သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လက္ယက္ကုန္း စာသင္ေက်ာင္းတိုက္ခိုက္မႈ ကိုရီးယားဘုန္းေတာ္ႀကီးေတြ ရႈတ္ခ်   


ျမန္မာႏိုင္ငံ၊ ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္းရြာစာသင္ေက်ာင္း ေလေၾကာင္းတုိက္ခုိက္ခံရမႈကို ျမန္မာသံ႐ံုးေရွ႕မွာသြားေရာက္ ဆန္႔က်င္ကြက္ကြက္ေနတဲ့ ေတာင္ကိုရီးယားႏိုင္ငံ၊Jogye ဘုန္းႀကီးေက်ာင္းက ကိုယ္ေတာ္မ်ား။ (ဓာတ္ပံု Jogye Order Social Labor Committee)

[[Zawgyi/Unicode]]

ဒီပဲယင္းၿမိဳ႕နယ္၊ လက္ယက္ကုန္း႐ြာ စာသင္ေက်ာင္းက ကေလးငယ္ေတြ ေသဆုံးခဲ့ရတဲ့ ျမန္မာစစ္ေကာင္စီရဲ႕ ေလေၾကာင္း တိုက္ခိုက္မႈကို ေတာင္ကိုရီးယား ဘုန္းေတာ္ႀကီးေတြက ရႈတ္ခ်လိုက္ပါတယ္။ ျမန္မာႏိုင္ငံႏိုင္ငံရဲ႕အေျခအေနဟာ ကမာၻ႔ၿငိမ္းခ်မ္းေရးကိုပါ ထိခိုက္လာေနၿပီလို႔ဆိုၿပီး စက္တင္ဘာလ ၂၁ ရက္ေန႔က ကိုရီးယားႏိုင္ငံ ျမန္မာသံ႐ုံးေရွ႕မွာ ေတာင္ကိုရီးယား ဘုန္းေတာ္ႀကီးတခ်ိဳ႕ စုေဝးဆႏၵျပခဲ့ၾကပါတယ္။ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျမန္မာစစ္ေကာင္စီတပ္ေတြက စစ္ကိုင္းတိုင္း၊ ဒီပဲယင္းၿမိဳ႕နယ္၊ လက္ယက္ကုန္း႐ြာစာသင္ေက်ာင္းက မူလတန္းအ႐ြယ္ကေလးငယ္ေတြကို ေလေၾကာင္းကေန ပစ္ခတ္သတ္ျဖတ္ခဲ့တာကို ႐ႈတ္ခ်ကန႔္ကြက္တဲ့အေနနဲ႔ကိုရီးယားႏိုင္ငံက ဗုဒၶဘာသာဘုန္းေတာ္ႀကီးေတြက ျမန္မာသံ႐ုံးေရွ႕မွာဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။

ဆႏၵထုတ္ေဖာ္ရာမွာဦးေဆာင္သံဃာျဖစ္တဲ့ ဂ်ိဳဂဲဗုဒၶဘာသာဂိုဏ္းလူမႈဝန္ထမ္းေကာ္မတီ ဥကၠ႒ (Chairperson of Jogye Order Social Labor Committee)ဆရာေတာ္ Ji Mong က ဘာေၾကာင့္ဆႏၵျပရသလဲဆိုတာ VOA ကို အခုလိုေျပာျပပါတယ္။

“ေတာင္ကိုရီးယားကလည္း အရင္က စစ္အာဏာသိမ္းဖူးတဲ့သမိုင္းလည္း ရွိခဲ့ပါတယ္။ အဲ့အတြက္ ျမန္မာလူမ်ိဳးေတြရဲ႕ ဒီမိုကေရစီေဖာ္ေဆာင္ေရးအတြက္ စိတ္အားထက္သန္မႈ၊ ဝမ္းနည္းမႈနဲ႔ နာက်င္မႈေတြကို အျပည့္အဝ ကိုယ္ခ်င္းစာပါတယ္။ အဲ့အတြက္ ျမန္မာစစ္တပ္က အာဏာသိမ္းၿပီး သတ္ျဖတ္ျခင္းနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို လ်စ္လ်ဴမရႈႏိုင္ပါဘူး။ သိပ္မၾကာခင္တုန္းက ဘုန္းႀကီးေက်ာင္းမွာ စာသင္ေနတဲ့ကေလးငယ္ေတြကို စစ္တပ္က ေလယာဥ္နဲ႔တိုက္ခိုက္ခဲ့တယ္မဟုတ္လား။ အဲ့ဒီအတြက္ ကေလးငယ္ ၁၁ ေယာက္က ေသဆုံးခဲ့ၿပီး လူမ်ားစြာ ထိခိုက္ခဲ့ရတယ္။ အဲ့အတြက္ က်ေနာ္တို႔က စစ္တပ္က မဆင္မျခင္နဲ႔ လူသားမဆန္တဲ့လုပ္ရပ္ကို ျပည္ သူေတြကို အသိေပးဖို႔ ျမန္မာသံ႐ုံးေရွ႕မွာ ဆႏၵထုတ္ေဖာ္ရတာ ျဖစ္ပါတယ္။” ...ဆိုၿပီးကိုရီးယားဘာသာစကားနဲ႔ေျပာဆိုသြားပါတယ္။

ျမန္မာသံ႐ုံးဘက္က ဘယ္လိုတုံ႔ျပန္သလဲေမးတဲ့အခါမွာေတာ့ တုံ႔ျပန္မႈမရွိဘဲ လ်စ္လ်ဴ႐ႈခဲ့တယ္လို႔လည္းေျပာပါတယ္။

ဆရာေတာ္ ဂ်ီမုန္းက ဒီလိုဆႏၵျပရတာဟာ ျမန္မာ့အေရးဟာ ကမာၻၿငိမ္းခ်မ္းေရးကိုပါထိခိုက္လာတယ္လို႔ ယူဆတာေၾကာင့္ ျဖစ္ေၾကာင္းကိုေျပာျပပါတယ္။

“ကမာၻတဝွမ္းမွာရွိတဲ့ ႏိုင္ငံေတြက မိမိႏိုင္ငံ ၿငိမ္းခ်မ္းေရးနဲ႔ဒီမိုကေရစီရရွိေရးကို ရည္မွန္းၾကတဲ့အတြက္ ျမန္မာက ရင္ဆိုင္ေနရေသာ လက္ရွိအေျခအေနကို လ်စ္လ်ဴမရႈႏိုင္ၾကပါဘူး။ ျမန္မာ့အာဏာသိမ္းမႈ၊ ရက္စက္ၾကမ္းၾကဳတ္စြာ ဖိႏွိပ္မႈေတြေၾကာင့္ ကမာၻ႔ၿငိမ္းခ်မ္းေရးလမ္းစဥ္က ေနာက္ျပန္ဆုတ္သြားမွာ ျဖစ္ပါတယ္။ အဆုံးသတ္ကေတာ့ ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးမရွိရင္ ကမာၻ႔ၿငိမ္း ခ်မ္းေရး ရလာမွာမဟုတ္ဘူး။” လို႔လည္းေျပာသြားပါတယ္။

ျမန္မာစစ္ေကာင္စီကို ကိုရီးယားအစိုးရအပါအဝင္ ႏိုင္ငံတကာကအင္အားစုေတြက ဒီထက္ဖိအားေပးဖို႔ေတြ လိုအပ္တယ္လို႔လည္း အခုလိုေျပာသြားပါတယ္။

“ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြကိုရပ္တန႔္ဖို႔ အင္အားေတြ စုစည္းဖို႔လိုအပ္တယ္လို႔လည္း က်ေနာ္ ထင္ပါတယ္။ အဲဒီလိုလုပ္ဖို႔အတြက္ စစ္တပ္ကို ဖိအားေပးႏိုင္တဲ့ စီးပြားေရး ဒဏ္ခတ္ပိတ္ဆို႔မႈေတြအပါအဝင္ နယ္ပယ္အသီးသီးက လုပ္ေဆာင္ဖို႔လိုတယ္လို႔ က်ေနာ္ထင္ပါတယ္။ အခုလည္း စီးပြားေရး ဒဏ္ခတ္ပိတ္ဆို႔မႈေတြလုပ္ေနေပမယ့္ ဒီတေခါက္ ကေလးငယ္ေတြကို သတ္ျဖတ္တဲ့ကိစၥနဲ႔ ပတ္သက္ပီး ႏိုင္ငံအသီးသီးက အာ႐ုံစိုက္မႈကိုရယူၿပီး အခုထက္ ပိုျပင္းထန္တဲ့ စီးပြားေရးပိတ္ဆို႔မႈေတြအပါအဝင္ လုပ္ႏိုင္တဲ့ ႏိုင္ငံျခားမူဝါဒအားလုံးကို အသုံးျပဳၿပီး အၾကမ္းဖက္မႈကို ရပ္တန႔္ေအာင္ လုပ္သင့္တယ္လို႔ က်ေနာ္ထင္ပါတယ္။” လို႔ ကိုရီးယားဘာသာစကားနဲ႔ေျပာသြားတာပါ။

ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္း႐ြာက စာသင္ေက်ာင္းအေပၚ ျမန္မာစစ္တပ္ရဲ႕ ေလေၾကာင္း တိုက္ခိုက္မႈမွာ ကေလးငယ္ ၁၁ ဦးအပါအဝင္ လူ ၁၃ ဦးေသဆုံးခဲ့တဲ့အၾကာင္း ကုလသမဂၢအဖြဲ႕အစည္းေတြနဲ႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက သတင္းထုတ္ျပန္ထားေပမယ့္ စစ္ေကာင္စီဘက္ကေတာ့ မဟုတ္ဘူးလို႔ျငင္းဆိုပါတယ္။

စစ္ေကာင္စီကေတာ့ ကုလသမဂၢနဲ႔ ႏိုင္ငံတကာအဖြဲ႔အစည္းေတြရဲ႕ ထုတ္ျပန္ခ်က္ေတြဟာ မွားယြင္းေနၿပီး ကေလးငယ္ ၁၁ ေယာက္ေသဆုံးတယ္ဆိုတာ မဟုတ္ဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက VOA ျမန္မာပိုင္းကို ေျပာေပမယ့္ ကေလးငယ္ ေသဆုံးတဲ့ အေရအတြက္ အတိအက်ကိုေတာ့ ေျပာၾကားျခင္း မရွိပါဘူးရွင္။

#ေတာင္ကိုရီးယားဘုန္းႀကီး #လက္ယက္ကုန္းရြာ #ျမန္မာ့အေရးဆႏၵျပ #Jogye #JiMong
==============

[[Unicode]]

လက်ယက်ကုန်း စာသင်ကျောင်းတိုက်ခိုက်မှု ကိုရီးယားဘုန်းတော်ကြီးတွေ ရှုတ်ချ

ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းက ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ မြန်မာစစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကို တောင်ကိုရီးယား ဘုန်းတော်ကြီးတွေက ရှုတ်ချလိုက်ပါတယ်။ မြန်မာနိုင်ငံနိုင်ငံရဲ့အခြေအနေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကိုပါ ထိခိုက်လာနေပြီလို့ဆိုပြီး စက်တင်ဘာလ ၂၁ ရက်နေ့က ကိုရီးယားနိုင်ငံ မြန်မာသံရုံးရှေ့မှာ တောင်ကိုရီးယား ဘုန်းတော်ကြီးတချို့ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာစာသင်ကျောင်းက မူလတန်းအရွယ်ကလေးငယ်တွေကို လေကြောင်းကနေ ပစ်ခတ်သတ်ဖြတ်ခဲ့တာကို ရှုတ်ချကန့်ကွက်တဲ့အနေနဲ့ကိုရီးယားနိုင်ငံက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက မြန်မာသံရုံးရှေ့မှာဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာဦးဆောင်သံဃာဖြစ်တဲ့ ဂျိုဂဲဗုဒ္ဓဘာသာဂိုဏ်းလူမှုဝန်ထမ်းကော်မတီ ဥက္ကဋ္ဌ (Chairperson of Jogye Order Social Labor Committee)ဆရာတော် Ji Mong က ဘာကြောင့်ဆန္ဒပြရသလဲဆိုတာ VOA ကို အခုလိုပြောပြပါတယ်။

“တောင်ကိုရီးယားကလည်း အရင်က စစ်အာဏာသိမ်းဖူးတဲ့သမိုင်းလည်း ရှိခဲ့ပါတယ်။ အဲ့အတွက် မြန်မာလူမျိုးတွေရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် စိတ်အားထက်သန်မှု၊ ဝမ်းနည်းမှုနဲ့ နာကျင်မှုတွေကို အပြည့်အဝ ကိုယ်ချင်းစာပါတယ်။ အဲ့အတွက် မြန်မာစစ်တပ်က အာဏာသိမ်းပြီး သတ်ဖြတ်ခြင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျစ်လျူမရှုနိုင်ပါဘူး။ သိပ်မကြာခင်တုန်းက ဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ကလေးငယ်တွေကို စစ်တပ်က လေယာဉ်နဲ့တိုက်ခိုက်ခဲ့တယ်မဟုတ်လား။ အဲ့ဒီအတွက် ကလေးငယ် ၁၁ ယောက်က သေဆုံးခဲ့ပြီး လူများစွာ ထိခိုက်ခဲ့ရတယ်။ အဲ့အတွက် ကျနော်တို့က စစ်တပ်က မဆင်မခြင်နဲ့ လူသားမဆန်တဲ့လုပ်ရပ်ကို ပြည် သူတွေကို အသိပေးဖို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ရတာ ဖြစ်ပါတယ်။” ...ဆိုပြီးကိုရီးယားဘာသာစကားနဲ့ပြောဆိုသွားပါတယ်။

မြန်မာသံရုံးဘက်က ဘယ်လိုတုံ့ပြန်သလဲမေးတဲ့အခါမှာတော့ တုံ့ပြန်မှုမရှိဘဲ လျစ်လျူရှုခဲ့တယ်လို့လည်းပြောပါတယ်။

ဆရာတော် ဂျီမုန်းက ဒီလိုဆန္ဒပြရတာဟာ မြန်မာ့အရေးဟာ ကမ္ဘာငြိမ်းချမ်းရေးကိုပါထိခိုက်လာတယ်လို့ ယူဆတာကြောင့် ဖြစ်ကြောင်းကိုပြောပြပါတယ်။

“ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံတွေက မိမိနိုင်ငံ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီရရှိရေးကို ရည်မှန်းကြတဲ့အတွက် မြန်မာက ရင်ဆိုင်နေရသော လက်ရှိအခြေအနေကို လျစ်လျူမရှုနိုင်ကြပါဘူး။ မြန်မာ့အာဏာသိမ်းမှု၊ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုတွေကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးလမ်းစဉ်က နောက်ပြန်ဆုတ်သွားမှာ ဖြစ်ပါတယ်။ အဆုံးသတ်ကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးမရှိရင် ကမ္ဘာ့ငြိမ်း ချမ်းရေး ရလာမှာမဟုတ်ဘူး။” လို့လည်းပြောသွားပါတယ်။

မြန်မာစစ်ကောင်စီကို ကိုရီးယားအစိုးရအပါအဝင် နိုင်ငံတကာကအင်အားစုတွေက ဒီထက်ဖိအားပေးဖို့တွေ လိုအပ်တယ်လို့လည်း အခုလိုပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့ အင်အားတွေ စုစည်းဖို့လိုအပ်တယ်လို့လည်း ကျနော် ထင်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် စစ်တပ်ကို ဖိအားပေးနိုင်တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေအပါအဝင် နယ်ပယ်အသီးသီးက လုပ်ဆောင်ဖို့လိုတယ်လို့ ကျနော်ထင်ပါတယ်။ အခုလည်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်နေပေမယ့် ဒီတခေါက် ကလေးငယ်တွေကို သတ်ဖြတ်တဲ့ကိစ္စနဲ့ ပတ်သက်ပီး နိုင်ငံအသီးသီးက အာရုံစိုက်မှုကိုရယူပြီး အခုထက် ပိုပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေအပါအဝင် လုပ်နိုင်တဲ့ နိုင်ငံခြားမူဝါဒအားလုံးကို အသုံးပြုပြီး အကြမ်းဖက်မှုကို ရပ်တန့်အောင် လုပ်သင့်တယ်လို့ ကျနော်ထင်ပါတယ်။” လို့ ကိုရီးယားဘာသာစကားနဲ့ပြောသွားတာပါ။

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာက စာသင်ကျောင်းအပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုမှာ ကလေးငယ် ၁၁ ဦးအပါအဝင် လူ ၁၃ ဦးသေဆုံးခဲ့တဲ့အကြာင်း ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက သတင်းထုတ်ပြန်ထားပေမယ့် စစ်ကောင်စီဘက်ကတော့ မဟုတ်ဘူးလို့ငြင်းဆိုပါတယ်။

စစ်ကောင်စီကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေဟာ မှားယွင်းနေပြီး ကလေးငယ် ၁၁ ယောက်သေဆုံးတယ်ဆိုတာ မဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA မြန်မာပိုင်းကို ပြောပေမယ့် ကလေးငယ် သေဆုံးတဲ့ အရေအတွက် အတိအကျကိုတော့ ပြောကြားခြင်း မရှိပါဘူးရှင်။

#တောင်ကိုရီးယားဘုန်းကြီး #လက်ယက်ကုန်းရွာ #မြန်မာ့အရေးဆန္ဒပြ #Jogye #JiMong
==============

XS
SM
MD
LG