သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီမှာ နောက်ထပ် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၈ ဦးအထိရှိ 


Turkey Syria Earthqauke Antakya
Turkey Syria Earthqauke Antakya

{{Zawgyi/Unicode}}

တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသမှာ တနင်္လာနေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူအရေအတွက် အနည်းဆုံးရှစ်ဦးအထိမြင့်တက်လာပြီး ကယ်ဆယ်ရေးလုပ်သားတွေကလည်း ပြိုကျနေတဲ့အဆောက်အအုံတွေထဲက ပိတ်မိနေသူတွေကို ဆက်လက် ရှာဖွေနေကြပါတယ်။

လူပေါင်း လေးသောင်းခွဲ (၄၅,၀၀၀) နီးပါး အသက်ဆုံးရှုံးခဲ့ရတဲ့ ဧရာမငလျင်ကြီး လှုပ်ခတ်ပြီး နှစ်ပတ်အကြာမှာ ပြင်းအား ၆.၄ ရှိတဲ့ နောက်ထပ်ငလျင်တခုလှုပ်ခဲ့တာပါ။

အရင် ဖေဖော်ဝါရီ ၆ ရက်ကလှုပ်ခဲ့တဲ့ ငလျင်ကြီးဒဏ်ကြောင့် အပြင်းအထန်ပျက်စီးဆုံးရှုံးမှုတွေကြုံခဲ့ရတဲ့ တူရကီနိုင်ငံ ဟတိုင်း (Hatay) ပြည်နယ်၊ ဒစ်ဖ်နဲ (Defne) မြို့ ကို ဗဟိုပြုပြီး တနင်္လာနေ့က ငလျင် ထပ်မံလှုပ်ခဲ့တာဖြစ်ပြီး ဒီငလျင်ဒဏ်ဟာ အိမ်နီးချင်း ဆီးရီးယား၊ ဂျော်ဒန်၊ လက်ဘနွန်နဲ့ အီဂျစ်နိုင်ငံတွေကိုပါ ရိုက်ခတ်ခဲ့ပြီး နောက်ဆက်တွဲ အဖြစ်လည်း ပြင်းအား ၅.၈ အဆင့်ရှိ ငလျင်တခု ထပ်လှုပ်ခတ်ခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံက အလက်ပိုမှာလည်း လူခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန SANA က ဆိုပါတယ်။

တပြိုင်တည်းမှာပဲ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုလသမဂ္ဂယာဉ်တန်းဟာ အသစ်ဖွင့်လှစ်လိုက်တဲ့ အယ်လ်ရာရီ (al-Ra'ee) နယ်စပ်ကနေ ဆီးရီးယားဘက်ကို တနင်္လာနေ့ကရောက်သွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ အခုဆိုရင် သူပုန်တွေထိန်းချုပ်ထားတဲ့ ဆီးရီးယားမြောက်ပိုင်းက ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီဖို့ ကုလသမဂ္ဂအနေနဲ့ နယ်စပ်ကို အပြည့်အဝဖြတ်ကျော်နိုင်တဲ့လမ်းကြောင်း ၃ ခုရှိတယ် ဆိုပါတယ်။

လက်ရှိမှာ အကူအညီယာဉ်တန်း ၂၂၇ စီး စေလွှတ်ထားပြီး နယ်စပ်ဖြတ်ကျော်တဲ့လမ်းကြောင်း သုံးခုစလုံးကနေ နောက်ထပ်အကူအညီတွေပေးပို့ဖို့ ပြင်ဆင်နေတယ်လို့ လည်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် တူရကီနဲ့ ဆီးရီးယားငလျင်ဘေးအတွက် အမေရိကန်နိုင်ငံကလည်း နောက်ထပ်အကူအညီ ဒေါ်လာ သန်း ၁၀၀ ပေးဖို့ရှိတယ်လို့ ကြေညာခဲ့လို့ အမေရိကန်ရဲ့အကူအညီဟာ စုစုပေါင်း ဒေါ်လာ ၁၈၅ သန်း ရှိလာပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်နဲ့ တူရကီသမ္မတ အာဒိုဝန်တို့လည်း တနင်္လာနေ့က အန်ကာရာမှာ တွေ့ဆုံခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အမေရိကန်က အကူအညီပေးသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တူရကီမှာ နောက်ထပ် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၈ ဦးအထိရှိ .mp3
please wait

No media source currently available

0:00 0:00:39 0:00
တိုက်ရိုက် လင့်ခ်

=================

{{Unicode}}









XS
SM
MD
LG