သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆိုမာလီယာမွာ အငတ္ေဘးႀကဳံလုနီးျဖစ္ေန (ကုလသမဂၢ)


ငတ္မြတ္ေခါင္းပါးေဘးေၾကာင့္ အာဟာရဓာတ္ခ်ဳိ႕တဲ့ေနတဲ့ ရင္ေသြးေတြနဲ႔အတူ ျပည္တြင္းအိုးအိမ္စြန္႔ခြါလာၾကသူ မိခင္တဦး။ (စက္တင္ဘာ ၃၊ ၂၀၂၂)  

[[Zawgyi/Unicode]]

ဆိုမာလီယာႏိုင္ငံဟာ ငတ္မြတ္ေခါင္းပါးျခင္းကပ္ထဲ က်လုလုျဖစ္ေနၿပီလို႔ ကုလသမဂၢ လူသားခ်င္း စာနာေထာက္ထားေရး႐ုံးက ေျပာပါတယ္။

လူ ရွစ္သန္းနီးနီးက အကူအညီလိုအပ္ေနၿပီး ႏိုင္ငံတြင္းမွာ အိုးအိမ္ပစ္ ေ႐ႊ႕ေျပာင္းေနထိုင္ရသူ (အိုင္ဒီပီ) က တသန္းေက်ာ္ရွိတယ္လို႔ လူသားခ်င္းစာနာေထာက္ထားေရး ေပါင္းစပ္ညႇိဳႏႈိင္းေရး ဆိုမာလီ႐ုံး OCHA ရဲ႕အႀကီးအကဲ Ian Ridley က ေျပာပါတယ္။ ၂၀၂၀ ေအာက္တိုဘာကစၿပီး မိုးေခါင္ခဲ့တာျဖစ္တယ္လို႔ Ridley က ဗြီအိုေအ ဆိုမာလီဌာနကို ေျပာပါတယ္။

ဆိုမာလီမွာ မိုးရာသီစၿပီ ျဖစ္ေပမယ့္ ဒီႏွစ္ ေအာက္တိုဘာကေန ဒီဇင္ဘာလ အထိ မိုးရာသီမွာလည္း မိုးေခါင္ဖို႔ အလားအလာမ်ားမယ္လို႔ မိုးေလဝသပညာရွင္ေတြက ခန႔္မွန္းၾကေၾကာင္း Ridley က တနဂၤေႏြေန႔က ေျပာခဲ့တာပါ။

ဒါေၾကာင့္ အငတ္ေဘးအႏၲရာယ္က ပိုႀကီးမားလာပါတယ္လို႔ သူက ဆိုပါတယ္။ ဆိုမာလီမွာ ႀကဳံေတြ႕ေနရတဲ့စိန္ေခၚခ်က္ကေတာ့ လုံၿခဳံေရးနဲ႔ လိုအပ္ေနသူေတြ ကို လက္လွမ္းမီေရးပဲျဖစ္ေၾကာင္း၊ အစၥလာမ္ စစ္ေသြးႂကြအုပ္စု al-Shabab ေအာက္မွာ ေရာက္ေနၾကတဲ့ နယ္ေျမေတြကို လူသားခ်င္းစာနာေထာက္ထားေရး အကူအညီေပးဖို႔ စိုးရိမ္ရေၾကာင္း မစၥတာ Ridley က ေျပာပါတယ္။

ၿပီးခဲ့တဲ့အပတ္က Jubaland ျပည္နယ္မွာ ေရတြင္းတူးေနၾကသူ ၁၂ ေယာက္ ကို အစၥလာမ္ စစ္ေသြးႂကြအုပ္စု al-Shabab ကသတ္ခဲ့ၾကတယ္လို႔ အစိုးရ တာဝန္ရွိသူေတြက ေျပာပါတယ္။ အစိုးရနဲ႔ ဆန႔္က်င္သူေတြၾကား တိုက္ပြဲအတြင္းမွာ လူသားခ်င္းစာနာေထာက္ထားေရး ဝန္ထမ္းေတြ ပိတ္မိေနႏိုင္ပါတယ္လို႔ အမည္မေဖာ္လိုသူ လူသားခ်င္း စာနာေထာက္ထားေရးဝန္ထမ္းတဦးက ဗြီအိုေအကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ဆိုမာလီယာမှာ အငတ်ဘေးကြုံလုနီးဖြစ်နေ (ကုလသမဂ္ဂ)

ဆိုမာလီယာနိုင်ငံဟာ ငတ်မွတ်ခေါင်းပါးခြင်းကပ်ထဲ ကျလုလုဖြစ်နေပြီလို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးရုံးက ပြောပါတယ်။

လူ ရှစ်သန်းနီးနီးက အကူအညီလိုအပ်နေပြီး နိုင်ငံတွင်းမှာ အိုးအိမ်ပစ် ရွှေ့ပြောင်းနေထိုင်ရသူ (အိုင်ဒီပီ) က တသန်းကျော်ရှိတယ်လို့ လူသားချင်းစာနာထောက်ထားရေး ပေါင်းစပ်ညှိုနှိုင်းရေး ဆိုမာလီရုံး OCHA ရဲ့အကြီးအကဲ Ian Ridley က ပြောပါတယ်။ ၂၀၂၀ အောက်တိုဘာကစပြီး မိုးခေါင်ခဲ့တာဖြစ်တယ်လို့ Ridley က ဗွီအိုအေ ဆိုမာလီဌာနကို ပြောပါတယ်။

ဆိုမာလီမှာ မိုးရာသီစပြီ ဖြစ်ပေမယ့် ဒီနှစ် အောက်တိုဘာကနေ ဒီဇင်ဘာလ အထိ မိုးရာသီမှာလည်း မိုးခေါင်ဖို့ အလားအလာများမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းကြကြောင်း Ridley က တနင်္ဂနွေနေ့က ပြောခဲ့တာပါ။

ဒါကြောင့် အငတ်ဘေးအန္တရာယ်က ပိုကြီးမားလာပါတယ်လို့ သူက ဆိုပါတယ်။ ဆိုမာလီမှာ ကြုံတွေ့နေရတဲ့စိန်ခေါ်ချက်ကတော့ လုံခြုံရေးနဲ့ လိုအပ်နေသူတွေ ကို လက်လှမ်းမီရေးပဲဖြစ်ကြောင်း၊ အစ္စလာမ် စစ်သွေးကြွအုပ်စု al-Shabab အောက်မှာ ရောက်နေကြတဲ့ နယ်မြေတွေကို လူသားချင်းစာနာထောက်ထားရေး အကူအညီပေးဖို့ စိုးရိမ်ရကြောင်း မစ္စတာ Ridley က ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က Jubaland ပြည်နယ်မှာ ရေတွင်းတူးနေကြသူ ၁၂ ယောက် ကို အစ္စလာမ် စစ်သွေးကြွအုပ်စု al-Shabab ကသတ်ခဲ့ကြတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အစိုးရနဲ့ ဆန့်ကျင်သူတွေကြား တိုက်ပွဲအတွင်းမှာ လူသားချင်းစာနာထောက်ထားရေး ဝန်ထမ်းတွေ ပိတ်မိနေနိုင်ပါတယ်လို့ အမည်မဖော်လိုသူ လူသားချင်း စာနာထောက်ထားရေးဝန်ထမ်းတဦးက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG