သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စပါးေဈးတက္ေနေပမဲ့ ဝယ္လိုအားေကာင္းေန 


[[Zawgyi/Unicode]]

စပါးေဈးတက္ေနေပမဲ့ ဝယ္လိုအားေကာင္းေန

ျမန္မာႏိုင္ငံမွာစပါးေဈးေတြျပန္တက္ေနတာ အခုလက္ရွိ တင္း ၁၀၀ ကို ၁၃ သိန္းအထက္မွာ ရွိေနပါတယ္။ ႏိုဝင္ဘာလကုန္ပိုင္းက တင္း ၁၀၀ ကို က်ပ္ ၈ သိန္းအထိ ေဈးက်ခဲ့တာကေန ျပန္တက္လာခဲ့တာပါ။ စပါးေဈးတက္ေနေပမဲ့ ဝယ္လိုအားမ်ားေနတဲ့အေၾကာင္း ရန္ကုန္ကေပးပို႔လာတဲ့ ဒီသတင္းေပးပို႔ခ်က္ကို ကိုဝင္းခန႔္ေမာင္က တင္ျပေပးထားပါတယ္။

ေအာက္တိုဘာလကုန္ပိုင္းမွာ စပါးေဈး ၈ သိန္းအထိ က်ဆင္းသြားခဲ့ေပမဲ့ အခုႏိုဝင္ဘာအစမွာ တင္းတရာကို ၁၃ သိန္းအထက္ ေရာက္လာပါတယ္။ အဓိကေတာ့ လယ္တဧက ကုန္က်စရိတ္ကာမိဖို႔ လယ္သမားေတြက အရင္းေက်ႏိုင္မယ့္ ေဈးတန္းတခုကိုကိုင္ၿပီး ေရာင္းခ်လာတာပါ။ ဒီအေျခအေနကို ပဲခူးတိုင္း၊ အုတ္တြင္းၿမိဳ႕နယ္ဘက္က လယ္သမားတေယာက္က အခုလိုေျပာပါတယ္။

"စက္ပိုင္ေတြကလည္း ေဈးႀကီးေပးၿပီးေတာ့ ဝယ္လိုက္ရၿပီ။ ေရာင္းတဲ့သူေတြ၊ ေလွာင္တဲ့သူေတြကလည္း ၇ လ၊ ၈ လေလာက္ ေအာင္းထားတဲ့အျမတ္တြက္နဲ႔ တြက္ၾကည့္မယ္ဆိုရင္ သူတို႔သည္ (တင္းတရာကို) ၁၅ သိန္းေလာက္မျဖစ္ရင္ မေရာင္းေလာက္ဘူးလို႔ က်ေနာ္က ျမင္တာေပါ့ေလ။ ေတာင္သူေတြက သြင္းအားစု မ်ားတယ္ဗ်ာ။ ေျမဩဇာေဈးရွိမယ္၊ ထြန္ယက္စရိတ္၊ ေကာက္စိုက္စရိတ္၊ ေပါင္းႏႈတ္စရိတ္ေတြရွိမယ္။ ဒီစရိတ္ေတြအကုန္လုံး ေပါင္းလိုက္တဲ့အခါက်ေတာ့ ေတာင္သူကကိုင္ထားတဲ့ ေဈးတန္းေပါ့ေနာ္၊ ဒါတဦးတေယာက္တည္းေတာ့ မဟုတ္ဘူးေပါ့ေနာ္။ အမ်ားက ေတာင္သူေတြ ဆုပ္ကိုင္ထားတဲ့ အေနအထားေပါ့ေနာ္။"

စပါးေဈးတက္ေနေပမယ့္ ဝယ္လိုအားမ်ားေနတယ္လို႔ ဆန္စက္လုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။ ျပည္တြင္းမွာ ေမြးျမဴေရးလုပ္ငန္းေတြ ပိုမ်ားလာတဲ့အတြက္ ဆန္ၾကမ္းဝယ္လိုအားက မ်ားေနပါတယ္။ မႏွစ္က တင္းတရာကို က်ပ္ ၈ သိန္းပဲရွိခဲ့တဲ့ ဆင္းသုခစပါးက အခု ၁၃ သိန္းဝန္းက်င္ကို ေရာက္လာေၾကာင္း မႏၲေလးတိုင္းက စပါးကုန္သည္တဦးက ေျပာပါတယ္။

"အဓိကေတာ့ ၾကက္စာစက္႐ုံေတြကလည္း ဆန္ၾကမ္းေပါ့ေနာ္၊ အဲဒီေနရာေတြကို သုံးေနေတာ့ အဝယ္တအားလိုက္ေနတာ။ ဥစားၾကက္ေတြေရာ၊ သားစားၾကက္ေတြေရာ။ ဒီေကာင္ေတြက တအားဝယ္ေနေတာ့ ေဘးကကုန္ၾကမ္းမဝင္ေတာ့ ကိုယ့္ႏိုင္ငံကကုန္ၾကမ္းကို တအားသုံးေနေတာ့ ေဈးတက္လာတာ။"

