သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဦးစည္သူေအာင္ျမင့္ကို အလုပ္နဲ႔ေထာင္ဒဏ္ ၂ ႏွစ္ ထပ္ခ် 


[[Zawgyi/Unicode]]

ဗြီအိုေအျမန္မာပိုင္းရဲ႕ ပင္တိုင္ေဆာင္းပါးရွင္တဦးျဖစ္သူ ဦးစည္သူေအာင္ျမင့္ကို တပ္မေတာ္ၿပိဳကြဲေအာင္ လႈံ႕ေဆာ္မႈ ပုဒ္မ ၅၀၅-က နဲ႔ တရားစြဲထားတဲ့အမႈ ၁ ခုအတြက္ အလုပ္နဲ႔ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္လိုက္ပါတယ္။ ၅၀၅-က အမႈနဲ႔ပဲ ေအာက္ တိုဘာလက ၃ ႏွစ္ ျပစ္ဒဏ္ခ်ခံထားရတာေၾကာင့္ အခုဆို စုစုေပါင္း ေထာင္ဒဏ္ ၅ ႏွစ္ ျဖစ္သြားပါၿပီ။ ဦးစည္သူေအာင္ျမင့္ အမႈ ေနာက္ဆုံးအေျခအေန ရန္ကုန္ကပို႔တဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ဦးစည္သူေအာင္ျမင့္အေပၚ ဗဟန္းၿမိဳ႕နယ္ရဲစခန္းမွာ အမႈဖြင့္ခဲ့တဲ့ တပ္မေတာ္ ၿပိဳကြဲေအာင္လႈံ႕ေဆာ္မႈ ၅၀၅-က အမႈအတြက္ ဒီေန႔ အင္းစိန္အက်ဥ္းေထာင္တြင္း ဗဟန္းၿမိဳ႕နယ္ အထူးတရား႐ုံးက အလုပ္နဲ႔ေထာင္ဒဏ္ ၂ ႏွစ္ခ်ခဲ့ပါတယ္။ ေထာင္ဒဏ္နဲ႔ပတ္သက္လို႔ ဦးစည္သူေအာင္ျမင့္ရဲ႕ေရွ႕ေနက ဗြီအိုေအျမန္မာပိုင္းကို ခုလိုေျပာပါတယ္။

“ဒီကေန႔ ဆရာ့ကိုက ဗဟန္း႐ုံးကေန ၅၀၅-ကနဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္လိုက္တယ္။ ခ်ဳပ္ရက္ေတြနဲ႔ထုတ္ႏုတ္ ခံစားေစဆိုၿပီးေတာ့ေလ။ အလုပ္နဲ႔ေထာင္ဒဏ္ေပါ့။ ဆရာကေတာ့ အမႈကိုအယူခံတက္ဖို႔ ေျပာထားတာရွိတယ္ေပါ့။ ဆရာေနေကာင္းပါတယ္။”

ဗြီအိုေအျမန္မာပိုင္းအတြက္ ပင္တိုင္ေဆာင္းပါးေရးသားေပးသလို Frontier Myanmar နဲ႔ Myanmar Now သတင္းဌာနေတြအတြက္ကိုလည္း ေဆာင္းပါးေတြ ေရးသားခဲ့တဲ့ စည္သူေအာင္ျမင့္ဟာ ၂၀၂၁ ၾသဂုတ္လ ၁၅ ရက္ေန႔က ဧည့္စာရင္း စစ္ရာကေန ဖမ္းဆီးခံခဲ့ရတာ ျဖစ္ပါတယ္။ လူမႈမီဒီယာေပၚမွာ ဦးစည္သူေအာင္ျမင့္ ေရးသားခ်က္ေတြက ႏိုင္ငံေတာ္နဲ႔ တပ္မေတာ္ ၿပိဳကြဲေအာင္လႈံ႕ေဆာ္ေရးသားမႈ ျဖစ္ေစခဲ့တယ္၊ ႏိုင္ငံေတာ္ကို အၾကည္ညိဳပ်က္တယ္လို႔ စစ္ေကာင္စီက စြပ္စြဲၿပီး တပ္မေတာ္ အၾကည္အညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅-က နဲ႔ အမႈ ၂ မႈ၊ ေနာက္ၿပီး ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေအာင္ ျပဳလုပ္မႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၁၂၄ (က) နဲ႔ ၁မႈ ေပါင္း ၃ မႈနဲ႔စစ္ေကာင္စီက တရားစြဲဆိုခဲ့ပါတယ္။ ပုဇြန္ေတာင္တရား႐ုံးမွာ တရားစြဲခဲ့တဲ့ ၅၀၅-က အမႈအတြက္ ေအာက္တိုဘာ ၇ ရက္ေန႔က ေထာင္ဒဏ္ ၃ ႏွစ္ခ်ထားၿပီးမို႔ အခုဆို စုစုေပါင္း ေထာင္ဒဏ္ ၅ ႏွစ္ ခ်ခံထားရပါတယ္။ ဆက္လက္စစ္ေဆးေနတဲ့ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ အမႈစစ္ေဆးၾကားနာမႈအေျခအေနကိုလည္း သူ႔ေရွ႕ေနက ခုလိုေျပာပါတယ္။

“ေနာက္အမႈကေတာ့ ဆရာ့ရဲ႕ ခံျပသက္ေသေပါ့ေနာ္။ ခံျပသက္ေသတေယာက္ က်န္တယ္။ အဲဒါက မထက္ထက္ ခိုင္ေပါ့ေနာ္။ သူ႔ကိုေထာင္ထုတ္အမိန႔္နဲ႔ထုတ္ခိုင္းတာ။ ၿပီးခဲ့တဲ့အပတ္ကလည္း ေထာင္ကမထုတ္ေပးဘူးေပါ့ေနာ္၊ တရားသူႀကီးကေတာ့ ဒီတပတ္ထုတ္ေပးမယ္ေပါ့ေနာ္။ ဆိုေတာ့ မနက္ျဖန္႐ုံးခ်ိန္းရွိတယ္။
႐ုံးခ်ိန္းခံျပသက္ေသ ထြက္လာႏိုင္ရင္ေတာ့ စစ္ရမွာေပါ့။ မထုတ္ေပးဘူးဆိုရင္ေတာ့ ပယ္ရေတာ့မွာေပါ့။ ေထာင္ကမထုတ္ေပးဘူးဆိုရင္ေပါ့ေလ။ ပယ္ရရင္ေတာ့ ေနာက္တခ်ိန္းက်ရင္ အမိန႔္ခ်မယ္ေပါ့။”

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းကတည္းက ျပည္တြင္း မီဒီယာ ၁၀ ခုေက်ာ္ကို တရားဝင္ထုတ္ေဝခြင့္ ပိတ္သိမ္းခဲ့သလို သတင္းသမား ရာဂဏန္း ဖမ္းဆီးခံ၊ တရားစြဲခံခဲ့ရပါတယ္။ သတင္းသမားေတြ မွတ္တမ္းျပဳစုထားတဲ့ စာရင္းအရ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလကေန ဒီႏွစ္ ႏိုဝင္ဘာလအထိ တႏိုင္ငံလုံးမွာ သတင္းသမားအေယာက္ ၁၅၀ နီးပါး ဖမ္းဆီးခံခဲ့ရပါတယ္။ အခုႏိုဝင္ဘာလ ေနာက္ဆုံးစာရင္းအရ ဖမ္းဆီးခံအေယာက္ ၁၅၀ နီးပါးထဲမွာ အေယာက္ ၉၀ ေက်ာ္ ျပန္လြတ္ခဲ့ၿပီး လက္ရွိ သတင္းေထာက္ အေယာက္ ၅၀ နီးပါး အက်ဥ္းေထာင္အသီးသီးမွာ ဆက္လက္ အက်ဥ္းက်ခံေနရဆဲျဖစ္ပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ သတင္းသမားေတြ အဖမ္းခံရတဲ့ အေရအတြက္နဲ႔ ပတ္သက္လို႔ ဝန္ခံတာ၊ အတည္ျပဳခ်က္ တစုံတရာေပးတာမ်ိဳး မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

=======================

[[Unicode]]

ဦးစည်သူအောင်မြင့်ကို အလုပ်နဲ့ထောင်ဒဏ် ၂ နှစ် ထပ်ချ

ဗွီအိုအေမြန်မာပိုင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးဖြစ်သူ ဦးစည်သူအောင်မြင့်ကို တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ တရားစွဲထားတဲ့အမှု ၁ ခုအတွက် အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။ ၅၀၅-က အမှုနဲ့ပဲ အောက် တိုဘာလက ၃ နှစ် ပြစ်ဒဏ်ချခံထားရတာကြောင့် အခုဆို စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ဖြစ်သွားပါပြီ။ ဦးစည်သူအောင်မြင့် အမှု နောက်ဆုံးအခြေအနေ ရန်ကုန်ကပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဦးစည်သူအောင်မြင့်အပေါ် ဗဟန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့တဲ့ တပ်မတော် ပြိုကွဲအောင်လှုံ့ဆော်မှု ၅၀၅-က အမှုအတွက် ဒီနေ့ အင်းစိန်အကျဉ်းထောင်တွင်း ဗဟန်းမြို့နယ် အထူးတရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ချခဲ့ပါတယ်။ ထောင်ဒဏ်နဲ့ပတ်သက်လို့ ဦးစည်သူအောင်မြင့်ရဲ့ရှေ့နေက ဗွီအိုအေမြန်မာပိုင်းကို ခုလိုပြောပါတယ်။

