သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ၿမိဳ႕တခ်ဳိ႕ ကိုဗစ္စည္းကမ္းေတြ ေျဖေလွ်ာ့



[[Zawgy/Unicode]]

တ႐ုတ္ႏိုင္ငံမွာ ကိုဗစ္တားျမစ္ခ်က္ေတြအေပၚ ဆႏၵျပမႈေတြရွိေနခ်ိန္ ေနရာတခ်ဳိ႕မွာ စည္းမ်ဥ္းေတြ ေလွ်ာ့ေပါ့ေပးလိုက္ပါတယ္။ တေက်ာ့ျပန္ ကိုဗစ္ကူးစက္မႈႏႈန္း ေန႔စဥ္စံခ်ိန္တင္ျမင့္တက္ေနေပမဲ့ ၿမိဳ႕တခ်ဳိ႕မွာ Lockdown ကန္႔သတ္ခ်က္ေတြ ဖယ္ရွားေပးလိုက္သလို စီးပြါးေရးလုပ္ငန္းတခ်ိဳ႕ကိုလည္း ျပန္ဖြင့္ခြင့္ျပဳခဲ့ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း ၿမိဳ႕ေတာ္ ေဘဂ်င္းအပါအဝင္ ၿမိဳ႕ႀကီးေတာ္ေတာ္မ်ားမ်ားမွာ ကိုဗစ္တားျမစ္ခ်က္ေတြနဲ႔ပတ္သက္လို႔ လူေတြ မေက်နပ္ ဆႏၵျပခဲ့ၾကတာပါ။ သမၼတ Xi Jinping အာဏာရလာၿပီးတဲ့ေနာက္ ရွိလာတဲ့ အႀကီးမားဆုံးဆႏၵျပပြဲတခ်ဳိ႕မွာ သမၼတရာထူးကေနဆင္းေပးပို႔အထိ ေတာင္းဆိုခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ အဂၤါေန႔တုန္းကလည္း ကြမ္က်ိဳးၿမိဳ႕မွာ ဆႏၵျပသူေတြနဲ႔ လုံၿခဳံေရးတပ္ဖြဲ႔ေတြၾကား ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ပါတယ္။

ကြမ္က်ိဳးၿမိဳ႕က ဆႏၵျပပဲြေတြျဖစ္ခဲ့ၿပီး ၂၄ နာရီမျပည့္ခင္မွာပဲ အနည္းဆုံး နယ္ ၇ ခုထက္မနည္းမွာ ယာယီပိတ္ ဆို႔မႈေတြကို ႐ုပ္သိမ္းလိုက္တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ ေဘက်င္းၿမိဳ႕ တခ်ိဳ႕ေနရာေတြမွာေတာ့ ေရာဂါလကၡဏာသိပ္မျပင္းထန္တဲ့သူေတြကို အိမ္ေတြမွာပဲ သီးျခားခြဲေနထိုင္ဖို႔ စည္းမ်ဥ္းအသစ္ေတြ ေျပာင္းလဲထုတ္ျပန္ခဲ့ပါတယ္။ တခ်ိဳ႕ ခ႐ိုင္ေတြမွာေတာ့ ကိုဗစ္တားျမစ္ခ်က္အသစ္ေတြနဲ႔ပတ္သက္လို႔ အြန္လိုင္းစစ္တမ္းေတြလုပ္သြားမယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

====================

[[Unicode]]

တရုတ်မြို့တချို့ ကိုဗစ်စည်းကမ်းတွေ ဖြေလျှော့

တရုတ်နိုင်ငံမှာ ကိုဗစ်တားမြစ်ချက်တွေအပေါ် ဆန္ဒပြမှုတွေရှိနေချိန် နေရာတချို့မှာ စည်းမျဉ်းတွေ လျှော့ပေါ့ပေးလိုက်ပါတယ်။ တကျော့ပြန် ကိုဗစ်ကူးစက်မှုနှုန်း နေ့စဉ်စံချိန်တင်မြင့်တက်နေပေမဲ့ မြို့တချို့မှာ Lockdown ကန့်သတ်ချက်တွေ ဖယ်ရှားပေးလိုက်သလို စီးပွါးရေးလုပ်ငန်းတချို့ကိုလည်း ပြန်ဖွင့်ခွင့်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြို့တော် ဘေဂျင်းအပါအဝင် မြို့ကြီးတော်တော်များများမှာ ကိုဗစ်တားမြစ်ချက်တွေနဲ့ပတ်သက်လို့ လူတွေ မကျေနပ် ဆန္ဒပြခဲ့ကြတာပါ။ သမ္မတ Xi Jinping အာဏာရလာပြီးတဲ့နောက် ရှိလာတဲ့ အကြီးမားဆုံးဆန္ဒပြပွဲတချို့မှာ သမ္မတရာထူးကနေဆင်းပေးပို့အထိ တောင်းဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကလည်း ကွမ်ကျိုးမြို့မှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

ကွမ်ကျိုးမြို့က ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး ၂၄ နာရီမပြည့်ခင်မှာပဲ အနည်းဆုံး နယ် ၇ ခုထက်မနည်းမှာ ယာယီပိတ် ဆို့မှုတွေကို ရုပ်သိမ်းလိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဘေကျင်းမြို့ တချို့နေရာတွေမှာတော့ ရောဂါလက္ခဏာသိပ်မပြင်းထန်တဲ့သူတွေကို အိမ်တွေမှာပဲ သီးခြားခွဲနေထိုင်ဖို့ စည်းမျဉ်းအသစ်တွေ ပြောင်းလဲထုတ်ပြန်ခဲ့ပါတယ်။ တချို့ ခရိုင်တွေမှာတော့ ကိုဗစ်တားမြစ်ချက်အသစ်တွေနဲ့ပတ်သက်လို့ အွန်လိုင်းစစ်တမ်းတွေလုပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG