သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တႏိုင္း လီဒိုလမ္း KIA နဲ႔ စစ္ေကာင္စီ တိုက္ပြဲျဖစ္၊ ေက်ာင္းေတြပိတ္ထားရ


KIA တပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ေအာက္တုိဘာ ၁၄၊ ၂၀၁၆)

[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ တႏိုင္း- လီဒိုလမ္းမေပၚက ရွဒူဇြပ္ စံျပေက်း႐ြာက ျပည္သူ႔စစ္စခန္းကို KIA က ဒီေန႔မနက္အေစာပိုင္းမွာ သြားေရာက္တိုက္ခိုက္ခဲ့ပါတယ္။ ဒီတိုက္ပြဲအတြင္း ရွဒူဇြပ္႐ြာစာသင္ေက်ာင္းကို လက္နက္ႀကီးထိမွန္တာေၾကာင့္ ဒီကေန႔ ေက်ာင္းပိတ္ခဲ့ရသလို ႐ြာအတြင္းက်ေရာက္ၿပီး မေပါက္ကြဲေသးတဲ့ လက္နက္ႀကီးက်ည္ေတြကို ေန႔ခင္းပိုင္းအထိ ရွင္းလင္းႏိုင္တာမရွိပါဘူး။ ရန္ကုန္ကလာတဲ့ လီဒိုလမ္းမေပၚက တိုက္ပြဲသတင္းကို ကိုရန္ႏိုင္က တင္ျပေပးထားပါတယ္။

ဖားကန႔္ၿမိဳ႕နယ္၊ ဝါရာဇြပ္ေက်း႐ြာအုပ္စု၊ ရွဒူဇြပ္၊ စံျပေက်း႐ြာက တိုက္ပြဲဟာ ဒီေန႔ မနက္ ၃ နာရီေက်ာ္ကေန ၆ နာရီေလာက္အထိ ျဖစ္ပြားခဲ့တာပါ။

တိုက္ပြဲျဖစ္ပြားတဲ့အေျခအေနကို ေဒသခံတဦးက VOA ကို အခုလို ေျပာပါတယ္။

“၃ နာရီခြဲေလာက္မွာ စံျပေက်း႐ြာ၊ ျပည္သူ႔စစ္စခန္းေပါ့။ ေက်း႐ြာကေန သူတို႔က ပစ္တာပဲဗ်။ KIA ေပါ့။ ႐ြာထဲမွာေတာ့ က်ည္ဆံခြံေတြေရာ၊ က်ည္ဆံအသစ္ေတြေရာ၊ အမ်ားႀကီးပဲ။ လမ္းေပၚမွာ အမ်ားႀကီးပဲ။ ေက်း႐ြာမွာက တျခားအထိအခိုက္ေတာ့ မရွိဘူး။ ဒါေပမယ့္ စာသင္ေက်ာင္း အမိုးကေတာ့ ေပါက္သြားတာ။ လက္နက္ႀကီးက်တာေလ။ အဲဒီမွာ။ ဒီေန႔လည္း ေက်ာင္းပိတ္ထားတယ္။”

ဒီတိုက္ပြဲျဖစ္စဥ္အတြင္းမွာ ရွဒူဇြပ္အေျခစိုက္ ခလရ ၂၉၇ ကလည္း လက္နက္ႀကီးနဲ႔ ပစ္ခတ္ တာေတြ ရွိေၾကာင္း ေျပာပါတယ္။

အျခားေဒသခံတဦးကေတာ့ ႐ြာအတြင္းက်ေရာက္တဲ့ လက္နက္ႀကီးအခ်ိဳ႕ဟာ မေပါက္ကြဲေသးတာေၾကာင့္ သက္ဆိုင္ရာကို အေၾကာင္းၾကားထားေၾကာင္းနဲ႔ ေန႔ခင္းပိုင္းအထိေတာ့ လာေရာက္ ရွင္းလင္းတာ မရွိေသးေၾကာင္း ေျပာပါတယ္။

