သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တမူးနယ္စပ္ဂိတ္ ယာယီပိတ္ေၾကာင္း မဏိပူရ္အစိုးရ ထုတ္ျပန္ 


အိႏၵိယ-ျမန္မာနယ္စပ္ျမင္ကြင္း။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

အိႏၵိယ ျမန္မာ တမူးနယ္စပ္ဂိတ္ကို ဒီေန႔ ႏိုဝင္ဘာ ၁၅ ရက္ကစၿပီး ၃ လပိတ္လိုက္ေၾကာင္း မဏိပူရ္အစိုးရက ေၾကညာလိုက္ပါတယ္။ တရားဥပေဒစိုးမိုးေရးနဲ႔ ပတ္သက္ၿပီး စိုးရိမ္စရာအေျခအေနေတြရွိသလို တရားမဝင္ ခိုးဝင္လာႏိုင္တဲ့ ျမန္မာႏိုင္ငံသားအေရအတြက္ မ်ားလာႏိုင္တာေၾကာင့္ နယ္စပ္ဂိတ္ကို ပိတ္လိုက္တာလို႔ မဏိပူရ္အစိုးရက အေၾကာင္းျပပါတယ္။ နယ္စပ္ဂိတ္ ပိတ္လိုက္တဲ့အေျခအေန သတင္းေပးပို႔ခ်က္ကို မစုျမတ္မြန္က တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံနဲ႔ မိုင္ ၂၅၀ ေလာက္ ထိစပ္ေနတဲ့ မဏိပူရ္ျပည္နယ္မွာ အရင္ကလည္း အခုလို နယ္စပ္ပိတ္တဲ့ ေၾကညာခ်က္ေတြ မဏိပူရ္အစိုးရက ထုတ္ျပန္ခဲ့ဖူးတယ္လို႔ နယ္စပ္မွာ ေနထိုင္သူေတြက ေျပာပါတယ္။ အခု ထုတ္ျပန္ခ်က္ထြက္လာေပမဲ့ ႏွစ္ႏိုင္ငံ ျဖတ္သန္းသြားလာခြင့္ အရင္အတိုင္း ရေနဦးမယ္လို႔ ေမွ်ာ္လင့္တဲ့အေၾကာင္း တမူးနယ္စပ္မွာ ေနထိုင္တဲ့ ေဒသခံတဦးက ေျပာပါတယ္။

"ခါတိုင္းလည္း အဲ့လိုကေတာ့ ထုတ္ျပန္တာေတြ ရွိပါတယ္။ ဒါေပမဲ့ သြားလာလို႔ ကေတာ့ ေနာက္ပိုင္းက် အဆင္ေျပသြားတာ မ်ားပါတယ္။ သူတို႔ မဏိပူရ္ျပည္နယ္ အစိုးရကေတာ့ ဒီလိုပဲ ေၾကညာခ်က္ေတြ ထုတ္လိုက္တာပဲ။ ေအာက္မွာေတာ့ သြားလို႔လာလို႔ရေအာင္ သူ႔ဟာသူ အဆင္ေျပၾကပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူ႔ဘက္ကလည္း လိုအပ္ခ်က္ရွိတယ္၊ ကိုယ့္ဘယ္ကလည္း လိုအပ္ခ်က္ရွိတယ္။ ကိုင္းကြၽန္းမွီ ကြၽန္းကိုင္းမွီေပါ့။ အဆင္ေျပေအာင္ သြားလာၾကတာပါပဲ။"

ႏိုဝင္ဘာ ၁၅ ရက္ ဒီကေန႔ကစၿပီး FMR လို႔ေခၚတဲ့ ႏွစ္ႏိုင္ငံသြားလာခြင့္ သေဘာတူညီခ်က္ကို FMR ကို ၃ လအထိ ပိတ္လိုက္ၿပီး နယ္စပ္ဂိတ္ေတြ တရားဝင္ ဖြင့္လွစ္တဲ့အခ်ိန္အထိ ထပ္ၿပီး ပိတ္ထားမယ္လို႔ ထုတ္ျပန္ထားပါတယ္။ အိႏၵိယႏိုင္ငံထဲကို တရားမဝင္ ျဖတ္ေက်ာ္တာနဲ႔ မူးယစ္ေဆး ေမွာင္ခိုလုပ္ငန္းေတြကို တားဆီးဖို႔ ျမန္မာနဲ႔ ထိစပ္ေနတဲ့ မဏိပူရ္နယ္စပ္တေလွ်ာက္မွာ ရဲကင္းစခန္းေပါင္း ၃၄ ခု တည္ေဆာက္ေနၿပီလို႔ မဏိပူရ္ျပည္နယ္ အစိုးရက ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းကလည္း ေၾကညာခဲ့ပါတယ္။ တမူးနယ္စပ္မွာရွိတဲ့ ကုန္သည္တဦးကေတာ့ အိႏၵိယဘက္က အခုလို သုံးလၾကာပိတ္မယ္ ေၾကညာထားေပမဲ့ ကုန္စည္တခ်ိဳ႕ေတာ့ ခြင့္ျပဳႏိုင္တယ္လို႔ ေျပာပါတယ္။

