သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စပါးတင္းတရာေဈး ၁၀ သိန္းေက်ာ္အထိ ေဈးတက္ 


ျမန္မာစပါး၊ ျမန္မာလယ္သမား။ (ယခင္မွတ္တမ္းဓာတ္ပံု)


[[Zawgyi/Unicode]]

ဧရာဝတီတိုင္းမွာ ဒီရက္ပိုင္း စပါးေဈး ေတာက္ေလွ်ာက္တက္လာၿပီး တင္းတရာကို ၁၀ သိန္းအထက္ ရေနတယ္လို႔ လယ္သမားေတြကေျပာပါတယ္။ အခုႏွစ္ကုန္က်စရိတ္ေၾကာင့္ စပါးေဈးေကာင္းဖို႔ လယ္သမားေတြက ဆက္ၿပီးေမွ်ာ္လင့္ထားပါတယ္။ ဒါေပမယ့္လည္း ဗဟိုဘဏ္ရဲ႕ပို႔ကုန္ ေဒၚလာဝယ္ယူေဈး အေျပာင္းအလဲအေပၚမူတည္ၿပီး လာမယ့္စပါးေဈး၊ ဆန္ေဈးရဲ႕အတက္အက်ကို အေျပာင္းအလဲျဖစ္လိမ့္မယ္လို႔ ဆန္ကုန္သည္ေတြဘက္က ခန႔္မွန္းထားပါတယ္။ ျပည္တြင္း ဆန္ေဈးကြက္အေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ဒီႏွစ္ ဓာတ္ေျမဩဇာနဲ႔ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆးကို လုံေလာက္ေအာင္ မဝယ္ယူႏိုင္တဲ့အတြက္ တဧကအထြက္ႏႈန္း သိသိသာသာက်သြားၿပီး စပါေဈး ေဈးေကာင္းရေနတယ္လို႔ ဧရာဝတီတိုင္းက လယ္သမားတခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ အရင္ႏွစ္က တင္း ၁၀၀ ကို ၆ သိန္းဝန္းက်င္ပဲရွိတဲ့ စပါးေဈးဟာ အခုႏွစ္မွာ တင္း ၁၀၀ ကို က်ပ္ ၁၀ သိန္းနဲ႔ ၁၃ သိန္းၾကားကို ေရာက္လာတယ္လို႔ ေျပာပါတယ္။ ဗမာႏိုင္ငံလုံးဆိုင္ရာ ေတာင္သူလယ္သမားမ်ားသမဂၢ ဧရာဝတီတိုင္းတာဝန္ခံ ဦးစန္းလင္းက ဆန္ထြက္ႏႈန္း အေျခအေနကို အခုလိုေျပာျပပါတယ္။

"ဆန္ထြက္ႏႈန္းကေလ်ာ့မယ္။ ေလ်ာ့မယ္ဆိုတာ ဆန္ကအရင္က (ေျမဩဇာ) ႏွစ္အိတ္ေလာက္ ေကြၽးရမယ့္ေနရာမွာ တအိတ္ေလာက္ပဲ ေကြၽးႏိုင္တယ္။ ေနာက္ၿပီး ေပါင္းသတ္ေဆးတို႔ဘာတို႔ ျဖန္းရတယ္ေလ။ အဲဒါေတြကေတာ့ ေလ်ာ့သြားေတာ့ အထြက္ကေတာ့ အနည္းနဲ႔အမ်ားေတာ့ ထိခိုက္မယ္။ အထြက္နည္းမယ္။ ဘယ္ေလာက္နည္းသြားမလဲဆိုတာကေတာ့ ေျပာလို႔မရဘူး။ ဟိုးအထက္ပိုင္းေတြဆိုရင္ ဆည္ေရေသာက္ ေႏြစပါးေတြဆိုေတာ့ တအားေကာင္းတာ အဲဘက္ကေတြက။ အဲဒါေတြက ဒီႏွစ္မလုပ္ႏိုင္ဘူးေလ။"

စပါးအထြက္နည္းသလို ဘဂၤလားေဒ့ရွ္ကို ဆန္တန္ခ်ိန္ တသိန္းေရာင္းခ်ဖို႔ မၾကာခင္က သေဘာတူညီခဲ့တဲ့အတြက္ လာမယ့္မိုးစပါးေဈးကလည္း အတက္ေဈးမွာပဲ ရွိလိမ့္မယ္လို႔ ဆန္ကုန္သည္တခ်ိဳ႕က ခန႔္မွန္းပါတယ္။

