သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီးတိန် အစိုးရရုံးတွေ မီးရှို့ခံရ 


Tedim တီးတိန်
Tedim တီးတိန်

[[Zawgyi/Unicode]]

ချင်းပြည်နယ်တီးတိန်မြို့မှာ မြန်မာစစ်တပ်ကိုဆန့်ကျင်နေတဲ့ ဒေသခံ လက်နက်ကိုင်အ ဖွဲ့တစ်ဖွဲ့နဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားပြီး သမဝါယမဦးစီးဌာနရုံးနဲ့ လူဝင်မှုကြီးကြပ်ရေးရုံးတွေမီးရှို့ခံခဲ့ရသလို အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တဲအ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုတွေအတွင်း အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မျက်မြင် ဒေသခံတဦးကလည်း ပြောပါတယ်။ တီးတိန်မြို့ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေ သတင်းပေးပို့ချက်ကို တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့မှာ မှတ်ပုံတင်၊ နိုင်ငံသားကဒ်ပြားထုတ်ပေးတဲ့ လုပ်ငန်းတွေလုပ်နေတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ သမဝါယမဦးစီဌာနရုံးတွေ မီးလောင်ပျက်ဆီးခဲ့ပါတယ်။ ဒေသခံတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား အပြန်အလှန် ပစ်ခတ်မှုအတွင်းမှာ မီးလောင်ပျက်ဆီးခဲ့တာပါ။ စစ်တပ်ဘက်က လက်နက်ကြီးတွေသုံး တိုက်ခိုက်ခဲ့တဲ့အကြောင်း ရုံးတွေ မီးလောင်ခဲ့တဲ့အကြောင်း စစ်တပ်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့အဖွဲ့တစ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လဝကရုံးနဲ့ သမရုံး အဲ့ ၂ နေရာ မီးလောင်တယ်။ လဝကရုံးကတော့ အဓိက ကတော့ သူတို့ ဒီ စကစ ဘက် က ပြည်သူတွေကို စည်းရုံးတာ။ မှတ်ပုံတင်လုပ်ဖို့ရယ်၊ နိုင်ငံသားကဒ်ပြားလုပ်ဖို့ပေါ့နော်။ အဲ့ဒါတွေကို နှိုးဆော်နေတဲ့အခါကျတော့ အခုချိန် သူတို့ကို တရားမဝင် မဲပေးတဲ့အခါကျတော့ ဒီဟာကို အလိုမရှိဘူးပေါ့နော်။ အဲ့ဒါကြောင့်လည်း မီးရှို့တာ။”

လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၁ နာရီ ကျော် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံအမျိုးသမီးတဦးသေဆုံးခဲ့ပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“မြင်လိုက်တာ။ ၉ နာရီ ၁၅ လောက်မှာ မြင်တယ်။ မီးလောင်တဲ့နောက်မှာ လက်နက်ကြီးတလုံးကို၊ အဲ-သမ ဦးစီးရုံးအတွင်း ကျရောက်ပေါက်ကွဲတယ်။ လက်နက်ကြီးကော လက်နက်ငယ်ကော စုံနေတာ။ ၉ နာရီ ၁၅ နောက်ပိုင်းမှာ အပစ်အခတ် ကြားရတယ်။ ၁၀ နာရီ ၄၅ လောက်အထိ ၁ နာရီကျော်ကျော် ၁ နာရီခွဲလောက်ကြာတယ်။ အဲ့နောက်ပိုင်းမှာလည်း သီးခြား သီးခြား ကြားရသေးတယ်။ ၃ နာရီအထိ။ အမျိုးသမီး ၁ ဦး ကျဉ်ထိမှန်ပြီးသေဆုံးသွားတယ်။ ၂ ယောက် မစိုးရိမ်ရတဲ့ဒဏ်ရာရတယ်။”

အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို သီးခြား အတည်ပြုချက်လည်း ထွက်ပေါ်လာတာ မရှိပါဘူး။ တိုက်ပွဲဖြစ်ပွားပြီးနောက် မနက်ပိုင်းမှာ ဖြစ်ပွားတဲ့နေရာအနီးကို မြန်မာစစ်တပ်ဘက်က ရောက်ရှိလာပြီး လုံခြုံရေးယူခဲ့ပါတယ်။ မြို့တွင်း သွားလာသူအချို့ကို စစ်ဆေး မေးမြန်းတာကလွဲပြီး တီးတိန်မြို့ထဲမှာတော့ ပုံမှန်သွားလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်ဖျက်ဆီးတာနဲ့ တိုက်ခိုက်မှုမှာပါ ဒေသခံ PDF တွေ ပါဝင်ပတ်သက်မှု မရှိဘူးလို့ PDF-Zoland က ငြင်းဆိုထားပါတယ်။ တီးတိန်မှာ ရုံးအဆောက်အဦးတချို့ မီးလောင်ခဲ့သလို ပြည်သူပိုင်အိမ်နဲ့ ကားတချို့ ဗုံးဆံတွေ ထိမှန်ခဲ့တဲ့အကြောင်းနဲ့ ပြည်သူတွေ စိုးရိမ်နေတဲ့အကြောင်း ဇိုမီးဖက်ဒရယ်အစည်းအရုံးကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်ကို တိုက်ခိုက်နေတဲ့ PDF ဒေသခံ ကာကွယ်ရေး အဖွဲ့တွေ၊ ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပါအဝင် အခြားလက်နက်ကိုင်အဖွဲ့တစ်ချို့ ခြေကုတ်ယူထားပြီး စစ်တပ်ဘက်ကလည်း နယ်မြေရှင်းလင်းရေးတွေ လုပ်လေ့ရှိတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

===========

[[Unicode]]









XS
SM
MD
LG