"ေလာေလာဆယ္ကေတာ့ က်ေနာ္တို႔ ကုန္သည္ေတြ ပစၥည္းကေတာ့ သယ္လို႔ ရမယ္ထင္ပါတယ္။ ၃ လေလာက္ ပိတ္တယ္လို႔ေတာ့ အိႏၵိယဘက္က ေၾကညာလိုက္တာပဲ။ သူတို႔ ပိတ္တယ္ဆိုတာကလည္း အိႏၵိယထဲမွာ သြားၿပီးေတာ့ ျမန္မာဘက္က ဆိုင္ေတြဖြင့္တာရွိတယ္။ အဲဒါေတြကို ပိတ္ခ်င္တာျဖစ္မယ္။"

မဏိပူရ္ျပည္နယ္ရဲ႕ ခ႐ိုင္ငါးခုဟာ ျမန္မာႏိုင္ငံနဲ႔ မိုင္ ၂၅၀ ေလာက္ ထိစပ္ေနၿပီး အဲဒီမွာ ၃ မိုင္ေလာက္ကပဲ ၿခံစည္း႐ိုး ကာရံထားတာလို႔ ေဒသခံေတြက ေျပာပါတယ္။ ၂၀၂၁ ေနာက္ပိုင္း ျမန္မာဘက္က တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္တာ မ်ားလာမွာကို စိုးရိမ္ေၾကာင္း မဏိပူရ္ အာဏာပိုင္ေတြက မၾကာေသးခင္ကပဲ ထုတ္ေဖာ္ေျပာဆို ေနပါတယ္။ ျမန္မာျပည္တြင္းက စစ္ေရး ပဋိပကၡေတြနဲ႔ ႏိုင္ငံေရး အေျခအေနေတြေၾကာင့္ ခ်င္းျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းေဒသေတြမွာရွိတဲ့ ေဒသခံေတြေထာင္နဲ႔ခ်ီ နီးစပ္ရာ အိႏၵိယႏိုင္ငံထဲ ထြက္ေျပးခိုလႈံ ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

တမူးနယ်စပ်ဂိတ် ယာယီပိတ်ကြောင်း မဏိပူရ်အစိုးရ ထုတ်ပြန်

အိန္ဒိယ မြန်မာ တမူးနယ်စပ်ဂိတ်ကို ဒီနေ့ နိုဝင်ဘာ ၁၅ ရက်ကစပြီး ၃ လပိတ်လိုက်ကြောင်း မဏိပူရ်အစိုးရက ကြေညာလိုက်ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စရာအခြေအနေတွေရှိသလို တရားမဝင် ခိုးဝင်လာနိုင်တဲ့ မြန်မာနိုင်ငံသားအရေအတွက် များလာနိုင်တာကြောင့် နယ်စပ်ဂိတ်ကို ပိတ်လိုက်တာလို့ မဏိပူရ်အစိုးရက အကြောင်းပြပါတယ်။ နယ်စပ်ဂိတ် ပိတ်လိုက်တဲ့အခြေအနေ သတင်းပေးပို့ချက်ကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ မိုင် ၂၅၀ လောက် ထိစပ်နေတဲ့ မဏိပူရ်ပြည်နယ်မှာ အရင်ကလည်း အခုလို နယ်စပ်ပိတ်တဲ့ ကြေညာချက်တွေ မဏိပူရ်အစိုးရက ထုတ်ပြန်ခဲ့ဖူးတယ်လို့ နယ်စပ်မှာ နေထိုင်သူတွေက ပြောပါတယ်။ အခု ထုတ်ပြန်ချက်ထွက်လာပေမဲ့ နှစ်နိုင်ငံ ဖြတ်သန်းသွားလာခွင့် အရင်အတိုင်း ရနေဦးမယ်လို့ မျှော်လင့်တဲ့အကြောင်း တမူးနယ်စပ်မှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