" အခုေနေပါ့ ၂၅ မွတ္ဆန္ ႐ိုး႐ိုးဆိုရင္ ၃၆၂ ေဒၚလာေလာက္ရွိတယ္။ ၃၆၂ ေဒၚလာနဲ႔ အခုလက္ရွိ ေဒၚလာေဈးနဲ႔ အခု local ဆန္ေဈးနဲ႔က မကိုက္ဘူးျဖစ္ေနတယ္။ (အိတ္စပို႔သမားေတြ)။ sea trade ကိုပ်က္စီးသြားတဲ့ပုံစံ ျဖစ္ေနတယ္။ sea trade ကိုသြားဖို႔ရာ နည္းနည္းေလး ခက္ေနတယ္။ အဲဒီ sea trade သြားလို႔မရေအာင္ ဘဂၤလားေဒ့ရွ္က ေထာက္ထားတာ။ ဒါေၾကာင့္စပါးေဈးက ပိုးစိုးပက္စက္ မက်ႏိုင္ေတာ့ဘူး။"

လက္ရွိမွာ ဆန္ပို႔ကုန္လုပ္ငန္းရွင္ေတြက ဗဟိုဘဏ္ရဲ႕ ပို႔ကုန္ေဒၚလာ ဝယ္ယူႏႈန္း၊ ေဒၚလာေငြလဲႏႈန္းအေပၚ အေျခခံတဲ့ ကြာဟခ်က္ေၾကာင့္ ပို႔ကုန္ရပ္နားထားၾကပါတယ္။ ျပင္ပ တရားမဝင္ေဈးကြက္မွာ တေဒၚလာကို ျမန္မာက်ပ္ေငြ ၃,၀၀၀ နဲ႔ အေရာင္းအဝယ္လုပ္ေနၾကေပမဲ့လည္း ဗဟိုဘဏ္ကေတာ့ ပို႔ ကုန္ကရတဲ့ ေဒၚလာကို က်ပ္ ၂,၁၀၀ နဲ႔ပဲဝယ္ယူေနတာေၾကာင့္ လို႔ ဆန္ကုန္သည္ အသိုင္းအဝိုင္းက ေျပာပါတယ္။ တကယ္လို႔ ပို႔ကုန္သမားေတြက လက္ရွိစပါးေပါက္ေဈးကို ႏွိမ္ၿပီးဝယ္ယူလာတာျဖစ္ေစ၊ ဗဟိုဘဏ္ရဲ႕ ေဒၚလာေဈးသတ္မွတ္ႏႈန္းကို အေျပာင္းအလဲလုပ္ရင္ျဖစ္ေစ ဒါေတြအားလုံးက လက္ရွိစပါးေဈးအေပၚမွာ အေျပာင္းအလဲေတြ သက္ေရာက္လာႏိုင္တယ္လို႔ လယ္သမား ဦးစန္းလင္းက ေျပာပါတယ္။

" အခုေပါက္ေနတဲ့ စပါးေဈးေပါ့ဗ်ာ အဲဒီေဈးနဲ႔သူတို႔တင္လို႔ သူတို႔ျပန္ရမယ့္ေငြက မကိုက္ေလာက္ဘူး၊ အဲဒါေၾကာင့္။ မကိုက္ရင္ ကိုက္ေအာင္ဝယ္ေတာ့မွာေလ၊ အခုကစပါးက ေဈးကြက္စီးပြားေရးဆိုေပမယ့္ လူနည္းစု လက္တဆုပ္စာပဲရွိေတာ့ သူတို႔က ဒီေဈးကိုကိုင္လႈပ္ေနတာ။ သူတို႔ကိုက္ေအာင္ဝယ္မွာပဲ ဝယ္ရင္ေတာ့ စပါးေဈးကက်မွာ က်ေနာ္ျမင္တာက။ အဲဒါက ဘာေၾကာင့္လဲဆိုရင္ (ဗဟိုဘဏ္ရဲ႕ ပို႔ကုန္ေဒၚလာဝယ္ေဈး) ၂,၁၀၀ ေၾကာင့္။"

ဆန္ၾကမ္းေဈးက လက္ကားေဈးက တအိတ္ကို က်ပ္ ၄၈,၀၀၀ ရွိၿပီး ေ႐ႊဘိုေပၚဆန္းေမႊးက တအိတ္ကိုက်ပ္ ၉၅,၀၀၀ ရွိပါတယ္။ လက္လီေဈးကြက္ထဲမွာေတာ့ ေ႐ႊဘိုေပၚဆန္းေမႊးတအိတ္က က်ပ္ ၁ သိန္းအထက္မွာ ရွိပါတယ္။

