သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးရေထဲဒုက္ခရောက်နေကြတဲ့ ကယားနဲ့စစ်ကိုင်းက ဒုက္ခသည်များ


ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ(ယခင်မှတ်တမ်းဓာတ်ပုံ)
ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ(ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ရှမ်းပြည်နယ်နဲ့ကယားပြည်နယ် နယ်စပ်ဒေသတွေဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဘေးလွတ်ရာ ခိုလှုံနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ နေရာထိုင် ခင်း၊ အမိုးအကာမလုံလောက်တဲ့ အခက်အခဲတွေနဲ့ စားရေးသောက်ရေးအခက်အခဲတွေ ဆက်ပြီးကြုံနေကြရပါတယ်။ စစ်ကိုင်းတိုင်းထဲက စစ်ပြေးဒုက္ခသည်တချို့ဟာလည်း သွေးလွန်တုပ်ကွေးရောဂါတွေဖြစ်နေကြပါတယ်။ ခုလိုစစ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ဒုက္ခသည်တွေအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်နဲ့ကယားပြည်နယ် နယ်စပ်ဒေသတွေမှာဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ခုချိန်ထိ လနဲ့ချီ တောတောင်ထဲမှာ ပုန်းခိုတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အခက်အခဲစုံကို ဆက်လက်ကြုံနေကြရပါတယ်။ အထူးသဖြင့် မိုးတွေရွာသွန်းနေချိန်မှာ နေရာထိုင်ခင်း အမိုးအကာလုံလောက်မှု မရှိတဲ့ အခက်အခဲကို အဓိကကြုံကြရတယ်လို့ မိုးဗြဲမြို့ဘက်က ဒုက္ခသည်တွေကို ကူညီနေသူတယောက်က ပြောပြပါတယ်။

“အခုရက်ပိုင်းအတွင်းမှာ မိုးကောင်းနေတော့ ဒီဘက်ဒေသခါကျတော့ တောင်ပေါ်ဒေသက ရေကြီးရေလျှံတော့ မဖြစ်ဘူးပေါ့နော်။ မိုးမလုံတာတွေ အဲ့လိုမျိုးပေါ့နော်။ မိုးရွာရင်တော့ တော်တော်လေးကို သူတို့ က အဆင်မပြေ၊ လိုအပ်တာတော့ ဒီအမိုးအကာတွေပေါ့။ တချို့ဆို အမိုးအကာမလုံလောက်တောတွေ ရှိတယ်။ ၂ မိသားစု ၃ မိသားစု မိုးကာတဲငယ်တလုံးနဲ့ပဲ အတူနေနေရတာတွေ ရှိတယ်။ အစားအသောက် ပိုင်းခါကျတော့ ဒီအလှူကနေရတဲ့ဟာပဲ ပြန်ဝေပေးနေရတယ်ပေါ့၊ လုံလောက်မှုခါကျတော့လည်း မရှိနိုင်ဘူး။”

တိုက်ပွဲဖြစ်တဲ့ဒေသတွေမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေနား တပ်စွဲထားတာ၊ ရွာတွေဘက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေကြောင့် စစ်ပြေးဒုက္ခသည်အများစု အချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။ ဘေးလွတ်ရာ ပုန်းခိုနေကြရတာ တနှစ်ကျော် ရှိနေပြီဖြစ်တဲ့ ဒုက္ခသည်တွေဟာ စာရေးသောက်ရေး ခက်ခဲနေကြသလို ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိနေကြပါတယ်။ မိုးကာတဲထဲ မိုးမလုံလို့ အိပ်ယာခင်းတွေ ထင်းတွေ မိုးစိုနေပြီး ချက်ရေး ပြုတ်ရေးလည်း အခက်တွေ့နေတယ်လို့ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တယောက် ပြောပါတယ်။

