သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္-ျမန္မာနယ္စပ္ ကိုဗစ္ေၾကာင့္ အသြားအလာကန္႔သတ္


တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရး (AFP)

[[Zawgyi/Unicode]]


ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နဲ႔ကပ္လ်က္ တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕မွာ ကိုဗစ္ေရာဂါပိုးေတြ႕ရွိတာေၾကာင့္ အသြားအလာကန႔္သတ္ ပိတ္ပင္တာေတြ ၅ ရက္ တင္းက်ပ္ထားပါတယ္။ ဒီလို အသြားအလာ ကန႔္သတ္လိုက္ေပမယ့္ နယ္စပ္ကုန္သြယ္ေရးကိုေတာ့ မထိခိုက္ေၾကာင္း ျမန္မာကုန္သည္ေတြက ေျပာပါတယ္။ တ႐ုတ္ျမန္မာနယ္စပ္ ကုန္သြယ္ေရးအေျခအေန ရန္ကုန္ကလာတဲ့သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

တ႐ုတ္ျမန္မာ နယ္စပ္ကုန္သြယ္ေရးရဲ႕အခ်က္အျခာ တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕မွာ ကိုဗစ္ေရာဂါပိုးရွိသူေတြ တိုးလာတာေၾကာင့္ ဒီလ ၁၆ ရက္ေန႔က စတင္ၿပီး အသြားအလာကန႔္သတ္မိန္႔ေတြ ထုတ္ျပန္ထားတာပါ။

အသြားအလာကန႔္သတ္လိုက္ေပမယ့္ ျမန္မာႏိုင္ငံဘက္က ကုန္တင္ယာဥ္ေတြ အဝင္အထြက္လုပ္တဲ့ က်င္စန္းေက်ာ့ဂိတ္ကိုေတာ့ ဆက္လက္ ဖြင့္လွစ္ထားေၾကာင္း မူဆယ္ၿမိဳ႕က ျမန္မာကုန္သည္ေတြက ေျပာပါတယ္။ ဒါေၾကာင့္ နယ္စပ္ကုန္သြယ္ေရးအေပၚ ထိခိုက္တာမရွိဘူးလို႔ မူဆယ္ ဆန္စပါးကုန္စည္ဒိုင္ ဒုတိယဥကၠ႒ ဦးမင္းသိန္းက ေျပာပါတယ္။

“ ေ႐ႊလီၿမိဳ႕ကို စက္တင္ဘာ ၁၆ ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ည ၁၂ နာရီကေနၿပီးေတာ့ စက္တင္ဘာ ၂၁ ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ည ၁၂ နာရီအထိ ၅ ရက္တိတိ Lockdown ခ်လိုက္ပါတယ္။ တ႐ုတ္ျပည္မွာ Lockdown ခ်တဲ့ ကိစၥနဲ႔ပတ္သက္ၿပီးေတာ့ တ႐ုတ္ျမန္မာနယ္စပ္ဂိတ္ေပါက္ျဖစ္တဲ့ က်င္စန္းေက်ာ့ ဂိတ္ ကိုေတာ့ လုံးဝ မပိတ္ပါဘူး။ ဒါေၾကာင့္ က်င္စန္းေက်ာ့ဂိတ္ကေနၿပီးေတာ့ ကားေတြ အဝင္အထြက္ရွိပါတယ္။ က်င္စန္းေက်ာ့ဂိတ္မွာ ကုန္သြယ္ေရးအေျခအေနက ယခင္အတိုင္း ပုံမွန္ သြားလာေနတာကို ေတြ႕ရွိရပါတယ္။ ဒါေၾကာင့္ ေ႐ႊလီၿမိဳ႕မွာ Lockdown ခ်ေပမယ့္လည္း တ႐ုတ္ျမန္မာနယ္စပ္ကုန္သြယ္ေရးကိုေတာ့ လုံးဝ မထိခိုက္ပါဘူး။”

အျခား မူဆယ္ၿမိဳ႕ခံတဦးကေတာ့ ၂၁ ရက္ေန႔မွာ Lockdown ခ်တာ ၅ ရက္ ျပည့္မွာျဖစ္ေပမယ့္ ေနာက္ရက္ေတြ ျပန္ဖြင့္မယ္ဆိုတာေတာ့ မေသခ်ာေသးဘူးလို႔ ေျပာပါတယ္။

“ သူတို႔က ၅ ရက္လို႔ေတာ့ ေျပာတယ္။ ၅ ရက္လို႔ ေျပာေပမယ့္ က်ေနာ္တို႔ ၾကားတဲ့သတင္းအရေပါ့ေနာ္၊ ထပ္ပိတ္မယ့္ ပုံစံရွိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ ထပ္ၿပီးေတာ့ ေတြ႕တယ္ေပါ့။ အဲလိုေတာ့ အေၾကာင္း သိရတယ္ဗ်။”

မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္အတြင္း နယ္စပ္ကုန္သြယ္ေရးဂိတ္ ၅ ခုရွိပါတယ္။ ဒီကုန္သြယ္ေရး ဂိတ္ေတြကို ၂၀၂၀ ခုႏွစ္ ကိုဗစ္ေရာဂါကူးစက္မႈ အျမင့္ဆုံး ျဖစ္ခဲ့တဲ့အခ်ိန္ေတြကတည္းက စတင္ ပိတ္ထားခဲ့တာပါ။ ျမန္မာႏိုင္ငံဘက္က ကုန္တင္ယာဥ္ေတြ ဝင္ထြက္ေနတဲ့ က်င္စန္းေက်ာ့ဂိတ္တခုတည္းကို ၂၀၂၁ ခုႏွစ္ကုန္ပိုင္းမွာ အကန႔္အသတ္နဲ႔ ျပန္လည္ဖြင့္ေပးခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံဘက္မွာ ကိုဗစ္ပိုးေတြ႕ရွိတာေၾကာင့္ အသြားအလာ ကန႔္သတ္ထားခ်ိန္မွာ တ႐ုတ္ နယ္စပ္၊ ျမန္မာႏိုင္ငံဘက္ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းလားအထူးေဒသ ၄ အတြင္းမွာလည္း ကိုဗစ္ပိုးစမ္းသပ္စစ္ေဆးတာေတြကို တိုးျမႇင့္ စစ္ေဆးေနပါတယ္။ မိုင္းလားၿမိဳ႕တြင္း အေျခအေနကို ေဒသခံတဦးက အခုလို ေျပာပါတယ္။

“က်ေနာ္တို႔က တ႐ုတ္ျပည္နယ္စပ္နဲ႔ ထိေတြ႔ေနလို႔ တ႐ုတ္ျပည္က စည္းမ်ဥ္းစည္းကမ္း က်ေနာ္တို႔ လိုက္လုပ္ေနတာပဲ။ မိုင္းလားဒီ အထူးနယ္ေျမအတြင္း။ က်ေနာ္တို႔ ေဒသ ၃ ခုစလုံး အားလုံး စစ္ေနတယ္။ တပတ္ေလာက္ရွိၿပီထင္တယ္ က်ေနာ္တို႔ စစ္တာ။ အခုက စစ္ေဆးေနတုံး အေျဖမေပၚေသးဘူး။ ”

အထူးေဒသ ၄၊ ကိုဗစ္ 19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းဦးစီးအဖြဲ႔ကေတာ့ မိုင္းလားၿမိဳ႕ကို ဒီလ ၁၆ ရက္ေန႔ကေန Lockdown ခ်ၿပီး ေဒသခံေတြကို အာေခါင္တို႔ဖတ္ စစ္ေဆးမွာျဖစ္ေၾကာင္းနဲ႔ Lockdown ခ်ထားတဲ့အခ်ိန္ စီးပြားေရးလုပ္ငန္းအေရာင္းဆိုင္ေတြ ယာယီပိတ္ထားဖို႔ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံအတြင္းမွာလည္း ကိုဗစ္ ၁၉ ေရာဂါျဖစ္ပြားတဲ့ ပိုးေတြ႕ရွိသူေတြ ျပန္မ်ားလာၿပီး ဒီေန႔မနက္ ၈ နာရီအထိ ဓါတ္ခြဲအတည္ျပဳ လူနာသစ္ ၃၉၃ ဦးရွိၿပီး ကူးစက္ခံရသူ စုစုေပါင္း ၅,၂၀၀ ေက်ာ္ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နဲ့ကပ်လျက် တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိတာကြောင့် အသွားအလာကန့်သတ် ပိတ်ပင်တာတွေ ၅ ရက် တင်းကျပ်ထားပါတယ်။ ဒီလို အသွားအလာ ကန့်သတ်လိုက်ပေမယ့် နယ်စပ်ကုန်သွယ်ရေးကိုတော့ မထိခိုက်ကြောင်း မြန်မာကုန်သည်တွေက ပြောပါတယ်။ တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးအခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့အချက်အခြာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကိုဗစ်ရောဂါပိုးရှိသူတွေ တိုးလာတာကြောင့် ဒီလ ၁၆ ရက်နေ့က စတင်ပြီး အသွားအလာကန့်သတ်မိန့်တွေ ထုတ်ပြန်ထားတာပါ။

အသွားအလာကန့်သတ်လိုက်ပေမယ့် မြန်မာနိုင်ငံဘက်က ကုန်တင်ယာဉ်တွေ အဝင်အထွက်လုပ်တဲ့ ကျင်စန်းကျော့ဂိတ်ကိုတော့ ဆက်လက် ဖွင့်လှစ်ထားကြောင်း မူဆယ်မြို့က မြန်မာကုန်သည်တွေက ပြောပါတယ်။ ဒါကြောင့် နယ်စပ်ကုန်သွယ်ရေးအပေါ် ထိခိုက်တာမရှိဘူးလို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