ပုံမွန္ဆိုရင္ မိုးစပါးလႈိင္လႈိင္စေပၚတာနဲ႔ စပါးေဈးက်ေလ့ရွိေပမဲ့ ဒီႏွစ္မွာေတာ့ ခဏျပဳတ္က်သြားၿပီး ခ်က္ခ်င္း ေဈးျပန္ေကာင္းလာတာလို႔ ဧရာဝတီတိုင္းက ဆန္စက္ပိုင္ရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

"ဆယ္သိန္းေအာက္ကို မတရား ထိုးဆင္းသြားၾကေသးတယ္ေလ။ အဲထဲကမွ ျပန္တက္လာေတာ့ က်ေနာ္တို႔လည္း နည္းနည္း ခံသာသြားတာေပါ့။ လက္ရွိကေတာ့ ဒီႏႈန္းအတိုင္း ဆိုရင္ေတာ့ လယ္သမားေတြအားလုံး အသက္ရွဴနည္းနည္းေခ်ာင္တယ္။ ဒီထက္က်ရင္ေတာ့ဝယ္ထားတဲ့ ဓာတ္ေျမဩဇာေဈးက မႏွစ္ကေဈးထက္ သုံးဆျဖစ္ေနတာကို တို႔သိၾကတယ္ေလ။"

မႏွစ္က မိုးစပါးေပၚခ်ိန္မွာ တင္းတရာကို ၆ သိန္းဝန္းက်င္ျဖစ္ၿပီး အဲဒီေနာက္ ၁၂ သိန္းအထိ ေနာက္ပိုင္းမွာ တက္ခဲ့ပါတယ္။ အခုစပါးေပၚစမွာ ၁၀ သိန္းအထက္ ေပးဝယ္ေနတဲ့အတြက္ စပါးေဈးကို ခန႔္မွန္းလို႔ မရေသးပါဘူး။ တ႐ုတ္ဘက္က ဆန္ဝယ္အားေလ်ာ့သြားေပမယ့္ ဘဂၤလားေဒ့ရွ္က ဆန္တန္ခ်ိန္၂ သိန္းခြဲနဲ႔ ေပါင္းဆန္တန္ခ်ိန္ ၅ ေသာင္းကို ဝယ္ယူဖို႔ ျမန္မာနဲ႔ MoU မၾကာေသးခင္က ေရးထိုးခဲ့ပါတယ္။ ၂၀၂၇ ခုႏွစ္အထိ ႏွစ္တိုင္း အသုတ္လိုက္ခြဲၿပီး ဝယ္ယူထားတာပါ။ အခု ၂၀၂၂ ႏွစ္ ေအာက္တိုဘာ ၃၁ အထိ ဆန္တန္ခ်ိန္ ၂ ေသာင္းကို ဘဂၤလားေဒ့ရွ္ကို တင္ပို႔ခဲ့တယ္လို႔ ဆန္လုပ္ငန္းရွင္အသင္းက ထုတ္ျပန္ထားပါတယ္။

စပါးေဈးတက္ေနေပမဲ့ ဝယ္လိုအားေကာင္းေန.mp3
please wait

No media source currently available

0:00 0:02:39 0:00
တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

စပါးဈေးတက်နေပေမဲ့ ဝယ်လိုအားကောင်းနေ

မြန်မာနိုင်ငံမှာစပါးဈေးတွေပြန်တက်နေတာ အခုလက်ရှိ တင်း ၁၀၀ ကို ၁၃ သိန်းအထက်မှာ ရှိနေပါတယ်။ နိုဝင်ဘာလကုန်ပိုင်းက တင်း ၁၀၀ ကို ကျပ် ၈ သိန်းအထိ ဈေးကျခဲ့တာကနေ ပြန်တက်လာခဲ့တာပါ။ စပါးဈေးတက်နေပေမဲ့ ဝယ်လိုအားများနေတဲ့အကြောင်း ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းပေးပို့ချက်ကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

အောက်တိုဘာလကုန်ပိုင်းမှာ စပါးဈေး ၈ သိန်းအထိ ကျဆင်းသွားခဲ့ပေမဲ့ အခုနိုဝင်ဘာအစမှာ တင်းတရာကို ၁၃ သိန်းအထက် ရောက်လာပါတယ်။ အဓိကတော့ လယ်တဧက ကုန်ကျစရိတ်ကာမိဖို့ လယ်သမားတွေက အရင်းကျေနိုင်မယ့် ဈေးတန်းတခုကိုကိုင်ပြီး ရောင်းချလာတာပါ။ ဒီအခြေအနေကို ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ဘက်က လယ်သမားတယောက်က အခုလိုပြောပါတယ်။

"စက်ပိုင်တွေကလည်း ဈေးကြီးပေးပြီးတော့ ဝယ်လိုက်ရပြီ။ ရောင်းတဲ့သူတွေ၊ လှောင်တဲ့သူတွေကလည်း ၇ လ၊ ၈ လလောက် အောင်းထားတဲ့အမြတ်တွက်နဲ့ တွက်ကြည့်မယ်ဆိုရင် သူတို့သည် (တင်းတရာကို) ၁၅ သိန်းလောက်မဖြစ်ရင် မရောင်းလောက်ဘူးလို့ ကျနော်က မြင်တာပေါ့လေ။ တောင်သူတွေက သွင်းအားစု များတယ်ဗျာ။ မြေဩဇာဈေးရှိမယ်၊ ထွန်ယက်စရိတ်၊ ကောက်စိုက်စရိတ်၊ ပေါင်းနှုတ်စရိတ်တွေရှိမယ်။ ဒီစရိတ်တွေအကုန်လုံး ပေါင်းလိုက်တဲ့အခါကျတော့ တောင်သူကကိုင်ထားတဲ့ ဈေးတန်းပေါ့နော်၊ ဒါတဦးတယောက်တည်းတော့ မဟုတ်ဘူးပေါ့နော်။ အများက တောင်သူတွေ ဆုပ်ကိုင်ထားတဲ့ အနေအထားပေါ့နော်။"

စပါးဈေးတက်နေပေမယ့် ဝယ်လိုအားများနေတယ်လို့ ဆန်စက်လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ ပြည်တွင်းမှာ မွေးမြူရေးလုပ်ငန်းတွေ ပိုများလာတဲ့အတွက် ဆန်ကြမ်းဝယ်လိုအားက များနေပါတယ်။ မနှစ်က တင်းတရာကို ကျပ် ၈ သိန်းပဲရှိခဲ့တဲ့ ဆင်းသုခစပါးက အခု ၁၃ သိန်းဝန်းကျင်ကို ရောက်လာကြောင်း မန္တလေးတိုင်းက စပါးကုန်သည်တဦးက ပြောပါတယ်။

"အဓိကတော့ ကြက်စာစက်ရုံတွေကလည်း ဆန်ကြမ်းပေါ့နော်၊ အဲဒီနေရာတွေကို သုံးနေတော့ အဝယ်တအားလိုက်နေတာ။ ဥစားကြက်တွေရော၊ သားစားကြက်တွေရော။ ဒီကောင်တွေက တအားဝယ်နေတော့ ဘေးကကုန်ကြမ်းမဝင်တော့ ကိုယ့်နိုင်ငံကကုန်ကြမ်းကို တအားသုံးနေတော့ ဈေးတက်လာတာ။"

ပုံမှန်ဆိုရင် မိုးစပါးလှိုင်လှိုင်စပေါ်တာနဲ့ စပါးဈေးကျလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ ခဏပြုတ်ကျသွားပြီး ချက်ချင်း ဈေးပြန်ကောင်းလာတာလို့ ဧရာဝတီတိုင်းက ဆန်စက်ပိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"ဆယ်သိန်းအောက်ကို မတရား ထိုးဆင်းသွားကြသေးတယ်လေ။ အဲထဲကမှ ပြန်တက်လာတော့ ကျနော်တို့လည်း နည်းနည်း ခံသာသွားတာပေါ့။ လက်ရှိကတော့ ဒီနှုန်းအတိုင်း ဆိုရင်တော့ လယ်သမားတွေအားလုံး အသက်ရှူနည်းနည်းချောင်တယ်။ ဒီထက်ကျရင်တော့ဝယ်ထားတဲ့ ဓာတ်မြေဩဇာဈေးက မနှစ်ကဈေးထက် သုံးဆဖြစ်နေတာကို တို့သိကြတယ်လေ။"

မနှစ်က မိုးစပါးပေါ်ချိန်မှာ တင်းတရာကို ၆ သိန်းဝန်းကျင်ဖြစ်ပြီး အဲဒီနောက် ၁၂ သိန်းအထိ နောက်ပိုင်းမှာ တက်ခဲ့ပါတယ်။ အခုစပါးပေါ်စမှာ ၁၀ သိန်းအထက် ပေးဝယ်နေတဲ့အတွက် စပါးဈေးကို ခန့်မှန်းလို့ မရသေးပါဘူး။ တရုတ်ဘက်က ဆန်ဝယ်အားလျော့သွားပေမယ့် ဘင်္ဂလားဒေ့ရှ်က ဆန်တန်ချိန်၂ သိန်းခွဲနဲ့ ပေါင်းဆန်တန်ချိန် ၅ သောင်းကို ဝယ်ယူဖို့ မြန်မာနဲ့ MoU မကြာသေးခင်က ရေးထိုးခဲ့ပါတယ်။ ၂၀၂၇ ခုနှစ်အထိ နှစ်တိုင်း အသုတ်လိုက်ခွဲပြီး ဝယ်ယူထားတာပါ။ အခု ၂၀၂၂ နှစ် အောက်တိုဘာ ၃၁ အထိ ဆန်တန်ချိန် ၂ သောင်းကို ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ခဲ့တယ်လို့ ဆန်လုပ်ငန်းရှင်အသင်းက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG