သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်တော့မည်


တရုတ် မြန်မာနယ်စပ် ကုန်သွယ်မှု
တရုတ် မြန်မာနယ်စပ် ကုန်သွယ်မှု

[[Zawgyi/Unicode]]

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ မူဆယ်နယ်စပ်က ကုန်သွယ်ရေးဂိတ်အားလုံးကို လာမယ့် ဇန်နဝါရီ ၈ ရက်မှာ ဖွင့်ပေးမယ်လို့ တရုတ်ယူနန်အစိုးရက ဒီနေ့ အင်္ဂါနေ့မှာ စာထုတ်ပြန်လိုက်ပါတယ်။ ကပ်ရောဂါကြောင့် သုံးနှစ်နီးပါးပိတ်ထားတဲ့ ဒီဂိတ်တွေကနေ ကုန်ကားနဲ့လူတွေပါ ဝင်ထွက်ခွင့်ကို တရုတ်ဘက်က ပထမဆုံးအကြိမ် ဖြေလျှော့လိုက် တာ ဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ မတ်လနောက်ပိုင်းကစပြီး ပိတ်ထားတဲ့ မူဆယ် နယ်စပ် ဂိတ်အားလုံးကို ပြန်ဖွင့်ပေးတော့မယ်လို့ ယူနန်ပြည်နယ်၊ ရွှေလီမြို့ ပြည်ပရေးရာရုံးက မြန်မာဘက်ကို အကြောင်းကြားစာပေးပို့လိုက်တာ ဖြစ်ပါတယ်။ မန်ဝိန်း၊ နန်းတော်၊ ဆင်ဖြူ၊ ပန်ဆိုင်း ဒီဂိတ်တွေကို အခုဇန်နဝါရီလ၈ရက်မှာ ဖြန်ဖွင့်ပေးမယ်လို့ ရွှေလီမြို့ အစိုးရဌာနက အကြောင်းကြားထားကြောင်း မူဆယ်ကုန်သည်အသင်းက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးမင်းသိန်းက ဗွီအိုအေကို ပြောပါတယ်။

"အခုတို့ဆီကို စာရောက်ထားတာကတော့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ဇန်နဝါရီ ၈ ရက်စပြီး ပြန်လည်ဖွင့်လှစ်မယ်။ မူဆယ်မြို့နယ်ထဲမှာရှိတဲ့ ဂိတ်အားလုံး ပြန်လည် ဖွင့်လှစ်ပြီးသား ဖြစ်သွားမယ်။ ကုန်တင်ကားတွေ ဝင်လို့ရမယ်။ လူစီးကားတွေ ဝင်လို့ ရမယ်။ ဆိုင်ကယ်တွေ ဝင်လို့ရမယ်။ ထရော်လာဂျီတွေ ဝင်လို့ရမယ်။ လူလည်း ဝင်လို့ ထွက်လို့ရပါပြီ။ လူတွေကို ဘယ်လိုစည်းကမ်းချက်တွေ သတ်မှတ်ပြီးတော့ အဝင်အထွက် လုပ်မယ်ဆိုတာကတော့ ဖွင့်တဲ့ရက်မှ သိရပါမယ်။"

တရုတ်-မြန်မာ ဒုတိယမြောက် နယ်စပ်ကုန်သွယ်ရေး စခန်းဖြစ်တဲ့ ချင်းရွှေဟော်ဂိတ်နဲ့ ကချင်ပြည်နယ်က ဂိတ်တချို့ကိုတော့ တရုတ်နှစ်သစ်ကူးအပြီးမှာ ဖွင့်နိုင်ခြေရှိတယ်လို့ ချင်းရွှေဟော်ဘက်က ကုန်သည်တဦးက ပြောပါတယ်။

"ချင်းရွှေဟော်ကလေ၊ လင်ချန်းခရိုင်ဆိုတဲ့အခါကြတော့ မူဆယ်၊ တယ်ဟုန် (ပြည်နယ် ခွဲ) က ဖွင့်တဲ့အခါမှ သူတို့ကလိုက်လိုက်ဖွင့်တာ။ ကျမတို့က အမြဲတမ်း လူကြီးမင်းတို့ မဖွင့်သေးဘူးလား။ ရွှေလီဘက်က ဒီလိုဒီလိုတော့ ဖြစ်နေပါပြီ။ ကန်ပိုက်တည်းက ဒီလိုဒီလိုတော့ လုပ်နေပါပြီ။ အဲလိုလေ သူတို့ဆီကို လှမ်းပြောမှလုပ်ပေးတတ်တယ်။ အရိပ် အယောင်ကတော့ သူတို့ပြောနေတာ နှစ်သစ်ကူးနေ့မှလို့ ကြားနေလို့။ နှစ်သစ်ကူးက ဇန်နဝါရီ ၂၂ ရက်ဆိုတော့လေ။ လလယ်ပိုင်းလောက် သွားကျမယ်။"

မြန်မာကုန်သွယ်ရေးဌာနရဲ့ စာရင်းတွေအရဆိုရင် မူဆယ်နယ်စပ်ကနေ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုပမာဏက ၂၀၂၀ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၄,၈၀၀ ကျော် ရှိခဲ့ပါတယ်။ ၂၀၂၂ မှာတော့ တဟုန်ထိုးကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ပဲ ကုန်သွယ်နိုင်ခဲ့တာပါ။

တရုတ်အစိုးရဟာ ပြည်နယ်တွင်းမှာ တကြော့ပြန် ကိုဗစ်ကူးစက်မှုတွေကို ဖြေရှင်းနေရပေမဲ့လည်း ပြည်နယ်တွေရဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေမှာတော့ ဖြေလျှော့ဖို့ ကြိုးစားလာပါတယ်။ အခုကြေညာချက်မှာတော့ ကိုဗစ်စည်းကမ်းတွေကို အသေးစိတ် မဖော်ပြထားပေမဲ့ ဖွင့်မယ့်ရက်မှာတော့ ကိုဗစ်စည်းကမ်းတွေကို ထပ်မံထုတ်ပြန်ဖွယ်ရှိတယ်လို့ မြန်မာကုန်သည်တွေဘက်က ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

====================

[[Unicode]]









XS
SM
MD
LG