ေဒသတြင္း ဆန္ကုန္သည္ေတြကေတာ့ ၿပီးခဲ့တဲ့ လပိုင္းေတြအတြင္း အိႏၵိယႏိုင္ငံက ဆန္ကြဲ ျပည္ပ တင္ပို႔မႈအားလုံးကို ပိတ္ပင္လိုက္ၿပီး ဆန္မ်ိဳးစုံ ျပည္ပ တင္ပို႔မႈအေပၚ အခြန္ ၂၀ ရာခိုင္ႏႈန္း စည္းၾကပ္လိုက္တဲ့အတြက္ ျမန္မာႏိုင္ငံအပါအဝင္ ေဒသတဝွမ္းမွာ ဆန္ေဈးေတြ ထပ္တက္ႏိုင္တယ္လို႔ ခန႔္မွန္း တြက္ဆထားၾကပါတယ္။

စပါးတင္းတရာေဈး ၁၀ သိန္းေက်ာ္အထိ ေဈးတက္.mp3
please wait

No media source currently available

0:00 0:03:24 0:00
တိုက္႐ိုက္ လင့္ခ္

===============
[[Unicode]]

စပါးတင်းတရာဈေး ၁၀ သိန်းကျော်အထိ ဈေးတက်

ဧရာဝတီတိုင်းမှာ ဒီရက်ပိုင်း စပါးဈေး တောက်လျှောက်တက်လာပြီး တင်းတရာကို ၁၀ သိန်းအထက် ရနေတယ်လို့ လယ်သမားတွေကပြောပါတယ်။ အခုနှစ်ကုန်ကျစရိတ်ကြောင့် စပါးဈေးကောင်းဖို့ လယ်သမားတွေက ဆက်ပြီးမျှော်လင့်ထားပါတယ်။ ဒါပေမယ့်လည်း ဗဟိုဘဏ်ရဲ့ပို့ကုန် ဒေါ်လာဝယ်ယူဈေး အပြောင်းအလဲအပေါ်မူတည်ပြီး လာမယ့်စပါးဈေး၊ ဆန်ဈေးရဲ့အတက်အကျကို အပြောင်းအလဲဖြစ်လိမ့်မယ်လို့ ဆန်ကုန်သည်တွေဘက်က ခန့်မှန်းထားပါတယ်။ ပြည်တွင်း ဆန်ဈေးကွက်အကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒီနှစ် ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးကို လုံလောက်အောင် မဝယ်ယူနိုင်တဲ့အတွက် တဧကအထွက်နှုန်း သိသိသာသာကျသွားပြီး စပါဈေး ဈေးကောင်းရနေတယ်လို့ ဧရာဝတီတိုင်းက လယ်သမားတချို့က ဗွီအိုအေကို ပြောပါတယ်။ အရင်နှစ်က တင်း ၁၀၀ ကို ၆ သိန်းဝန်းကျင်ပဲရှိတဲ့ စပါးဈေးဟာ အခုနှစ်မှာ တင်း ၁၀၀ ကို ကျပ် ၁၀ သိန်းနဲ့ ၁၃ သိန်းကြားကို ရောက်လာတယ်လို့ ပြောပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများသမဂ္ဂ ဧရာဝတီတိုင်းတာဝန်ခံ ဦးစန်းလင်းက ဆန်ထွက်နှုန်း အခြေအနေကို အခုလိုပြောပြပါတယ်။

"ဆန်ထွက်နှုန်းကလျော့မယ်။ လျော့မယ်ဆိုတာ ဆန်ကအရင်က (မြေဩဇာ) နှစ်အိတ်လောက် ကျွေးရမယ့်နေရာမှာ တအိတ်လောက်ပဲ ကျွေးနိုင်တယ်။ နောက်ပြီး ပေါင်းသတ်ဆေးတို့ဘာတို့ ဖြန်းရတယ်လေ။ အဲဒါတွေကတော့ လျော့သွားတော့ အထွက်ကတော့ အနည်းနဲ့အများတော့ ထိခိုက်မယ်။ အထွက်နည်းမယ်။ ဘယ်လောက်နည်းသွားမလဲဆိုတာကတော့ ပြောလို့မရဘူး။ ဟိုးအထက်ပိုင်းတွေဆိုရင် ဆည်ရေသောက် နွေစပါးတွေဆိုတော့ တအားကောင်းတာ အဲဘက်ကတွေက။ အဲဒါတွေက ဒီနှစ်မလုပ်နိုင်ဘူးလေ။"

စပါးအထွက်နည်းသလို ဘင်္ဂလားဒေ့ရှ်ကို ဆန်တန်ချိန် တသိန်းရောင်းချဖို့ မကြာခင်က သဘောတူညီခဲ့တဲ့အတွက် လာမယ့်မိုးစပါးဈေးကလည်း အတက်ဈေးမှာပဲ ရှိလိမ့်မယ်လို့ ဆန်ကုန်သည်တချို့က ခန့်မှန်းပါတယ်။