“လက္နက္ႀကီးတခ်ိဳ႕ ေျမျပင္မွာက်ေနတာရွိတယ္။ တခ်ိဳ႕ကပစ္ၿပီးမွမကြဲတဲ့ဟာ ေျမႀကီးမွာ စိုက္ေနတဲ့ဟာေတာ့ ၈ လုံးေလာက္ ေတြ႕ရတယ္။ လက္နက္ကြၽမ္းက်င္တဲ့သူေတြ နီးစပ္သူေတြေတာ့ အကူအညီ ေတာင္းထားတာေပါ့။ ညေနပိုင္းက်ရင္ေတာ့ ရွင္းလင္းေရး လုပ္ေပးမယ္ေပါ့။ အခုေလာေလာဆယ္ကေတာ့ ကေလးေတြ မသြားေစဘဲနဲ႔။ အတားအဆီး အကာအရံ အဲလိုေလး လုပ္ထားၿပီးေတာ့ ေစာင့္ၾကည့္ေနရတာ။ ႐ြာသားေတြေတာ့ ထိခိုက္နစ္နာမႈေတာ့ မရွိဘူး။ အိမ္တို႔ဘာတို႔ ထိခိုက္တာေတာ့ ရွိတာေပါ့။ ကားတို႔ ဘာတို႔။ အိမ္တအိမ္ကေတာ့ ကားေတြဘာေတြ လက္နက္ႀကီးမွန္ၿပီးမွ ကြဲသြားတာေတြ ရွိတယ္။ အိမ္ေခါင္မိုးပြင့္သြားတာတို႔ေပ့ါ။”

လက္နက္ႀကီးက်ည္ဟာ ဘယ္ဘက္က ပစ္တဲ့က်ည္ဆိုတာေတာ့ မခြဲျခားတတ္ေၾကာင္း ေျပာပါတယ္။

တိုက္ပြဲျဖစ္စဥ္အတြင္း ျပည္သူ႔စစ္က တေယာက္ထိခိုက္ၿပီး KIA ဘက္က တေယာက္ထိခိုက္၊ တေယာက္က်ဆုံးတယ္လု႔ိ ၾကားသိရေၾကာင္း ေဒသခံေတြက ေျပာေပမယ့္ သီးျခား အတည္ျပဳႏိုင္တာေတာ့ မရွိပါဘူး။

ေန႔ခင္းပိုင္းမွာေတာ့ ဒြမ္ဘန္႐ြာဘက္ကေန စစ္ေကာင္စီစစ္ေၾကာင္း တေၾကာင္း ရွဒူဇြပ္႐ြာဘက္ကို ခ်ီတက္လာတဲ့ သတင္းၾကားရၿပီး တႏိုင္း-လီဒို လမ္းကိုလည္း ကားအသြားအလာပိတ္ ထားတာေၾကာင့္ တိုက္ပြဲ ထပ္မံျဖစ္ပြားမွာကို စိုးရိမ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

KIAရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက လီဒိုလမ္းမွာ ျပည္သူ႔စစ္ စခန္း ၂ ခုကို KIA တိုက္ခိုက္တာ ရွိေၾကာင္းေျပာပါတယ္။

“ တႏိုင္း- လီဒိုလမ္းဘက္မွာ ရွဒူဇြပ္မွာေတာ့ ဒီမနက္ေပါ့ေနာ္။ KIA ကေန စစ္ေကာင္စီရဲ႕ လက္ေအာက္ ေပါ့ေနာ္။ ျပည္သူ႔စစ္စခန္းကို ဝင္တိုက္တာေတာ့ ရွိပါတယ္။ တင္ျပခ်က္ကေတာ့ ၂ ေနရာကို ဝင္တိုက္တယ္လို႔ ေျပာပါတယ္။ တေနရာကိုေတာ့ သူတို႔ စခန္းမီးရႈိ႕လိုက္ တာေပါ့။ တေနရာကိုေတာ့ ဝင္သိမ္းဖို႔ေတာ့ မဟုတ္ဘူးေပါ့ေနာ္။ ေရာင္ျပတဲ့ ပုံစံမ်ိဳးနဲ႔ တိုက္တဲ့ ပုံစံလို႔ေတာ့ ၾကားရပါတယ္။”

တဘက္ရန္သူစခန္းကို ဝင္တိုက္တဲ့ တိုက္ပြဲျဖစ္တာေၾကာင့္ အထိအခိုက္ရွိႏိုင္ေၾကာင္း၊ ဒါေပမယ့္ အတိအက် သတင္းတက္တာ မရွိေသးေၾကာင္း ေျပာပါတယ္။

ဝါရာဇြပ္ျပည္သူ႔စစ္အဖြဲ႕ဲရဲ႕ တယ္လီဂရမ္မွာေတာ့ KIA နဲ႔ PDF ပူးေပါင္း အင္အား ၂၀၀ ေလာက္ဟာ ရွဒူဇြပ္ စံျပ႐ြာ ျပည္သူ႔စစ္စခန္းကို လာေရာက္ တိုက္ခိုက္ေၾကာင္း၊ တိုက္ပြဲ ၂ နာရီေလာက္ျဖစ္ပြားၿပီးေနာက္ KIA အထိအခိုက္မ်ားစြာနဲ႔ ျပန္လည္ဆုတ္ခြာခဲ့ေၾကာင္းနဲ႔ ျပည္သူ႔စစ္ တပ္ဖြဲ႕က ထိခိုက္တာမရွိသလို စခန္းက်ဆုံးတာမရွိေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

