သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဆးမကုႏိုင္လို႔ ဟားခါးဒုကၡသည္တခ်ဳိ႕ေသဆံုး 


ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕ (Crd: MIMU)

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕အနီးက ေက်း႐ြာေတြမွာ ေနထိုင္ေနရတဲ့ စစ္ေျပးဒုကၡသည္ေတြထဲက နာမက်န္းျဖစ္သူေတြ အခ်ိန္မီ ေဆးကုသမႈ မရလို႔ အသက္ေသဆုံးသူေတြရွိေနပါတယ္။ အဝင္အထြက္ဂိတ္ေတြမွာ အစစ္အေဆး တင္းၾကပ္ေနတာေၾကာင့္လည္း စစ္ေျပးဒုကၡသည္ေတြ ၿမိဳ႕ေပၚတက္ ေဆးကုႏိုင္ဖို႔ခက္ခဲေနၾကတယ္လို႔ စစ္ေဘးေရွာင္ကူညီေပးေနသူေတြက ေျပာပါတယ္။ ခ်င္းျပည္နယ္က ဒုကၡသည္အေျခအေန ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုဝင္းခန္႔ေမာင္က က တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္နဲ႔ ကေလးေတာင္ပိုင္းမွာ တိုက္ပြဲေတြျပင္းထန္လာၿပီးတဲ့ေနာက္ ခ်င္းျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ ဟားခါးၿမိဳ႕အနီးက ေက်း႐ြာေတြကို စစ္ေဘးတိမ္းေရွာင္လာၾကတဲ့ စစ္ေျပးဒုကၡသည္အေရအတြက္ဟာ ၅ ေထာင္နီးပါး ရွိတယ္လို႔ စစ္ေဘးေရွာင္ေတြကို ကူညီေပးေနသူေတြက ေျပာပါတယ္။

ဒုကၡသည္ေတြဟာ ေက်း႐ြာေတြကေန ဟားခါးၿမိဳ႕ကို ေဆးဝါးကုသဖို႔သြားမယ္ဆိုရင္ တင္းၾကပ္စြာ စစ္ေဆးတာေတြအျပင္ ဖမ္းဆီးတာေတြပါရွိတာေၾကာင့္ အခက္အခဲႀကဳံၾကရသလို ေဆးဝါးကုသ မႈေရာ ေဆးဝါးပါ လုံလုံေလာက္ေလာက္ မရၾကပါဘူး။ အခုလို အခ်ိန္မီ ေဆးဝါးကုသမႈမရတာေၾကာင့္ အသက္ေသဆုံးတာေတြရွိေနတယ္လို႔ စစ္ေဘးေရွာင္ကူညီေပးေနသူတဦးက အခုလိုေျပာပါတယ္။

“ရွိတာေပါ့။ ေဆးဝါးကုသမႈက ခက္ခဲတာေပါ့။ ဘာလို႔ဆိုေတာ့ အရင္တပတ္ထဲကပဲ ေႁမြေပါက္လို႔ အခ်ိန္မီ မေရာက္ႏိုင္ေတာ့လို႔ ဒီမွာေသတဲ့သူေတြေပါ့ေနာ္၊ လမ္းတဝက္မွာ ေသတဲ့ တေယာက္လည္းရွိတယ္။ ေဆးကုသဖို႔က ေတာ္ေတာ္ေလးခက္ခဲတယ္။ အခုက ရာသီဥတုေၾကာင့္ အဖ်ားေတာ္ေတာ္ေလးလည္းမ်ားေနတယ္။ ဟားခါး အဝင္ဂိတ္ေတြက ေတာ္ေတာ္ၾကပ္တာေပါ့ေနာ္။ အဝင္ဂိတ္ေတြက အစစ္အေဆးေတာ္ေတာ္မ်ားတယ္။ အဝင္ဂိတ္ေတြမွာပဲ အဖမ္းဆီး အမ်ားဆုံးဆိုေတာ့ေလ။ သူတို႔ရဲ႕ဖုန္းေတြမွာ ဓာတ္ပုံေတြကို အဖမ္းအမ်ားဆုံးဆိုေတာ့ ဟားခါး ေလာေလာဆယ္ အခ်ဳပ္ထဲမွာလည္း လူ ၅၃ ေယာက္ေလာက္ရွိတယ္။ အခ်ဳပ္ေတာ္ေတာ္လည္း ျပည့္ေနတယ္ဆိုေတာ့ ဒါလည္းအဝင္ဂိတ္ေတြမွာ ဖမ္းတာဆိုေတာ့ ေတာ္ေတာ္မ်ားမ်ားက မလာရဲဘူး။ ဒါေပမဲ့ တခ်ိဳ႕မတတ္ႏိုင္လို႔ လာမယ္ဆိုလည္း မရရေအာင္ ဝင္ထြက္သူေတြလည္း ရွိတာေပါ့ေနာ္။”

