သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆီးဂိမ္းအမ်ိဳးသားေဘာလုံး ထိုင္းအသင္း ဗိုလ္လုပြဲတက္


ဆီမီးဖိုင္နယ္ပြဲအႏိုင္ရခဲ့တဲ့ ထုိင္းေဘာလံုးအသင္း ေအာင္ပြဲခံစဥ္။ (ေမ ၁၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဗီယက္နမ္ႏိုင္ငံမွာက်င္းပေနတဲ့ ၃၁ ႀကိမ္ ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲရဲ႕ အမ်ိဳးသားေဘာလုံးပြဲမွာေတာ့ ထိုင္းအသင္း ဖိုင္နယ္တက္သြားၿပီျဖစ္ပါတယ္။

ဆီမီးဖိုင္နယ္ပထမပြဲစဥ္အျဖစ္နဲ႔ ထိုင္းနဲ႔အင္ဒိုနီးရွားတို႔ ကစားၾကတာမွာ ထိုင္းက အင္ဒိုနီးရွားကို ၁ ဂိုး၊ ဂိုးမရွိနဲ႔ ႏိုင္ၿပီး ဖိုင္နယ္တက္သြားတာျဖစ္ပါတယ္။ မိနစ္ ၉၀ အထိ ၂ သင္းစလုံး တဘက္နဲ႔ တဘက္ ဂိုးမသြင္းႏိုင္တာေၾကာင့္ အခ်ိန္ပို ကစားၾကတာမွာ ထိုင္းအသင္းက နံပါတ္ ၁၈ Pomphan Weerathep က ၉၄ မိနစ္မွာ တလုံးတည္းေသာအႏိုင္ဂိုးကို သြင္းေပးခဲ့တာ ျဖစ္ပါတယ္။

ထိုင္းအသင္းက နံပါတ္ ၁၈ Pomphan Weerathep (ဝဲ) နဲ႔ အင္ဒိုနီးရွားအသင္းက Nam Dinh
ထိုင္းအသင္းက နံပါတ္ ၁၈ Pomphan Weerathep (ဝဲ) နဲ႔ အင္ဒိုနီးရွားအသင္းက Nam Dinh

ပြဲၿပီးခါနီးမွာေတာ့ ထိုင္းဘက္က ဝီဒါဂ်ိဳက ဒိုင္ကို ေစာဒက တက္တာေၾကာင့္ ၂ ဝါ ၁ နီ နဲ႔ အထုတ္ခံခဲ့ရသလို၊ ေနာက္ဆုံးမိနစ္မွာ ထိုင္းဘက္က တန္ျပန္တိုက္စစ္ကို အင္ဒိုေနာက္တန္းက ၾကမ္းၾကမ္းတမ္းတမ္း ဖ်က္တာေၾကာင့္ ၂ ဘက္ ကစားသမားေတြ ျပႆနာျဖစ္ၿပီး အင္ဒိုနီးရွားဘက္က ကစားသမား ၃ ေယာက္ အနီကတ္ နဲ႔ ထုတ္ခံခဲ့ရပါတယ္။

ဖိုင္နယ္ကိုေတာ့ လာမယ့္ ေမလ ၂၂ ရက္ေန႔ ဗီယက္နမ္ေဒသစံေတာ္ခ်ိန္ ည ၇ နာရီမွာ ကစားၾကမွာျဖစ္ပါတယ္ခင္ဗ်ာ။

#ဆီးဂိမ္း #အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲ #ထိုင္း #ဗီယက္နမ္ #အင္ဒိုနီးရွား #SEA_GAMES #THAILAND #VIETNAM #INDONESIA

=============

[[Unicode]]

ဆီးဂိမ်းအမျိုးသားဘောလုံး ထိုင်းအသင်း ဗိုလ်လုပွဲတက်

ဗီယက်နမ်နိုင်ငံမှာကျင်းပနေတဲ့ ၃၁ ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပွဲမှာတော့ ထိုင်းအသင်း ဖိုင်နယ်တက်သွားပြီဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ပထမပွဲစဉ်အဖြစ်နဲ့ ထိုင်းနဲ့အင်ဒိုနီးရှားတို့ ကစားကြတာမှာ ထိုင်းက အင်ဒိုနီးရှားကို ၁ ဂိုး၊ ဂိုးမရှိနဲ့ နိုင်ပြီး ဖိုင်နယ်တက်သွားတာဖြစ်ပါတယ်။ မိနစ် ၉၀ အထိ ၂ သင်းစလုံး တဘက်နဲ့ တဘက် ဂိုးမသွင်းနိုင်တာကြောင့် အချိန်ပို ကစားကြတာမှာ ထိုင်းအသင်းက နံပါတ် ၁၈ Pomphan Weerathep က ၉၄ မိနစ်မှာ တလုံးတည်းသောအနိုင်ဂိုးကို သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးခါနီးမှာတော့ ထိုင်းဘက်က ဝီဒါဂျိုက ဒိုင်ကို စောဒက တက်တာကြောင့် ၂ ဝါ ၁ နီ နဲ့ အထုတ်ခံခဲ့ရသလို၊ နောက်ဆုံးမိနစ်မှာ ထိုင်းဘက်က တန်ပြန်တိုက်စစ်ကို အင်ဒိုနောက်တန်းက ကြမ်းကြမ်းတမ်းတမ်း ဖျက်တာကြောင့် ၂ ဘက် ကစားသမားတွေ ပြဿနာဖြစ်ပြီး အင်ဒိုနီးရှားဘက်က ကစားသမား ၃ ယောက် အနီကတ် နဲ့ ထုတ်ခံခဲ့ရပါတယ်။

ဖိုင်နယ်ကိုတော့ လာမယ့် မေလ ၂၂ ရက်နေ့ ဗီယက်နမ်ဒေသစံတော်ချိန် ည ၇ နာရီမှာ ကစားကြမှာဖြစ်ပါတယ်ခင်ဗျာ။

#ဆီးဂိမ်း #အရှေ့တောင်အာရှအားကစားပြိုင်ပွဲ #ထိုင်း #ဗီယက်နမ် #အင်ဒိုနီးရှား #SEA_GAMES #THAILAND #VIETNAM #INDONESIA

=============

XS
SM
MD
LG