သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဆာ္ဒီကို အီရန္တိုက္ခိုက္ဖို႔ျပင္ေနလို႔ ေထာက္လွမ္းေရးသတင္းရရွိ 


 အီရန္စစ္တပ္က ေလ့က်င့္ေရးအတြက္ျပင္ထားတဲ့ ဒ႐ုန္းမ်ား။ (ၾသဂုတ္ ၂၄၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ေဆာ္ဒီအာေရးဗီးယားႏိုင္ငံကို မၾကာမီအခ်ိန္အတြင္း တိုက္ခိုက္မႈတခုလုပ္ဖို႔ အီရန္က ျပင္ဆင္ေနတယ္ဆိုတဲ့သတင္းကို ေဆာ္ဒီေထာက္လွမ္းေရးက အေမရိကန္အရာရွိေတြကို ေပးပို႔ခဲ့တယ္လို႔ အေမရိကန္အရာရွိသုံးဦးကို ကိုးကားၿပီး AP သတင္းဌာနက ေဖာ္ျပပါတယ္။

အီရန္က ဆႏၵျပသူေတြကိုအၾကမ္းဖက္ႏွိမ္နင္းတာနဲ႔ ယူကရိန္းစစ္မွာ ႐ုရွားကို ဒ႐ုန္းေတြ ကူညီတာေတြအေပၚ အေမရိကန္အစိုးရက အီရန္ကို ေဝဖန္ေနခ်ိန္မွာပဲ အခုလို ေဆာ္ဒီကို တိုက္ခိုက္ႏိုင္ေျခရွိတယ္ဆိုတဲ့ စိုးရိမ္ခ်က္ေပၚထြက္လာတာပါ။

ဒီၿခိမ္းေျခာက္မႈဟာ စိုးရိမ္စရာရွိၿပီး ေဆာ္ဒီနဲ႔ စစ္ေရးနဲ႔ ေထာက္လွမ္းေရးအဆက္ အသြယ္ေတြကတဆင့္ အျပန္အလွန္ထိစပ္ထားတယ္လို႔ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီ ေၾကညာခ်က္မွာပါရွိပါတယ္။ ေဒသတြင္း အေမရိကန္အက်ိဳးစီးပြားနဲ႔ မဟာမိတ္ေတြကို ကာကြယ္ရာမွာ လက္တြန႔္ေနမွာမဟုတ္ဘူးလို႔ အဲဒီေၾကညာခ်က္မွာေဖာ္ျပပါတယ္။

ေဆာ္ဒီအေရးဗီးယားဘက္ကေတာ့ ဒါနဲ႔ပတ္သက္လို႔ တစုံတရာမွတ္ခ်က္ေပးေျပာတာမရွိပါဘူး။ ကုလသမဂၢဆိုင္ရာ အီရန္သံ႐ုံးကို ေအပီက ေမးျမန္းရာမွာေတာ့ အေျခအျမစ္မရွိဘူးလို႔ တုံ႔ျပန္ပါတယ္။ ေထာက္လွမ္းေရးသတင္းကို အတည္ျပဳေပးတဲ့ အေမရိကန္အရာရွိတဦး ေျပာဆိုရာမွာေတာ့ သိပ္မၾကာခင္ ဒါမွမဟုတ္ ၄၈ နာရီအတြင္း တိုက္ခိုက္မႈျဖစ္လာႏိုင္တယ္ဆိုတဲ့ ခိုင္လုံတဲ့ၿခိမ္းေျခာက္မႈရထားတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ အေရွ႕အလယ္ပိုင္းေဒသတြင္းမွာရွိတဲ့ အေမရိကန္သံ႐ုံးျဖစ္ေစ ေကာင္စစ္ဝန္႐ုံးကျဖစ္ေစ အေမရိကန္ႏိုင္ငံသားေတြအတြက္ ခရီးသြားသတိေပးခ်က္ ထုတ္တာမ်ိဳးေတာ့ မရွိပါဘူး။

ဒီေထာက္လွမ္းေရးသတင္းနဲ႔ပတ္သက္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနမွာ ေမးျမန္းေတာ့ အေမရိကန္စစ္ဘက္တာဝန္ရွိသူေတြအေနနဲ႔ ေဒသတြင္းၿခိမ္းေျခာက္မႈအေနနဲ႔ စိုးရိမ္ေၾကာင္း ကာကြယ္ေရးဌာန ေျပာခြင့္ရသူ ဗိုလ္မႉးခ်ဳပ္ Pat Ryder က တုံ႔ျပန္ပါတယ္။ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရသူ Ned Price ကလည္း အေျခအေနေတြကို စိုးရိမ္ေၾကာင္း တုံ႔ျပန္ေပမယ့္ အေသးစိတ္ေျပာဆိုတာမရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ဆော်ဒီကို အီရန်တိုက်ခိုက်ဖို့ပြင်နေလို့ ထောက်လှမ်းရေးသတင်းရရှိ

ဆော်ဒီအာရေးဗီးယားနိုင်ငံကို မကြာမီအချိန်အတွင်း တိုက်ခိုက်မှုတခုလုပ်ဖို့ အီရန်က ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကို ဆော်ဒီထောက်လှမ်းရေးက အမေရိကန်အရာရှိတွေကို ပေးပို့ခဲ့တယ်လို့ အမေရိကန်အရာရှိသုံးဦးကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြပါတယ်။

အီရန်က ဆန္ဒပြသူတွေကိုအကြမ်းဖက်နှိမ်နင်းတာနဲ့ ယူကရိန်းစစ်မှာ ရုရှားကို ဒရုန်းတွေ ကူညီတာတွေအပေါ် အမေရိကန်အစိုးရက အီရန်ကို ဝေဖန်နေချိန်မှာပဲ အခုလို ဆော်ဒီကို တိုက်ခိုက်နိုင်ခြေရှိတယ်ဆိုတဲ့ စိုးရိမ်ချက်ပေါ်ထွက်လာတာပါ။

ဒီခြိမ်းခြောက်မှုဟာ စိုးရိမ်စရာရှိပြီး ဆော်ဒီနဲ့ စစ်ရေးနဲ့ ထောက်လှမ်းရေးအဆက် အသွယ်တွေကတဆင့် အပြန်အလှန်ထိစပ်ထားတယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ကြေညာချက်မှာပါရှိပါတယ်။ ဒေသတွင်း အမေရိကန်အကျိုးစီးပွားနဲ့ မဟာမိတ်တွေကို ကာကွယ်ရာမှာ လက်တွန့်နေမှာမဟုတ်ဘူးလို့ အဲဒီကြေညာချက်မှာဖော်ပြပါတယ်။

ဆော်ဒီအရေးဗီးယားဘက်ကတော့ ဒါနဲ့ပတ်သက်လို့ တစုံတရာမှတ်ချက်ပေးပြောတာမရှိပါဘူး။ ကုလသမဂ္ဂဆိုင်ရာ အီရန်သံရုံးကို အေပီက မေးမြန်းရာမှာတော့ အခြေအမြစ်မရှိဘူးလို့ တုံ့ပြန်ပါတယ်။ ထောက်လှမ်းရေးသတင်းကို အတည်ပြုပေးတဲ့ အမေရိကန်အရာရှိတဦး ပြောဆိုရာမှာတော့ သိပ်မကြာခင် ဒါမှမဟုတ် ၄၈ နာရီအတွင်း တိုက်ခိုက်မှုဖြစ်လာနိုင်တယ်ဆိုတဲ့ ခိုင်လုံတဲ့ခြိမ်းခြောက်မှုရထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းဒေသတွင်းမှာရှိတဲ့ အမေရိကန်သံရုံးဖြစ်စေ ကောင်စစ်ဝန်ရုံးကဖြစ်စေ အမေရိကန်နိုင်ငံသားတွေအတွက် ခရီးသွားသတိပေးချက် ထုတ်တာမျိုးတော့ မရှိပါဘူး။

ဒီထောက်လှမ်းရေးသတင်းနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှာ မေးမြန်းတော့ အမေရိကန်စစ်ဘက်တာဝန်ရှိသူတွေအနေနဲ့ ဒေသတွင်းခြိမ်းခြောက်မှုအနေနဲ့ စိုးရိမ်ကြောင်း ကာကွယ်ရေးဌာန ပြောခွင့်ရသူ ဗိုလ်မှူးချုပ် Pat Ryder က တုံ့ပြန်ပါတယ်။ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price ကလည်း အခြေအနေတွေကို စိုးရိမ်ကြောင်း တုံ့ပြန်ပေမယ့် အသေးစိတ်ပြောဆိုတာမရှိပါဘူး။

XS
SM
MD
LG