သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တကျော့ပြန်ရွေးကောက်ပွဲ အနိုင်ရပြီလို့ တူရကီသမ္မတ Erdogan ကြေညာ


Second round of the presidential election in Istanbul
Second round of the presidential election in Istanbul

မေလ ၂၈ရက်နေ တနင်းနွေနေ့လုပ်တဲ့ တကျော့ပြန်​သမ္မတရွေးကောက်ပွဲမှာ အနိုင်ရလိုက်ပြီလို့ လက်ရှိ သမ္မတ Recep Tayyip Erdogan က ကြေညာလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ သမ္မတ Erdogan က မဲအရေအတွက်၅၃ ရာခိုင်နှုန်း၊ ပြိုင်ဖက် Kemal Kilicdaroglu က ၄၇ ရာခိုင်နှုန်းရရှိတယ်လို့ ကနဦးရလဒ်တွေမှာ ဖော်ပြခဲ့ပြီးတဲ့နောက်၊ သမ္မတ Erdogan က သူအနိုင်ရတယ်လို့ ကြေညာလိုက်တာပါ။ တိုင်းပြည်ကို နောက်ထပ်ငါးနှစ်အုပ်ချုပ်ဖို့ ယုံယုံကြည်ကြည်နဲ့ သူ့ကို ပုံအပ်ခဲ့ကြသူတိုင်းကို ကျေးဇူးတင်တယ်လို့ သမ္မတ Erdogan က ပြောပါတယ်။

အခု တကြိမ်အနိုင်ရခြင်းအားဖြင့် သူဟာာ တူရကီနိုင်ငံမှာ နှစ်သုံးဆယ်ကြာ အာဏာရသူအဖြစ်ရှိလာမှာပါ။ သမ္မတ Erdogan ဟာ ပထမအကျော့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကပ်ကာသီကာဖြစ်ခဲ့ရတဲ့နောက်၊ အခု ဒုတိယအကျော့မှာတော့ ထိပ်က ပြေးနေခဲ့ပါတယ်။ သူဟာ ၂၀၀၃ ခုနှစ်မှာ တူရကီ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး၊ သမ္မတကိုတိုက်ရိုက်ရွေးချယ်တဲ့ ဖွဲ့စည်းပုံပြောင်းလဲပြီးတဲ့နောက် ၂၀၁၄ သမ္မတရွေးကောက်ပွဲကတည်းကလည်း သမ္မတတာဝန်ယူခဲ့သူပါ။

သူ့ကို ဝေဖန်သူတွေကတော့ သမ္မတ Erdogan ဟာ ဒီမိုကရေစီကိုဖျက်ဆီးသူဖြစ်ပြီး ဝေဖန်မှုတွေကိုလက်မခံပဲ အာဏာကိုချုပ်ကိုင်ထားသူဖြစ်တယ်လို့ ဆိုကြပါတယ်။ သူ့ပြိုင်ဖက် Kilicdaroglu ကတော့ သူသာနိုင်ရင် တူရကီကို ပါလီမန်ဒီမိုကရေစီစနစ်ကို ပြန်သွားပြီး ထင်ရှားတဲ့နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်မယ်လို့ ဂတိပြုထားပါတယ်။ ဝန်ကြီးချုပ် Erdogan ကတော့ သူ့ပြိုင်ဖက်ဟာ သူ့ပြိုင်ဖက်ဟာ အကြမ်းဖက်ဝါဒစွဲလုပ်ရပ်တွေအပေါ် သဘောထားပျော့ပြောင်းတယ်လို့ ဝေဖန်ပါတယ်။ ဒါ့အပြင် တူရကီနိုင်ငံဟာ အနောက်မဟာမိတ်တွေနဲ့အတူရပ်တည်ဖို့နဲ့၊ ဆီးရီယား ယူကရိန်းအပါအဝင် အိမ်နီးချင်းတွေမှာ ကြုံနေရတဲ့ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖို့ အားကောင်းခိုင်မာတဲ့ ခေါင်းဆောင်မှုလိုအပ်တယ်လို့ Erdogan က ပြောနေပါတယ်။

XS
SM
MD
LG