“မိုးရွာလို့ရှိရင်တော့ တခုကအဆင်ပြေတယ်၊ တချို့ကကျတော့ ရေရသွားတာ တခုပေါ့။ ဒါပေမယ့် အခက်အခဲကတော့ ဘာလဲ ထင်း၊ မိုးမလုံလို့ရှိရင်တော့ အိပ်ခင်းယာတော့ စိုကုန်မှာပဲပေါ့၊ မိုးစိုတော့ ဘယ်လိုမှအိပ်လို့ရမှာမဟုတ်ဘူး။ ရွာမှာ ပြန်နေဖို့က ကိုယ်က လုံးဝမပြေဘူးလေးနော်၊ အမြဲတမ်းရှောင်နေရ၊ ရှောင်နေရတာလည်း တော်တော်လည်း ကြာနေပြီ။ ဘယ်သူမဆိုတော့ အိမ်ပြန်ချင်ကြမှာပဲလေနော်။”

ခုလိုကယားပြည်နယ်ဘက်က စစ်ပြေးဒုက္ခသည်တွေ နေရေး စားရေး ခက်ခဲနေကြသလို စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရသူတွေမှာလည်း အလားတူ အခက်အခဲတွေ ကြုံနေကြရတာကို ဒုက္ခသည်တယောက်က ခုလိုပြောပါတယ်။

"အခြေအနေကတော့ ပြည်သူတွေ ဒုက္ခရောက်တာကတော့ အကြီးအကျယ်ပဲ။ မိုးရွာထဲတွေမှာ လှည့်ပတ် ပြီးတော့ မိုးကာတဲလေးတွေနဲ့ ပြေးရရှောင်ရနဲ့။ တော်တော် ဆိုးဆိုးဝါးဝါးကို ဒုက္ခရောက်နေကြရတာပဲ။ စားရေးသောက်တာကတော့ အတော့်ကို ပြတ်လပ်နေတာ၊ ဆေးဝါးဆို ဝေးပေါ့။ စားရေး သောက်ရေးက အတော့်ကို ဒုက္ခရောက်ပြီး အခက်အခဲတွေ ရောက်နေကြရတာ။ စားရေးသောက်ရေးက သူတို့က ရွာတွေအကုန်မီးရှို့သွား၊ ဘေးရွာတွေ အကုန်ပတ်မွှေနေတော့ကျ တောထဲမှာ ချက်စားစရာ ဆန်မရှိလောက်အောင်ကို ငတ်ပြတ်တဲ့ ဘဝရောက်နေကြပြီ။"

ကန့်ဘလူမြို့နယ် ကိုးထောင်ဘို တိုက်နယ်ထဲက ကျေးရွာတွေဘကမှာလည်း စစ်တပ်တွေ စစ်ရေးလှုပ် ရှားနေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတာ လအတော်ကြာ ရှိနေပါပြီ။ အခုချိန်ထိလည်း ရွာတွေထဲကို ပြန်မဝင်နိုင်ကြသေးဘဲ စစ်ဘေးရှောင်နေကြရဆဲဖြစ်ပါတယ်။

အခုလိုမိုးရာသီမှာ သွေးလွန်တုပ်ကွေးရောဂါနဲ့ ဖျားနာနေကြသူတွေ အတော်များပေမယ့် ကုသနိုင်ဖို့ ဆေးဝါးမရှိဖြစ်နေတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

"အဓိက လိုတာကတော့ ဆေးဝါးပါ။ ဆေးဝါးက ဒီဘက်မှာကလည်း ဝယ်လို့လည်း မရတာဆိုတော့ အဲ့ဒီဆေးဝါးက အခက်အခဲဖြစ်နေတာ။ ကျန်းမာရေးအခြေအနေတွေကလည်း အခု တော်တော်လေး ဒီမှာက သွေးလွန်တုပ်ကွေးဖြစ်တဲ့သူတွေနဲ့ အခုက အကုန်လုံးပဲ ပြည်သူတွေရော တော်တော်လေးကို ဖျားနာနေကြတာပဲ။ ဆေးဝါးကတော့ ဒီဘက်မှာ အခုချိန်မှာ အထောက်အကူ မရသေးဘူးဗျ။"

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉ သိန်းကျော ်ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]

မိုးရထေဲဒုက်ခရောကျနကွေတဲ့ ကယားနဲ့စဈကိုငျးက ဒုက်ခသညျမြား












XS
SM
MD
LG