အရင္ရက္ေတြက တိုက္ပြဲျပင္းထန္ခဲ့တဲ့ ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္း႐ြာနဲ႔ ဝိုင္းေမာ္ၿမိဳ႕နယ္ ဆဒုံးဘက္ေတြမွာေတာ့ ဒီေန႔ တိုက္ပြဲျဖစ္တဲ့သတင္းေတြ မၾကားရပါဘူး။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၈ ရက္ေန႔က ရွဒူဇြပ္႐ြာအနီးရွိ KIA စခန္းတခုကို ရွဒူဇြပ္အေျခစိုက္ ျပည္သူ႔ စစ္အဖြဲ႕က သြားေရာက္တိုက္ခိုက္ခဲ့ရာမွာ KIA ဘက္က ၂ ဦးက်ဆုံးခဲ့သလို ေမလအတြင္းက ျပည္သူ႔စစ္ေခါင္းေဆာင္ရဲ႕ ဘက္ဟိုး ၂ စီးကို KIA က မီးရႈိ႕ဖ်က္ဆီးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]


တနိုင်း လီဒိုလမ်း KIA နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်၊ ကျောင်းတွေပိတ်ထားရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တနိုင်း- လီဒိုလမ်းမပေါ်က ရှဒူဇွပ် စံပြကျေးရွာက ပြည်သူ့စစ်စခန်းကို KIA က ဒီနေ့မနက်အစောပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်း ရှဒူဇွပ်ရွာစာသင်ကျောင်းကို လက်နက်ကြီးထိမှန်တာကြောင့် ဒီကနေ့ ကျောင်းပိတ်ခဲ့ရသလို ရွာအတွင်းကျရောက်ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကို နေ့ခင်းပိုင်းအထိ ရှင်းလင်းနိုင်တာမရှိပါဘူး။ ရန်ကုန်ကလာတဲ့ လီဒိုလမ်းမပေါ်က တိုက်ပွဲသတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူဇွပ်၊ စံပြကျေးရွာက တိုက်ပွဲဟာ ဒီနေ့ မနက် ၃ နာရီကျော်ကနေ ၆ နာရီလောက်အထိ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“၃ နာရီခွဲလောက်မှာ စံပြကျေးရွာ၊ ပြည်သူ့စစ်စခန်းပေါ့။ ကျေးရွာကနေ သူတို့က ပစ်တာပဲဗျ။ KIA ပေါ့။ ရွာထဲမှာတော့ ကျည်ဆံခွံတွေရော၊ ကျည်ဆံအသစ်တွေရော၊ အများကြီးပဲ။ လမ်းပေါ်မှာ အများကြီးပဲ။ ကျေးရွာမှာက တခြားအထိအခိုက်တော့ မရှိဘူး။ ဒါပေမယ့် စာသင်ကျောင်း အမိုးကတော့ ပေါက်သွားတာ။ လက်နက်ကြီးကျတာလေ။ အဲဒီမှာ။ ဒီနေ့လည်း ကျောင်းပိတ်ထားတယ်။”

ဒီတိုက်ပွဲဖြစ်စဉ်အတွင်းမှာ ရှဒူဇွပ်အခြေစိုက် ခလရ ၂၉၇ ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ် တာတွေ ရှိကြောင်း ပြောပါတယ်။

အခြားဒေသခံတဦးကတော့ ရွာအတွင်းကျရောက်တဲ့ လက်နက်ကြီးအချို့ဟာ မပေါက်ကွဲသေးတာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားထားကြောင်းနဲ့ နေ့ခင်းပိုင်းအထိတော့ လာရောက် ရှင်းလင်းတာ မရှိသေးကြောင်း ပြောပါတယ်။

“လက်နက်ကြီးတချို့ မြေပြင်မှာကျနေတာရှိတယ်။ တချို့ကပစ်ပြီးမှမကွဲတဲ့ဟာ မြေကြီးမှာ စိုက်နေတဲ့ဟာတော့ ၈ လုံးလောက် တွေ့ရတယ်။ လက်နက်ကျွမ်းကျင်တဲ့သူတွေ နီးစပ်သူတွေတော့ အကူအညီ တောင်းထားတာပေါ့။ ညနေပိုင်းကျရင်တော့ ရှင်းလင်းရေး လုပ်ပေးမယ်ပေါ့။ အခုလောလောဆယ်ကတော့ ကလေးတွေ မသွားစေဘဲနဲ့။ အတားအဆီး အကာအရံ အဲလိုလေး လုပ်ထားပြီးတော့ စောင့်ကြည့်နေရတာ။ ရွာသားတွေတော့ ထိခိုက်နစ်နာမှုတော့ မရှိဘူး။ အိမ်တို့ဘာတို့ ထိခိုက်တာတော့ ရှိတာပေါ့။ ကားတို့ ဘာတို့။ အိမ်တအိမ်ကတော့ ကားတွေဘာတွေ လက်နက်ကြီးမှန်ပြီးမှ ကွဲသွားတာတွေ ရှိတယ်။ အိမ်ခေါင်မိုးပွင့်သွားတာတို့ပေ့ါ။”

