သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားက ျမန္မာအလုပ္သမားေတြ အခုႏွစ္ထဲ ထပ္ေခၚဖို႔ရွိ


Myanmar migrant workers

[[Zawgyi/Unicode]]


ကိုဗစ္ေၾကာင့္ျဖစ္လာတဲ့ လုပ္သားျပတ္လပ္မႈကို ျဖည့္ဆည္းသြားဖို႔အတြက္ ျမန္မာအပါအဝင္ ႏိုင္ငံသုံးခုက MoU လုပ္သား ၇၀,၀၀၀ ေက်ာ္ကို အခုႏွစ္ထဲမွာ ေခၚယူသြားမယ္လို႔ ကိုရီးယားအစိုးရက ေျပာပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံကလုပ္သား ဘယ္ႏွေယာက္ ေခၚသြားမယ္ဆိုတာကိုေတာ့ ကိုရီးယားအစိုးရဘက္က တိတိက်က်မေျပာေသးပါဘူး။ ရန္ကုန္ကေပးပို႔ထားတဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ျမန္မာ၊ အင္ဒိုနီးရွားနဲ႔ နီေပါႏိုင္ငံက အလုပ္သမား ၇၀,၀၀၀ ေက်ာ္ ေခၚယူသြားမယ္လို႔ ေတာင္ကိုရီးယားအလုပ္သမားဝန္ႀကီးဌာနက အဂၤါေန႔က ေျပာလိုက္ပါတယ္။ ေတာင္ကိုရီးယားအစိုးရ ေျပာပုံအရဆိုရင္ အခု ၂၀၂၂ တႏွစ္လုံးမွာ ျပည္ပလုပ္သား အမ်ားအျပား ေခၚယူသြားဖို႔ရွိတယ္လို႔ ကိုရီးယားမွာရွိတဲ့ ျမန္မာသံ႐ုံးက အလုပ္သမားသံအရာရွိ ဦးျမတ္ေသာ္က ဗြီအိုေအကိုေျပာပါတယ္။ ဒီထဲမွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကိုလည္း ထည့္သြင္းေျပာသြားတယ္လို႔ သူကအခုလိုေျပာပါတယ္။

" ဒီႏွစ္ထဲမွာ ထပ္ေခၚဖို႔ေပါ့ေနာ္ ႏိုင္ငံျခားသားအလုပ္သမား အားလုံးေပါင္းစုစုေပါင္း ၇၃,၀၀၀ ေပါ့ေနာ္၊ သူတို႔က မွတ္ခ်က္ျပဳထားတာေပါ့။ ျမန္မာကေတာ့ ခြဲတမ္းေတာ့ မသိရေသးဘူး။ အင္ဒိုနီးရွား၊ ျမန္မာ၊ နီေပါေတာ့ ပါတာေပါ့ေနာ္။ က်ေနာ္တို႔အတြက္ကိုလည္း သူက အလုပ္ရွင္ေတြရဲ႕ စီမံခန႔္ခြဲမႈ၊ လုပ္ထုံးလုပ္နည္းနဲ႔ ပတ္သက္ၿပီး ပုံေဖာ္၊ ေဆာင္႐ြက္ေပးသြားမယ္တို႔ ပါတာေပါ့ေနာ္။ (ကိုရီးယား) အလုပ္အကိုင္ႏွင့္ အလုပ္သမားဝန္ႀကီးက သူတို႔မွတ္ခ်က္ေတြက ကိုဗစ္ေၾကာင့္ လုပ္သားေတြ မေခၚရေတာ့ဘူး၊ ဒီႏွစ္ထဲမွာသူက အမ်ားႀကီးရေအာင္ ထပ္ေခၚမယ္ေပါ့ေနာ္။ အဲလိုသူတို႔ လုပ္ေပးထားတယ္။"

ကိုရီးယားအစိုးရက အခုလို ျမန္မာလုပ္သားေတြ ထပ္ၿပီးေခၚယူသြားမယ္လို႔ ေျပာေပမဲ့လည္း အေရအတြက္ ဘယ္ေလာက္ေခၚမယ္ဆိုတာ အသိမေပးေသးပါဘူး။ လက္က်န္စာရင္းထဲက ေခၚရမယ့္လုပ္သားေတြလည္း ျမန္မာျပည္တြင္းမွာ အမ်ားအျပား က်န္ေနေသးတယ္လို႔ ျမန္မာအလုပ္သမားေရးဌာနရဲ႕ အၿမဲတမ္းအတြင္းဝန္ ဦးၫႊန႔္ဝင္းက ဗြီအိုေအကို ေျပာပါတယ္။