" အခုနေပေါ့ ၂၅ မှတ်ဆန် ရိုးရိုးဆိုရင် ၃၆၂ ဒေါ်လာလောက်ရှိတယ်။ ၃၆၂ ဒေါ်လာနဲ့ အခုလက်ရှိ ဒေါ်လာဈေးနဲ့ အခု local ဆန်ဈေးနဲ့က မကိုက်ဘူးဖြစ်နေတယ်။ (အိတ်စပို့သမားတွေ)။ sea trade ကိုပျက်စီးသွားတဲ့ပုံစံ ဖြစ်နေတယ်။ sea trade ကိုသွားဖို့ရာ နည်းနည်းလေး ခက်နေတယ်။ အဲဒီ sea trade သွားလို့မရအောင် ဘင်္ဂလားဒေ့ရှ်က ထောက်ထားတာ။ ဒါကြောင့်စပါးဈေးက ပိုးစိုးပက်စက် မကျနိုင်တော့ဘူး။"

လက်ရှိမှာ ဆန်ပို့ကုန်လုပ်ငန်းရှင်တွေက ဗဟိုဘဏ်ရဲ့ ပို့ကုန်ဒေါ်လာ ဝယ်ယူနှုန်း၊ ဒေါ်လာငွေလဲနှုန်းအပေါ် အခြေခံတဲ့ ကွာဟချက်ကြောင့် ပို့ကုန်ရပ်နားထားကြပါတယ်။ ပြင်ပ တရားမဝင်ဈေးကွက်မှာ တဒေါ်လာကို မြန်မာကျပ်ငွေ ၃,၀၀၀ နဲ့ အရောင်းအဝယ်လုပ်နေကြပေမဲ့လည်း ဗဟိုဘဏ်ကတော့ ပို့ ကုန်ကရတဲ့ ဒေါ်လာကို ကျပ် ၂,၁၀၀ နဲ့ပဲဝယ်ယူနေတာကြောင့် လို့ ဆန်ကုန်သည် အသိုင်းအဝိုင်းက ပြောပါတယ်။ တကယ်လို့ ပို့ကုန်သမားတွေက လက်ရှိစပါးပေါက်ဈေးကို နှိမ်ပြီးဝယ်ယူလာတာဖြစ်စေ၊ ဗဟိုဘဏ်ရဲ့ ဒေါ်လာဈေးသတ်မှတ်နှုန်းကို အပြောင်းအလဲလုပ်ရင်ဖြစ်စေ ဒါတွေအားလုံးက လက်ရှိစပါးဈေးအပေါ်မှာ အပြောင်းအလဲတွေ သက်ရောက်လာနိုင်တယ်လို့ လယ်သမား ဦးစန်းလင်းက ပြောပါတယ်။

" အခုပေါက်နေတဲ့ စပါးဈေးပေါ့ဗျာ အဲဒီဈေးနဲ့သူတို့တင်လို့ သူတို့ပြန်ရမယ့်ငွေက မကိုက်လောက်ဘူး၊ အဲဒါကြောင့်။ မကိုက်ရင် ကိုက်အောင်ဝယ်တော့မှာလေ၊ အခုကစပါးက ဈေးကွက်စီးပွားရေးဆိုပေမယ့် လူနည်းစု လက်တဆုပ်စာပဲရှိတော့ သူတို့က ဒီဈေးကိုကိုင်လှုပ်နေတာ။ သူတို့ကိုက်အောင်ဝယ်မှာပဲ ဝယ်ရင်တော့ စပါးဈေးကကျမှာ ကျနော်မြင်တာက။ အဲဒါက ဘာကြောင့်လဲဆိုရင် (ဗဟိုဘဏ်ရဲ့ ပို့ကုန်ဒေါ်လာဝယ်ဈေး) ၂,၁၀၀ ကြောင့်။"

ဆန်ကြမ်းဈေးက လက်ကားဈေးက တအိတ်ကို ကျပ် ၄၈,၀၀၀ ရှိပြီး ရွှေဘိုပေါ်ဆန်းမွှေးက တအိတ်ကိုကျပ် ၉၅,၀၀၀ ရှိပါတယ်။ လက်လီဈေးကွက်ထဲမှာတော့ ရွှေဘိုပေါ်ဆန်းမွှေးတအိတ်က ကျပ် ၁ သိန်းအထက်မှာ ရှိပါတယ်။

ဒေသတွင်း ဆန်ကုန်သည်တွေကတော့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အိန္ဒိယနိုင်ငံက ဆန်ကွဲ ပြည်ပ တင်ပို့မှုအားလုံးကို ပိတ်ပင်လိုက်ပြီး ဆန်မျိုးစုံ ပြည်ပ တင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်လိုက်တဲ့အတွက် မြန်မာနိုင်ငံအပါအဝင် ဒေသတဝှမ်းမှာ ဆန်ဈေးတွေ ထပ်တက်နိုင်တယ်လို့ ခန့်မှန်း တွက်ဆထားကြပါတယ်။

XS
SM
MD
LG