ဒုကၡသည္ေတြဟာ ဟားခါးၿမိဳ႕အနီး တိုက္ပြဲေတြေၾကာင့္ တိမ္းေရွာင္ေနရသူေတြနဲ႔ ခ်င္းျပည္နယ္အစပ္ ကေလးၿမိဳ႕ေတာင္ပိုင္းမွာ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြအတြင္း တိမ္းေရွာင္ေနရသူေတြမ်ားပါတယ္။

လက္ရွိအခ်ိန္မွာ ေဆာင္းရာသီဝင္ေရာက္လာၿပီျဖစ္တာေၾကာင့္ အဝတ္အထည္ေတြအျပင္ စားဝတ္ေနေရးေတြပါ အခက္အခဲေတြရွိလာေနတယ္လို႔ ဒုကၡသည္ေတြကို အကူအညီေပးေနသူက ေျပာပါတယ္။

“က်ေနာ္တို႔အိမ္နားမွာတင္ မိုင္းဗုံးေတြက်တာေပါ့ေနာ္။ လက္နက္ႀကီးေတြက်တာေပါ့။ အဲ့ဒါနဲ႔မေနရဲလို႔ ႐ြာဘက္ကို ေျပးလာတာေပါ့။ ဒုကၡသည္ေတြက ေနရထိုင္ရတာ အခက္အခဲေတာ့ရွိတာေပါ့။ အဝတ္အစားေတြလည္း အဆင္မေျပဘူး။ ေဆးဝါးေတြေပါ့ေနာ္။ ေက်ာင္းသားေတြလည္း အခက္အခဲေတြရွိတာေပါ့။”

စစ္ေဘးေရွာင္ေတြဟာ ေတာေတာင္ေတြထဲက ႐ြာေတြမွာ ေနထိုင္ရတာျဖစ္တဲ့အတြက္ အစားအေသာက္အတြက္ လမ္းပန္းဆက္သြယ္ေရးခက္ခဲတာေတြအျပင္ တယ္လီဖုန္းလိုင္းေတြပါ မရရွိတဲ့အတြက္ ဆက္သြယ္ေရးပါ ျပတ္ေတာက္ေနပါတယ္။

လက္ရွိမွာ ဟားခါးၿမိဳ႕အနီး ျမန္မာစစ္တပ္နဲ႔ ခ်င္းကာကြယ္ေရးတပ္ဖြဲ႔ေတြ စစ္ေရးတင္းမာေနၿပီး မၾကာခဏဆိုသလို တိုက္ပြဲေတြျဖစ္ပြားပါတယ္။ ျမန္မာစစ္တပ္က ဟားခါးၿမိဳ႕ကေန လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာအျပင္ ေလေၾကာင္းကေနပါ တိုက္ခိုက္တာေတြ ျပဳလုပ္ခဲ့ရတဲ့အထိ တိုက္ပြဲေတြ ျပင္းထန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]


ဆေးမကုနိုင်လို့ ဟားခါးဒုက္ခသည်တချို့သေဆုံး

ချင်းပြည်နယ် ဟားခါးမြို့အနီးက ကျေးရွာတွေမှာ နေထိုင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေထဲက နာမကျန်းဖြစ်သူတွေ အချိန်မီ ဆေးကုသမှု မရလို့ အသက်သေဆုံးသူတွေရှိနေပါတယ်။ အဝင်အထွက်ဂိတ်တွေမှာ အစစ်အဆေး တင်းကြပ်နေတာကြောင့်လည်း စစ်ပြေးဒုက္ခသည်တွေ မြို့ပေါ်တက် ဆေးကုနိုင်ဖို့ခက်ခဲနေကြတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။ ချင်းပြည်နယ်က ဒုက္ခသည်အခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင်က က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်နဲ့ ကလေးတောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာပြီးတဲ့နောက် ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့အနီးက ကျေးရွာတွေကို စစ်ဘေးတိမ်းရှောင်လာကြတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်ဟာ ၅ ထောင်နီးပါး ရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ဒုက္ခသည်တွေဟာ ကျေးရွာတွေကနေ ဟားခါးမြို့ကို ဆေးဝါးကုသဖို့သွားမယ်ဆိုရင် တင်းကြပ်စွာ စစ်ဆေးတာတွေအပြင် ဖမ်းဆီးတာတွေပါရှိတာကြောင့် အခက်အခဲကြုံကြရသလို ဆေးဝါးကုသ မှုရော ဆေးဝါးပါ လုံလုံလောက်လောက် မရကြပါဘူး။ အခုလို အချိန်မီ ဆေးဝါးကုသမှုမရတာကြောင့် အသက်သေဆုံးတာတွေရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတဦးက အခုလိုပြောပါတယ်။

