သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတေဟာင္း Trump လိမ္လည္မႈနဲ႔ တရားစြဲခံရ


[[Zawgyi/Unicode]]

အေမရိကန္သမၼတေဟာင္း Donald Trump နဲ႔ သားသမီး ၃ ဦးကို လိမ္လည္မႈနဲ႔ New York ျပည္နယ္ေရွ႕ေနခ်ဳပ္ရံုးက တရားစဲြလိုက္ပါတယ္။

နယူးေယာက္ျပည္နယ္ တရားသူႀကီးခ်ဳပ္ Letitia James က သမၼတေဟာင္း Trump ရဲ႕မိသားစုစီးပြားေရးလုပ္ငန္းအေနနဲ႔ ပိုင္ဆိုင္မႈတန္ဖိုးေတြကို ဆယ္ႏွစ္ေက်ာ္ၾကာ ေဒၚလာဘီလ်ံခ်ီ ပိုတိုးသတ္မွတ္ လိမ္လည္ခဲ့တယ္ လို႔ စြပ္စြဲၿပီး စက္တင္ဘာ ၂၁ ရက္ ဗုဒၶဟူးေန႔က အမႈဖြင့္လိုက္တာျဖစ္ပါတယ္။ သမၼတေဟာင္း Trump အေနနဲ႔ ေငြေခ်းတာနဲ႔ အာမခံလုပ္ရာမွာ အက်ဳိးအျမတ္အသာစီးရဖို႔ သူပိုင္အိမ္နဲ႔ေျမယာေတြရဲ႕ပိုင္ဆိုင္မႈတန္ဖိုးေတြကို အမ်ားႀကီး ခ်ဲ႕ကားေဖာ္ျပၿပီး တဘက္မွာေတာ့ အေကာက္ခြန္ေလွ်ာ့ေပးဖို႔ ဒီတန္ဖိုးေတြကို ျပန္ေလွ်ာ့ေဖာ္ျပခဲ့တယ္လို႔ စာမ်က္မွာ ၂၂၀ ပါတဲ့ ဒီအမႈတြဲထဲ ေဖာ္ျပထားပါတယ္။

အခုလို လိမ္လည္ခဲ့တာေတြေၾကာင့္ Mr. Trump အေနနဲ႔ အေမရိကန္ ေဒၚလာသန္းေပါင္း ၂၅၀ အထိ မတရား အက်ဳိးအျမတ္ေတြရခဲ့တာေၾကာင့္ ဒီေငြေတြကို Trump Organization၊ Trump စီးပြားေရးလုပ္ငန္း အဖြဲ႔ႀကီးက ျပန္ေလ်ာ္ေပးဖို႔ပါ ေတာင္းဆိုထားပါတယ္။ လိမ္လည္မႈေတြကို ပါဝင္က်ဴးလြန္ခဲ့တယ္လို႔ဆိုၿပီး Trump အျပင္ အရြယ္ေရာက္ၿပီးသားသမီးေတြျဖစ္တဲ့ Donald Jr. ၊ Ivanka နဲ႔ Eric တို႔ကိုလည္း တရားစဲြပါတယ္။ သူတို႔ဟာ Trump မိသားစုစီးပြားေရးလုပ္ငန္းႀကီးထဲ အေရးပါတဲ့တာဝန္ေတြကို ယူထားၾကသူေတြျဖစ္ပါတယ္။

Trump နဲ႔ သားသမီး ၃ ေယာက္ကို New York ျပည္နယ္ထဲမွာ စီးပြားေရးလုပ္ငန္းလုပ္ခြင့္ တားျမစ္ဖို႔လည္း ျပည္နယ္ တရားသူႀကီးခ်ဳပ္ Letitia James ကေတာင္းဆိုထားပါတယ္။ ျပည္နယ္တရားရံုးခ်ဳပ္က တရားမမႈနဲ႔သာ တရားစြဲလို႔ရေပမယ့္ Trump နဲ႔မိသားစုဟာ ျပည္နယ္ရဲ႕ရာဇဝတ္မႈေတာ္ေတာ္မ်ားမ်ားကို ခ်ဳိးေဖာက္ ထားသလို ျပည္ေထာင္စုဆုိင္ရာရာဇဝတ္မႈေတြကို ခ်ဳိးေဖာက္ရာေရာက္သလားဆိုတာ တရားေရးဌာနနဲ႔ အေကာက္ခြန္ဌာနတို႔က စံုစမ္းေပးဖို႔ အၾကံျပဳထားတယ္လို႔ ျပည္နယ္ ေရွ႕ေနခ်ဳပ္က သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။ Trump ဘက္ကေတာ့ သူ႔အေပၚ ႏိုင္ငံေရးအရ ခုလိုလုပ္တာလို႔ တံု႔ျပန္ထားပါတယ္။

သမၼတေဟာင္း Trump လိမ္လည္မႈနဲ႔ တရားစြဲခံရ.mp3
please wait

No media source currently available

0:00 0:01:08 0:00
တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

သမ္မတဟောင်း Trump လိမ်လည်မှုနဲ့ တရားစွဲခံရ

အမေရိကန်သမ္မတဟောင်း Donald Trump နဲ့ သားသမီး ၃ ဦးကို လိမ်လည်မှုနဲ့ New York ပြည်နယ်ရှေ့နေချုပ်ရုံးက တရားစွဲလိုက်ပါတယ်။

နယူးယောက်ပြည်နယ် တရားသူကြီးချုပ် Letitia James က သမ္မတဟောင်း Trump ရဲ့မိသားစုစီးပွားရေးလုပ်ငန်းအနေနဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေကို ဆယ်နှစ်ကျော်ကြာ ဒေါ်လာဘီလျံချီ ပိုတိုးသတ်မှတ် လိမ်လည်ခဲ့တယ် လို့ စွပ်စွဲပြီး စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့က အမှုဖွင့်လိုက်တာဖြစ်ပါတယ်။ သမ္မတဟောင်း Trump အနေနဲ့ ငွေချေးတာနဲ့ အာမခံလုပ်ရာမှာ အကျိုးအမြတ်အသာစီးရဖို့ သူပိုင်အိမ်နဲ့မြေယာတွေရဲ့ပိုင်ဆိုင်မှုတန်ဖိုးတွေကို အများကြီး ချဲ့ကားဖော်ပြပြီး တဘက်မှာတော့ အကောက်ခွန်လျှော့ပေးဖို့ ဒီတန်ဖိုးတွေကို ပြန်လျှော့ဖော်ပြခဲ့တယ်လို့ စာမျက်မှာ ၂၂၀ ပါတဲ့ ဒီအမှုတွဲထဲ ဖော်ပြထားပါတယ်။

အခုလို လိမ်လည်ခဲ့တာတွေကြောင့် Mr. Trump အနေနဲ့ အမေရိကန် ဒေါ်လာသန်းပေါင်း ၂၅၀ အထိ မတရား အကျိုးအမြတ်တွေရခဲ့တာကြောင့် ဒီငွေတွေကို Trump Organization၊ Trump စီးပွားရေးလုပ်ငန်း အဖွဲ့ကြီးက ပြန်လျော်ပေးဖို့ပါ တောင်းဆိုထားပါတယ်။ လိမ်လည်မှုတွေကို ပါဝင်ကျူးလွန်ခဲ့တယ်လို့ဆိုပြီး Trump အပြင် အရွယ်ရောက်ပြီးသားသမီးတွေဖြစ်တဲ့ Donald Jr. ၊ Ivanka နဲ့ Eric တို့ကိုလည်း တရားစွဲပါတယ်။ သူတို့ဟာ Trump မိသားစုစီးပွားရေးလုပ်ငန်းကြီးထဲ အရေးပါတဲ့တာဝန်တွေကို ယူထားကြသူတွေဖြစ်ပါတယ်။

Trump နဲ့ သားသမီး ၃ ယောက်ကို New York ပြည်နယ်ထဲမှာ စီးပွားရေးလုပ်ငန်းလုပ်ခွင့် တားမြစ်ဖို့လည်း ပြည်နယ် တရားသူကြီးချုပ် Letitia James ကတောင်းဆိုထားပါတယ်။ ပြည်နယ်တရားရုံးချုပ်က တရားမမှုနဲ့သာ တရားစွဲလို့ရပေမယ့် Trump နဲ့မိသားစုဟာ ပြည်နယ်ရဲ့ရာဇဝတ်မှုတော်တော်များများကို ချိုးဖောက် ထားသလို ပြည်ထောင်စုဆိုင်ရာရာဇဝတ်မှုတွေကို ချိုးဖောက်ရာရောက်သလားဆိုတာ တရားရေးဌာနနဲ့ အကောက်ခွန်ဌာနတို့က စုံစမ်းပေးဖို့ အကြံပြုထားတယ်လို့ ပြည်နယ် ရှေ့နေချုပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ Trump ဘက်ကတော့ သူ့အပေါ် နိုင်ငံရေးအရ ခုလိုလုပ်တာလို့ တုံ့ပြန်ထားပါတယ်။

XS
SM
MD
LG