" လူ ၃,၀၀၀ ေက်ာ္ဒီမွာ EPS ( ကိုရီးယားအလုပ္အကိုင္ အရည္အခ်င္းစစ္စာေမးပြဲ) လုပ္သားေတြ က်န္ေသးတယ္။ က်ေနာ္တို႔လူငယ္ေလးေတြ လႊတ္ခ်င္တာေပါ့ဗ်၊ လစာလည္းေကာင္းတာကိုး။ သူတို႔လိုခ်င္တဲ့ နည္းလမ္းအတိုင္း က်ေနာ္တို႔စစ္သြားတဲ့ဟာ လူ ၃,၀၀၀ ေက်ာ္၊ ၄,၀၀၀ ေတာင္နီးပါတယ္ ၃,၉၀၀ ေလာက္က်န္တယ္။ အဲဒါကို သူတို႔မေခၚေသးတဲ့အတြက္ က်ေနာ္တို႔ သြားရမယ့္လူငယ္ေတြက တိုးလိုးတန္းလန္း ျဖစ္ေနတာေပါ့ဗ်ာ။"

ျမန္မာဘက္က ကိုရီးယားကို လုပ္သားေစလႊတ္တာကို ၿပီးခဲ့တဲ့ ၂၀၂၁ ဒီဇင္ဘာမွာ ျပန္ၿပီး စတင္ခဲ့ပါတယ္။ အခုဇြန္လအထိ ေျခာက္အတြင္း ကိုရီးယားကိုေရာက္သြားတဲ့ ျမန္မာလုပ္သားက ၁,၅၀၀ ေက်ာ္ရွိပါတယ္။

ကိုရီးယားႏိုင္ငံရဲ႕ လယ္လုပ္ငန္း၊ ငါးလုပ္ငန္းနဲ႔ အေသးစားကုန္ထုတ္ လုပ္ငန္းေတြက ျပည္ပလုပ္သားေတြကိုပဲ အဓိကအားထားရတာပါ။ ကိုဗစ္ေၾကာင့္ ျပည္ပလုပ္သား စီးဝင္တာ ကန႔္သတ္လိုက္ရလို႔ ဒီလုပ္ငန္းေတြမွာ လုပ္သားအင္အား က်သြားပါတယ္။ ပုံမွန္အရဆိုရင္ ေတာင္ကိုရီးယားႏိုင္ငံကို လုပ္သား ၅၀,၀၀၀ ေက်ာ္ႏွစ္တိုင္း ဝင္ေလ့ရွိပါတယ္။၂၀၂၀မွာေတာ့ ကိုဗစ္ေၾကာင့္ ၆,၆၈၈ ေယာက္အထိ က်သြားတာပါ။ ၂၀၂၁ မွာေတာ့ ၁၀,၀၀၀ ေက်ာ္အထိ ျပန္တက္လာတာပါ။

အခုေနာက္ပိုင္းမွာ ျမန္မာႏိုင္ငံကေန ဂ်ပန္ႏိုင္ငံကို အလုပ္သြားလုပ္သူေတြလည္း မ်ားလာပါတယ္။ ဒါေပမဲ့ မေလးရွား၊ စကၤာပူ၊ ထိုင္း၊ ကိုရီးယား စတဲ့ ေလးႏိုင္ငံကို ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြ အမ်ားဆုံးသြားတာ ျဖစ္ပါတယ္။ အေရွ႕အလယ္ပိုင္းကိုလည္း စၿပီးလႊတ္ေနေပမဲ့ သြားတဲ့အေရအတြက္ေတာ့ နည္းေသးတယ္လို႔ ျမန္မာအလုပ္သမားေရးဌာနက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------

[[Unicode]]

တောင်ကိုရီးယားက မြန်မာအလုပ်သမားတွေ အခုနှစ်ထဲ ထပ်ခေါ်ဖို့ရှိ


ကိုဗစ်ကြောင့်ဖြစ်လာတဲ့ လုပ်သားပြတ်လပ်မှုကို ဖြည့်ဆည်းသွားဖို့အတွက် မြန်မာအပါအဝင် နိုင်ငံသုံးခုက MoU လုပ်သား ၇၀,၀၀၀ ကျော်ကို အခုနှစ်ထဲမှာ ခေါ်ယူသွားမယ်လို့ ကိုရီးယားအစိုးရက ပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကလုပ်သား ဘယ်နှယောက် ခေါ်သွားမယ်ဆိုတာကိုတော့ ကိုရီးယားအစိုးရဘက်က တိတိကျကျမပြောသေးပါဘူး။ ရန်ကုန်ကပေးပို့ထားတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မြန်မာ၊ အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံက အလုပ်သမား ၇၀,၀၀၀ ကျော် ခေါ်ယူသွားမယ်လို့ တောင်ကိုရီးယားအလုပ်သမားဝန်ကြီးဌာနက အင်္ဂါနေ့က ပြောလိုက်ပါတယ်။ တောင်ကိုရီးယားအစိုးရ ပြောပုံအရဆိုရင် အခု ၂၀၂၂ တနှစ်လုံးမှာ ပြည်ပလုပ်သား အများအပြား ခေါ်ယူသွားဖို့ရှိတယ်လို့ ကိုရီးယားမှာရှိတဲ့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးမြတ်သော်က ဗွီအိုအေကိုပြောပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ထည့်သွင်းပြောသွားတယ်လို့ သူကအခုလိုပြောပါတယ်။

" ဒီနှစ်ထဲမှာ ထပ်ခေါ်ဖို့ပေါ့နော် နိုင်ငံခြားသားအလုပ်သမား အားလုံးပေါင်းစုစုပေါင်း ၇၃,၀၀၀ ပေါ့နော်၊ သူတို့က မှတ်ချက်ပြုထားတာပေါ့။ မြန်မာကတော့ ခွဲတမ်းတော့ မသိရသေးဘူး။ အင်ဒိုနီးရှား၊ မြန်မာ၊ နီပေါတော့ ပါတာပေါ့နော်။ ကျနော်တို့အတွက်ကိုလည်း သူက အလုပ်ရှင်တွေရဲ့ စီမံခန့်ခွဲမှု၊ လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်ပြီး ပုံဖော်၊ ဆောင်ရွက်ပေးသွားမယ်တို့ ပါတာပေါ့နော်။ (ကိုရီးယား) အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးက သူတို့မှတ်ချက်တွေက ကိုဗစ်ကြောင့် လုပ်သားတွေ မခေါ်ရတော့ဘူး၊ ဒီနှစ်ထဲမှာသူက အများကြီးရအောင် ထပ်ခေါ်မယ်ပေါ့နော်။ အဲလိုသူတို့ လုပ်ပေးထားတယ်။"

ကိုရီးယားအစိုးရက အခုလို မြန်မာလုပ်သားတွေ ထပ်ပြီးခေါ်ယူသွားမယ်လို့ ပြောပေမဲ့လည်း အရေအတွက် ဘယ်လောက်ခေါ်မယ်ဆိုတာ အသိမပေးသေးပါဘူး။ လက်ကျန်စာရင်းထဲက ခေါ်ရမယ့်လုပ်သားတွေလည်း မြန်မာပြည်တွင်းမှာ အများအပြား ကျန်နေသေးတယ်လို့ မြန်မာအလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

" လူ ၃,၀၀၀ ကျော်ဒီမှာ EPS ( ကိုရီးယားအလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲ) လုပ်သားတွေ ကျန်သေးတယ်။ ကျနော်တို့လူငယ်လေးတွေ လွှတ်ချင်တာပေါ့ဗျ၊ လစာလည်းကောင်းတာကိုး။ သူတို့လိုချင်တဲ့ နည်းလမ်းအတိုင်း ကျနော်တို့စစ်သွားတဲ့ဟာ လူ ၃,၀၀၀ ကျော်၊ ၄,၀၀၀ တောင်နီးပါတယ် ၃,၉၀၀ လောက်ကျန်တယ်။ အဲဒါကို သူတို့မခေါ်သေးတဲ့အတွက် ကျနော်တို့ သွားရမယ့်လူငယ်တွေက တိုးလိုးတန်းလန်း ဖြစ်နေတာပေါ့ဗျာ။"

မြန်မာဘက်က ကိုရီးယားကို လုပ်သားစေလွှတ်တာကို ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာမှာ ပြန်ပြီး စတင်ခဲ့ပါတယ်။ အခုဇွန်လအထိ ခြောက်အတွင်း ကိုရီးယားကိုရောက်သွားတဲ့ မြန်မာလုပ်သားက ၁,၅၀၀ ကျော်ရှိပါတယ်။

ကိုရီးယားနိုင်ငံရဲ့ လယ်လုပ်ငန်း၊ ငါးလုပ်ငန်းနဲ့ အသေးစားကုန်ထုတ် လုပ်ငန်းတွေက ပြည်ပလုပ်သားတွေကိုပဲ အဓိကအားထားရတာပါ။ ကိုဗစ်ကြောင့် ပြည်ပလုပ်သား စီးဝင်တာ ကန့်သတ်လိုက်ရလို့ ဒီလုပ်ငန်းတွေမှာ လုပ်သားအင်အား ကျသွားပါတယ်။ ပုံမှန်အရဆိုရင် တောင်ကိုရီးယားနိုင်ငံကို လုပ်သား ၅၀,၀၀၀ ကျော်နှစ်တိုင်း ဝင်လေ့ရှိပါတယ်။၂၀၂၀မှာတော့ ကိုဗစ်ကြောင့် ၆,၆၈၈ ယောက်အထိ ကျသွားတာပါ။ ၂၀၂၁ မှာတော့ ၁၀,၀၀၀ ကျော်အထိ ပြန်တက်လာတာပါ။

အခုနောက်ပိုင်းမှာ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်သူတွေလည်း များလာပါတယ်။ ဒါပေမဲ့ မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ ကိုရီးယား စတဲ့ လေးနိုင်ငံကို မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံးသွားတာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းကိုလည်း စပြီးလွှတ်နေပေမဲ့ သွားတဲ့အရေအတွက်တော့ နည်းသေးတယ်လို့ မြန်မာအလုပ်သမားရေးဌာနက ပြောပါတယ်။
-------------

XS
SM
MD
LG