“ရှိတာပေါ့။ ဆေးဝါးကုသမှုက ခက်ခဲတာပေါ့။ ဘာလို့ဆိုတော့ အရင်တပတ်ထဲကပဲ မြွေပေါက်လို့ အချိန်မီ မရောက်နိုင်တော့လို့ ဒီမှာသေတဲ့သူတွေပေါ့နော်၊ လမ်းတဝက်မှာ သေတဲ့ တယောက်လည်းရှိတယ်။ ဆေးကုသဖို့က တော်တော်လေးခက်ခဲတယ်။ အခုက ရာသီဥတုကြောင့် အဖျားတော်တော်လေးလည်းများနေတယ်။ ဟားခါး အဝင်ဂိတ်တွေက တော်တော်ကြပ်တာပေါ့နော်။ အဝင်ဂိတ်တွေက အစစ်အဆေးတော်တော်များတယ်။ အဝင်ဂိတ်တွေမှာပဲ အဖမ်းဆီး အများဆုံးဆိုတော့လေ။ သူတို့ရဲ့ဖုန်းတွေမှာ ဓာတ်ပုံတွေကို အဖမ်းအများဆုံးဆိုတော့ ဟားခါး လောလောဆယ် အချုပ်ထဲမှာလည်း လူ ၅၃ ယောက်လောက်ရှိတယ်။ အချုပ်တော်တော်လည်း ပြည့်နေတယ်ဆိုတော့ ဒါလည်းအဝင်ဂိတ်တွေမှာ ဖမ်းတာဆိုတော့ တော်တော်များများက မလာရဲဘူး။ ဒါပေမဲ့ တချို့မတတ်နိုင်လို့ လာမယ်ဆိုလည်း မရရအောင် ဝင်ထွက်သူတွေလည်း ရှိတာပေါ့နော်။”

ဒုက္ခသည်တွေဟာ ဟားခါးမြို့အနီး တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရသူတွေနဲ့ ချင်းပြည်နယ်အစပ် ကလေးမြို့တောင်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း တိမ်းရှောင်နေရသူတွေများပါတယ်။

လက်ရှိအချိန်မှာ ဆောင်းရာသီဝင်ရောက်လာပြီဖြစ်တာကြောင့် အဝတ်အထည်တွေအပြင် စားဝတ်နေရေးတွေပါ အခက်အခဲတွေရှိလာနေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူက ပြောပါတယ်။

“ကျနော်တို့အိမ်နားမှာတင် မိုင်းဗုံးတွေကျတာပေါ့နော်။ လက်နက်ကြီးတွေကျတာပေါ့။ အဲ့ဒါနဲ့မနေရဲလို့ ရွာဘက်ကို ပြေးလာတာပေါ့။ ဒုက္ခသည်တွေက နေရထိုင်ရတာ အခက်အခဲတော့ရှိတာပေါ့။ အဝတ်အစားတွေလည်း အဆင်မပြေဘူး။ ဆေးဝါးတွေပေါ့နော်။ ကျောင်းသားတွေလည်း အခက်အခဲတွေရှိတာပေါ့။”

စစ်ဘေးရှောင်တွေဟာ တောတောင်တွေထဲက ရွာတွေမှာ နေထိုင်ရတာဖြစ်တဲ့အတွက် အစားအသောက်အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေအပြင် တယ်လီဖုန်းလိုင်းတွေပါ မရရှိတဲ့အတွက် ဆက်သွယ်ရေးပါ ပြတ်တောက်နေပါတယ်။

လက်ရှိမှာ ဟားခါးမြို့အနီး မြန်မာစစ်တပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေပြီး မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားပါတယ်။ မြန်မာစစ်တပ်က ဟားခါးမြို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် လေကြောင်းကနေပါ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ရတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

XS
SM
MD
LG