သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာပေနိုဘယ်လ်ဆု ပြင်သစ်စာရေးဆရာမ ရရှိ


၂၀၂၂ ခုနှစ် စာပေဆိုင်ရာ နိုဘယ်လ်ဆုရှင် ပြင်သစ်စာရေးဆရာမ Annie Ernaux
၂၀၂၂ ခုနှစ် စာပေဆိုင်ရာ နိုဘယ်လ်ဆုရှင် ပြင်သစ်စာရေးဆရာမ Annie Ernaux

[[Zawgyi/Unicode]]

ဒီနှစ် ၂၀၂၂ ခုနှစ်အတွက် စာပေဆိုင်ရာဆိုင်ရာ နိုဘယ်လ်ဆုကို ပြင်သစ်စာရေးဆရာမ Annie Ernaux ရရှိသွားပါတယ်။

ပင်ကိုယ်ဉာဏ်စွမ်း၊ ကွဲလွဲမှုနဲ့ အတားအဆီးတွေကို ဖော်ထုတ်ပေးနိုင်တဲ့ ရဲစွမ်းသတ္တိနဲ့ လက်တွေ့စွမ်းပကားတွေအတွက် စာရေးဆရာမ Annie Ernaux ကို နိုဘယ်လ်ဆုပေးဖို့ ရွေးချယ်တာလို့ ဆွီဒင် နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီရဲ့ အမြဲတမ်းအတွင်းဝန်က ကြေညာသွားတာဖြစ်ပါတယ်။

Ernaux ရဲ့ ရေးသားမှုတွေမှာ ကျား၊ မ၊ ဘာသာစကားနဲ့ လူတန်းစားကွဲပြားမှု ကွာဟချက်တွေကို မတူညီတဲ့ရှုထောင့်တွေကနေ တစိုက်မတ်မတ် ဆန်းစစ်ဖော်ပြခဲ့ဲပြီး သူ့ရဲ့ စာရေးဆရာဖြစ်တည်မှုဘဝကလည်း ရှည်လျားခက်ခဲတယ်လို့ ဆုရွေးချယ် ရေးအဖွဲ့က ရှင်းပြပါတယ်။ စာပေဆိုင်ရာ နိုဘယ်လ်ဆုအတွက် ဆုငွေ ဆွီဒင် ခရိုနာ ၁၀ သန်း (ဒေါ်လာ ၉ သိန်းနီးပါး) ကို ချီးမြှင့်ပေးမှာပါ။

စာပေဆိုင်ရာဆိုင်ရာ နိုဘယ်လ်ဆုကို ၁၉၀၁ ခုနှစ်က စချီးမြှင့်ခဲ့တာပါ။ ဒီဆုကို ပထမဆုံး အာရှကလက်ခံရရှိခဲ့သူကတော့ အိန္ဒိယနိုင်ငံက ကဗျာဆရာကြီး ရာဘင်ဒြာနတ်တဂိုး ဖြစ်ပြီး ၁၉၁၃ ခုနှစ်မှာ စာပေနိုဗယ်ဆုရရှိခဲ့ပါတယ်။

ဒီနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကိုတော့ မနက်ဖြန်သောကြာနေ့ မှာ ကြေညာမှာဖြစ်ပြီး စီးပွါးရေးဆိုင်ရာဆုကို အောက်တိုဘာ ၁၀ ရက် တနင်္လာနေ့ကျရင် ကြေညာမှာဖြစ်ပါတယ်။

ကပ်ရောဂါကြောင့် နှစ်နှစ်ကြာ ဆိုင်းငံ့ထားတဲ့ နိုဘယ်လ်ဆုပေးပွဲတွေကို ဒီနှစ်မှာတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကျရင် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာကျင်းပမှာဖြစ်ပြီး ဆုရသူတွေကိုယ်တိုင် တက်ရောက်ဆုယူနိုင်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]







XS
SM
MD
LG