးဖမ်းဆီးပြီး ဖုန်းတွေကိုယူစစ်ပြီး စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့လည်း ဆိုပါတယ်။ ဒီဆည်တည်းကျေးရွာဟာ လက်ပံတောင်းကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ကျေးရွာတွေထဲမှာပါဝင်တာဖြစ်ပြီး အိမ်ခြေ ၁၀၀ကျော်ကတော့ ဖယ်ရှားမပေးပဲ ဆက်ပြီးနေထိုင်နေတာပါ ။

ဒီရွာဟာ လွန်ခဲ့တဲ့ ၁၀နှစ် ၂၀၁၂ ခုနှစ်ကတည်းကစပြီး ရွာကနေဖယ်ရှားပေးဖို့ ဖိအားပေးခံနေရတဲ့ကျေးရွာတခုလည်းဖြစ်ပါတယ် အခုအခါမှာတော့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ကျေးရွာသားတွေ နေလို့မရအောင်ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလားဆိုတာ သံသယရှိတယ် လို့လည်းဆက်မိန့်ကြားပါတယ်။

“တကယ့်တကယ်က အဲဒီရွာတွေမှာ ဘာမှမရှိဘူး။ ဝမ်ပေါင်မှာလည်း ရဲကင်းတွေနဲ့လည်း နီးနေတာဖြစ်ပြီး သူတို့လည်း မီးတွေဘာတွေ ရှို့ခံရမှာ၊ ပြေးရလွှားရမှာကြောက်ပြီး ဘာမှလည်းမလုပ်ကြပါဘူး။ အခုလိုခေတ်ပျက်တဲ့အချိန်မှာ မရွှေပြောင်းပေးသေးတဲ့ရွာတွေကို ဝမ်ပေါင်တဝိုက်က ကျေးရွာတွေကို ရောပြီးတော့ မီးရှို့တာတွေ၊ ဖျက်ဆီးတာတွေ၊ ထွက်ပြေးအောင်လုပ်တာတွေ အဲဒီလိုများလုပ်နေသလားလို့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဆည်တည်းရွာဆိုရင်လည်း လက်ရှိအနေအထားက PDF တွေလည်းမရှိဘူး။ အဲဒီလိုဝင်လုပ်တယ်ဆိုတော့လေ ဦးဇင်းတို့လည်းအတော်စိုးရိမ်ပါတယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့တစုံတရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ဦးပိုင်လီမီတက်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက မြန်မာဝမ်ပေါင်ကုမ္ပဏီက ဖက်စပ် လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒီကြေးနီစီမံိကိန်းနဲ့ပတ်သက်လို့နိုင်ငံတကာလွတ်ငြိမ်းချမ်းသားခွင့်အဖွဲကြီးကထုတ်ပြန်တဲ့ "ဒုက္ခတောင်တန်း"လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာတော့ လက်ပံတောင်းကြေးနီစီမံကိန်းကြောင့် ထောင် နဲ့ချီတဲ့ မိသားစုဝင်တွေဟာ ဒီစီမံကိန်း တိုးချဲ့မှုနဲ့အတူ အိုးအိမ်ရွှေ့ပြောင်းရတာ၊ လယ်ယာဆုံးရှုံးရတာတွေ နဲ့လူအခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ် လို့ဖော်ပြထားတာပါ။ အဲဒီဒေသက ကျေးရွာသားတွေဟာ၂၀၁၂ ခုနှစ်ကစပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြသပိတ်စခန်းဖွင့်ခဲ့တာကြောင့် မီးလောင်ဗုံးနဲ့ဖြိုခွဲခံရတာ၊ ဖမ်းဆီးခံရတာတရားစွဲဆိုခံရတာတွေနဲ့ ပစ်ခတ်သတ်ဖြတ်ခံရတာတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာတပြည် လုံး မငြိမ်မသက်မှုတွေဖြစ်လာချိန်မှာတော့ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေနဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေကြားမှာလည်း မကြာခနတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ဒီလိုတွေဖြစ်ပြီးနောက် ဒေသခံကျေးရွာသားတွေဟာ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခံရတာတွေရှိပြီး အိမ်တွေလည်းသောင်းနဲ့ချီပြီး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေအပြင် လက်ပံတောင်းကြေးနီစီမံကိန်းနဲ့နီးတဲ့ကျေးရွာတွေမီးရှို့ဖျက်ဆီးခံရတာအပြင် ရွာသားတွေ မီးရှို့သတ်ဖြတ်ခံရတာတွေရှိခဲ့ပါတယ် ။

အခုဆိုရင်ကြေးနီစီမံကိန်းနဲ့နီးတဲ့ မိုးကြိုးပြင်ရွာ ဆည်တည်းရွာ၊ တုံရွာ၊ ကန်ကုန်းရွာစတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ စစ်ဘေးဒုက္ခသည်တွေအဖြစ် တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်ရှင်

တိုက်ရိုက် လင့်ခ်

================

[[Unicode]]














================

XS
SM
MD
LG