“ဒီကနေ့ ဆရာ့ကိုက ဗဟန်းရုံးကနေ ၅၀၅-ကနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်။ ချုပ်ရက်တွေနဲ့ထုတ်နုတ် ခံစားစေဆိုပြီးတော့လေ။ အလုပ်နဲ့ထောင်ဒဏ်ပေါ့။ ဆရာကတော့ အမှုကိုအယူခံတက်ဖို့ ပြောထားတာရှိတယ်ပေါ့။ ဆရာနေကောင်းပါတယ်။”

ဗွီအိုအေမြန်မာပိုင်းအတွက် ပင်တိုင်ဆောင်းပါးရေးသားပေးသလို Frontier Myanmar နဲ့ Myanmar Now သတင်းဌာနတွေအတွက်ကိုလည်း ဆောင်းပါးတွေ ရေးသားခဲ့တဲ့ စည်သူအောင်မြင့်ဟာ ၂၀၂၁ သြဂုတ်လ ၁၅ ရက်နေ့က ဧည့်စာရင်း စစ်ရာကနေ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ လူမှုမီဒီယာပေါ်မှာ ဦးစည်သူအောင်မြင့် ရေးသားချက်တွေက နိုင်ငံတော်နဲ့ တပ်မတော် ပြိုကွဲအောင်လှုံ့ဆော်ရေးသားမှု ဖြစ်စေခဲ့တယ်၊ နိုင်ငံတော်ကို အကြည်ညိုပျက်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး တပ်မတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ အမှု ၂ မှု၊ နောက်ပြီး နိုင်ငံတော် အကြည်ညိုပျက်အောင် ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) နဲ့ ၁မှု ပေါင်း ၃ မှုနဲ့စစ်ကောင်စီက တရားစွဲဆိုခဲ့ပါတယ်။ ပုဇွန်တောင်တရားရုံးမှာ တရားစွဲခဲ့တဲ့ ၅၀၅-က အမှုအတွက် အောက်တိုဘာ ၇ ရက်နေ့က ထောင်ဒဏ် ၃ နှစ်ချထားပြီးမို့ အခုဆို စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ချခံထားရပါတယ်။ ဆက်လက်စစ်ဆေးနေတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု အမှုစစ်ဆေးကြားနာမှုအခြေအနေကိုလည်း သူ့ရှေ့နေက ခုလိုပြောပါတယ်။

“နောက်အမှုကတော့ ဆရာ့ရဲ့ ခံပြသက်သေပေါ့နော်။ ခံပြသက်သေတယောက် ကျန်တယ်။ အဲဒါက မထက်ထက် ခိုင်ပေါ့နော်။ သူ့ကိုထောင်ထုတ်အမိန့်နဲ့ထုတ်ခိုင်းတာ။ ပြီးခဲ့တဲ့အပတ်ကလည်း ထောင်ကမထုတ်ပေးဘူးပေါ့နော်၊ တရားသူကြီးကတော့ ဒီတပတ်ထုတ်ပေးမယ်ပေါ့နော်။ ဆိုတော့ မနက်ဖြန်ရုံးချိန်းရှိတယ်။
ရုံးချိန်းခံပြသက်သေ ထွက်လာနိုင်ရင်တော့ စစ်ရမှာပေါ့။ မထုတ်ပေးဘူးဆိုရင်တော့ ပယ်ရတော့မှာပေါ့။ ထောင်ကမထုတ်ပေးဘူးဆိုရင်ပေါ့လေ။ ပယ်ရရင်တော့ နောက်တချိန်းကျရင် အမိန့်ချမယ်ပေါ့။”

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြည်တွင်း မီဒီယာ ၁၀ ခုကျော်ကို တရားဝင်ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို သတင်းသမား ရာဂဏန်း ဖမ်းဆီးခံ၊ တရားစွဲခံခဲ့ရပါတယ်။ သတင်းသမားတွေ မှတ်တမ်းပြုစုထားတဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီနှစ် နိုဝင်ဘာလအထိ တနိုင်ငံလုံးမှာ သတင်းသမားအယောက် ၁၅၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ အခုနိုဝင်ဘာလ နောက်ဆုံးစာရင်းအရ ဖမ်းဆီးခံအယောက် ၁၅၀ နီးပါးထဲမှာ အယောက် ၉၀ ကျော် ပြန်လွတ်ခဲ့ပြီး လက်ရှိ သတင်းထောက် အယောက် ၅၀ နီးပါး အကျဉ်းထောင်အသီးသီးမှာ ဆက်လက် အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ သတင်းသမားတွေ အဖမ်းခံရတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ ဝန်ခံတာ၊ အတည်ပြုချက် တစုံတရာပေးတာမျိုး မရှိပါဘူး။

XS
SM
MD
LG