“ ရွှေလီမြို့ကို စက်တင်ဘာ ၁၆ ရက်နေ့ ဒေသစံတော်ချိန် ည ၁၂ နာရီကနေပြီးတော့ စက်တင်ဘာ ၂၁ ရက်နေ့ ဒေသစံတော်ချိန် ည ၁၂ နာရီအထိ ၅ ရက်တိတိ Lockdown ချလိုက်ပါတယ်။ တရုတ်ပြည်မှာ Lockdown ချတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ တရုတ်မြန်မာနယ်စပ်ဂိတ်ပေါက်ဖြစ်တဲ့ ကျင်စန်းကျော့ ဂိတ် ကိုတော့ လုံးဝ မပိတ်ပါဘူး။ ဒါကြောင့် ကျင်စန်းကျော့ဂိတ်ကနေပြီးတော့ ကားတွေ အဝင်အထွက်ရှိပါတယ်။ ကျင်စန်းကျော့ဂိတ်မှာ ကုန်သွယ်ရေးအခြေအနေက ယခင်အတိုင်း ပုံမှန် သွားလာနေတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ရွှေလီမြို့မှာ Lockdown ချပေမယ့်လည်း တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးကိုတော့ လုံးဝ မထိခိုက်ပါဘူး။”

အခြား မူဆယ်မြို့ခံတဦးကတော့ ၂၁ ရက်နေ့မှာ Lockdown ချတာ ၅ ရက် ပြည့်မှာဖြစ်ပေမယ့် နောက်ရက်တွေ ပြန်ဖွင့်မယ်ဆိုတာတော့ မသေချာသေးဘူးလို့ ပြောပါတယ်။

“ သူတို့က ၅ ရက်လို့တော့ ပြောတယ်။ ၅ ရက်လို့ ပြောပေမယ့် ကျနော်တို့ ကြားတဲ့သတင်းအရပေါ့နော်၊ ထပ်ပိတ်မယ့် ပုံစံရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ထပ်ပြီးတော့ တွေ့တယ်ပေါ့။ အဲလိုတော့ အကြောင်း သိရတယ်ဗျ။”

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း နယ်စပ်ကုန်သွယ်ရေးဂိတ် ၅ ခုရှိပါတယ်။ ဒီကုန်သွယ်ရေး ဂိတ်တွေကို ၂၀၂၀ ခုနှစ် ကိုဗစ်ရောဂါကူးစက်မှု အမြင့်ဆုံး ဖြစ်ခဲ့တဲ့အချိန်တွေကတည်းက စတင် ပိတ်ထားခဲ့တာပါ။ မြန်မာနိုင်ငံဘက်က ကုန်တင်ယာဉ်တွေ ဝင်ထွက်နေတဲ့ ကျင်စန်းကျော့ဂိတ်တခုတည်းကို ၂၀၂၁ ခုနှစ်ကုန်ပိုင်းမှာ အကန့်အသတ်နဲ့ ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။

တရုတ်နိုင်ငံဘက်မှာ ကိုဗစ်ပိုးတွေ့ရှိတာကြောင့် အသွားအလာ ကန့်သတ်ထားချိန်မှာ တရုတ် နယ်စပ်၊ မြန်မာနိုင်ငံဘက် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားအထူးဒေသ ၄ အတွင်းမှာလည်း ကိုဗစ်ပိုးစမ်းသပ်စစ်ဆေးတာတွေကို တိုးမြှင့် စစ်ဆေးနေပါတယ်။ မိုင်းလားမြို့တွင်း အခြေအနေကို ဒေသခံတဦးက အခုလို ပြောပါတယ်။

“ကျနော်တို့က တရုတ်ပြည်နယ်စပ်နဲ့ ထိတွေ့နေလို့ တရုတ်ပြည်က စည်းမျဉ်းစည်းကမ်း ကျနော်တို့ လိုက်လုပ်နေတာပဲ။ မိုင်းလားဒီ အထူးနယ်မြေအတွင်း။ ကျနော်တို့ ဒေသ ၃ ခုစလုံး အားလုံး စစ်နေတယ်။ တပတ်လောက်ရှိပြီထင်တယ် ကျနော်တို့ စစ်တာ။ အခုက စစ်ဆေးနေတုံး အဖြေမပေါ်သေးဘူး။ ”

အထူးဒေသ ၄၊ ကိုဗစ် 19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဦးစီးအဖွဲ့ကတော့ မိုင်းလားမြို့ကို ဒီလ ၁၆ ရက်နေ့ကနေ Lockdown ချပြီး ဒေသခံတွေကို အာခေါင်တို့ဖတ် စစ်ဆေးမှာဖြစ်ကြောင်းနဲ့ Lockdown ချထားတဲ့အချိန် စီးပွားရေးလုပ်ငန်းအရောင်းဆိုင်တွေ ယာယီပိတ်ထားဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာလည်း ကိုဗစ် ၁၉ ရောဂါဖြစ်ပွားတဲ့ ပိုးတွေ့ရှိသူတွေ ပြန်များလာပြီး ဒီနေ့မနက် ၈ နာရီအထိ ဓါတ်ခွဲအတည်ပြု လူနာသစ် ၃၉၃ ဦးရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၅,၂၀၀ ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG