သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စရခ၊ တပ်မ ၃၃ နဲ့ ၉၉ ကို ဗြိတိန်ဒဏ်ခတ် 


လူနေတိုက်ခန်းတွေဖက်သေနတ်နဲ့ချိန်နေကြတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်များ၊ မတ် ၄၊ ၂၀၂၁။
လူနေတိုက်ခန်းတွေဖက်သေနတ်နဲ့ချိန်နေကြတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်များ၊ မတ် ၄၊ ၂၀၂၁။

[[Zawgyi/Unicode]]

အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၊ တပ်မ (၃၃) နဲ့ (၉၉) ခြေမြန်တပ်မတွေကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ယူကေအစိုးရက ဒီကနေ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပါတယ်။

အရပ်သားပြည်သူတွေကိုဖိနှိပ်ပြီး မြန်မာနိုင်ငံတွင်း ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင်လုပ်ဆောင်တာ၊ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေကို နှောင့်ယှက်ဟန့်တားတာ၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်တဲ့လုပ်ရပ်တွေကြောင့် ခုလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တာဖြစ်တဲ့အကြောင်း ယူကေအစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာတဝန်း အကျင့်ပျက်ခြစားတဲ့ နိုင်ငံရေးသမားတွေ၊ ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်သူတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၃၀ ကို ပစ်မှတ်ထားအရေးယူတာမှာ မြန်မာ၊ အီရန်၊ ရုရှား၊ မာလီနဲ့ တောင်ဆူဒန်နိုင်ငံတွေက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ ပါဝင်တာဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ကျရောက်တဲ့ အကျင့်ပျက်ခြစားမှုပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာနေ့နဲ့ မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွေမှာ မဟာမိတ်နိုင်ငံတချို့နဲ့အတူ လက်တွဲပြီး ခုလို ကမ္ဘာတဝန်း အကျင့်ပျက်ခြစားသူတွေ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေအပေါ် ပစ်မှတ်ထားအရေးယူမှုတွေ တပြိုင်တည်းချမှတ်လုပ်ဆောင်တာဖြစ်တယ်လို့လည်း ယူကေအစိုးရက ပြောပါတယ်။

ဒီလို ဖော်ပြထားတဲ့အတိုင်းပဲ ကနေဒါအစိုးရကလည်း ဒီကနေ့ မြန်မာ၊ အီရန်နဲ့ ရုရှားနိုင်ငံတွေ အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ထပ်တိုး ချမှတ်လိုက်ပါတယ်။ မြန်မာစစ်တပ်ကို အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နိုင်အောင် စစ်တပ်အတွက် လက်နက်ဝယ်ယူရာမှာ အဓိက ပါဝင် ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၁၂ ဦး ကို ဒဏ်ခတ်ပိတ်ဆို့ လိုက်တဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အရပ်သား ပြည်သူတွေ နှိပ်စက် ညှင်းပမ်း သတ်ဖြတ်ခံရတာ၊ နိုင်ငံရေး အကျဉ်းသားတွေကို သေဒဏ်ကွက်မျက်တာ အပါအဝင် မတရား ဖမ်းဆီး နှိပ်စက်နေတာတွေအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=======================

[[Unicode]]








XS
SM
MD
LG