လက်နက်ကြီးကျည်ဟာ ဘယ်ဘက်က ပစ်တဲ့ကျည်ဆိုတာတော့ မခွဲခြားတတ်ကြောင်း ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်း ပြည်သူ့စစ်က တယောက်ထိခိုက်ပြီး KIA ဘက်က တယောက်ထိခိုက်၊ တယောက်ကျဆုံးတယ်လု့ိ ကြားသိရကြောင်း ဒေသခံတွေက ပြောပေမယ့် သီးခြား အတည်ပြုနိုင်တာတော့ မရှိပါဘူး။

နေ့ခင်းပိုင်းမှာတော့ ဒွမ်ဘန်ရွာဘက်ကနေ စစ်ကောင်စီစစ်ကြောင်း တကြောင်း ရှဒူဇွပ်ရွာဘက်ကို ချီတက်လာတဲ့ သတင်းကြားရပြီး တနိုင်း-လီဒို လမ်းကိုလည်း ကားအသွားအလာပိတ် ထားတာကြောင့် တိုက်ပွဲ ထပ်မံဖြစ်ပွားမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIAရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လီဒိုလမ်းမှာ ပြည်သူ့စစ် စခန်း ၂ ခုကို KIA တိုက်ခိုက်တာ ရှိကြောင်းပြောပါတယ်။

“ တနိုင်း- လီဒိုလမ်းဘက်မှာ ရှဒူဇွပ်မှာတော့ ဒီမနက်ပေါ့နော်။ KIA ကနေ စစ်ကောင်စီရဲ့ လက်အောက် ပေါ့နော်။ ပြည်သူ့စစ်စခန်းကို ဝင်တိုက်တာတော့ ရှိပါတယ်။ တင်ပြချက်ကတော့ ၂ နေရာကို ဝင်တိုက်တယ်လို့ ပြောပါတယ်။ တနေရာကိုတော့ သူတို့ စခန်းမီးရှို့လိုက် တာပေါ့။ တနေရာကိုတော့ ဝင်သိမ်းဖို့တော့ မဟုတ်ဘူးပေါ့နော်။ ရောင်ပြတဲ့ ပုံစံမျိုးနဲ့ တိုက်တဲ့ ပုံစံလို့တော့ ကြားရပါတယ်။”

တဘက်ရန်သူစခန်းကို ဝင်တိုက်တဲ့ တိုက်ပွဲဖြစ်တာကြောင့် အထိအခိုက်ရှိနိုင်ကြောင်း၊ ဒါပေမယ့် အတိအကျ သတင်းတက်တာ မရှိသေးကြောင်း ပြောပါတယ်။

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဲရဲ့ တယ်လီဂရမ်မှာတော့ KIA နဲ့ PDF ပူးပေါင်း အင်အား ၂၀၀ လောက်ဟာ ရှဒူဇွပ် စံပြရွာ ပြည်သူ့စစ်စခန်းကို လာရောက် တိုက်ခိုက်ကြောင်း၊ တိုက်ပွဲ ၂ နာရီလောက်ဖြစ်ပွားပြီးနောက် KIA အထိအခိုက်များစွာနဲ့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်းနဲ့ ပြည်သူ့စစ် တပ်ဖွဲ့က ထိခိုက်တာမရှိသလို စခန်းကျဆုံးတာမရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အရင်ရက်တွေက တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာနဲ့ ဝိုင်းမော်မြို့နယ် ဆဒုံးဘက်တွေမှာတော့ ဒီနေ့ တိုက်ပွဲဖြစ်တဲ့သတင်းတွေ မကြားရပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ရှဒူဇွပ်ရွာအနီးရှိ KIA စခန်းတခုကို ရှဒူဇွပ်အခြေစိုက် ပြည်သူ့ စစ်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာမှာ KIA ဘက်က ၂ ဦးကျဆုံးခဲ့သလို မေလအတွင်းက ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ ဘက်ဟိုး ၂ စီးကို KIA က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

XS
SM
MD
LG