"ခါတိုင်းလည်း အဲ့လိုကတော့ ထုတ်ပြန်တာတွေ ရှိပါတယ်။ ဒါပေမဲ့ သွားလာလို့ ကတော့ နောက်ပိုင်းကျ အဆင်ပြေသွားတာ များပါတယ်။ သူတို့ မဏိပူရ်ပြည်နယ် အစိုးရကတော့ ဒီလိုပဲ ကြေညာချက်တွေ ထုတ်လိုက်တာပဲ။ အောက်မှာတော့ သွားလို့လာလို့ရအောင် သူ့ဟာသူ အဆင်ပြေကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ဘက်ကလည်း လိုအပ်ချက်ရှိတယ်၊ ကိုယ့်ဘယ်ကလည်း လိုအပ်ချက်ရှိတယ်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့။ အဆင်ပြေအောင် သွားလာကြတာပါပဲ။"

နိုဝင်ဘာ ၁၅ ရက် ဒီကနေ့ကစပြီး FMR လို့ခေါ်တဲ့ နှစ်နိုင်ငံသွားလာခွင့် သဘောတူညီချက်ကို FMR ကို ၃ လအထိ ပိတ်လိုက်ပြီး နယ်စပ်ဂိတ်တွေ တရားဝင် ဖွင့်လှစ်တဲ့အချိန်အထိ ထပ်ပြီး ပိတ်ထားမယ်လို့ ထုတ်ပြန်ထားပါတယ်။ အိန္ဒိယနိုင်ငံထဲကို တရားမဝင် ဖြတ်ကျော်တာနဲ့ မူးယစ်ဆေး မှောင်ခိုလုပ်ငန်းတွေကို တားဆီးဖို့ မြန်မာနဲ့ ထိစပ်နေတဲ့ မဏိပူရ်နယ်စပ်တလျှောက်မှာ ရဲကင်းစခန်းပေါင်း ၃၄ ခု တည်ဆောက်နေပြီလို့ မဏိပူရ်ပြည်နယ် အစိုးရက ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ကြေညာခဲ့ပါတယ်။ တမူးနယ်စပ်မှာရှိတဲ့ ကုန်သည်တဦးကတော့ အိန္ဒိယဘက်က အခုလို သုံးလကြာပိတ်မယ် ကြေညာထားပေမဲ့ ကုန်စည်တချို့တော့ ခွင့်ပြုနိုင်တယ်လို့ ပြောပါတယ်။

"လောလောဆယ်ကတော့ ကျနော်တို့ ကုန်သည်တွေ ပစ္စည်းကတော့ သယ်လို့ ရမယ်ထင်ပါတယ်။ ၃ လလောက် ပိတ်တယ်လို့တော့ အိန္ဒိယဘက်က ကြေညာလိုက်တာပဲ။ သူတို့ ပိတ်တယ်ဆိုတာကလည်း အိန္ဒိယထဲမှာ သွားပြီးတော့ မြန်မာဘက်က ဆိုင်တွေဖွင့်တာရှိတယ်။ အဲဒါတွေကို ပိတ်ချင်တာဖြစ်မယ်။"

မဏိပူရ်ပြည်နယ်ရဲ့ ခရိုင်ငါးခုဟာ မြန်မာနိုင်ငံနဲ့ မိုင် ၂၅၀ လောက် ထိစပ်နေပြီး အဲဒီမှာ ၃ မိုင်လောက်ကပဲ ခြံစည်းရိုး ကာရံထားတာလို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၁ နောက်ပိုင်း မြန်မာဘက်က တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်တာ များလာမှာကို စိုးရိမ်ကြောင်း မဏိပူရ် အာဏာပိုင်တွေက မကြာသေးခင်ကပဲ ထုတ်ဖော်ပြောဆို နေပါတယ်။ မြန်မာပြည်တွင်းက စစ်ရေး ပဋိပက္ခတွေနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသတွေမှာရှိတဲ့ ဒေသခံတွေထောင်နဲ့ချီ နီးစပ်ရာ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခိုလှုံ နေကြပါတယ်။

XS
SM
MD
LG